သက်မဲ့


ငါ့နှလုံးသားကို
ဆိုင်ယာနိုက်အဆိပ်ကျွေးသလို့
နင့်လုပ်ရက်တွေပြောင်မြောက်လွန်းခဲ့တယ်..

နင်ဆုမတောင်းခဲ့ပေမယ့်
ဆုတောင်းပြည့်သွားခဲ့ပါတယ်
လူမသေပေမယ့် ငါဆိုတာသေသွားခဲ့တယ်..

အရင်လိုနင့်ကိုသတိတရလွမ်းဆွတ်မနေသလို
အရင်လိုနင့်ကိုတခုတ်တရမေ့ဖို့မကြိုးစားတော့ပါဘူး
နေ့စဉ်လုပ်နေကျဝတ္တရားတစ်ခုလို နင်ဆိုတာငါ့အတွက့်တော့သက်မဲ့တစ်ခုသာ။




No comments: