တစ်ယောက်ကို တစ်ယောက်က
သတိရတဲ့အခါ
မိုးသားတိမ်တွေ
ခပ်ဆွေးဆွေး
အဝေးကလူကို
မျှော်ကာငေး
ခြေရာမထင်သော
လမ်းတစ်စုံထက်မှာ
ရပ်ကာစောင့်လို့
မျှော်နေတဲ့သူ......
အဆုံးမသတ်ဖြစ်ခဲ့သော
ဇာတ်လမ်းတစ်ပုဒ်ထက်က
မင်းဟာ ငါ့ရဲ့
ရင်ခုန်ခဲ့ဖူးလူ
ငါဟာ မင်းရဲ့
ရင်ခုန်ခဲ့ဖူးလူ
ဘယ်လိုပဲဖြစ်ဖြစ်
လွမ်းလို့နေလည်း
လေနှင်ရာလွှင့်တဲ့
ငါ ရော်ရွက်ဝါ.......
{ဇောင်း}
၁၄.၉.၂၀၁၀၊ အင်္ဂါနေ့၊ ၁၉း၅၅။
No comments:
Post a Comment