ကြက်ခြေခတ်




သတိရတယ်၊
အဲ့လိုရေရွတ်ပြီးတော့ပဲ အလွမ်းတွေကိုဖြေသိမ့်လိုက်ပါတယ်..

ခင်ဗျားအတွက့်လူဖြစ်လာတဲ့အကောင်မဟုတ်သလို၊
ကျွန်တော့်အတွက့်လဲလူဖြစ်လာတဲ့အကောင်မဟုတ်ပါဘူး
လူဖြစ်ဖို့ကံပါလာလို့လူဖြစ်ခွင့်ရသူပါ..

ကံတရားကြောင့်တွေဆုံခဲ့ရပြီး၊
ကံတရားကြောင့်ပဲခွဲခွာသွားရတာပါ
ဘယ်သူရယ်ကြောင့်လို့ယိုးမယ်မဖွဲ့ရက်တော့ပါဘူး..

ခင်ဗျားသတိရတာကျွန်တော်မသိသလို၊
ကျွန်တော်လွမ်းနေမယ်ဆိုတာလဲခင်ဗျားမသိနိုင်ပါဘူး
နားလည်မှုဆိုတာအခုအချိန်ထိအဓိပ္ပါယ်ဖွင့်မှားနေခဲ့တဲ့သူပါ..

သတိရတယ်၊
အလွမ်းတွေလျော့ပါးသွားဖို့တခါတရံရေရွတ်ရင်း
ကံတရားကိုပြုံးပြလိုက်မိတယ်။





No comments: