အမှတ်တမဲ့

မင်း

လက်မကမ်းရင်နေပါ

ပုတ်မထုတ်လိုက်ပါနဲ့ကွာ။

မစာနာရင်နေပါ

လှောင်ပြုံးမပြုံးပါနဲ့။

မကြင်နာရင်နေပါကွာ

မရက်စက်လိုက်ပါနဲ့။

ရှင်သန်ခြင်းတူညီပေမယ့်

ရပ်တည်မှုကွာခြားပါတယ်

ငါ ရှုံးနိပ်ပြီးသားပါ

ထပ်ပြီးအနိုင်မယူချင်ပါနဲ့

မင်းနဲ့ငါ

အမှတ်တမဲ့

ခလုပ်တိုက်မိတာပါ......။

#2020 Zawgyi ကနေ Uni ပြောင်းရင်း ပြန်စဉ်းစားကြည့်တော့ ၂ယောက်ဖြစ်နေတော့လဲ ဘယ်သူ့အတွက် ရေးခဲ့မှန်းမသိတော့ဘူးဗျာ။

No comments: