အတိတ္မဟုတ္ေသာ



အခုကစျၿပီး ကၽြန္ေတာ္ဘဝကို ေပါ့ေပါ့ပါးပါးေလးပဲ ျဖတ္သန္းသြားပါေတာ့မယ္ဗ်ာ..


၁ရက္ေန႔အလုပ္စဆင္းရမယ္ အခုလက္ရွိအခ်ိန္ကာလမွာ ၁ရက္ေန႔ဆိုတာ ကၽြန္ေတာ့္အတြက့္ စိတ္ထြက္ေပါက္တစ္ခုပါပဲ ဆိုးသည္ျဖစ္ေစ ေကာင္းသည္ျဖစ္ေစ အဲ့သည့္အလုပ္မွာ ႀကိဳးစားျၿပီးရွင္သန္ဖို႔ ကၽြန္ေတာ္ဆံုးျဖတ္ထားပါတယ္..

ကၽြန္ေတာ္ေနထိုင္လာတဲ့ ၃၆ႏွစ္ကာလမွာ အခ်ိန္ေတာ္ေတာ္မ်ားမ်ား ပင္ပန္းခဲ့ဘူးတယ္ ကၽြန္ေတာ့္အတြက့္ မိသားစုအတြက့္ ကၽြန္ေတာ္ခ်စ္တဲ့သူအတြက့္ နာက်င္ခဲ့ဘူးတယ္.. 

ဒီေန႔ေတာ့ ျပန္မရႏိုင္ေတာ့တဲ့ ၃၆ႏွစ္ဆိုတဲ့အခ်ိန္ကာလကိုေရာ အရာအားလံုးကို စိတ္ဆႏၵျပင္းျပစြာ လုပ္ေဆာင္ခဲ့မိတဲ့ ကၽြန္ေတာ့္အတိတ္ေတြကိုေရာ ထားခဲ့လိုက္ပါျၿပီ..

မနက္ျဖန္ကစျၿပီး မနက္၅နာရီခြဲ အိပ္ယာကထမယ္ မ်က္ႏွာသစ္၊သြားတိုက္ျၿပီးရင္ ကန္ေတာ္ႀကီးဖက္လမ္းေလၽွာက္မယ္ အိမ္ေရာက္ရင္ အေဖ့အတြက့္အင္ရႈးဝါး၊အိုဗာတင္းေဖ်ာ္မယ္ အိမ္အတြက့္ေကာ္ဖီေဖ်ာ္မယ္ ထမင္းအိုးတည္မယ္ ျၿပီးရင္ေရမိုးခ်ိဳး၊အဝတ္အစားလဲျၿပီး အလုပ္သြားမယ္..

အလုပ္ကျပန္လာရင္ ေရမိုးခ်ိဳး၊အဝတ္အစားလဲျၿပီး ညစာစားမယ္၊ပန္ကန္ေဆးမယ္ အဂါၤနဲ႔စေနမွာ Blog ေရးမယ္ ေန႔တိုင္း Game ကို ၁နာရီေဆာ့မယ္ Facebook ၁နာရီသံုးမယ္ ၁၀နာရီဘုရားရွိခိုးျၿပီး ညအိပ္ယာဝင္မယ္..

အလုပ္ပိတ္ရက္တိုင္း ဘုရားတက္မယ္ တစ္လကိုတစ္ခါ ေစ်းဝယ္ထြက္မယ္၊ရုပ္ရွင္ၾကည့္မယ္ ေလးလတစ္ခါခရီးထြက္မယ္ လကုန္တိုင္း အေဖ့ကိုလခတစ္သိန္းခြဲေပးမယ္ အေႂကြး၆သိန္းကို တစ္လ၆ေသာင္းနဲ႔ ၃လဆပ္မယ္ ျၿပီးရင္၅ေသာင္းနဲ႔ ၈လထပ္ဆပ္မယ္.. 

လကုန္တိုင္း Saving ထဲကို ၅ေသာင္းထည့္မယ္ အဘြားအတြက့္ သည္းေျခေက်ာက္ေပ်ာ္ေဆး ၂ဘူးဝယ္ေပးမယ္ ကၽြန္ေတာ္ေသာက့္ဖို႔ အင္နာဘြန္စီ ၁ဘူးဝယ္မယ္ ဒီဇင္ဘာလကုန္က်ရင္ Saving ကေန MPU ထဲကို အေရးေပၚသံုးဖို႔ ၁သိန္းေျပာင္းထည့္ထားမယ္ ေငြသားေတာ့ ပိုက္ဆံအိတ္ထဲမွာ ၃ေသာင္းေဆာင္ထားမယ္..

ကၽြန္ေတာ့္ လခက ၃သိန္းခြဲဆိုေတာ့ အေဖ့ကို၁သိန္းခြဲ အေႂကြး၆ေသာင္း Saving ၅ေသာင္း ေဆးက၂ေသာင္း ဆိုေတာ့ လခ၇ေသာင္းက်န္မယ္ ၁ရက္ကို ကၽြန္ေတာ္ ၂,၃၀၀ပဲ သံုးလို႔ရေတာ့မယ္..

၂၀၁၈အကုန္က်ရင္ေတာ့ Saving ထဲ ၆သိန္းခြဲရပါျၿပီ ဒီေငြပမာဏက အမ်ားႀကီးမဟုတ္ေပမယ့္ ကၽြန္ေတာ့္အတြက့္ေတာ့ အဓိပၸါယ္ရွိပါတယ္ ၃၇ႏွစ္မွာ ပိုက္ဆံ၆သိန္းခြဲ ပိုင္ဆိုင္မႈက အေတြးနဲ႔တင္ ကၽြန္ေတာ့္ကိုေပ်ာ္ရႊင္ေစပါတယ္။


ေနတက္ရင္ ဘဝဆိုတာ ၾကမ္းတမ္းခက္ခဲစရာ မရွိပါဘူး အခုေတာ့ ကၽြန္ေတာ္ေနတက္ဖို႔ ႀကိဳးစားပါေတာ့မယ္။






အခုကစပြီး ကျွန်တော်ဘဝကို ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်သန်းသွားပါတော့မယ်ဗျာ..


၁ရက်နေ့အလုပ်စဆင်းရမယ် အခုလက်ရှိအချိန်ကာလမှာ ၁ရက်နေ့ဆိုတာ ကျွန်တော့်အတွက့် စိတ်ထွက်ပေါက်တစ်ခုပါပဲ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ အဲ့သည့်အလုပ်မှာ ကြိုးစားပြီးရှင်သန်ဖို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်..

ကျွန်တော်နေထိုင်လာတဲ့ ၃၆နှစ်ကာလမှာ အချိန်တော်တော်များများ ပင်ပန်းခဲ့ဘူးတယ် ကျွန်တော့်အတွက့် မိသားစုအတွက့် ကျွန်တော်ချစ်တဲ့သူအတွက့် နာကျင်ခဲ့ဘူးတယ်.. 

ဒီနေ့တော့ ပြန်မရနိုင်တော့တဲ့ ၃၆နှစ်ဆိုတဲ့အချိန်ကာလကိုရော အရာအားလုံးကို စိတ်ဆန္ဒပြင်းပြစွာ လုပ်ဆောင်ခဲ့မိတဲ့ ကျွန်တော့်အတိတ်တွေကိုရော ထားခဲ့လိုက်ပါပြီ..

မနက်ဖြန်ကစြပြီး မနက်၅နာရီခွဲ အိပ်ယာကထမယ် မျက်နှာသစ်၊သွားတိုက်ပြီးရင် ကန်တော်ကြီးဖက်လမ်းလျှောက်မယ် အိမ်ရောက်ရင် အဖေ့အတွက့်အင်ရှုးဝါး၊အိုဗာတင်းဖျော်မယ် အိမ်အတွက့်ကော်ဖီဖျော်မယ် ထမင်းအိုးတည်မယ် ပြီးရင်ရေမိုးချိုး၊အဝတ်အစားလဲပြီး အလုပ်သွားမယ်..

အလုပ်ကပြန်လာရင် ရေမိုးချိုး၊အဝတ်အစားလဲပြီး ညစာစားမယ်၊ပန်ကန်ဆေးမယ် အဂင်္ါနဲ့စနေမှာ Blog ရေးမယ် နေ့တိုင်း Game ကို ၁နာရီဆော့မယ် Facebook ၁နာရီသုံးမယ် ၁၀နာရီဘုရားရှိခိုးပြီး ညအိပ်ယာဝင်မယ်..

အလုပ်ပိတ်ရက်တိုင်း ဘုရားတက်မယ် တစ်လကိုတစ်ခါ ဈေးဝယ်ထွက်မယ်၊ရုပ်ရှင်ကြည့်မယ် လေးလတစ်ခါခရီးထွက်မယ် လကုန်တိုင်း အဖေ့ကိုလခတစ်သိန်းခွဲပေးမယ် အကြွေး၆သိန်းကို တစ်လ၆သောင်းနဲ့ ၃လဆပ်မယ် ပြီးရင်၅သောင်းနဲ့ ၈လထပ်ဆပ်မယ်.. 

လကုန်တိုင်း Saving ထဲကို ၅သောင်းထည့်မယ် အဘွားအတွက့် သည်းခြေကျောက်ပျော်ဆေး ၂ဘူးဝယ်ပေးမယ် ကျွန်တော်သောက့်ဖို့ အင်နာဘွန်စီ ၁ဘူးဝယ်မယ် ဒီဇင်ဘာလကုန်ကျရင် Saving ကနေ MPU ထဲကို အရေးပေါ်သုံးဖို့ ၁သိန်းပြောင်းထည့်ထားမယ် ငွေသားတော့ ပိုက်ဆံအိတ်ထဲမှာ ၃သောင်းဆောင်ထားမယ်..

ကျွန်တော့် လခက ၃သိန်းခွဲဆိုတော့ အဖေ့ကို၁သိန်းခွဲ အကြွေး၆သောင်း Saving ၅သောင်း ဆေးက၂သောင်း ဆိုတော့ လခ၇သောင်းကျန်မယ် ၁ရက်ကို ကျွန်တော် ၂,၃၀၀ပဲ သုံးလို့ရတော့မယ်..

၂၀၁၈အကုန်ကျရင်တော့ Saving ထဲ ၆သိန်းခွဲရပါပြီ ဒီငွေပမာဏက အများကြီးမဟုတ်ပေမယ့် ကျွန်တော့်အတွက့်တော့ အဓိပ္ပါယ်ရှိပါတယ် ၃၇နှစ်မှာ ပိုက်ဆံ၆သိန်းခွဲ ပိုင်ဆိုင်မှုက အတွေးနဲ့တင် ကျွန်တော့်ကိုပျော်ရွှင်စေပါတယ်။


နေတက်ရင် ဘဝဆိုတာ ကြမ်းတမ်းခက်ခဲစရာ မရှိပါဘူး အခုတော့ ကျွန်တော်နေတက်ဖို့ ကြိုးစားပါတော့မယ်။


# waine
8:03pm
21st Nov 2017.
Tuesday
@ Ygn,MM. 





No comments: