ပင်လယ်

ချစ်သူ..

ငါသာပေါ်လီယာနာဆိုရင်

သိပ်ကောင်းမှာပဲ

Blog တစ်ခုဖန်တီးနိုင်တဲ့အတွက်

မင်းကိုကျေးဇူးတင်နေမှာ

ဒါပေမယ့်ချစ်သူ

ငါ ပေါ်လီယာနာ မဟုတ်ဘူးလေ


ချစ်သူ..

ငါ ပင်လယ်ကြီးဖြစ်ချင်ခဲ့တာ

အမြဲတမ်းသက်၀င်လှုပ်ရှားနေလို့လေ

ခဲတစ်လုံးကျသွားလည်း ရေပွက်ထရုံလေးပဲ

ခုတော့ချစ်သူ ငါဟာရေကန်ပါ

ခဲတစ်လုံးကျရုံနဲ့ ရေပွက်ရဲ့နောက်က

ဂရက်ကရိုက်ခတ်လို့မဆုံးနိုင်ဘူး


ချစ်သူ..

ကမ္ဘာကြီးကအကျယ်ကြီးပါ

ကျေနပ်ခြင်းဝေါဟာရ

ပျောက်ဆုံးနေတဲ့ ငါ့အတွက်နေရာ

မရှိပါဘူးကွယ်။

အမှတ်တမဲ့

မင်း

လက်မကမ်းရင်နေပါ

ပုတ်မထုတ်လိုက်ပါနဲ့ကွာ။

မစာနာရင်နေပါ

လှောင်ပြုံးမပြုံးပါနဲ့။

မကြင်နာရင်နေပါကွာ

မရက်စက်လိုက်ပါနဲ့။

ရှင်သန်ခြင်းတူညီပေမယ့်

ရပ်တည်မှုကွာခြားပါတယ်

ငါ ရှုံးနိပ်ပြီးသားပါ

ထပ်ပြီးအနိုင်မယူချင်ပါနဲ့

မင်းနဲ့ငါ

အမှတ်တမဲ့

ခလုပ်တိုက်မိတာပါ......။

#2020 Zawgyi ကနေ Uni ပြောင်းရင်း ပြန်စဉ်းစားကြည့်တော့ ၂ယောက်ဖြစ်နေတော့လဲ ဘယ်သူ့အတွက် ရေးခဲ့မှန်းမသိတော့ဘူးဗျာ။

ချစ်သူ?

ချစ်သူ

မင်းနှလုံးသားကို သော့ခတ်မထားပါနဲ့

ငါ ၀င်လာမှာမဟုတ်ပါဘူး

ဖြတ်သွားရင်းနဲ့

ငေးကြည့်မိတာပါ......

ကိုယ်နှင့်မဆိုင်ခွင့်မပိုင်

ယူကိုင်မကြည့်ရတဲ့

လေတိုက်တိုင်း ရယ်တဲ့အရွယ်

ကျော်ခဲ့ပါပြီ ချစ်သူ......

မင်းမာနကမိုးထိအောင်ဆို

ငါ့ မာနလည်းတိမ်ပေါ်ကမဆင်းပါဘူးကွာ

ချစ်သူ

စိုးထိတ်မနေပါနဲ့

ငါရှင်သန်နေတာ ဘ၀အတွက်ပါ

ဆန္ဒဆိုတာ ငါအတွက်နေရာမရှိပါဘူး

ဖြစ်သင့်တာအတွက် ကြိုးစားနေရတဲ့ငါ့အတွက်

ချစ်သူ

မင်းဟာ အိမ်မက်တခုပါ......။

#2020 မှာ ပြန်ဖတ်မိတော့ ဘယ်သူမှန်းတောင် မသိတော့တဲ့ ဘဝပါဗျာ။

၂နှစ်ပြည့်

ဘာလိုလိုနဲ့ နှစ်နှစ်ပြည့်ပြီပဲ

ကိုယ်အိမ်မက်နေဆဲပါကွာ

မျှော်လင့်ခြင်းနဲ့ရှင်သန်ရသူမို့

အိမ်မက်ကနေမနှိုးလိုက်ပါနဲ့

ကိုယ် သေဆုံးသွားနိုင်တယ်...

အဲ့ဒီကောင်ပေါ့

မျှော်လင့်ခြင်းကိုကျောပိုးပြီး

လေထဲတိုက်အိမ်ဆောက်နေတာ

ခဏခဏပျောက်ဆုံးသွားတဲ့

အိမ်မက်တွေ ရင်မှာအပြည့်ပေါ့....

အဲ့ဒီကောင်ပေါ့

လမ်းလျှောက်ရင်း

လမ်းပျောက်ခဲ့တာ

ဘယ်နှစ်ကြိမ် မသိပါ....

ဒါပေမယ့်

ကိုယ် ခုထိမျှော်လင့်နေစဲပါ

တနေ့နေ့တော

အိမ်မက်တွေလက်တွေ့ဖြစ်လာမှာပါ......။

25th may 2010

Tuesday

အမေ

အမေ...

ဘ၀မှာအရေးကြီးဆုံးဆိုတာ

အမေနဲ့ဝေးမှသိခဲ့ရသူပါ။

အဆင်မပြေမှု တွေ့ကြုံတိုင်း

တမ်းတမိတာ အမေပါ။

အင်္ဂါဂြိုဟ်အတွက်

အဖေက သူရဲကောင်းပါ

အမေက နတ်သမီးပေါ့။

အဖေလိုထက်မြတ်ပြီး

အမေလိုကြင်နာတတ်ချင် သူပါ။

ဘ၀မှာခဏခဏ ကျဆုံးခဲ့ပေမယ့်

အမေ့စကားသံနဲ့

ပြန်လည်ရှန်သန်ခဲ့သူပါ။

ရွှေပုံပေါ်မထားနိုင်ပေမယ့်

အမေ့အတွက် ဖြည့်ဆည်းပေးချင်သူပါ။

အမေ အင်္ဂါဂြိုဟ်အတွက်

ငွေလမင်းပါ......။

ငါ မသိတဲ့ငါ

ငါ...မျှော်လင့်ခြင်းများစွာနဲ့

ရှင်သန်ခဲ့သူပါ

အိမ်မက်များစွာနဲ့

စောင့်စားခဲ့ရသူပါ


အချိန်ကာလရဲ့

သယ်ဆောင်မှုနောက် မျောပါရင်း

လမ်းပျောက်ခဲ့ရသူ ငါပါ



င့ါ...အိမ်မက်တွေပြိုလဲ

မျှော်လင့်ခြင်းတွေသေဆုံး

ကျဆုံးခဲ့ရသူ ငါပါ


ငါ မသိတဲ့ငါက

စာနာစွာနဲ့မျက်ရည်ကျရင်း

ကျောခိုင်းထွက်သွားတာ

ငေးကြည့်ရင်းနဲ့ကျန်ရစ်ခဲ့သူပါ...။




ရှင်သန်ခဲ့သူပါ

အိမ်မက်များစွာနဲ့

စောင့်စားခဲ့ရသူပါ


အချိန်ကာလရဲ့





င့ါ...အိမ်မက်တွေပြိုလဲ


ကျဆုံးခဲ့ရသူ ငါပါ


ငါ မသိတဲ့ငါက


