သက်ငြိမ်
ရေး - ထူးအိမ်သင်
ဆို - ထူးအိမ်သင်
ကိုယ့်ရဲ့အခန်းငယ်လေးထဲမှာ နေ့တိုင်း အားငယ်ထိတ်လန့်စွာ ပုန်းအောင်းနေ တစ်ယောက်ထဲ အလင်းရောင်များပျောက်ဆုံးအထီးကျန်ကမာ္ဘလေးပဲ တစ်လောကလုံးရွံမုန်းစိတ်နာနေဆဲ
ကိုယ့်ရင်ထဲမှာ လည်း မှောင်မဲပေကျံကာ ပူလှောင်နေဆဲ နေရောင်တစ်ချို့က အခန်းထဲဝဲ ဟိုဒီယိမ်းထိုးကခုန်ဆဲ ရွှေရောင်ပန်းခင်းတစ်ခုလိုပဲ တွေ့တယ်
ကိုယ့်ရဲ့ စားပွဲအိုလေးထက်မှာ ပြန့်ကျဲ စက္ကူအပိုင်းအစတွေဆေးလိပ်တိုတွေနဲ့ ကန့်ကော်ပန်းခြောက်တစ်ပွင့်ဒါ သက်ငြိမ်ပန်းချီကားပဲ စက္ကန့်များတွေက် လက်ပတ်နာရီလေး
ဖျားနာပြီးငိုကြွေးဂစ်တာဟာ အသံမေ့သွားတယ် အဖန်တစ်ရာဆိုပြီးသားတေးသွားလည်း ခေါက်ရိုးများကျိုးနေတဲ့ စာအုပ်ဟောင်းလေး တစ်အုပ်လိုပဲရှိတယ်
လက်ဖက်ရည်တစ်ခွက် စုံမက်မနက်ကို ကြိုခဲ့
လမ်းတွေမီးလင်းတဲ့ ညအစကို ကြိုမယ့်
နေ့ရက်များတိုက်စားသွား ဘဝဟာ ဘယ်လိုများလဲ
အခန်းအပြင်ဘက်ထွက်ပြေးပြီး
စင်္ကြာဝဌာအဆုံး ကောင်းကင်အမိုးဖေါက်ခွဲတစ်ယောက်တည်း ထိုင်နေတာ အိပ်မက်တယ်
ယုံကြည်မျှော်လင့်ချက် လမ်းမအလည်
လူ တစ်ယောက်မူးလဲနေတယ်
မပီမသဆဲရေးသံရယ် ကြားတယ်
No comments:
Post a Comment