ချစ်သူ?

ချစ်သူ

မင်းနှလုံးသားကို သော့ခတ်မထားပါနဲ့

ငါ ၀င်လာမှာမဟုတ်ပါဘူး

ဖြတ်သွားရင်းနဲ့

ငေးကြည့်မိတာပါ......

ကိုယ်နှင့်မဆိုင်ခွင့်မပိုင်

ယူကိုင်မကြည့်ရတဲ့

လေတိုက်တိုင်း ရယ်တဲ့အရွယ်

ကျော်ခဲ့ပါပြီ ချစ်သူ......

မင်းမာနကမိုးထိအောင်ဆို

ငါ့ မာနလည်းတိမ်ပေါ်ကမဆင်းပါဘူးကွာ

ချစ်သူ

စိုးထိတ်မနေပါနဲ့

ငါရှင်သန်နေတာ ဘ၀အတွက်ပါ

ဆန္ဒဆိုတာ ငါအတွက်နေရာမရှိပါဘူး

ဖြစ်သင့်တာအတွက် ကြိုးစားနေရတဲ့ငါ့အတွက်

ချစ်သူ

မင်းဟာ အိမ်မက်တခုပါ......။

#2020 မှာ ပြန်ဖတ်မိတော့ ဘယ်သူမှန်းတောင် မသိတော့တဲ့ ဘဝပါဗျာ။

No comments: