မိုးမခပင်တွေ

http://www.apymt.com/



မိုးနဲ့မုန်တိုင်း ၊ ကဆုန်စိုင်းရင်း
လှိုင်းထန်မြင်ပြင် ၊ မုန်ယိုဆင်သည်
မြင်မြင်သမျှ ၊ ယမ်းခါချလို့

ဒေါသမီးတောက် ပေါက်ကွဲချိန်။

ကမ်းပါးစပ်က ၊ မိုးမခပင်ငယ်

အရွယ်မရောက် ၊ အပင်ပေါက်တွေ

လှိုင်းအောက်ပိပြား ၊ ကမ်းပါးရေလျှံ

နွံနစ်ခံရ ၊ မြစ်ဒေါသကြောင့်

မွမွညက်ညက် ကြေပြီလား...။

မြစ်ရေကျစဉ် ၊ နုံးတင်မြေသား

အမှိုက်ကြားက ၊ မိုးမခပင်ငယ်

ဘယ်လောက်များလေ ၊ ရေလွှမ်းတဲ့ဒဏ်

(သူတို့) ခံရဦးမလဲ...

နုံးတွေကြားမှာ ၊ အားခဲသက်ရှင်

(ကြာရင်) မြင်မှမြင်နိုင် ပါ့မလား...။

နှစ်များကြာလျှင် ၊ ဆံပင်ဖားလျား

လူငယ်များလေ ၊ မြစ်နားကမ်းစပ်

ရပ်နေသလိုမျိုး ၊ မိုးမခပင်တွေ

လေကြမ်းမုန်တိုင်း ၊ မြစ်အရိုင်းရဲ့

လှိုင်းလုံးတွေကို စိန်ခေါ်ရင်း...။ ။

ဆရာမောင်စိန်၀င်း (ပုတီးကုန်း)

(/၈တန်းကျောင်းသားဘ၀က ဖတ်မိတဲ့၀တ္တုကနေ အရမ်းကြိုက်ခဲ့တဲ့ကဗျာပါ ငယ်ငယ်တုန်းကတော့ခဏခဏ ရွတ်မိတယ် ခုတော့မေ့နေတာ ဒီနေ့မှသတိရလို့ တင်ထားတာပါ။ )

2 comments:

ညိမ်းနိုင် said...

ကျေးဇူးတင်လိုက်တာဗျာ...ကျွန်တော်ဒီကဗျာကိုလိုက်
ရှာနေတာကြာပြီဗျ...၊သိပ်ကြိုက်ခဲ့တဲ့ကဗျာလေး..။
ခက်တာက ကျွန်တော်ကမှတ်ညဏ်မကောင်းတော့ အစအဆုံးမမှတ်မိတော့ဘူးဗျ...၊
မေ့သွားရော...၊အိမ်မှာတော့ ကူးထားတာရှိလေရဲ့..။

Khin said...

ဟုတ်ကဲ့ ကျွန်တော်လည်း တခြားသူငယ်ချင်း Blog ကနေ ပြန်ပြီးတော့ Share ထားတာပါ။