ငယ္ဘ၀အမွတ္တရမ်ား။

ငယ္ဘ၀အမွတ္တရမ်ား။


ကျွန်တော့်ဖေဖေက လေတပ်က၀န်ထမ်းပါ ခုတော့အရပ်ဖက်ပေါ့
ကျွန်တော့်ကိုမွေးတော့ မင်္ဂလာဒုံအမှတ်(၂)ဆေးရုံမှာပါ။
ကျွန်တော်ေ
မွးတော့ တာဝန်ကျနပ်(စ်)က မိန်းကလေးလို့ လာပြောတော့ အဖေကမယုံဘူးတဲ့ အမေ့နာမည်ပြောမှ ယုံတာတဲ့။ မမမွေးပြီးတော့ အဖေကယောကျာင်္းလေးလိုချင်တာ အဖေ့ညီတွေက သားတစ်ယောက် သမီးတစ်ယောက်ဆိုတော့ အဖေလည်းသားလိုချင်တာပေါ။့ အမေကလည်းဆုတောင်းတယ်လေ ရွှေတိဂုံစေတီက သားဆုပန်ရုက္ခစိုးမှာ တောင်းတာတဲ့ ပေးတယ်လေ။ အမေကိုယ်ဝန်နဲ့တုန်းကလည်း နေတာထိုင်တာ သွားတာလာတာ အကုန်ယောကျာင်္းလေး ကိုယ်ဝန်ဆောင်အတိုင်းပဲလေ စားတော့လည်း အုန်းနို့ခေါက်ဆွဲ လက်္ဘရည်တဲ့။ အဲ့တော့အမေရောအဖေပါ သားဆိုပြီး (Ultrasound) လည်းမရိုက်ဘူး မွေးမှသမီးဆိုတော့ ညစ်သွားတာပေါ့ ဒါပေ့မယ့်အဖေရောအမေပါချစ်ပါတယ်။ 

မွေးစကမျက်စိကမမြင်ရဘူးတဲ့ Dr သန်းအောင်စီမှာတော်တော်လေး ကုလိုက်ရတယ် ဒုက္ခများတဲ့ကလေးမို့  ချစ်တာနေမှာ။ လိပ့်ဆိုတော့ ကိုယ်ဘက်ကိုယ်ယက်တာလေ မမမွေးတုန်းက အေးတယ်တဲ့ ကလေးရှိမှန်းတောင်မသိရဘူးလေ ကျွန်တော့်ကျမှဆိုးတာ မမကအိမ်ပြင်မထွက်ဘူး ကျွန်တော်ကတော့ တွေ့သမျှလူနဲ့ လိုက်သွားတာပဲ။ မမကအပြင်စာမစားဘူးတဲ့ ကျွန်တော်ကတော့အကုန်စားတယ်။ အဖေရုံးပိတ်ရက်ဆို မိသားစုလိုက် ကျောက်ရေတွင်းခြံသွားကြတယ် အဖေ့ အဖေနဲ့အမေအိမ်။

ကျွန်တော့်အဘွားက အပင်စိုက်တာဝါသနာပါတယ်လေ ဘုရားတင်ရင်တင် မတင်ရင်ပန်းတွေအပင်မှာ အလှထားတာ။ကျွန်တော်ကရှိသမျှ အပင်အကုန်ခူးဆော့တာလေ အဘွားကအဖေကိုပြောတယ် မောင်မောင်ရယ်တဲ့ မင့်သမီးအငယ်မကိုငါကြောက်တယ် သူလာရင်ငါ့အပင်တွေ အကုန်ခူးဆော့ရောတော့။ အဖေကမကြိုက်ဘူးလေ အဲ့လိုပြောလို့ တကယ်တော့ ကျွန်တော်မှားတာပါ ကျွန်တော်ကအဆော့သန်တာကို အဖေကအပြောမခံဘူး သူ့သားသမီးကို ငယ်ငယ်ထဲကဘယ်သူမှ အပြောမခံဘူးလေ။

မမက အိမ်ပေါ်မှာပဲနေတာ ကျွန်တော်ကခြံထဲမှာဆော့တာအားမရဘူး အပြင်ထွက်သွားတာတဲ့ ရပ်ကွက်ကဆိတ်ငြိမ်ရပ်ကွက်ဆိုတော့ လူပြတ်တယ်လေအဘွားတို့ကဖမ်းခေါ်သွားမှာဆိုးတာ ကျွန်တော်ကတော့အပြင်ထွက်ဆော့တယ် လူမရှိတော့ တစ်ယောက်ထဲဆော့ရတာအရမ်းပျော်တာ။ အဲ့ဒါကျွန်တော့်အကြောင်း အကင်းပဲရှိသေးတာ ကျွန်တော်ဆိုးတာတွေအများကြီးလေ။ သြော် ပြောဖို့မေ့နေတာ မမမွေးတုန်းက အရုပ်မလေးအတိုင်းပဲ ကျွန်တော်ကြတော့ ရုပ်ဆိုးတယ်လေ နဖူးမှာလည်း မှဲ့နီပါတယ် ဆံပင်ကကောက်ကောက်လေးဆိုတော့ အဖေကကပ္ပလီလို့ခေါ်တာ။  

တော်တော်လေးကြီးတဲ့အထိ အဲ့လိုခေါ်ရင် စိတ်ဆိုးတယ် ခုတော့ကြားချင်နေမိတယ်။ ကျွန်တော်အပျော်ဆုံးအချိန်ပြောပါဆို သင်္ကြန်လေ ခုအရွယ်ထိသင်္ကြန်ရောက်ရင် ရင်ခုန်နေတုန်း ရေဆော့ရတာကိုပျော်တာ။ ငယ်ငယ်ကအကြောင်းမှတ်မိနေတယ် ကျွန်တော်ကအိပ်ရေးအရမ်းမက်တာ (အခုအသက်အရွယ်ထိပါပဲ) သင်္ကြန်ဆိုအစောကြီးနိုးပြီး ရေဆော့ဖို့ပူဆာတော့တာ ရေမပက်မရခြင်း ဂျီတိုက်နေတာလေ။ အိမ်မှာက ကျောက်စည်ရှိတယ် ကျန်တဲ့အချိန်တော့မသုံးဖြစ်ဘူးလေ သင်္ကြန်ရောက်ရင်အဖေက ရေထည့်ပေးထားတယ်။

ကျွန်တော်ကအိမ်ပြင်မှာရေဆော့ ရေကုန်ရင်ကျောက်စည်ကရေလာခပ် ဘယ်လောက်တောင်ဆော့လည်းဆိုတော့ ရေခပ်ရင်းကျောက်စည်ထဲဇောက်ထိုးကျရော တကယ်တော့ကျောက်စည်က ၂ပေလောက်ပဲရှိတာလေ ကလေးအရပ်နဲ့ဆိုတော့နစ်တာပေါ့။ အဖေရောအမေပါလန့်သွားတာပေါ့ ကျွန်တော်ကလည်းအငိုသန်သန်နဲ့ဆိုတော့ပြီးရော။ ခဏပါနေ့တပိုင်းပဲ ညနေသူများကလေးတွေ ရေဆော့ဖို့တာစူတော့ ကျွန်တော်လည်းဆော့တာပေါ့ အဖေကမကြောက်ဘူးလားမေးတော့ ရယ်တယ်လေ ကျွန်တော်ကတခုခုကျေနပ်ရင် ရယ်နေရော။ ၄နှစ်လောက်လဲရောက်ရော မူကြိုနေရတယ် မမနဲ့အတူပေါ့ မောင်လေးမွေးပြီလေ မမကသနပ်ခါးအဖွေးသား ကျွန်တော်ကတော့ငိုပါလေရော ငယ်ငယ်ထဲကမအိမ်ခင် မသွားမနေရဆိုရင် လွယ်အိတ်ကိုစစ်တယ် မိန်းကလေးအကျီင်္ပါလို့ကတော့ ခြေဆင်းပြီးအော်ငိုတာလေ။ မမကတော့သနပ်ခါးအဖွေးသား ကျွန်တော်ကတော့မျက်ရည်ရွှဲလဲနဲ့ တနေ့မဟုတ်ဘူး နေ့တိုင်းလေ ဘယ်လောက်ငိုငိုကျောင်းနားရောက်တာနဲ့ တိတ်သွားတာဆရာမက ချစ်ဖို့ကောင်းတယ် ချောတယ် အပျိုကြီး ဒါပေမယ့်ကျွန်တော်ကြောက်တယ်လေ။ ရေးရတာလဲပျင်းသွားပြီ နောက်မှထပ်ရေးတော့မယ်နော်။ 

  
6:09 pm 26th Sep 2010!!

သောကခြေရာ

    တွယ်တာလှပေမယ့်

 

   ကွယ်ရာကပဲ ချစ်တော့မယ်။

   အဆင်ခက်လေတော့

   မကြင်ရက်တယ် သခင်ဆိုမလား

   ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ

   စိတ်ညစ်တယ်ကွယ်။

 

   သံယောဇဉ် ခွေကာရစ်ပေမယ့်

   ပြန်ပြောရင် ဝေဒနာဖြစ်ရုံမို.

   ချစ်တတ်သူ အမူလုပ်ပါလို.

   မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်

   ရင်တွင်းမှာ မကြည်မွေ.လေတော့

   သည်နေ.လဲ စိတ်ညစ်တယ်

   သိပ်ချစ်တယ်လို. မဆိုသာတော့။

   ပါးစပ်ကပြောမှလား

   နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး

   အကြည့်ဆုံ ဝေဒနာနွေးတွေက

   အကြင်နာခြေရာလေးတွေပဲ

   အတွေးမှာ ရစ်တဝဲနဲ.

   ချစ်သည်းရယ် ဘာသာဖြေလို.

   မာယာတွေ ဟန်ဆောင်ထိန်းကာ

   တစိမ်းတွေပေါ့။

   မောင်စိန်၀င်း(ပုတီးကုန်း)


အရင်အတိုင်းရန်ကုန်။


ရွှေတိဂုံစေတီတော်
ရန်ကုန်လေဆိပ်
မြို့တော်ခန်းမ
ဆူးလေလမ်းမ
ဆူးလေစေတီတော်
ကန်တော်ကြီး
ကရ၀ိတ်ဖောင်

အိမ်လွမ်းသူ - ၀ိုင်ဝိုင်း

homesickness................

http://whiteboxstudio.multiply.com/journal/item/8/8 

နေမကောင်းတော့လည်း ဆေးခန်းလိုက်ပို့မယ့် အမေကမရှိဘူး..

(အိမ်မှာဆိုရင် သမီးဆေးခန်းသွားရအောင် အမေလိုက်ပို့မယ်လေ သြဘာဆေးခန်းသွားမလား ဝေးရင်ဆိုက်ကားနဲ့သွားမယ်)

တနေ့လုံးအိပ်နေလည်း နှိုးပြီးဆေးတိုက်မယ့် အမေကမရှိဘူး..

(တနေ့လုံးအိပ်နေတော့ ခေါင်းကိုက်မှာပေါ့ ထပြီးဆေးသောက်လေ အမေကော်ဖီဖျော်ထားတယ်)

ဗိုက်ဆာနေတော့လည်း ဂရုစိုက်ကျွေးမယ့် အမေကမရှိဘူး..

(သမီးဘာစားချင်လဲ ရှမ်းခေါက်ဆွဲစားမလား အမေသွား၀ယ်လိုက်မယ်)

သြော်...အိမ်နဲ့ဝေးရာမှာဆိုတော့ တမ်းတယုံပေါ့နော်..

နေမကောင်းလဲ ဆေးခန်းမသွားချင် တနေ့လုံးအိပ်နေလဲ ဆေးထမသောက်မိ ဗိုက်ဆာတော့လည်း ကိုယ့်ဘာချက်စားရတဲ့ဘ၀ တော်တော်လေး စိတ်ကုန်နေပါပြီ အိပ်ပြင်မှာနေရတဲ့ဘ၀ကို..

တကယ်တော့ကိုယ် အိမ်ကိုလွမ်းနေတာပါ..

အိမ်ပြန်ချင်နေမိတယ်လေ

အမေ့လောက့် ဘယ်သူမှ ကိုယ့်ခံစားချက်ကို နားလည်မပေးခဲ့ပါဘူး..

ကြယ်ကြွေ




ကြယ်ကြွေ

ကောင်မလေးရေ...........
ကောင်းကင်ကိုလှမ်းကြည့်တော့
လျှို့ဝှက်အရာတစ်ခုကပြောပြတယ်
အချစ်တဲ့........ကြယ်လေးက
သူကိုယ်တိုင်ပဲကြွေပြသွားခဲ့တယ်.............။။

ငါသိလိုက်တဲ့ အချစ်ဆိုတာ အဲဒါပါပဲ
ငါ နင့် အတွက် ဘယ် လိုကြွေကြပြရမလဲ ဟင်...............။။



Posted by julydream

ခငါလည်းဒီကဗျာလေးလို ကြွေကြခဲ့ရသူပါ။

မိုးမခပင်တွေ

http://www.apymt.com/



မိုးနဲ့မုန်တိုင်း ၊ ကဆုန်စိုင်းရင်း
လှိုင်းထန်မြင်ပြင် ၊ မုန်ယိုဆင်သည်
မြင်မြင်သမျှ ၊ ယမ်းခါချလို့

ဒေါသမီးတောက် ပေါက်ကွဲချိန်။

ကမ်းပါးစပ်က ၊ မိုးမခပင်ငယ်

အရွယ်မရောက် ၊ အပင်ပေါက်တွေ

လှိုင်းအောက်ပိပြား ၊ ကမ်းပါးရေလျှံ

နွံနစ်ခံရ ၊ မြစ်ဒေါသကြောင့်

မွမွညက်ညက် ကြေပြီလား...။

မြစ်ရေကျစဉ် ၊ နုံးတင်မြေသား

အမှိုက်ကြားက ၊ မိုးမခပင်ငယ်

ဘယ်လောက်များလေ ၊ ရေလွှမ်းတဲ့ဒဏ်

(သူတို့) ခံရဦးမလဲ...

နုံးတွေကြားမှာ ၊ အားခဲသက်ရှင်

(ကြာရင်) မြင်မှမြင်နိုင် ပါ့မလား...။

နှစ်များကြာလျှင် ၊ ဆံပင်ဖားလျား

လူငယ်များလေ ၊ မြစ်နားကမ်းစပ်

ရပ်နေသလိုမျိုး ၊ မိုးမခပင်တွေ

လေကြမ်းမုန်တိုင်း ၊ မြစ်အရိုင်းရဲ့

လှိုင်းလုံးတွေကို စိန်ခေါ်ရင်း...။ ။

ဆရာမောင်စိန်၀င်း (ပုတီးကုန်း)

(/၈တန်းကျောင်းသားဘ၀က ဖတ်မိတဲ့၀တ္တုကနေ အရမ်းကြိုက်ခဲ့တဲ့ကဗျာပါ ငယ်ငယ်တုန်းကတော့ခဏခဏ ရွတ်မိတယ် ခုတော့မေ့နေတာ ဒီနေ့မှသတိရလို့ တင်ထားတာပါ။ )

ကဗျာ

http://www.blogger-poem.co.cc/

တစ်ယောက်ကို တစ်ယောက်က

သတိရတဲ့အခါ

မိုးသားတိမ်တွေ

ခပ်ဆွေးဆွေး

အဝေးကလူကို

မျှော်ကာငေး

ခြေရာမထင်သော

လမ်းတစ်စုံထက်မှာ

ရပ်ကာစောင့်လို့

မျှော်နေတဲ့သူ......

အဆုံးမသတ်ဖြစ်ခဲ့သော

ဇာတ်လမ်းတစ်ပုဒ်ထက်က

မင်းဟာ ငါ့ရဲ့

ရင်ခုန်ခဲ့ဖူးလူ

ငါဟာ မင်းရဲ့

ရင်ခုန်ခဲ့ဖူးလူ

ဘယ်လိုပဲဖြစ်ဖြစ်

လွမ်းလို့နေလည်း

လေနှင်ရာလွှင့်တဲ့

ငါ ရော်ရွက်ဝါ.......

{ဇောင်း}

၁၄.၉.၂၀၁၀၊ အင်္ဂါနေ့၊ ၁၉း၅၅။

အလွမ်း

ပစ္စလက္ခနိုင်တဲ့ ကောင်းကင်


ပစ္စလက္ခနိုင်တဲ့ ကောင်းကင်




တိမ်တွေကို တွဲလဲ ဖြန့်ခင်းထားတဲ့ကောင်းကင်မှာ

ရေမညှစ်ရသေးတဲ့ သက်တန့်တွေအစီအရီပွင့်

လေညှင်းက ဆံပင်တွေကို ဖွဖွလေး ဖြီးသင်ချနေတဲ့ဘီး

ကြယ်အမှုန်အမွှားတွေက မင်းပါးပြင်ထက်မှာ ငြိတွယ်

ငါတို့တွေ ဖက်တွယ်ခဲ့ကြပုံက

ကမ္ဘာဦး လူသားတွေအတိုင်း

အလင်းလွန် အမြန်နှုန်း အတိုင်း

အတင်းတိုးဝှေ့ရောက်ရှိအောင်သွားခဲ့ကြ

အာရုံခံ ကိရိယာ တွေထဲ အတိုင်းအဆ မသိတဲ့

နှုးညံ့မှုတွေ ဖြတ်သန်း ဝင်ရောက်လာခဲ့ကြ

မိန်းမော မူးယစ် လေဟာနယ်ထဲမှာ လွင့်မျောသွားလိုက်ပုံက

အထိန်းကွပ်မဲ့ စွန်တွေလို ..

ကြားခံ ကွက်လပ်တွေ ဖြည့်စွတ်စရာ မရှိတဲ့အထိအောင်

အပို     အလို     မရှိ     ကွက်တိ 

ပင့်သက်များ မချနိုင် မချီနိုင် တော့တဲ့ အထိ

သွေးကြောများ ပြေလျှော့ နှုန်းခွေ ပျော့ကျသွားတဲ့ အထိ

ညစ်နွမ်းဖွယ် အလင်းပွင့် ရောင်စုံကြားထဲ

မျက်တောင် မခတ်တမ်းစိုက်ကြည့်ရင်း

မင်းနဲ့ ငါနဲ့ ကြားထဲက

ကောင်းခန်းတွေကြီးပဲ ပါတဲ့ အဲ့ဒီဇတ်လမ်းကို

နေ့စဉ်ရက်ဆက်  မငြီးငွေ့တမ်းရိုက်ချင်တယ် . . . ။

***မောင်ဖုန်းမြင့် blog ကနေ share ထားတာပါ။ ***

အေမ့အိမ္

ကဗျာ

ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ရောက်နေပါလျက် ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်း၀င်သွားစေမည့်အရာမှာ
(ငါ့) ချစ်သူသာဖြစ်ပါ၏။ ။


နွယ်အရိပ်


တွယ်မှာစိုးလို့
နွယ်ကြိုးညွန့်သစ် မပတ်ရစ်အောင်
ဖြတ်ပစ်ခဲ့ရတော့မှာလား....။

လိုက်မှာစိုးလို့
နှစ်ကိုယ့်တစ်စိတ် ကိုယ့်အရိပ်နဲ့ခွဲ
အမှောင်ထဲမှာ ရှောင်လွဲရတော့မှာလား...။

ဖြတ်မရတဲ့ နွယ်
သတ်မရတဲ့ နွယ်
ဖယ်မဖြစ်တဲ့ အရိပ်
တွယ်ရစ်တဲ့ အရိပ်

တကယ်ချစ်တဲ့ စိတ်ကြောင့်လား
နှလုံးသားမှာ အနာတရနဲ့
ထာဝရ ရောက်ရောက်လာတာ
သြော်.....
ကာလ ဘယ်လောက်ကြာကြာ...။


ထာဝရ

ပွင့်လျှင်လည်းနမ်း
နွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်း
တိမ်းညွတ်တွယ်မက်
သည်တသက်မှာ
တပွင့်သာလေ
စွဲလမ်းနေမည်
ဝေဝေကြွေကြွေ မြတ်နိုး၏ ။

မောင်စိန်ဝင်း

ပသုံးလုံး

ဒီနေ့ဘာမှမလုပ်ချင်ပါ အိမ်မှာပဲအိမ်နေချင်ပါသည် ခုတော့ office မှာရောက်နေရပါသည် တခါတလေဖြစ်ချင်တာထက် ဖြစ်သင့်တာ လုပ်နေရသည့်ဘ၀ကိုမုန်းပါသည်


ကွန်ဖြူးရှပ်စ်ကတော့ ကိုယ်တကယ်နှစ်သက်တဲ့အလုပ်ကို လုပ်နေရတယ်ဆိုရင် ဒီတစ်သက် အလုပ်လုပ်ရတဲ့ နေ့ဆိုတာ ရှိမှာ မဟုတ်တော့ဘူးတဲ့


Finding a job what you want, you will never work a day in life.


အလုပ်တစ်ခုမှာ ပသုံးလုံး မရှိရင် မလုပ်တာတော့ မကောင်းဆုံးပဲ ပိုက်ဆံရယ် ပညာရယ် ပျော်ရွှင်မှုရယ်ပေါ့ ..


ကျေးဇူးတင်ပါတယ်  younggun21century

30th

၂၉ဆိုတဲ့ မနေ့ကကို

ကလေးဆန်တဲ့အတွေးများနဲ့အတူ

အတိတ်မှာချန်ထားခဲ့ပါပြီ


မနေ့ကနဲ့ဒီနေ့

အတွေးကတော်တော်လေးခြားနားသွားပြီ


အများကြီးမတွေးမိပါဘူး

ငါဘာလုပ်ပြီးပြီလဲဆိုတဲ့အတွေးတစပါ

feedback ကချက်ခြင်းပြန်လာတယ်

nothing! တဲ့


သြော်......

အံအားသင့်တာမဟုတ်ပါဘူး

စိတ်ပျက်သွားလို့ပါ

ငါ့အနာဂတ်အတွက်

အများကြီး ကြိုးစားရအုံးမယ်ကွာ။

29th

8th Sep 2010


၂၉နှစ်ပြည့်ပါပြီ သက်တမ်းတ၀က်ရှိပါပြီ

ခုချိန်ထိအရုပ်၀ယ်ဆဲ အရုပ်ဆော့နေဆဲ

ဖြစ်နေသောစိတ်ကိုနားမလည်နိုင်ပါ


ဘ၀အတွက်နိုးထရန်

အချိန်ကျော်လွန်နေပါပြီ


happy 29th birthday

မဟုတ်ခဲ့ပါဒါပေမယ့်


ဘ၀မှာအမှတ်တရ များစွာရှိခဲ့ပါပြီ။

မျှော်လင့်ခြင်း

လွမ်းတယ်တဲ့
တကယ်ကို ဟာသပဲ
သူလည်း မသိ
ကိုယ့်အတွက်လည်း
အကျိုးမရှိဘဲ
တစ်ခါမှလည်း
ပိုင်ဆိုင်ဖူးခြင်း
မရှိခဲ့တဲ့
တစ်ကြိမ်မှလည်း
လှစ်ဟခွင့် မရလိုက်တဲ့
တို့နှစ်ယောက်ရဲ့
အုံ့ပုန်းချစ်တွေအတွက်
အချိန်နဲ့ အမျှပဲ
ငါ့အသည်းတွေ ကြေကွဲ။

မချူခင် ကမ်းလင့်
အလိုက်သင့်တဲ့
ပန်းတစ်ပွင့်အတွက်
နင့်တစ်သက်စာ
နှလုံးသားပါ
ပုံအောလိုက်ပေမယ့်
တိတ်တခိုးရှိနှင့်
ဖူးပွင့်ခွင့် မရလိုက်တဲ့
ငါ့အချစ်တွေ အတွက်
ဒဏ်ရာတွေ ရင်မှာသိမ်း
မာနနဲ့ ထိန်းရင်း
ဘယ်သူမှ မသိအောင်
မိုးတွေ စွေခဲ့တာ
သံလွင်မြစ်တောင်
ရေတွေ တိုးနေပြီပေါ့။

ပိုင်ဆိုင်သူ ရှိသွားတဲ့
ပုံရိပ်တစ်ခုကို
အမြဲ တမ်းတနေမိတာ
အဒိန္နာဒါနာကံ
ထိုက်မယ် ဆိုရင်တောင်
ချိုမြိန်တဲ့ အကုသိုလ်လို
ပိုးဖလံမျိုး မီးကိုတိုးလို့
မင်းပုံရိပ်လေးတောင်
ဖျောက်ဖျက်မရအောင်
စွဲလမ်းခဲ့သူပါ။

ကမ္ဘာတွေ
သင်္ချာ သင်္ချေလို့
နောင်သံသရာ
ရှည်ဦးမှာဖြင့်
နောင်များ ဘ၀မှာလည်း
မင်း ကိုယ်ပွားလေး
မဖြစ်ခဲ့ရင်တောင်မှ
မင်း အရိပ်လေးအဖြစ်
ရှိနေခဲ့ချင်သူပါ။

နန်းကြာဖြူ၊ဘားအံ၊
(ဖူးငုံ မဂ္ဂဇင်း - ဩဂုတ်၊ ၂၀၁၀)