ချစ်သော


🌼  18.05.2021 🌼


ဘာရယ်မဟုတ်ပါဘူး
ကျွန်တော်က
နေ့စွဲတွေကိုအရိုးစွဲတက်တဲ့
လူတစ်ယောက်ဖြစ်နေလို့
ဒီနေ့စွဲကိုအမှတ်တရရှိနေတာပါ



ကျွန်တော့်အတွက်
ခင်ဗျားရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ
ကျွန်တော်ကြိုးစားပြီး

ရှင်သန်နေရအုန်းမှာပါ



ကျွန်တော့်ဘက်ကနေ
အမှတ်ရနေသရွေ့ကတော့
ဒီနေ့ကနောင်နှစ်များစွာ

ကျွန်တော်အတွက့်တန်ဘိုးထားရတဲ့

နေ့တစ်နေ့အဖြစ်တည်ရှိနေမှာပါ



တနေ့တော့
ဒီနေ့စွဲကိုကျွန်တော်
မေ့ပျောက်ရင်မေ့ပျောက်သွားမှာပါ



အခုအချိန်မှာခင်ဗျားကိုယ်ရော
ကျွန်တော့်ကိုယ်ကျွန်တော်ရော
အရင်လိုချည်နှောင်မထားတော့ပေမယ်
ဒီနေ့ကကျွန်တော်အတွက့်
တကယ်ကိုအမှတ်တရပါ။




Ps: ၁၈ရက်နေ့မှာတင်မယ်ဆိုပြီး ရေးထားတာပါ ဒါပေမယ့် ၁၈ရက်နေ့ရောက်မှ draft ထဲ ထည့်လိုက်ပါတယ် 


အကြောင်းကြောင်းကြောင့် ခင်ဗျားကိုကျွန်တော်

မဆက်သွယ်ဖြစ်တော့ပေမယ့် 


May လမှာ အမှတ်တရကျန်ခဲ့စေချင်လို့ ဒီ post ကို ပြန်တင်ခဲ့တာပါ။





Photo source: https://p.favim.com/orig/






 


ဘဝမှာသူတစ်ပါးအတွက် အချိန်တွေအများကြီးပေးခဲ့ဘူးပါတယ် အဲ့ဒါကြောင့်လည်း ဒီနေ့ထက်အထိ ကျွန်တော်အားနည်းတဲ့လူ ဖြစ်နေတုန်းပါပဲ..



အဲ့ဒါကြောင့် အခုအချိန်ကစပြီး အတ္တဟိတဆိုတဲ့ ကျွန်တော့်အတွက်ကျွန်တော်ပဲ စဉ်းစားပါတော့မယ် မိသားစုဆိုတာလည်း တခါတရံကျရင် အနီးဆုံးရန်သူ ဖြစ်နေတက်ပါတယ်..



အဖေနဲ့အမေကလွဲရင် မိသားစုဝင်ဆိုတာ ကျွန်တော်အတွက်မရှိတော့ပါဘူး ဝမ်းနည်းခဲ့ဘူးပါတယ် ဒီအချိန်မှာ ငါ့မှာခင်ပွန်းရှိခဲ့ရင် ငါ့မှာသားသမီးရှိခဲ့ရင် အခုလိုမျိုးဒုက္ခနဲ့ကြုံခဲ့ရင်တောင် ငါ့ဘက်ကနှစ်သိမ့်ပေးနိုင်မယ််ဆိုတဲ့ နောင်တလည်းရမိပါတယ်..



အခုတော့ ကျွန်တော်ရွေးချယ်ခဲ့တဲ့လမ်းက မှားသွားခဲ့တယ်လို့ပဲ လက်ခံလိုက်ပါတယ် ငါ့အတွက်ငါရှိတယ်ဆိုတဲ့ ထုံးကိုနှလုံးမူပြီး ကျွန်တော့်အတွက်ကျွန်တော်ပဲ ကြိုးစားပါတော့မယ်..



မေတ္တာမရှိ ပိုက်ဆံမရှိတဲ့ဘဝမှာ ပိုက်ဆံရှိရင်တော့ မေတ္တာအတုရနိုင်ပါသေးတယ် ရမ္မက်မပါတဲ့ မေတ္တာအတုတော့ ကျွန်တော်လိုချင်ပါသေးတယ် ဒါကြောင့်ပိုက်ဆံရှိဖို့ အရင်ထက်ပိုပြီး ကြိုးစားရပါမယ်..




ပညာရှာသူဖုန်းစားမပါတဲ့ ပိုက်ဆံကိုလည်းအဲ့နည်းလမ်းအတိုင်း ရှာမှရပါတော့မယ် နေလှဆယ်နှစ်၊ဆယ့်ငါးနှစ်အချိန်လေးအတွက် ကျွန်တော်တကယ်ကို အပင်ပန်းခံရပါတော့မယ် ငွေရှိမှလူဖြစ်ရကျိုးနပ်မှာ ဖြစ်တဲ့အတွက် ပိုက်ဆံရှာရပါတော့မယ်။



( စာတွေဖတ်ပြီး လူတွေအကြောင်း နားမလည်ခဲ့တဲ့အတွက် ဆယ့်ငါးနှစ်ဆိုတဲ့ ကာလမှာ ရှာသမျှကိုသုံးဖြုန်းပျော်ပါးခဲ့မိလို့ ဒီနေ့လိုအဖြစ်မျိုးကို ကြုံရတာပါ အဲ့ဒီတုန်းကသာ အသိတရားရှိပြီး ငါ့အတွက်ငါစိတ်မျိုးမွေးခဲ့မိိိိပြီး ပိုက်ဆံသာစုခဲ့ရင် ဒီလိုမျိုးတွယ်ကပ်မှီခိုနေစရာ မလိုပါဘူးဗျာ )



#28.05.2008 - 22.05.2022






Feeling Cool.

 သက်ငြိမ်


ရေး - ထူးအိမ်သင်

ဆို - ထူးအိမ်သင်



ကိုယ့်ရဲ့အခန်းငယ်လေးထဲမှာ နေ့တိုင်း အားငယ်ထိတ်လန့်စွာ ပုန်းအောင်းနေ တစ်ယောက်ထဲ အလင်းရောင်များပျောက်ဆုံးအထီးကျန်ကမာ္ဘလေးပဲ တစ်လောကလုံးရွံမုန်းစိတ်နာနေဆဲ



ကိုယ့်ရင်ထဲမှာ လည်း မှောင်မဲပေကျံကာ ပူလှောင်နေဆဲ နေရောင်တစ်ချို့က အခန်းထဲဝဲ  ဟိုဒီယိမ်းထိုးကခုန်ဆဲ ရွှေရောင်ပန်းခင်းတစ်ခုလိုပဲ တွေ့တယ်



ကိုယ့်ရဲ့ စားပွဲအိုလေးထက်မှာ ပြန့်ကျဲ စက္ကူအပိုင်းအစတွေဆေးလိပ်တိုတွေနဲ့ ကန့်ကော်ပန်းခြောက်တစ်ပွင့်ဒါ သက်ငြိမ်ပန်းချီကားပဲ စက္ကန့်များတွေက် လက်ပတ်နာရီလေး



ဖျားနာပြီးငိုကြွေးဂစ်တာဟာ အသံမေ့သွားတယ် အဖန်တစ်ရာဆိုပြီးသားတေးသွားလည်း ခေါက်ရိုးများကျိုးနေတဲ့ စာအုပ်ဟောင်းလေး တစ်အုပ်လိုပဲရှိတယ်



လက်ဖက်ရည်တစ်ခွက် စုံမက်မနက်ကို ကြိုခဲ့ 

လမ်းတွေမီးလင်းတဲ့ ညအစကို ကြိုမယ့် 

နေ့ရက်များတိုက်စားသွား ဘဝဟာ ဘယ်လိုများလဲ



အခန်းအပြင်ဘက်ထွက်ပြေးပြီး

စင်္ကြာဝဌာအဆုံး ကောင်းကင်အမိုးဖေါက်ခွဲတစ်ယောက်တည်း  ထိုင်နေတာ အိပ်မက်တယ်



ယုံကြည်မျှော်လင့်ချက် လမ်းမအလည်

လူ တစ်ယောက်မူးလဲနေတယ်

မပီမသဆဲရေးသံရယ် ကြားတယ်

 


Photo source: https://www.destinasian.com/travel/



သင်္ကြန်ပြီးထဲက လောကဓံရဲ့
ရိုက်ခတ်မှုတွေက တော်တော်လေးများပါတယ် လူမှုရေး၊ကျန်းမာရေး၊စီးပွားရေး ဘက်စုံက ပြဿနာမျိုးစုံ တစ်ချိန်ထဲမှာ ကျွန်တော့်စီပဲ စုပြုံလာရသလားလို့ကို ထင်ခဲ့မိပါတယ်။



စိတ်ဓါတ်လုံးလုံးကျနေပြီးတော့
မိသားစု၊ လုပ်ငန်းခွင်၊ ခင်ဗျားနဲ့အရာအားလုံး အဆုံးစွန်ဆုံး ကျွန်တော့်ကိုယ်ကျွန်တော်ပါ လွှတ်ချထားလိုက်ပြီး
ဘဝဆိုတာကြီးကို အဆုံးသတ်ဖို့အထိ
တွေးခဲ့မိပါတယ်



ဒါပေမယ့် အကုန်လုံးကို hold မလုပ်ထားပဲ လွှတ်ချလိုက်ပြီး အဆုံးသတ်မယ့်ကိစ္စကို ရပ်တန့်ခဲ့ပါတယ် တကယ်တမ်းသေကြည့်ရင် သေတယ်ဆိုတာက တော်တော်မလွယ်မှန်း နားလည်လိုက်ပါတယ်




ဘဝဆိုတာ ဒီလိုပါပဲဗျာ ပျက်စီးဖို့ဆိုတာ မျက်စိတစ်မှိတ်အချိန်လေးပဲ လိုအပ်တာပါ တည်ဆောက်ဖို့ကတော့ နှစ်နဲ့ချီပြီး တည်ဆောက်ခဲ့ရတာပါ အဲ့ဒီအသိလေးတစ်ချက်ကပဲ ဘုံးဘုံးလဲကျနေတဲ့ ကျွန်တော်အတွက် အားတစ်ရပ်ဖြစ်ခဲ့ရတာပါ




အရင်ကတော့ လဲကျသွားတိုင်း လောကဓံကိုအပြစ်တင်မိပါတယ် အခုတော့ အခြေမခိုင်လို့ ကျွန်တော်လဲကျရတာပါဆိုတာကို ကျေကျေနပ်နပ်ကြီး လက်ခံထားလိုက်ပြီး လဲကျတဲ့အချိန်တိုင်း ကျွန်တော်ပြန်ထနိုင်ဖို့အတွက်အရေးကြီးတယ်ဆိုတဲ့ အသိတစ်ရပ်ကိုပဲ ခေါင်းထဲထည့်ထားပါတော့တယ်



ဘဝဆိုတာတကယ်ကို ခဏလေးပါဗျာ ကျွန်တော်လူဖြစ်လာတာ သက်တမ်းတစ်ဝက်ကျော်နေပါပြီ ကျွန်တော်နေလှ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ပေါ့ဗျာ အဲ့ဒါကြောင့်အရာရာတိုင်းပေါ် အကောင်းမြင်စိတ်ကလေးနဲ့ လက်ခံနိုင်ဖို့ ကြိုးစားနေပါတယ်

 

အဲ့ဒီလောက် ကျွန်တော်ကြိုးစားနေတာတောင် ပြဿနာပေါင်းစုံက တုံကင်ယူပြီးတန်းစီစောင့်နေသလို တနေ့ထက်တနေ့ version အသစ်တွေနဲ့ ကျွန်တော့်ကို ဆွဲချနေတုန်းပဲဗျာ


ဒီနေ့တော့ တွေးမိပါတယ် ငါဆိုတာမရှိတော့ရင် ဒီပြဿနာတွေ ရပ်တန့်သွားမလားဆိုတာ လူရယ်လို့ဖြစ်လာရင် လောကဓံဆိုတာလည်း ယှဉ်တွဲဖြစ်လာတာပါပဲ



အဲ့ဒီတော့ အသေတော့မထွက်တော့ပါဘူးဗျာ အဖန်ငါးရာငါးကမ္ဘာလုံး ဒီလိုစိတ်ဆင်းရဲမှုတွေနဲ့ အဆုံးသတ်မခံနိုင်ပါဘူး ဒီဘဝမှာတင် တော်သင့်ပါပြီဗျာ



လောကဓံဆိုတဲ့ သူကောင်းသား စိတ်ချမ်းသာစေဖို့
လဲကျတိုင်း ပြန်ထရင်းနဲ့ သူဆေးစက်ချရာ ကျွန်တော််တစ်ယောက် အရုပ်ထင်ပေးလိုက်ပါတော့မယ်။



#16.04.2022 to 15.05.2022