homesickness................

http://whiteboxstudio.multiply.com/journal/item/8/8 

နေမကောင်းတော့လည်း ဆေးခန်းလိုက်ပို့မယ့် အမေကမရှိဘူး..

(အိမ်မှာဆိုရင် သမီးဆေးခန်းသွားရအောင် အမေလိုက်ပို့မယ်လေ သြဘာဆေးခန်းသွားမလား ဝေးရင်ဆိုက်ကားနဲ့သွားမယ်)

တနေ့လုံးအိပ်နေလည်း နှိုးပြီးဆေးတိုက်မယ့် အမေကမရှိဘူး..

(တနေ့လုံးအိပ်နေတော့ ခေါင်းကိုက်မှာပေါ့ ထပြီးဆေးသောက်လေ အမေကော်ဖီဖျော်ထားတယ်)

ဗိုက်ဆာနေတော့လည်း ဂရုစိုက်ကျွေးမယ့် အမေကမရှိဘူး..

(သမီးဘာစားချင်လဲ ရှမ်းခေါက်ဆွဲစားမလား အမေသွား၀ယ်လိုက်မယ်)

သြော်...အိမ်နဲ့ဝေးရာမှာဆိုတော့ တမ်းတယုံပေါ့နော်..

နေမကောင်းလဲ ဆေးခန်းမသွားချင် တနေ့လုံးအိပ်နေလဲ ဆေးထမသောက်မိ ဗိုက်ဆာတော့လည်း ကိုယ့်ဘာချက်စားရတဲ့ဘ၀ တော်တော်လေး စိတ်ကုန်နေပါပြီ အိပ်ပြင်မှာနေရတဲ့ဘ၀ကို..

တကယ်တော့ကိုယ် အိမ်ကိုလွမ်းနေတာပါ..

အိမ်ပြန်ချင်နေမိတယ်လေ

အမေ့လောက့် ဘယ်သူမှ ကိုယ့်ခံစားချက်ကို နားလည်မပေးခဲ့ပါဘူး..

No comments: