ဒဏ်ရာ




ကျွန်တော့်ဘဝကိုပဲ Drama ဆန်တယ်ဆိုပြီး နာကျင်နေခဲ့မိတာ သူများဘဝတွေက မျက်ရည်မကျနိုင်လောက်အောင် နာကျင်ခဲ့ရမှန်း ဒီနေ့မှခံစားတက်ခဲ့တာပါ..

နောင်တရခဲ့ဘူးပါတယ် ငယ်ရွယ်စင်အချိန်တုန်းက ရိုးသားခဲ့မှုတွေအတွက့် အသက်ကြီးလာလေ နောင်တရမိလေပဲ..

တချို့ဘဝနဲ့ဆက်နွယ်နေတဲ့ ကိစ္စတွေမှာ ကျွန်တော်မှန်ခဲ့တယ်ဆိုတာ ဒီနေ့သိလိုက်ရတာ..

အားပေးချင်တယ် နှစ်သိမ့်ပေးချင်တယ် ဖြည့်စည်းပေးချင်တယ် ကိုယ်ချင်းစာပေးချင်တယ် ဒဏ်ရာရတိုင်း အတိမ်အနက်မတူဘူးဆိုတာ ကျွန်တော် သိလိုက်ရတဲ့အချိန်မှာ။

နဖူးက အမာရွတ်မြင်တိုင်း နာကျင်ခဲ့ဘူးခဲ့သူပါ အခုအချိန်မှာတော့ အမာရွတ်ဆိုတာ လူတိုင်းရှိတယ်ဆိုတာ သိလိုက်ရပြီး လဲနေသူထူပေးပြီး အားငယ်သူအားပေးချင်တဲ့သူ ဖြစ်ချင်ပါတယ်ခင်ဗျာ။





No comments: