Type A

A သွေး.. 

>>လမ်းလျှောက်ရင် အမြဲတမ်းတော့ ပြုံးမနေဘူး

တစ်ခါတစ်လေတော့ တစ်ယောက်တည်း ပြုံးစိစိနဲ့…

(တစ်ခါတလေ တစ်ခုခုကို သဘောကျပြီး အဲ့လိုဖြစ်မိတယ်ဗျ)


>>ဘော်ဒါတွေနဲ့ ရန်ဖြစ်တဲ့နေ့မှာ

အိမ်နဲ့စကားများ… tuitionမှာဆရာတွေcallတာခံရတာမျိုး

ရုတ်တရက်မြင်ကွင်းထဲမှာ ပြေးတိုင်ပင်မယ့် လူပျောက်နေတတ်တယ်

(အရင်ကတော့ အဲ့လိုနေ့မျိုးဆို စောစောအိပ်တယ် Blog. ရေးဖြစ်တယ်။ အခုကျတော့ စားချင်တာတွေ တနင့်တပိုးစားပြီး ညနက်တဲ့အထိ Game ဆော့နေလိုက်တယ်)


>>ဝါသနာပါတာတွေ အရမ်းများတယ်

တစ်ခါတစ်လေ လုပ်ချင်တာများလို့ ဘာလုပ်ရမှန်းမသိလို့

ထိုင်စဉ်းစားနေရတယ်

(Plan က A to Z ဖြစ်နေပေမယ့် စိတ်ထွေသွားရင် ငုတ်တုတ်မေ့နေရော)


>>တခြားသူတွေက ပျော်ရင် စားဝင်အိပ်ပျော်……

Aသွေးတွေပျော်ရင် ဟိုဟာမစားDဟာမစား

အိပ်လို့မပျော် တစ်နေ့လုံးအဲဒါပဲထိုင်တွေး…

(တွေးတာကတော့ ပျော်ပျော်၊မပျော်ပျော် ၁ရက်မှာ နေ့တဝက်လောက်ကို တွေးနေမိတာ)


>>လူကြီးတွေ ဆူနေရင် အနားကဘယ်သူ့ကိုဆူဆူ

သူ့ကို ဆူတယ်ထင်ပြီး နေစရာထိုင်စရာမရှိဘူး

(အလုပ်မှာ သူဌေးက ပြဿနာတစ်ခုခုဖြစ်လို့ တစ်ယောက်ယောက်ကို ဆူပြီဆိုတာနဲ့ မြေကြီးထဲဝင်သွားချင်တာ အဟုတ်)



>>ကိုယ်ချစ်တဲ့သူတွေ…ရယ်တာမဟုတ်ဘဲ ပြုံးရင်တောင်

ကြည့်ကြည့်ပြီး $ရမ်းပျော်တာ

(အတိတ်က ချိုမြိန်ခြင်းတွေပေါ့ဗျာ)


>>စကားတစ်ခွန်းပြောလိုက်ရင် မေ့ဖို့က တော်တော်လေး ခက်တယ်

(အစွဲကြီးတော့ မကောင်းဘူးဗျ ကျွန်တော်ပဲ နာကျင်ရတယ်)


>>အငြိုးကြီးကြတယ်

but… "ပိပိရိရိ လက်စားချေတယ်"

ဆိုတာကလည်း အဲ့Aသွေးတွေအပိုပြောတာပါဗျာ

သနားးတာနဲ့…ခွင့်လွှတ်ပေးရတာနဲ့…

မလုပ်ရက်တာနဲ့… အဲဒါနဲ့သူပဲခံနေရတာပါ

(သီးခံနိုင်တဲ့ အတိုင်အတာကျော်သွားရင်တော့ ကျွန်တော့်ဒေါသက တော်တော်ကြောက်ဖို့ကောင်းတယ် အဲ့ဒါလဲ ကောက်ရိုးမီးပါပဲ ကျွန်တော်က ဖွဲမီးလို တငွေ့ငွေ့လောင်ကျွမ်းစေချင်တာ)


>>`ဂရုမစိုက်ဘူး ထားလိုက်´  လို့ပြောတဲ့အရာက

သူအလေးအထားဆုံးအရာပါ

(ထားလိုက်ပါတယ် မဖြစ်နိုင်တဲ့ အရာအားလုံးကို ပင်ပန်းလွန်းလို့ပါဗျာ)


>>Normal fri တွေများတယ်

 မဆက်ဆံတာလည်းမဟုတ်ဘူး

မေးထူခေါ်ပြောတော့ ရှိတယ် peace ပဲ

ဘော်ဒါအရင်းကြီးတွေကတော့ 

1ယောက်ဆို1ယောက်

2ယောက်ဆို2ယောက်ပဲ

(လူတိုင်းကို အရိုးသားဆုံးပဲချပြတယ် ကျွန်တော့်ကို မျက်နှားတပ်ပြလို့တော့ ဆောရီးပါဗျာ အဲ့လူကို သူစိမ်းလိုပဲ သတ်မှတ်လိုက်တယ်)


>>အားနည်းချက်က…

ကိုယ့်ကိုချစ်တဲ့သူကိုမချစ်ဘဲ

ကိုယ့်ကို မချစ်တဲ့သူကို ချစ်နေတာပဲ……

(ထပ်လဲ မချစ်တော့ပါဘူးဗျာ စိတ်ပင်ပန်း လူပင်ပန်းတဲ့ ဒုက္ခကို မခံစားနိုင်တော့လို့)


Aသွေး

တစ်ယောက်တည်းလည်းနေတတ်တယ်

but…ပေါင်းသင်းဆက်ဆံရေးကို တခြားသူတွေထက် 

ပိုအလေးပေးတယ်

(တစ်ယောက်ထဲနေဖြစ်တာ ဆယ်စုနှစ်တစ်ခု ပြည့်တော့မယ်ဗျ)


ကိုယ်ပါဝင်တဲ့gpတစ်ခုမှာ

resultကောင်းခဲ့ရင် "ငါတို့လုပ်တာ"ဆိုပြီးဂုဏ်ယူတယ်

resultမကောင်းခဲ့ရင်"ငါလုပ်တာပဲ"ဆိုပြီး တာဝန်ယူတယ်

(Responsibility အဲ့ဒီ စကားလုံးထဲက ခေါင်းထဲမှာ ရှိနေပြီးသားဗျ)



Aသွေးတွေဆန္ဒက ကိုယ်ချစ်တဲ့သူတွေကို 

ကိုယ့်ထက် ပိုပျော်ရွှင်စေချင်တယ်

သူတို့ပျော်ရွှင်တာကိုကြည့်ပြီး ကိုယ်လည်းပျော်ရွှင်မယ်လို့

ထင်ထားတတ်ကြတယ်

(တစ်ထောင်တစ်ည ပုံပြင်တွေကို ယုံမိခဲ့တာဗျ)


လျှို့ဝှက်တဲ့အလုပ်တွေကိုလည်း စိတ်ဝင်စားတတ်တယ်

ထင်ထင်ပေါ်ပေါ်ကူညီတာမျိုးထက် နောက်ကွယ်က ကူညီပေးရတာမျိုး

လျှို့ဝှက်ပြီး လူတစ်ယောက်ကို supriseလုပ်ပေးရတာမျိုးကို

သဘောကျကြတယ်

(မွဲနေတာတောင် အကူအညီပေးချင်လွန်းတော့ မကူညီနိုင်တဲ့ အခါကျရင် ကိုယ့်အခြေအနေအမှန်ကိုမသိလို့ ဆဲခံရဘူးတယ်)


ကိုယ့်ကြောင့်လူတစ်ယောက်ပျော်ရွှင် (အဆင်ပြေ) သွားတယ်ဆို

ပီတိတွေနဲ့တပြုံးပြုံးဖြစ်နေတတ်တယ်

(လူတိုင်းကို အဆင်ပြေစေချင်ဗျာ)


Aသွေးတွေက ရေခဲတုံးလေးတွေ အနေအေးကြတယ်

ကိုယ့်ဘက်က သူများကို ဘယ်တော့မှ မထိတထိသွားစလေ့ မရှိဘူး

(လူတွေကို သူ့အလိုလိုကို ကြောက်တာဗျ)


Wearing နဲ့ပတ်သက်လာရင် အရမ်းပြင်ဆင်တာမျိုး

အချိန်ကြာကြာ အဝတ်အစားရွေးတာမျိုး

လုံးဝ(လုံးဝ)မလုပ်ကြဘူး

but…ကိုယ်ချစ်တဲ့သူ(e.g.အမေ..အဖေ..ချစ်သူ) က ဝတ်ခိုင်းတဲ့အဝတ်အစားဆိုရင်တော့ ဘာဖြစ်ဖြစ် ဝတ်တယ်

free ဝတ်ဖို့ရွေးလိုက်တာ Aသွေးဝတ်လိုက်တာနဲ့

smart ဖြစ်သွားတာ မင်းသိပြီးသားများဖြစ်နေမလား

(အမေနဲ့အဖေ မွေးထားတဲ့ Body က ပိန်ပိန်ပါးပါးလေးဖြစ်နေတာ ဘုရားပေးတဲ့ ဆုပေါ့ဗျာ)


ကိုယ်ချစ်တဲ့သူတွေကို လိုလေးသေးမရှိ အတတ်နိုင်ဆုံး

ဂရုစိုက်တယ် 

ကိုယ်ဂရုစိုက်ပေးသလို ဂရုစိုက်ခံရဖို့လည်း 

တစ်ခါတစ်လေမျှော်လင့်မိတတ်ကြတယ်

(ပုံပြင်တွေနဲ့ တကယ်ဖြစ်လာမယ်ထင်ပြီး ဆယ်စုနှစ်နီးပါး ဖြတ်သန်းခဲ့ဘူးတယ်ဗျ)


စိတ်ညစ်လာပြီဆို …ဘယ်သူမှမရှိတဲ့အဝေးကို

 ထွက်သွားချင်တဲ့စိတ်တွေ ခဏခဏဖြစ်တယ်

(စိတ်ညစ်လာတိုင်း မြန်မာပြည်ပြန်လာမိတာ နောင်တရနေတုန်းပဲ)


တရားဟောဆရာလို ရုပ်တည်ကြီးနဲ့နေတက်တယ်

(လမ်းမှာတွေ့ရင်တော့ တစိမ်းမပြောနဲ့ အမျိုးတွေကတောင်ထင်တယ် ရန်ကုန်တမြို့လုံး သူ့လုပ်စာ ထိုင်စားနေတာလားမေးရတယ် Original ဗျ လုပ်ယူထားတာ မဟုတ်ဘူး)


Aသွေးတွေက ကိုယ်လုပ်ရင်  ကိုယ်ခံမယ်ဆိုတဲ့စိတ်ဓာတ်

အပြည့်ရှိကြတယ် 

ဝေဖန်မှုကို လိုလိုချင်ချင်တောင်းခံတတ်ကြတယ်

ဝေဖန်မှုတွေက သူအလုပ်လုပ်တယ်ဆိုတဲ့ သက်သေပဲဆိုတာ

သိနေတာကြောင့်ပါ

(ကိုယ်လုပ်မှတော့ ကိုယ်ခံရမှာပေါ့ဗျာ)


ဝေဖန်ခံရတဲ့အခါ  A သွေးတွေ မေ့ပျောက်ဖို့ ခဲယဉ်းပါတယ်

အဲဒီအချက်ကို အမြဲစဉ်းစားပြီး ပြုပြင်ဖို့ပဲ ကြိုးစားနေတတ်တယ်

(သူများကိုလဲ မဝေဖန်ဘူးဗျ ကိုယ့်ကိုလာဝေဖန်ရင်လဲ တစက်လေးမှ သဘောမကျဘူးဗျာ)



Aသွေး

ကလေးတစ်ယောက်လိုရယ်တယ်

အလှဆုံးပြုံးတယ်

ကမ္ဘ္ဘ္ဘ္ဘာ္ဘမှာအပျော်ဆုံးလူသားလို့ထင်ရအောင်နေတယ်

 but… သူမပျော်ဘူးဆိုတာ သူကလွဲပြီး

ဘယ်သူမှမသိဘူး

( ဘုရားက ရုပ်လှလှလေး လက်ဆောင်မပေးထားပေမယ့် သူများမြင်ရင် အပူပင်ကင်းတဲ့ မျက်နှာလေးတော့ လက်ဆောင်ပေးထားတယ်ဗျ )


Aသွေး

ဘဝကို အရိုးရှင်းဆုံးဖြတ်သန်းချင်ကြတယ် 

(အခုအချိန်ထိ အဲ့ဒီဆုကို တောင်းနေမိတုန်းပဲ)


အခက်အခဲတွေကို လှိုက်လှိုက်လှဲလှဲ

တောင့်တတတ်ကြတယ်

(သေလိုက်ပါတော့ဗျာ ကြောက်လွန်းလို့ အဲ့ဒီကောင်ကို ပတ်ပြေးနေရတာဗျ)


အခက်ခဲဆုံးအရာတွေကို အပါးနပ်ဆုံး

ဖြေရှင်းနိုင်စွမ်းရှိကြတယ်

(မဖြေရှင်းလို့မရလို့ ဖြေရှင်းရတဲ့ ဘဝပါ Responsibility ဆိုတဲ့ဟာက မွေးထဲက ခေါင်းထဲမှာ ရိုက်ထည့်ပေးလိုက်တာလေ)


but …heavy ကိစ္စတွေကို ဖြေရှင်းနိုင်ပြီး

ကိစ္စအသေးလေးတွေကျမှ တိုင်ပတ်နေတတ်ကြတယ်

(သေးသေး၊ကြီးကြီး အသဲအသန် ကိုယ်ပဲဖြေရှင်းရတာပါဗျာ ဘယ်သူကမှ မဖြေရှင်းပေးပါဘူးဗျာ)


တခြားသူကောင်းကွက်ကို ရအောင်ရှာပြီး

ချီးကျူးကိုယ့်ကောင်းကွက်ကို ထုတ်မပြောတတ်လို့

Aသွေးတွေကို မြှောက်ပြောလို့မရပါဘူး

(သူများကိုလဲ မြှောက်မပြောဘူး ကိုယ့်ကိုပြောရင်လဲ မကြိုက်ဘူးဗျ)


Aသွေးတွေက 

သနားတတ်တယ်

အားနာတတ်တယ်

ကျေးဇူးတင်လွယ်ကြတယ်

ကူညီတတ်ကြတယ်ဆိုပေမယ့်


Aသွေးတွေကို မရက်စက်တတ်တဲ့သူတွေကို 

ထင်ရင်တော့ မှားသွားပါပြီဗျာ


Aသွေးတွေက 

ရက်စက်တတ်ပါတယ်

မရက်စက်ရက်တာပါ

(အဲ့ဒါနဲ့ပဲ နွားဖြစ်လိုက် ခွေးဖြစ်လိုက်နဲ့ အခုမှ လူပြန်ဖြစ်ဖို့ ကြိုးစားနေရတာ)


လူတစ်ယောက်ကို လက်စားချေရင်လည်း

အချိန်ယူပြီးတိတိကျကျလုပ်တတ်ပါတယ်

but…… ခွင့်လွှတ်ပေးခဲ့ရတဲ့ကိစ္စတွေက

100မှာ 98လောက်ရှိနေတာ

(ဘဝမှာ ဆောက်ရမ်းတွေ စိတ်နာပြီး AHA တစ်ယောက်ကိုတော့ 

လုပ်ခဲ့မိတယ်ဗျ ကျွန်တော့်ကြောင် ဘဝပျက်ခဲ့ဘူးတဲ့ ပထမဆုံးနဲ့

နောက်ဆုံးလူတစ်ယောက် ပြန်တွေခဲ့မိရင် ကျွန်တောင်းပန်မှာပါ

ငါ့ကြောင့် နင်ဘဝပျက်ခဲ့ရတာပါ ဆိုပြီးတော့)


Aသွေး လမ်းလျှောက်ရင်ပြုံးပြီးလျှောက်တာကလည်း

ရှိတော့ရှိပေမယ့်ရှားပါတယ်

တစ်ခုခုကို အသေအလဲစဉ်းစားနေသလို 

တစ်ခုခုအဆင်မပြေသလို

ပုံစံမျိုးနဲ့လျှောက်တတ်ပါတယ်

(တစ်ခုခုကို သဘောကျရင်တော့ ပြုံးမိပါတယ်)


Aသွေးတွေက တစ်ယောက်တည်း လမ်းလျှောက်ရင်

လမ်းလျှောက်မြန်ပါတယ်

Aသွေးတွေက 

မိဘတွေသူတို့ကို မချစ်ဘူးလို့ 

အကြောင်းအမျိုးမျိုးနဲ့ ထင်တတ်ကြပါတယ်

(ဆူခံရတိုင်း ငါက မွေးစားထားတာလား အမြဲတွေးမိတယ်)


တကယ်တော့ Aသွေးရဲ့စွမ်းရည်ကို

မိဘတွေက ယုံကြည်နေတာပါ

Aသွေးကို စိတ်ချနေတာ

(May be ပေါ့ဗျာ)



Aသွေးက 

အလုပ်တစ်ခုအောင်မြင်ခဲ့ရင်တခြားသူတွေထက်

မိဘတွေ အသိအမှတ်ပြုတာကို အလိုချင်ဆုံးပါ

(အခုတော့ မပြောပြတော့ဘူးဗျ)


Aသွေး 

လူငယ်ဆန်တဲ့ Styl လေးကြောင့် လူချစ်လူခင်များပါတယ်

(ကိုယ်က မသိကျိုးကျွန်နေတက်တော့ ခက်သားဗျ)


Aသွေးတွေက 

အတန်းထဲမှာ နာမည်ခင်ဆင်ဆင် လူတစ်ယောက်တော့

ရှိတတ်ပါတယ်

(ရှိလား၊မရှိလား မမှတ်မိတော့ဘူး)


နာမည်အရမ်းမတူပေမယ့် ခဏခဏနာမည်မှားခေါ်ခံရတတ်ပါတယ်

(Ex တွေကတော့ သူတို့ရည်းစားနာမည်တွေ မေ့ပြီးခေါ်ခံရဘူးတယ် မသိချင်ယောင် ဟန်ဆောင်ခဲ့ဘူးတယ်)


Aတွေက မိဘတွေ ဆုံးမတဲ့အခါ ပြန်မပြော နားမထောင်နေတတ်

ကြပါတယ်


တကယ်တမ်း မိဘပြောတဲ့စကားကို ဘယ်နေရာဘယ်အချိန်ဘဲဖြစ်ဖြစ်

နောက်ကွယ်မှာတောင်နားထောင်တတ်ကြပါတယ်။


ချစ်သူနဲ့လည်း Dအတိုင်းပါပဲ

(လူစင်စစ်ကနေ သံပုရာသီးဘဝ ရောက်ခဲ့ဘူးတယ်)


ညဥ့်နက်အောင် Gameမဆော့နဲ့ ဆေးလိပ်မသောက်နဲ့ဆိုရင် အတတ်နိုင်ဆုံး

ကြိုးစားပါတယ် but…

ချစ်သူရှေ့ကျရင် ရုပ်တည်ကြီးနဲ့နားထောင်သလို နားမထောင်သလို

အထာကိုင်တတ်ကြပါတယ်

(အတိတ်ကို အတိတ်မှာပဲ ထားလိုက်ပါတယ်)


Aသွေးတွေက စာတအားဖတ်ကြပါတယ်

မဟုတ်ရင် Gameတအားဆော့ကြပါတယ်

အဲဒါကြောင့် Aသွေးမှန်ဂျောင်လေး👓တွေလည်း ရှိပါတယ်

(+500 ဖြစ်နေပြီ စာသိပ်မဖတ်ဖြစ်ဘူး Game မတရား ဆော့နေတုန်း)


Aသွေး စာဖတ်ပြီးရင် တခြားသူကို ပြန်shareဖို့စိတ်အားထက်



Aသွေးတွေက

▶▶တခြားသူမကြိုက်တာကို ကြိုက်တတ်ကြတယ်

▶▶တခြားသူမလုပ်တာကို လုပ်ရတာ သဘောကျတယ်


Aသွေး

▶▶တော်တဲ့သူနဲ့ပေါင်းလည်း Dတိုင်းပဲ

▶▶မတော်တဲ့သူနဲ့ပေါင်းလည်း Dတိုင်းပဲ

ကိုယ့်styleနဲ့ကိုယ်နေတယ်

(လူတိုင်းမှာ အမေမွေးပေးလိုက်ထဲက ကိုယ့်အရည်အချင်းဆိုတာ ပါလာပြီးသားပဲဗျာ အရောင်ပြောင်းရအောင် ပုတ်သင်ညိုမှ မဟုတ်တာ)



Aသွေး 

ဖိနှိပ်ခံရတဲ့ဘက်(အားနည်းတဲ့ဘက်)ကပဲ အမြဲတမ်း

ရပ်တည်ပေးတယ်

▶▶လုံးဝမသိတဲ့သူဒုက္ခရောက်နေရင်တောင် ကူညီတတ်တယ်

ပိုက်ဆံပျောက်တယ်အသံကြားရင်

Aသွေး အိတ်ထဲကနှိုက်နေပြီ(ကူညီဖို့အဆင်သင့်)

(ကိုယ်ဒုက္ခရောက်ရင်ပဲ ကူညီမယ့်သူ မရှိတာ)


အကူအညီလာမတောင်းခင်ကတည်းက

မျက်နှာအခြေအနေကြည့်ပြီး အကူအညီကြိုပေးထားပြီးသား


Aသွေး 

ကိုယ်တိုင်ကတိတည်တယ်

ကတိမတည်တဲ့သူတွေကို ▶▶မကြိုက်တတ်ကြ 

ဒါပေမဲ့……Aသွေး 

ကတိမတည်တဲ့ သူတွေကိုသာ

 ▶▶စကားမပြော▶▶ အဖတ်မလုပ်

▶▶ဂရုမစိုက် ▶▶မခွင့်လွှတ်ခဲ့▶▶ မသည်းခံခဲ့ဘူးဆိုရင်

မင်းမှာ သူငယ်ချင်းရှိဦးမလားဆိုတာ…¿¿¿

(မင်းက တော်တော်သည်းခံတာပဲ Aသွေး)

(ဩော် နောက်ဆုံးအချိန်အထိ သီးခံတက်တာက မွေးရာပါ ဗီဇလေဗျာ Limite ကျော်သွားရင်တော့ နည်းနည်းကြောက်စရာ ကောင်းတာပေါ့)



Aသွေးတွေကို

 မနေ့ကထက်Dနေ့ကိုယ့်ကိုယ်ကို 

ယုံကြည်မှုပိုရှိစေချင်ပါတယ်ဗျာ

(ယုံကြည်တာတွေ ဘာတစ်ခုမှ မဖြစ်လာတော့ မယုံကြည်တော့တာ မဆန်းပါဘူးဗျာ)


Aသွေး 

ခင်ဗျားလေးတို့ ကိုယ်လုပ်ချင်တာလေးတွေလည်း လုပ်ကြပါဗျာ

တခြားသူဆန္ဒချည်းမလိုက်လျောဘဲ 

တခြားသူဆန္ဒချည်းရှေ့တန်းမတင်ဘဲ 

ကိုယ်ဖြစ်ချင်တာကို ရှေ့တန်းတင်ကြည့်ပါ

(တနေ့တော့ ကျွန်တော်ဖြစ်ချင်တာတွေ ဖြစ်လာမှာပါ)


တစ်ခါတစ်လေ 

အဲဒီလို အတ္တကြီးကြည့်ပါ

(အဲ့ဒီ အတ္တကလဲ ကောက်ရိုးမီးပါပဲဗျာ)


Aသွေး 

မိသားစုက သူ့အတွက်အမြဲအရေးကြီးတယ်

(ဒီအဖေနဲ့ဒီအမေ ကျွန်တော်ကမကြည့်ရင် ဘယ်သူကကြည့်မှာလဲ ကျွန်တော်ထောက်ပံ့တာအိမ်စရိတ်တောင် မကာမိနိုင်သေးတာဗျာ)



Aသွေး အချို့က  ⌚နာရီ crazy

(ဒီတစ်ခါ Bonus ရရင်တော့ Guess  လေးတစ်လုံး ဝယ်မလားလို့ တွေးထားတာပဲ)


Aသွေး လက်စွပ်တစ်ကွင်း ပုံသေဝတ်ထားရတာကြိုက်တယ်

Rsက Rsပေမယ့် singleလေးတွေ ဝတ်ထားရင်တော့

တစ်ဖက်သတ်ချစ်နေတဲ့သူရှိလို့ပါ

(ဟား ဟား လက်စွပ်ကကြိုက်ကို မကြိုက်တာ ဝတ်ဖို့လဲ (လုံးဝ) မရှိပါ)


Aသွေး

ပျော်ပျော်နေတတ်တဲ့အတွက် ပျော်တယ်လို့မထင်ကြပါနဲ့

တကယ်တော့ သူတို့ ဝမ်းနည်းတာကို 

သူတို့ချစ်တဲ့သူတွေမြင်ပြီး စိတ်မကောင်းဖြစ်မှာ

စိုးရိမ်လို့ ပျော်ပျော်နေပြတာပါ

(ဒီလိုပါပဲဗျာ)


#Credit

အိပ်ခါနီး Facebook ကနေတွေ့လို သဘောကျလို့ ယူလာတာဗျ။

ကရင်တောင်တန်း



မနက်ကလဲ အိပ်ရေးဝအောင် မအိပ်ထားဘူး ဒီနေ့တနေ့လုံး အိမ်သန့်ရှင်းရေးလုပ်ထားတော့ လူကမလှုပ်ချင်တော့ဘူး..

ညဘက်မှာလဲ ဆေးရုံသွားပြီး သားသားကိုသွားကြည့်ရသေးတယ် 
သူ့ကို၂ရက်လောက်မတွေ့ရတာ ကျွန်တော့်မှာသတိတွေရနေတာ နောက်ဆို အလုပ်ပိတ်ရက်တွေဆိုရင် သူ့စီရောက်နေမှာ အသေအချာပဲ ဒီကောင်က တော်တော်ချစ်ဖို့ကောင်းတယ်..

လူကအိပ်ချင်နေပေမယ့် စာကရေးချင်ပြန်ရော စာမရေးဖြစ်တာ မှတ်တောင်မမှတ်မိတော့ဘူး နော်ဘူတောသွားခဲ့တဲ့ အမှတ်တရလေးက ၃ပတ်ဆိုတော့ ပျောက်လုပျောက်ခင်ဖြစ်နေပြီ..

ခံစားချက်လေး မကုန်သွားသေးခင် အိပ်ချင်မူးတူးနဲ့ စာဝင်ရေးဖြစ်တာဗျ..

Day Trip သွားမှာပဲသိတာ ဘယ်ခရီးစဉ်မှန်းမသိဘူး တောင်တက်မယ် ရေကူးမယ် ဆင်စခန်းသွားမယ် ဒါပဲသိတာ ကိုယ့်တူမကလဲ ဘူမသိကိုးမသိဆိုတော့ ထပ်မမေးတော့ဘူး ၁ယောက်တစ်သောင်းခွဲဆိုတော့ အိုကေပေါ့ (ပိုက်ဆံမရှိလို့ ပုဂံတောင်မသွားရသေးတဲ့ဘဝလေ ဘက်ဂျက်ခရီးစဉ်ဆိုတော့ ပျော်တာပေါ့)..

စနေနေ့ညသာသွားရမှာ တနေ့လုံး တပတ်စာအဝတ်တွေလျှော်ရတာ ညနေ၆နာရီကျော်မှရေချိုးရတယ် မနက်စာနဲ့ညစာပေါင်းစား 
Game ခဏဆော့ ၈နာရီကျော်တော့ ကလေး၂ယောက်အတွက် အထုပ်ရယ် ကိုယ့်အထုပ်ရယ်ပြင်ြပြီး ရယ်ဒီပဲဗျာ (အဝတ်တထည်ကိုယ်တစ်ခုသွားချင်ပေမယ့် ဟိုဟာပူ ဒီဟာပူတက်တဲ့အကောင်ဆိုတော့ လိုတာမှန်သမျှအကုန်သယ်လာမိတော့ ကားပေါ်ရောက်တော့ သေရော)..

၉နာရီခွဲတော့ စုရပ်ကိုကြရော ဟိုရောက်မှ သူတို့အုပ်စုကအများသား တူမတွေသူငယ်ချင်းတင် ၆ယောက် ကလေး၃ယောက် မိဘတွေကကိုယ်အပါအဝင် ၅ယောက် ၁၄ယောက် အန်စာတုံးဆိုရင် ယာဉ်မောင်းမပါသေးဘူး လူပြည့်နေပြီ..

၁၀နာရီကျော်တော့ လူကစုံနေပြီကားမလာသေးဘူး ကားလာတော့ ယာဉ်မောင်းနဲ့ပိုင်ရှင်၂ယောက်လိုက်မှာ ဘုရားရေ ၁၆ယောက် စတွေ့ပြီ ဘယ်လိုစခန်းသွားမလဲဆိုတာ..

အမယ်သူတို့ဘာသာစီစဉ်တာဆိုတော့ ၆ယောက်သားဝုန်းဝုန်းနဲ့ ၄ယောက်တန်းမှာ၅ယောက်ထိုင် ကလေး၃ယောက်ကို ၂ယောက်ခုံမှာ ၃ယောက်ထိုင်ခိုင်းရော ကိုယ်တူက ကိုယ်တပိုင်းဖြစ်နေတော့ အဆင်ပြေပါ့မလားစိုးရိမ်တာ ဒင်းကအဖွဲ့ကျပြီးသွာဖြီးနေတော့ အေးဆေးဖြစ်သွားရော..

ကျွန်တော်သာ ဒင်းတို့မုန့်ထုပ်တွေ စိတ်ပူပြီးလိုတာထည့်လာမိတဲ့အထုပ်ရယ် ကိုယ့်အဝတ်ထုပ်ရယ်နဲ့ခြေချစရာမရှိဘူး ေဩာ်.. သွားချင်အုန်းဟဲ့ခရီးဆိုပြီး စိတ်ဒုန်းဒုန်းချလိုက်လာခဲ့တာ နော်ဘူတောင်ပေါ်ရောက်တော့ ခရီးပန်းသမျှ အိပ်ရေးပျက်ခဲ့တာတွေ အလုပ်ကစိတ်တာတွေ အကုန်လုံးမေ့သွားရတာ..

မျက်စိကဖွင့်လို့မရတော့ဘူး နောက်ရက်မှ ထပ်ရေးတော့မယ်ဗျာ..

ပုဂံပြီးရင် နော်ဘူတောတောင်ပေါ်ကနေ ပတ်ဝန်ူကျင်တောင်တန်းတွေကို ငေးကြည့်နေရတဲ့ အခိုက်အတန့်လေးက ကျွန်တော့်အတွက် တော်တော်လေးကို တကာ်ကျေနပ်ခဲ့ရပါတယ် Covid ကြီးပြီးလို့ ခရီးသွားဖြစ်ခဲ့ရင် နော်ဘူတောကို အလည်သွားပါအုန်းမယ်ဗျာ. 














ဆုတောင်းပေးပါတယ်ဗျာ



မနေ့ညက အိပ်ခါနီး ကျွန်တော့် Wall မှာ သူ့ပုံတက်လာတော့ Like တောင် ပေးလိုက်သေးတယ် ဒီပုံကို သဘောကျတော့ တော်တော် Handsome ဖြစ်လာတယ်ဆိုပြီး တွေးမိလိုက်သေးတယ်..

ကျွန်တော်သဘောကျတဲ့ မြန်မာမင်းသားတွေက သူအပါအဝင် လက်၅ချောင်းတောင် မပြည့်ပါဘူးဗျာ..

ဒီနေ့လည် MCB Bank ရောက်တော့ မင်းသွေးဆုံးတယ်ဆိုတဲ့ သတင်းကို ဘဏ်ကဝန်ထမ်းတွေပြောကြေတာ မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိတယ် FB မှာ Friend ဖြစ်တာကြာနေပေမယ့် သူနဲ့ စကားတခါမှမပြောမိခဲ့ဘူး Message လေးတောင် မပိုမိခဲ့ဘူးဗျာ (အခုတော့ မပို့မိခဲ့လို့ နောင်တရနေပြီ) အခုတော့ သူ့ Wall ကို ဝင်ကြည့်ပြီး သူတကယ်ဆုံးသွားတာ လက်ခံလိုက်ရပါပြီ.. 😭😭😭

၃၃နှစ်ဆိုတာ ယောင်္ကျားလေးတစ်ယောက်အတွက် အရွယ်ရောက်ပြီးစ အချိန်ပဲရှိပါသေးတယ် Bro ရာ ခင်ဗျားထွက်သွားတာ အရမ်းစောလွန်းပါတယ် လူချင်းမတွေ့ဘူးတဲ့ ကျွန်တော်လို ၁၀၀% တစိမ်းတစ်ယောက်အတွက်တောင် တော်တော်ခံစားရပါတယ်..

ကိုနေမင်းအောင်ရေ ဖြစ်လေရာ လူ့ဘဝတိုင်းမှာ အသက်ရှည်ရှည် အနာမဲ့စွာနဲ့ နေရပြီး မကြောင့်မကျ မတောင်းမတ လိုတရတဲ့ ဘဝမျိုးပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးပါတယ်။
🙏🙏🙏🙏🙏


လှလှရသနဲ့ ကျွန်တော်


နောက်နှစ် ဒီအချိန်အထိ လောကဓံကို အန်တုနိုင်ပါစေ ရည်ရွယ်ြပြီး ပစ်တိုင်းထောင်တစ်စုံ လက်ဆောင်ဝယ်ပေးတယ်

လဲကျလိုက် ကုန်းထလိုက် ခဏနေ ပြန်ပြီးလဲကျလိုက် ဒီလိုနဲ့ပဲ အသက်တစ်နှစ်ကြီးပြန်ပြီ..


ဒုက္ခလှလှလဲ ခဏခဏတွေ့ရတော့ ဒုက္ခဆိုတဲ့စကားလုံးတောင် မသုံးရက်တော့ဘူး ဒီလိုပါပဲ ရက်သတ္တပတ် ၇ရက်မှာ လောကဓံ ၁၃ပါးလောက် ခံစားနေရတော့ ရသစာပေတောင် ဖတ်စရာမလိုတဲ့ဘဝ ဖြစ်နေရတာ..


ခံစားချက်တွေ ချမရေးချင်တော့ဘူး လူဆိုတဲ့သတ္တဝါတွေနဲ့ ဝေးရာနေချင်ပေမယ့်လဲ ကိုယ်တိုင်က လူတစ်ယောက်ဖြစ်နေပြန်ရော..


လူရယ်လိုဖြစ်လာရင် လောကဓံတရားက ရိုက်ခတ်မှာပဲလေ ကျွန်တော်ကမှ တခြားလူတွေလို မစီးမျောနိုင်တာ မှားယွင်းမှုတစ်ခု ဖြစ်နေတာလား လူဆိုတဲ့ ပတ်ဝန်းကျင်မှာ မကျင်လည်တက်တော့တာ အားနည်းချက်ကြီး ဖြစ်နေတာလား..


ကိုယ့်ဘာသာသတ်မှတ်ထားတဲ့ ပုံစံခွက်ထဲကနေ ရုန်းထွက်ချင်ပါတယ် ရုန်းထွက်ကြည့်ပါတယ် လူတွေနဲ့ပတ်သတ်မိတိုင်း ဒဏ်ရာတွေ အသစ်ထပ်ဖြစ်ပြန်တယ် လူဆိုတဲ့ သတ္တဝါတွေက ပုံသဏ္ဍန်သာ ကွဲပြားသွားတာပါ သူတို့ရဲ့ စိတ်ခံစားချက်တွေက ထပ်တူနီးပါး မဟုတ်ပေမယ့် တော်တော်လေး တူညီကြပါတယ် အဲ့ဒီတော့ လူတွေနဲ့ ဝေးဝေးနေလေ ကျွန်တော့်အတွက် ပိုကောင်းလေပါ...


ကျွန်တော်က မတူကွဲပြား ခြားနားနေတဲ့ လူတစ်ယောက်နေမှာပါ လူတွေကို ရင်းနှီးကျွမ်းဝင်ချင်တဲ့စိတ်ထက် လူတွေကို ရှောင်ဖယ်ချင်တဲ့အတွေးက ကြီးစိုးနေတာ နေမှာပါ..


တခြားလူတစ်ယောက်က ကျွန်တော့်ကို ဖက်တွယ်ထားစေချင်လို့ ကျွန်တော် Perfect ဖြစ်ရမယ်ဆိုတဲ့ အတွေးထက် အဲ့ဒီလူက ကျွန်တော့်ကို အရှိအတိုင်းကို လက်ခံစေချင်တဲ့ ဆန္ဒကပြိုပြီးသက်ရောက်မှုရှိနေပါတယ် ဒါကြောင့်မို့ လူတစ်ယောက်တည်ရှိဖို့ Perfect ဖြစ်ဖို့ မဆိုပါနဲ့ နေရာတစ်နေရာမှာ ကျွန်တော်ရပ်တည်နေနိုင်ဖို့တောင် ကျွန်တော်အသည်းအသန် မကြိုးစားပါဘူး အရှိအတိုင်းကို ချပြယုံကလွဲရင် Over action တွေကို မုန်းတဲ့အကောင်..


လူတွေနဲ့ ကင်းလွတ်ရာ ပုံစံခွက်ထဲမှာ နေတဲ့အကောင်ဆိုတော့ သူများထက် ခံစားတက်တယ် သူများထက်ချစ်တက်တယ် သူတစ်ပါးရဲ့ ကစားစရာဖြစ်သွားတက်တယ် အဲ့ဒီတော့ ရုန်းထွက်ဖို့ ကြိုးစားတော့ပါဘူး ဒီနေရာမှာပဲ လဲကျလိုက် ပြန်ထူလိုက်နဲ့ပဲ နေသွားပါတော့မယ်ဗျာ..


❤❤❤ Happy Birthday Pyit Tain Htaung!! ❤❤❤


Ps : မျက်စိက သိပ်မမြင်ရတော့ ကျွန်တော်အရင်လို Blog ရေးဖြစ်မှာ မဟုတ်တော့ဘူးဗျာ။


မမေရာဂါ


ဒီအသက်အရွယ်ရောက်မှ ဒီရောဂါရတာလဲ မလွယ်ပါဘူးဗျာ..

မနေ့ညက မြန်မာအိုင်ဒေါကြည့်ရင်းနဲ့ ဖြိုးမြတ်အောင်ရဲ့ မမသီချင်းကို တကယ်ခိုက်သွားမိတယ် အဲ့ကလေးကိုမပြောနဲ့ ၁၁ယောက်လုံးကို ရေရေရာရာမသိပါဘူး..

TV မကြည့်ဖြစ်တာ တော်တော်ကြာပြီ FB မှာ ပလူပျံလာတော့မှ စိတ်ဝင်စားမိတာ ကျွန်တော်က အားနည်းသူဘက်က ရပ်တည်တာကို Ethics လို့ လက်ခံထားတဲ့သူလေ အဲဒီတော့ မနေ့ကမှ သူ့သီချင်းဆိုတာကို သေချာ နားထောင်ဖြစ်တယ်..

ပထမတစ်ပုဒ်ဆိုတာ မကြိုက်ဘူး ဒါပေမယ့် သူစကားပြောတာကို သဘောကျတယ် အရိုးခံပါပဲ မမ သီချင်းနားထောင်ပြီးတော့ တဖြုတ်ဖြုတ်ကြွေတော့တာပဲ..

ဇာတ်လမ်းက အခုမှစတာ မနက်ဖြန်သဘက်ဆိုရင် အသက်၁နှစ်တိုးတော့မယ် နောက်၃နှစ်ဆိုရင် အသက်၄၀ပြည့်ပြီ အခုမှ မမရောဂါစရပြီ..

ရည်းစားလေး၂ယောက်ထားဘူးပါတယ် ၁ယောက်ကလဲ ကိုယ့်ထက်၆နှစ်ငယ်တယ် ခပ်တည်တည်ပဲ မင်းထက်၁နှစ်ကြီးတယ်ဆိုတာကို ယုံခဲ့မိလို့ မမ မလုပ်ခဲ့ရဘူး (၆နှစ်ငယ်တာတောင် ရည်းစားဖြစ်ပြီး ၆လလောက်နေမှ သူဖွင့်ပြောလို့သိတာ ကိုယ်ထက်ငယ်တာကို သဘောမကျပေမယ့် အဲ့အချိန်မှာ ရောဂါရင့်နေပြီ ကျွန်တော်ဆိုတဲ့ကောင်က အဲ့လိုနုံခဲ့ဘူးတာ..)

နောက်တစ်ယောက်ကလဲ ကိုယ်ထက် ၂နှစ်လောက်ကြီးတော့ မမ မလုပ်ရပြန်ဘူး (အရင်ကတော့ ကိုယ့်ထက်ငယ်တာကို လုံးဝ လုံးဝ မကြိုက်ပေမယ့် အခုတော့ စိတ်ပြောင်းသွားပြီ..)

စိတ်ပြောင်းတယ်ဆိုပေမယ့် အရမ်းကြီးမငယ်ချင်ပါဘူး ၁နှစ်၊၂နှစ်လောက်ဆိုရင် ကျေနပ်ပြီ အဓိကက ကျွန်တော်ကို မမလို့ခေါ်တာကို ကြားချင်တာလေ..

ကျွန်တော်ဆိုတဲ့ကောင်က ရူးပြီဆိုရင် လွတ်ရူးတက်တဲ့ကောင်ဆိုတော့ 2018 ကုန်ရင်တောင် မမရောဂါက တော်တော်နဲ့ပျောက်မှာ မဟုတ်ဘူးဗျ..။

မမက သိပ်ချစ်ဖို့ကောင်းတယ် လူကွယ်တိုင်း အနားနားကပ်ခါရယ် 

တိတ်တိတ်လေး ခိုးခိုးပြီးနမ်းတယ် 

မမကို သိပ်ချစ်တာပဲ ကွယ်..

💖💖💖

ဖြိုးမြတ်အောင် (မမ)

တည်ငြိမ်ခြင်းရသ



ကမ္ဘာကြီးကကျည်းကျည်းလေးပါ
အမုန်းတရားအာဃာတတွေကြောင့်သာ
အကျည်းတန်ခဲ့ရတာ

တနေ့နေ့တချိန်ချိန်မှာ
နှုတ်ဆက်ရမယ့်အတူတူ
လူတိုင်းလူတိုင်းကိုအပြုံးနဲ့ခွဲခွာနိုင်တာ
အနုပညာတရပ်ပါပဲ

စည်းတစ်ခုကိုကျော်ဖြတ်နိုင်ဖို့
အချိန်ကာလတစ်ခုကိုပေးဆပ်ရမယ့်အစား
အဲ့ဒီစည်းအတွင်းမှာရပ်နေလိုက်တာ
သေချာတဲ့အဖြေတစ်ခုပါ

တချို့အမှားတွေက
ကိုယ်တိုင်ဖန်တီးခဲ့သလို
ကိုယ်မဖန်တီးခဲ့တဲ့အမှားတွေအတွက်
ဘယ်သူမှနောင်တမရသင့်ပါဘူး

The good, The best , The ugly

လူတော်လူကောင်းမဟုတ်ပေမယ့်
လူယုတ်မာတော့မဖြစ်ခဲ့ပါဘူး
အဲ့ဒီ Feeling နဲ့တင်
ကျွန်တော်ရှင်သန်လို့ရတာပါ။






Raywai - ပေးစာ

အို င် အ မ် ဗီ လိ န်





အရာရာ

ဆောက်တလွဲဖြစ်နေတဲ့အချိန်မှာ

ကျွန်တော်ဆိုတဲ့အကောင်

ဆောက်တလွဲမဖြစ်ဖို့ကြိုးစားနေရတယ်..

လူဆိုတဲ့ သတ္တဝါတွေကို

အရသာခံတက်ဖို့

ပညာသင်ရတော့မယ်..

အရင်က ကျွန်တော်

ဝဋ်ကြီးလို့လူဖြစ်လာရတဲ့အထဲ

ဝဋ်ကြွေးမကျေသးလို့

လူကောင်းထပ်ဖြစ်နေရတာ..

လူဆိုတဲ့ကောင်တွေက

ဒုက္ခနဲ့ပဲတန်တယ်ဆိုတော့

ကျွန်တော်ဆိုတဲ့ကောင်လဲ

အသက်ရှင်နေသေးသရွေ့

လူယုတ်မာဇာတ်ခင်းတော့မယ်။

Thanks God!!


ဒီ​နေဝင်​ချိန်​..This sunset .

ဘ ဝ ထဲ က လူ




အများကြီး မလိုချင်တော့ဘူးဗျာ ထီသိန်းတစ်ထောင်လောက်ပေါက်ရင် ဘဏ်ထဲမှာထည့်ထားပြီး ရလာတဲ့အတိုးရယ် ကျွန်တော်လစာရယ်နဲ့ အိမ်စရိတ်ကာမိရင် ကျေနပ်ပါပြီ..

၂၀၁၇နှစ်ကုန်ထဲက အဖေအလုပ်ကနေ နားတော့မယ်ဆိုတာ သိပါတယ် အဖေလဲအသက်ကြီးနေပါပြီ အသက်၇၀ကျော်လို့ ၇၂နှစ်ထဲရောက်နေပြီ မိသားစုက အနားယူပါလို့ပြောပေမယ့် သူ့သားသမီးတွေက ဖြစ်ဖြစ်မြောက်မြောက် တစ်ယောက်မှမရှိတော့ သူ့ခမျာ အနားမယူခဲ့ရပါဘူး..

ဒီလကုန်အဖေအလုပ်နားပြီ ၆လလောက်ကြိုသိထားပေမယ့် ကျွန်တော့်မှာ ကြိုပြီးပြင်ဆင်ထားတာ ဘာတစ်ခုမှမရှိခဲ့ဘူး တကယ်တမ်းဘဝကို နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရတော့ တော်တော်တုန်လှုပ်ပါတယ် ဘယ်သူမှ အိမ်တာဝန်ကို နင်ယူရမယ်လို့ မသတ်မှတ်ပေးပေမယ့် သားသမီးကျင့်ဝတ် လူ့ကျင့်ဝတ်ဆိုတာ ကျွန်တော်ဆိုတဲ့ကောင်မျိုးက ပိုနားလည်ပါတယ်..

ရတဲ့လစာလေးကို ဖြစ်ဖြစ်မည်အောင် စိစစ်လိုက်ရင်တောင် အိမ်စရိတ်ပေးဖို့က ၂သိန်းစွန်းစွန်းပဲကျန်တယ် တစ်လတစ်လ ၇သိန်းကျော်နေတဲ့ အိမ်စရိတ်ကို ကျွန်တော်ဘယ်လိုဖြည့်စည်းပေးမလဲ ပိုက်ဆံကိုမစုဆောင်းဘဲ သုံးခဲ့သမျှ အခုအချိန်မှာ နောင်တကြီးကြီးရမိတယ်..

Bank Account ထဲက ၁သိန်းစွန်းစွန်းရယ် ရှိစုမဲ့စုလက်ဝတ်လက်စားနဲနဲရယ်ပေါင်းရင်တောင် အိမ်စရိတ်၅လစာ မပြည့်ဘူး ဒါလေးတောင် ပိုက်ဆံနည်းတိုင်း ပစ္စည်းတွေရောင်းပြီးသုံးတက်လို့ အဖေသိမ်းပေးထားလို့သာရှိတာ အဲ့ပစ္စည်းတွေလဲအဖေဝယ်ပေးထားတာပါ..

ဝင်ငွေနဲ့ ထွက်ငွေမမျှတဲ့အချိန်မှာ ပိုက်ဆံကို အရင်ကထက် အများကြီးချွေတာသလောက် ပိုက်ဆံဆိုတဲ့ကောင်က အိတ်ထဲမှာ ယုန်သားပေါက်သလို များမလာဘဲ အိတ်ထဲကနေ ယုန်လိုခုန်ဆင်းပြီး ဖမ်းမမိအောင်အပြေးမြန်နေတော့ ချွေတာသမျှဟာ ရေပေါ်အရုပ်ရေးသလို အရာမထင်ဘူးဖြစ်နေရတာ..

အဖေကတော့ အိမ်အခြေအနေသိပါတယ် အိမ်စရိတ်ကာမိအောင် အလုပ်ဆက်လုပ်ချင်တယ် သူ့ကိုစိတ်ဓာတ်မကျစေချင်ဘူး စိတ်အားမငယ်စေချင်ဘူး အဖေကို့ဒီထက်ပိုပြီးတော့လဲ ဒုက္ခမပေးချင်တော့ပါဘူး အမေနဲ့အိမ်ထောင်ကျပြီး ၃၂နှစ်ထဲကနေ ဒီနေ့အထိ မိသားစုကို နှစ်၄၀ကျော် လိုလေသေးမရှိ သူဖြည့်စည်းပေးခဲ့ပြီးပြီပဲ အဖေ့တစ်ယောက်ရဲ့တာဝန်ကျေတဲ့အပြင် ပြည့်လျှံနေပြီ အဖေ့ကို အလုပ်ပေးမလုပ်တော့ပါဘူးဗျာ..

ဒီအချိန်မှာ ကျွန်တော်တာဝန်ယူရမယ့် အချိန်ကာလရောက်ပြီလေ ၃၇နှစ်နီးပါး မိဘအရိပ်မှာ အပူအပင်ကင်းကင်း နေခဲ့ပြီးပြီပဲ အဖေ့နို့သက်ခံနေမိတာ လူကြီးဖြစ်လို့ သက်တမ်းတစ်ဝက် ကျော်နေတာတောင် ငါလူကြီးဖြစ်ပြီဆိုပြီး သတိမရခဲ့ဘူးလေ အခုတော့ ဘဝဆိုတာကို တကယ်ဖြတ်သန်းကြည့်ရတော့မှာပေါ့ဗျာ..

ပူပင်နေလို့ရော ဒီသောကတွေက ငြိမ်းအေးသွားမှာမှ မဟုတ်တာ အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ လောကဓံဆိုတာကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်ဖို့ ကျွန်တော့်ကိုကျွန်တော် အကောင်းဆုံးပြင်ဆင်ရမှာပေါ့..

ဒုက္ခဆိုတာ နောက်တချိန်ဖြစ်လာမယ့် ဟာသပါ..

အချိန်တစ်ခုကျော်လွန်သွားရင် အဆိုးဆုံးလို့ ထင်မှတ်ထားတဲ့ အရာတွေဟာ ဘာမှမဟုတ်ပါတော့ပါဘူး အဲ့ဒီအချိန်ကာလတစ်ခုကို ကျော်ဖြတ်နိုင်ဖို့ ကျွန်တော်ကြိုးစားရမှာပါ..

အခုအချိန်မှာ ကျွန်တော်အဖြစ်ချင်ဆုံးဆန္ဒက ထီသိန်းတစ်ထောင်ပေါက်ချင်တာပါ ဘဏ်အတိုး ၆သိန်းကျော်ရယ် ကျွန်တော့်လစာ၂သိန်းစွန်းစွန်းရယ်ဆိုရင် အိမ်စရိတ်ကို မပူမပင်ပေးလို့ရပြီဗျာ။



အဖေ



အဖေ မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ... 🙏🙏🙏

Westlife - Beautiful in White

You look happier!!



Isn't finding yourself.

၇နှစ်နီးပါးကို ကျွန်တော့်ကိုကျွန်တော် ရှာဖွေနေမိခဲ့တယ်..

ကုန်ဆုံးသွားတဲ့ အချိန်တွေသာ နောက်ပြန်လှည့်လို့ မရနိုင်တော့တာ ကျွန်တော့်ကိုကျွန်တော် မတွေ့ရှိခဲ့ပါဘူး..

အခက်အခဲ အတားအဆီး ရှုံးနိမ့်မှု ပူဆွေးဝမ်းနည်းမှု အကြိမ်ကြိမ်ကျုးလွန်မိတဲ့ အမှားတွေ အဲ့ဒါတွေကို ဘဝလို့ထင်ပြီး ကျွန်တော်နစ်မွန်းနေခဲ့တာလေ..

အမှားသိရင်ပြင်လို့ရတာပဲ အမှားလို့လက်ခံဖို့ အချိန်တစ်ခုတော့ ပေးဆပ်ရတာပဲလေ ဒီလိုနဲ့ တနေဝင်ပြီး တစ်မိုးချုပ်ခဲ့တာ အခုတော့ ရောင်နီသန်းလာပါပြီ..

အမှားတွေထဲကနေ အမှန်ကိုရှာဖွေရမှာဆိုပေမယ့် ကျွန်တော်က အမှားတွေကို တော်တော်ခုန်မင်မက်မောတဲ့လူလေ တစ်ခါသေဘူး ပျဉ်ဖိုးနားလည်ဆိုပေမယ့် ထပ်သေဖို့ဝန်မလေးခဲ့လို့ ထပ်မှားခဲ့တာပေါ့ ဗျာ..

ဒီလိုနဲ့ . .

Creating yourself.

ဟား ဟား ကျွန်တော့်လိုလူမျိုး ဖန်တီးရင်တော့ ကမ္ဘာကြီးလည်နေရာကနေ ရပ်တန့်သွားမှာ ဗျ ကျွန်တော်က ဖြစ်သင့်တာထက် ဖြစ်ချင်တာကို အလေးထားတဲ့သူလေ..

တချို့စိတ်ကူးတွေက လက်ခံလို့ဖြစ်နိုင်ပေမယ့် တချို့အတွေးတွေက လက်ခံလို့မဖြစ်သင့်ဘူးဆိုတာ နားလည်ပါတယ်..

သေချာတာတစ်ခုက ကျွန်တော့်ကိုကျွန်တော် မရှာဖွေတော့ဘူးဗျာ တနေ့တော့ တွေရှိမှာပါ အဲ့ဒီအချိန်ကိုလဲ စောင့်စားမနေတော့ပါဘူး ဘဝဆိုတာ အချိန်ခဏလေးပါ ခဏလေးအတွင်းမှာ ကျွန်တော်ရှင်သန်နိုင်ဖို့ ဖြစ်တည်လာပြီးသားပဲ နေထိုင်နိုင်ဖို့ ကြိုးစားယုံပါပဲ..

ဆုလဲမတောင်းတော့ပါဘူး အများကြီးလဲ မလိုချင်တော့ပါဘူး ကျွန်တော်စိတ်ချမ်းသာဖို့ အဓိကပါပဲ။

You look happier!! 😊😊









အမိုး



အမေနာမည်က ခင်မို့မို့ အဘွားခေါ်တာက ခင်မို့မို့ ယောက္ခမတွေခေါ်တာ မို့မို့ ဆွေမျိုးတွေခေါ်တာက မမို့ မမသမီး သူ့မြေးမမွေးမှပဲ အမိုးဖြစ်တော့တယ် အဲ့ဒီအမိုးဂယက်က သူ့မြေး၂ယောက်တင်မကဘူး ဆွေမျိုးတွေကပါ အမိုးဖြစ်ကုန်တော့တာ..

အမေက လူတကာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတက်တယ် ကျွန်တော်ကလွဲရင်ပေါ့ သဘောကောင်းလိုက်တာလဲ လွန်ရော အမျိုးချစ်တက်လိုက်တာလဲ သူ့အပြင်မရှိဘူး အမျိုးတွေက သူ့အပေါ်ကောင်းလားဆိုရင် တစိမှမကောင်းဘူး သူ့အမေ ကျွန်တော့်မဘွားက အစ..

ငယ်တုန်းကတော့ ဒေါသထွက်မိတယ် စိတ်တိုမိတယ် အမေ့အမျိုးတွေကြောင့် အိမ်မှာခဏခဏ စကားများရလို့ အသက်ကြီးလာတော့ စိတ်လျော့လိုက်ပါတယ် အဘွားလဲ အသက်ကြီးနေပြီ အမျိုးတွေလဲ ၅၀ကျော် ၆၀တန်းတွေဆိုတော့ ကျွန်တော်ပဲ စိတ်လျော့လိုက်ပါတယ်..

အမေလောက့် လက်ဖွာတဲ့သူလဲ မတွေ့ဘူးဘူး ကိုယ့်ကိစ္စဖြစ်ဖြစ် သူတစ်ပါးကိစ္စဖြစ်ဖြစ် လက်လွယ်သလားမမေးနဲ့ သူ့မှာမရှိရင် ချေးငှားပေးလိုက်တာ နောင်ခါလာ နောင်ခါရှင်းသမား ကျွန်တော်ကတော့ သူတစ်ပါးအောက်ကျို့ရတာ သိပ်မုန်းတဲ့လူမျိုး ကျွန်တော်က သူတစ်ပါးပေါ်လဲ သေးသေးတင်မခံဘူး ကိုယ့်အပေါ်ဆို ပိုဆိုးတော့ အမေ့ကြောင်ပြဿနာဖြစ်တာတွေကို တော်တော်ကိုမုန်းခဲ့တယ်ဗျာ..

အမေခန်း သမီးခန်းပြတ်ရတာလဲ အကြိမ်ရေမနည်းဘူး သူ့သားနဲ့သမီးကတော့ ရွှေပြည်အေးသမားတွေ အမေလဲအမေကြိုက်တာလုပ် ဝင်မပြောဘူး သူတို့လဲသူတို့ကြိုက်တာလုပ်မယ် ဝင်မပြောနဲ့ဆိုတော့ အိမ်မှာက ကျွန်တော်တစ်ယောက်ပဲ ဘီလူးဆိုင်းတီးနေရရော..

အမေနဲ့ရန်ဖြစ်ရတာ အကြိမ်ကြိမ် သေခန်းဖြတ်တာလဲ အခါခါ သားသမီးပဲဗျာ ၁ပတ်လောက်နေတော့ စိတ်ပြေသွားတာပါပဲ အမေနေမကောင်းလို့ ဆေးရုံဆေးခန်းတက်ရရင် ဟို၂ယောက်က ရွှန်းရွှန်းဝေနေတာပဲ ညအိပ်ညနေလူနာစောင့်ဆို အကြောင်းပြချက်တစ်ပုံတပင်နဲ့ ပြေးရော မတည့်အတူနေ ကျွန်တော်ပဲစောင့်ရရော..

အမေက ကျွန်တော့်အတွက် အကုန်ကောင်းပါတယ် ကျွန်တော်သေအောင်မကြိုက်တဲ့ ၂လုံးထီထိုးတာကလွဲရင် ကျွန်တော့်လောက် နင်ပဲငါဆပြောတာ ကျွန်တော့်လောက် ပြဿနညရှာတာတောင် အဲ့ဒီကိစ္စကို သူမစွန့်နိုင်သေးပါဘူး..

တနေ့တော့ သူစွန့်မှာပါဆိုတဲ့ အတွေးနဲ့ပဲ ၈ကျွန်တော့်စိတ်ကို ဖြေသိမ့်ထားလိုက်ပါယ်..

💗💗 Happy Mothers Day 💗💗 ပါ အမေ..

အမေနှင့်တကွ အမေများအားလုံးကို ကျွန်တော် ဒီနေရာကနေ ကန်တော့လိုက်ပါတယ်။
🙏🙏🙏🙏🙏


Someday

မျက်နှာမွဲ



အခုရက်ပိုင်း ပိုက်ဆံနဲ့ပတ်သတ်ပြီး ကျွန်တော့်ရက်ဘက် စုတ်ပြတ်သွားတယ်ဗျာ ကျွန်တော်ထပ်မှားပြန်ပြီ ဗျာ..

အသက်၃၇နှစ်မှ ပိုက်ဆံကို ငမ်းငမ်းတက်မလိုချင်တော့ပါဘူး လိုချင်ရင်လဲ မရပါဘူး သာမာန်မိသားစုကမွေးလာပြီး သာမာန်ဘွဲ့တစ်ခု သာမာန်အလုပ်တစ်ခုရှိတဲ့ ကျွန်တော်အတွက့် ပိုက်ဆံဆိုတာ လစာထုတ်ပြီး အိမ်မရောက်ခင်အထိ အလွန်ဆုံးတစ်နာရီပေါ့ဗျာ မြန်မာငွေသုံးသိန်းငါးသောင်းက ကျွန်တော့်ရှိမှာ အများဆုံးရှိတဲ့ လူပါ..

ဒီအသက်မှ မိဘအိမ်မှာ အခန်းသားနေပြီး တပြားမှမပေးဘဲ မနေရဲပါဘူးဗျာ ကျွန်တော့်ထမင်းစရိတ်တော့ ပြန်ပေးတာပေါ့ လခထုတ်ပြီး အိမ်ကိုပေးပြီး ကြိုသုံးထားတဲ့အကြွေးတွေဆပ်ပြီးရင် ကျွန်တော့်လက်ထဲ တစ်သိန်းကျန်တဲ့လဆိုတာ ခပ်ရှားရှားပါ..

တလတလ ကျွန်တော့်အသုံးစရိတ်တင် တစ်သိန်းငါးသောင်းလောက်ရှိတော့ အကြွေးမတင်တဲ့လဆိုတာ မရှိပါဘူး လကုန်ရင် ပိုက်ဆံစုမယ်ဆိုတဲ့ စိတ်ကူးက ရေပေါ်အရုပ်ရေးသလို ပျက်သွားရတာ..

ဒီအသက်ရောက်မှ ပိုက်ဆံကျိကျိတက် ချမ်းသာချင်လို့လဲ မရတော့ပါဘူးဗျာ အလုပ်တစ်ခုရဖို့တောင် နှစ်ဝက်လောက်စောင့်ရတဲ့ဘဝမှာ အလုပ်အသစ်လဲ မရှာရဲတော့ပါဘူး..

ကျွန်တော့်ဘဝကို ကျေနပ်သွားတာ မဟုတ်ပါဘူး ရောင့်ရဲလိုက်တာပါ ၇နှစ်သက်တမ်းကျော် အပေအတေလို ဖြစ့်ခဲ့ဘူးတာ ဒီထက်ပိုပြီး အပေအတေလို မနေချင်တော့ပါဘူး သူများတွေဘဝကို အားကျပေမယ့် မကြိုးစားတော့ဘူးဗျာ အကုန်လုံးကို လက်ခံပေးနိုင်အောင် ကြိုးစားပါမယ်..

ကျွန်တော်လဲ သာမာန်လူသားတစ်ယောက်ပဲ အားကျတာပေါ့ လိုချင်တာပေါ့ဗျာ လုံးချင်းအိမ်မှာနေ Lexus ကားစီးပြီး နောက်ဆုံးပေါ်ဖုန်းကိုင်ချင်တာပေါ့ဗျာ အခြေအနေမှ မပေးနိုင်တာဗျာ..

၂သိန်းကျော်တန်ဖုန်းတစ်လုံးတောင် မဝယ်နိုင်လို့ ဖုန်းမကောင်းတာကိုတောင် သီးခံပြီးကိုင်နေရတဲ့ လူပါ ဖုန်းအသစ်လိုချင်တာပေါ့ဗျာ ကျွန်တော်မှမဝယ်နိုင်တာ စိတ်ဆင်းရဲမခံတော့ပါဘူး တနေ့တနေ့ သောကတွေနဲ့ ဖြတ်သန်းနေရတဲ့ဘဝကို ရင်မဆိုင်ချင်တော့ပါဘူးဗျာ..

ငွေမရှိတာ တကယ်မျက်နှာငယ်ရတယ် မိဘကလွဲရင် ဘယ်သူမှ အဖက်မလုပ်ကျဘူးဗျ လူတွေအထင်ကြီးအောင်နေမိတဲ့ ကျွန်တော့်ဘာသာပဲ အပြစ်တင်ပါတယ်..

မိဘအိမ်မှာ ကပ်နေပြီး သာမာန်ဘွဲ့ရထားတဲ့ အောက်ခြေလူတန်းစားတစ်ယောက်ပါ ပိုင်ဆိုင်မှုဆိုတာ နတ္တိပါ မိဘအမွေဆိုတာလဲ မူးလို့ရှုစရာမရှိပါဘူး လူတစ်ဖက်သား အထင်ကြီးအောင် နေခဲ့မိတာကို ခွင့်လွှတ်ပေးပါဗျာ။



Love Me For A Reason

မှားသွားတယ်ဗျာ

သတိရတဲ့စိတ်ကို
လွတ်ပေးလိုက်မိပါတယ်
ခင်ဗျားစီ ဖုန်းခေါ်ခဲ့မိတယ်..
(မိုက်မဲမှန်းသိပါတယ်)

တားမရတဲ့စိတ်ကို
အလိုလိုက်ခဲ့မိတယ်
ခင်ဗျား wall ကို ဝင်ကြည့်မိတယ်..
(ဆုတောင်းမကောင်းဘူးဗျာ သာယာနေတာကိုမြင်ခဲ့ရတော့)

ကျွန်တော်ကလွဲရင်
အရာအားလုံးအဆင်ပြေနေတာပဲ
ဘာလို့များ ကျွန်တော်မရှိတော့တဲ့နေရာကို
အရူးတစ်ယောက်လို ဖက်တွယ်ထားမိနေတာလဲ
ရိုးရိုးလေးပါပဲ ကျွန်တော်မှားသွားတယ်..
(အမှားဆိုတာကို လက်ခံထားပြီးသားပါ ယုံဖို့ကမလွယ်ကူဘူးလေဗျာ)

သတိရနေတယ်ဆိုတဲ့ message တစ်စောင်အတွက့်
အချိန်တော်တော်ကြာသွေးပျက်ခဲ့ပါတယ်
ဒါပေမယ့် ယောင်္ကျားတစ်ယောက်ရဲ့
ပျားရည်တစက်လို့ မထင်ခဲ့မိပါဘူးဗျာ
ခင်ဗျားစာတက်သလောက်
ကျွန်တော်ညံ့ခဲ့ပါတယ်..
(ယောင်္ကျားဆိုတဲ့ ဘာသာရပ်ကို ဘယ်သောအခါမှ ကျွန်တော်နားလည်နိုင်မှာ မဟုတ်ပါဘူး)

ခင်ဗျားကိုချစ်ခဲ့တဲ့
အစိတ်အပိုင်းတစ်ခုလောက်ပဲဖဲ့ထုတ်ပြီး
ကျွန်တော်ကိုယ်ကျွန်တော်ဂရုစိုက်ပါတော့မယ်
သတိရတဲ့စိတ်ကိုမထိမ်းချုပ်ထားတော့ပါဘူး
မတားစီးထားတော့ပါဘူး..
(အဲ့ဒီနေရာမှာကျွန်တော်မရှိဘူးဆိုတာကို
လက်ခံလိုက်တာပါ)

ကျွန်တော်မရှိတဲ့အရပ်ကိုကျောခိုင်းထားလိုက်ပါပြီ။
(Thank you)

Ps : ခင်ဗျားနဲ့ပတ်သတ်သမျှ ကျွန်တော်ရေးခဲ့သမျှ မျက်ရည်ကျခဲ့ရပါတယ်    
ဒီစာကိုတော့ မျက်ရည်မကျဘဲရေးနိုင်လို့ ကျွန်တော်ကျေးဇူးတင်ပါတယ်။









ကဆုန်လပြည့်


ကဆုန်လပြည့်(ဗုဒ္ဓနေ့)

ကဆုန်လပြည့်နေ့ အကြောင်း သိကောင်းစရာများ

═══════════════════════════════

❖ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။

ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့---

━ (၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။

━ (၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။

━ (၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။

━ (၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။

❖ ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။

❖ ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို  “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ  “ကု”  မှ  “က” သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။

❖ ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။

❖ မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်

ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။

❖ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား

ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။

❖ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲ တွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။………။

ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပုံ။ ᠌᠌᠌

❖ ထိုင်းနိုင်ငံ ဇင်းမယ်မှာ ကျင်းပတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ (ဝိဆာခပူးချား)

ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့။

ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။

❖ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။

❖ ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်းများဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်ယူကြပြီး နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာဇရပ်မှာ တရားနာယူကြတယ်။ တစ်ချို့ကတော့ ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။

❖ ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ် သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြတယ်။ သံဃာတော်များထံ တရားနာယူကြတယ်။

❖ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကျင်းပတဲ့ နေရာကတော့ နခွန်ပထုမ်ရှိ ဗုဒ္ဓမွန်းထွန်ဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်းမြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓဘာသာဝင် လူထုကို ဦးဆောင်ပြီး “ဝိဆာခပူးချား” (ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြတယ်။………။

သီရိလင်္ကာနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ

သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့။ ᠌᠌᠌

❖ သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံး နေ့အဖြစ် သတ်မှတ်ကာ ပွဲတော်ကို (၇) ရက်ခန့် ကျင်းပတယ်။ အစည်ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄) ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့ပါ။

❖ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေး ပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။

❖ အဆိုအကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။ ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာမှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။

သီရိလင်္ကာနိုင်ငံ ကဆုန်လပြည့်နေ့ လမ်းဆုံလမ်းခွမှ ဗုဒ္ဓဝင်ပန်းချီကား

အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ် ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့ သူတွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။ ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။

❖ အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့ မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာအလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တစ်ချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်ပေါ်တယ်။ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်းဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရစေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့ကတော့ အလွန် စည်ကားတာ တွေ့ရတယ်။

❖ သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွားခြင်းများ ပြုလုပ်ကြတယ်။

(သီရိလင်္ကာဗုဒ္ဓဘာသာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး ၁၁ သုတ်ကို ရကြတယ်။)

★ ကဆုန်လပြည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့် ထိုင်းနိုင်ငံ

ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။

★ ၅၄ ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။ ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။

★ ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့

“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့ အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊

★ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရု့ံးပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။

★ ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေပြီ။

★ ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောက ကောင်းကျိုးအတွက်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။

လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။

ဘုရားရှင် အဆုံးအမဖြစ်တဲ့

“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”

“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ .... … …။

__________________________________________________

မဟာပုရိသဝိတက်

(ဗုဒ္ဓ နေ့ အတွက့်ရေးတဲ့စာ) ᠌᠌᠌

═══════════════════════════════

❖ ကဆုန်လပြည့်နေ့ ( ၅ )နေ့ရှိပါတယ် ၊

☞ ၁ ။   ။ ဗျ ာဒိတ်ယူသည့်နေ့

လေးအသင်္ချေ နဲ့ ကမ္ဘ္ဘာတစ်သိန်းအစ ကဆုန်လပြည့်နေ့ ။

☞ ၂ ။   ။ ဘုရားရှင်မွေးဖွားသည့်နေ့

မဟာသက္ကရာဇ်  ၆၈.   ကဆုန်လပြည့်နေ့ ။

☞ ၃ ။   ။ ဘုရားအဖြစ်ကိုရသည့်နေ့

မဟာသက္ကရာဇ်   ၁၀၃.  ကဆုန်လပြည့်နေ့ ။

☞ ၄။   ။ ဗုဒ္ဓဝင်အကျဉ်း ဟောသည့်နေ့

မဟာသက္ကရာဇ်   ၁၀၄.    ကဆုန်လပြည့်နေ့ ။

☞ ၅ ။   ။ ပရိနိဗ္ဗာန် စံသည့်နေ့ ။

မဟာသက္ကရာဇ်   ၁၄၈.   ကဆုန်လပြည့်နေ့ ။

☞ ၆ ။   ။ ဗုဒ္ဓနေ့ ( ဆဋ္ဌ သံဃာယနာတင် နေ့ )

တစ်နေ့ထပ်တိုးတော့ ဗုဒ္ဓ နေ့ ကဆုန်လပြည့်ဟာ

၆. နေ့ဖြစ်ရောပေါ့ဗျ ာ....

❖ ဘုရားရှင်ကိုယ်တော်မြတ်ကြီး

ဘာကြောင့်များ ဗုဒ္ဓ ဆိုတဲ့ဂုဏ်နဲ့လောကမှာ

ဘုရားရယ်လို့ဖြစ်လာအောင်

ဘယ်လိုအတွေးအကြံနဲ့ ပါရမီဖြည့်ခဲ့တာလည်းဆိုတာ

သိကြဖို့လိုတာပါဘဲ။

❖ ဘုရားဆိုတာကိုတော့(ဗုဒ္ဓ ဝါဒအရ)

သတ္တလောက ( လူ ၊ နတ် ၊ ဗြဟ္မာ ၊ သတ္တဝါ ၃၁ဘုံ)

မှာအမြင့်ဆုံးသော၊အမြတ်ဆုံးသောသူကိုဘုရားဟု

ခေါ်ကြောင်း အဘိဓာန်နိသျသစ်တွင် ဘုရားကိုမြတ်

သောသူအဖြစ် ဝရပုဒ်မှ  ဗရ ၊ ဗရး ၊ ဗရား ၊ ဘုရား ဟု

အဆင့်ဆင့်ပြောင်းလဲခေါ်ကြောင်း

သစ္စာ လေးပါးကိုသိသော ဥာဏ်ပညာကြီး ပုဂ္ဂိုလ်ထူး

ပုဂ္ဂိုလ်မြတ်အဖြစ် ပုညဝန္နပုဒ်မှ  ပုညား၊ဘုရား ဟု

အဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်လာသော ဝေါဟာရဖြစ်

ကြောင်း  အဘယရာမ ဆရာတော် အရှင်အဂ္ဂဓမ္မာ

ဘိဝံသ. ကပြဆိုပါတယ်

❖ ဘုရားအလောင်းတော်ကြီးရဲ့ စိတ်အကြံ အတွေးနဲ့

ပါရမီဖြည့်လာတဲ့ အချက်ကို

မဟာပုရိသ ဝိတက်ဆိုပြီးမဟာဝါပါဠိတော်မှာ ၈ မျိူ း

ဖွင့်ပြီးပြပါတယ် ......

၁ ။  ။     ဒေႏၲာ  ဒေမယ်ံ ။

       ငါကိုယ်တိုင်လည်းယဉ်ကျေးအောင့်ကျင့်သုံးမယ်

       တစ်ပါးသောသူကိုလည်းငါကဲ့သို့ယဉ်ကျေ းစေရ

      မယ်၊ယဉ်ကျေးအောင်လည်းညွှန်ပြတော်မူမယ်။

၂ ။   ။     သန္တော  သမေယျံ ။

         ငါကိုယ်တိုင်လည်းငြိမ်သက်အောင်ကျင့်သုံးမယ်

         တစ်ပါးသောသူတို့ကိုလည်းငါကဲ့သို့ငြိမ်သက်

         အောင်ကျင့်သုံးနည်းညွှန်ပြတော်မူမယ်။

၃ ။   ။     ဗုဒ္ဓေါ    ဗောဓေယျံ ။

        ငါကိုယ်တိုင်လည်း ဘယ်တရားဟာအမှန်ဆုံး

         သောလွတ်မြောက်ရာဖြစ်သလဲဆိုတာကိုတွေ့

         အောင်ရှာဖွေကျင့်သုံးမယ်၊တစ်ပါးသူတို့ကိုလဲ

         ငါရရှိတဲ့အမှန်လွတ်မြောက်ရေးတရားကိုကျင့်

         နိုင်ဖို့ညွှန်ပြတော်မူမယ်။

၄ ။   ။      မုတ္တော  မောဓေယျံ ။

        ငါကိုယ်တိုင်လဲ ဒီသံသရာ ဝဋ်ဆင်းရဲဆိုတဲ့

        ဇာတိ ၊ ဇရာ ၊ မရဏ. တို့ချယ်လှယ်နေသောဒီ

        ဒုက္ခ မှလွတ်အောင်ကျ င့်မယ် ၊တစ်ပါးသူတို့ကို

        လည်း ဒီသံသရာဝဲသြဂမှလွတ်စေရမယ် ။

၅ ။   ။      နိဗ္ဗူ တော နိဗ္ဗာ ပေယျံ  ။

        ငါကိုယ်တိုင်လည်းသေခြင်းမှကင်းလွတ်တဲ့စင်

       ကြယ်သောတရားဖြင့်အဆုံးပန်းတိုင် နိဗ္ဗာန်ပြု

       နိုင်အောင်ကျ င့်သုံးမယ် ၊တစ်ပါးသူတို့ကိုလည်း

       ငါကဲ့သို့စင်ကြယ်သောတရားဖြင့် နိဗ္ဗာန်ပြုနိုင်ရေး

       ညွှန်ပြမယ် ။

၆ ။   ။      တိဏ္ဏော   တရေယျံ ။

        ငါကိုယ်တိုင် ဒီသံသရာဝဋ်ဆင်းရဲအပေါင်း၏နယ်

        မှကူးထွက်လွတ်မြောက်အောင်ကျ င့်မယ်၊

        တစ်ပါးသူတို့ကိုလည်းဒီသံသရာနယ်မှကူးထွက်

         လွတ်မြောက်အောင်ဟောဖော်ညွှန်ပြမယ်။

၇ ။   ။     အသ၁ာ သတ္တော   သ၁ာသေယျံ ။

        ငါကိုယ်တိုင်လည်း နိဗ္ဗာန်ချမ်းသာသက်သက်

        အေးငြိမ်းချမ်းသာဖြစ်အောင်ကျ င့်သုံးမယ် ။

        တစ်ပါးသူတို့ကိုလည်း နိဗ္ဗာန်ချမ်းသာရရှိစေပြီး

        အပူမရှိ သောက ပရိဒေဝ ဒုက္ခ ဒေါမနသ၁

       ဥပယာသ တို့မကြုံတွေ့အောင်ညွှန်ပြမယ် ။

၈ ။   ။    သုဒ္ဓေါ  သောစေယျံ ။

         ငါကိုယ်တိုင်လည်း တဏှာရာဂရဲ့ကျွန်အဖြစ်က

        လွတ်အောင်ကျင့်မယ်၊တစ်ပါးသူတို့ကိုလည်း

       တဏှာစေခိုင်းသမျှ ခံနေကြရတဲ့သံသရာကျွန်

       ဘဝ ကလွတ်မြောက်အောင်ဟောဖော်ညွှန်ပြပြီး

         လွတ်မြောက်စေရမယ် ။

❖ အဲ့ဒီလိုအကြံအတွေးနဲ့ ဘုရားဆုပန်ကာ

လေးအသင်္ချေ နဲ့ ကမ္ဘ္ဘာ တစ်သိန်းပါရမီတွေဖြည့်ကျင့်

လာခဲ့ရပါသတဲ့… …

မဟာပုရိသဝိတက်တရားကိုဖတ်ပြီး ဘုရားကျေးဇူးကို

မြင်ရင်   တရားကျေးဇူး  သံဃာတွေရဲ့ကျေ းဇူးဟာလဲ

ဘယ်လောက်ကြီးမားတယ်ဆိုတာ မြင်နိုင်ကြပါလိမ့်မယ်..........  

ဒီတော့ ကျေးဇူးရှိမှန်းသိကြ ကျေးဇူးကိုလည်းဆပ်တတ်ကြပါစေ… ᠌᠌᠌။


#ကျွန်တော်ရေးထားတာမဟုတ်ပါဘူးဗျာ။

🙏🙏🙏 မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ Bro.. 🙏🙏🙏