အသက်ရယ်


 

ကျွန်တော်ဘက်မှာ လက်ဖမိုးကြီးပဲ မြင်နေလို့မှမရတာ တခြားတစ်ဘက်မှာ လက်ဖဝါးဆိုတာကိုလည်း သိထားရမှာလေဗျာ။



" အပြုံးပန်းမလှတဲ့ ကိုယ်လိုလူရဲ့ အပြုအစု အယုအယဟာ မင်းဘဝအတွက်တော့ မဖူလုံနိုင်သေးတယ်



အရှုံးနဲ့နှုတ်ဆက်နေစဉ် ကိုယ့်အတွေးများက တဝဲဝဲလည် မင်းနဲ့အရင်လိုဘဝမျိုး ရောက်ချင်တယ်



အရင်တစ်ခါနေလာခဲ့တဲ့ဘဝကို ပြန်နေချင်သေးတယ် အတူနေချင်ပေမယ့်လည်းအသက်ရယ် စိမ်းကားသွားခဲ့တယ်



ငိုနေချင်ပေမယ့်လည်း ရှိုက်သံ ရင်မှာမျိုသိပ်ကာ

အစဉ်သာရင်မှာ အမြဲတမ်းတနေမယ်



ဘဝလမ်းကြမ်းတဲ့ ကိုယ်လိုလူရဲ့ အတွေ့အထိ အစောင့်ရှောက်ဟာ မင်း နှလုံးသားက မလိုချင်ပြီပေါ့လေ




အပြုံးနဲ့ခွင့်လွှတ်နေစဉ် ကိုယ့်အသည်းများလည်း ကျွမ်းခဲ့ပြီ မင်းနဲ့အရင်လိုဘဝမျိုးရောက်ချင်တယ် "




ကျွန်တော့်အနားမှာ ဘယ်သူမှမရှိတဲ့အချိန်မှာ blog အနားပြန်ရောက်လာပြန်ပြီဗျာ အရင်ကရော ဘယ်သူရှိခဲ့လည်းဆိုတာ ခင်ဗျားမေးလာခဲ့ရင်လည်း ကျွန်တော့်မှာ အဖြေမရှိပါဘူး 



ရှိခြင်း၊မရှိခြင်းဆိုတာက ကျွန်တော့်အတွက်ခံစားချက်သပ်သပ်ပါ  လူတစ်ယောက်အဖြစ်အနေနဲ့  ကျွန်တော့်အနားမှာ တည်ရှိဖို့ဆိုတာ ဒီဘဝမှာ တကယ်ကို မဖြစ်နိုင်တော့ပါဘူးဗျာ



ထားပါတော့ဗျာ ဆရာဆွန်ကျဲအို သီချင်းကိုပဲ ခံစားပါတော့မယ်



20% သာ ရှိနိုင်တဲ့လူတစ်ယောက်ဟာ 100% ရှိနေတဲ့ လူတစ်ယောက်အတွက် ဘာလုပ်ပေးနိုင်မှာလဲဗျာ 



အစထဲက အဖြေသိပြီးသား မေးခွန်းတစ်ခုကို ထပ်တလဲလဲမေးခဲ့တာ ယဉ်ယဉ်လေး ရူးနေခဲ့တာပါ



စိတ်ကူးဆိုတာ လက်တွေ့မဖြစ်လာနိုင်မှန်းသိပါတယ် ဒါကြောင့်မို့ တနေ့တော့ဆိုတာကိုလည်း လွှတ်ချထားလိုက်ပါတယ် 




အဲ့ဒီလိုမှ မလွှတ်ချခဲ့ရင် တမြေ့မြေ့လောင်ကျွမ်းသွားမှာပါ။



" အတူနေချင်ပေမယ့်လည်းအသက်ရယ် စိမ်းကားသွားခဲ့တယ် "













No comments: