အမေ

အမေ...

ဘ၀မှာအရေးကြီးဆုံးဆိုတာ

အမေနဲ့ဝေးမှသိခဲ့ရသူပါ။

အဆင်မပြေမှု တွေ့ကြုံတိုင်း

တမ်းတမိတာ အမေပါ။

အင်္ဂါဂြိုဟ်အတွက်

အဖေက သူရဲကောင်းပါ

အမေက နတ်သမီးပေါ့။

အဖေလိုထက်မြတ်ပြီး

အမေလိုကြင်နာတတ်ချင် သူပါ။

ဘ၀မှာခဏခဏ ကျဆုံးခဲ့ပေမယ့်

အမေ့စကားသံနဲ့

ပြန်လည်ရှန်သန်ခဲ့သူပါ။

ရွှေပုံပေါ်မထားနိုင်ပေမယ့်

အမေ့အတွက် ဖြည့်ဆည်းပေးချင်သူပါ။

အမေ အင်္ဂါဂြိုဟ်အတွက်

ငွေလမင်းပါ......။

No comments: