ပင်လယ်

ချစ်သူ..

ငါသာပေါ်လီယာနာဆိုရင်

သိပ်ကောင်းမှာပဲ

Blog တစ်ခုဖန်တီးနိုင်တဲ့အတွက်

မင်းကိုကျေးဇူးတင်နေမှာ

ဒါပေမယ့်ချစ်သူ

ငါ ပေါ်လီယာနာ မဟုတ်ဘူးလေ


ချစ်သူ..

ငါ ပင်လယ်ကြီးဖြစ်ချင်ခဲ့တာ

အမြဲတမ်းသက်၀င်လှုပ်ရှားနေလို့လေ

ခဲတစ်လုံးကျသွားလည်း ရေပွက်ထရုံလေးပဲ

ခုတော့ချစ်သူ ငါဟာရေကန်ပါ

ခဲတစ်လုံးကျရုံနဲ့ ရေပွက်ရဲ့နောက်က

ဂရက်ကရိုက်ခတ်လို့မဆုံးနိုင်ဘူး


ချစ်သူ..

ကမ္ဘာကြီးကအကျယ်ကြီးပါ

ကျေနပ်ခြင်းဝေါဟာရ

ပျောက်ဆုံးနေတဲ့ ငါ့အတွက်နေရာ

မရှိပါဘူးကွယ်။

No comments: