၂နှစ်ပြည့်

ဘာလိုလိုနဲ့ နှစ်နှစ်ပြည့်ပြီပဲ

ကိုယ်အိမ်မက်နေဆဲပါကွာ

မျှော်လင့်ခြင်းနဲ့ရှင်သန်ရသူမို့

အိမ်မက်ကနေမနှိုးလိုက်ပါနဲ့

ကိုယ် သေဆုံးသွားနိုင်တယ်...

အဲ့ဒီကောင်ပေါ့

မျှော်လင့်ခြင်းကိုကျောပိုးပြီး

လေထဲတိုက်အိမ်ဆောက်နေတာ

ခဏခဏပျောက်ဆုံးသွားတဲ့

အိမ်မက်တွေ ရင်မှာအပြည့်ပေါ့....

အဲ့ဒီကောင်ပေါ့

လမ်းလျှောက်ရင်း

လမ်းပျောက်ခဲ့တာ

ဘယ်နှစ်ကြိမ် မသိပါ....

ဒါပေမယ့်

ကိုယ် ခုထိမျှော်လင့်နေစဲပါ

တနေ့နေ့တော

အိမ်မက်တွေလက်တွေ့ဖြစ်လာမှာပါ......။

25th may 2010

Tuesday

No comments: