ကိုကို



ကိုကို

နောက်ဆုံးအနေနဲ့ ကျွန်တော်ခေါ်ခွင့်မရခဲ့တဲ့ နာမ်စားတစ်ခုကို ရေးခွင့်ပြုပေးပါနော်..
 


မဖြစ်နိုင်တော့မှန်းသိလို့ ရှေ့ဆက်တိုးဖို့မသင့်တော့မှန်းသိလို့ နောက်ဆုတ်ခဲ့တာကလွဲရင် ကိုကိုနဲ့ဝေးဖို့ကို 

နည်းနည်းလေးမျှတောင် မစဥ်းခဲ့မိသူ ကျွန်တော်ပါ.. 



ကျွန်တော်​ပြောခဲ့ဘူးပါတယ် ကိုကိုသိတဲ့ ကျွန်တော်ချစ်တယ်ဆိုတဲ့ခံစားချက်က ကျွန်တော်တကယ်ချစ်တာရဲ့ ရာခိုင်နှုန်း အစိတ်အပိုင်းတစ်ခုပဲရှိပါတယ် ကိုကို့အပေါ် ဖက်တွယ်မိနေတဲ့ ခံစားချက် ၁၀၀% အပြည့်ကို ကျွန်တော်တောင် အခုအချိန်အထိမသိသေးပါဘူးဗျာ



မရင့်ကျက်တဲ့လူတစ်ယောက်ရဲ့ ခံစားချက်ဆိုချင်လည်းဆိုပါစေ ကိုကိုအတွက်လိုအပ်ရင် ဘာမဆိုလုပ်ဝံ့သူ ကျွန်တော်ပါ



ကိုကိုနဲ့စတွေ့တဲ့အချိန်ကို ရင်ခုန်နေမိတုန်းပဲဗျာ အခန်းထဲမှာ စိတ်လှုပ်ရှားနေတာကို ထိန်းချုပ်ဖို့အတွက် ကျွန်တော်စာအုပ်ဖတ်နေမိတယ် ကျွန်တော်လန့်သွားမှာစိုးလို့ စကားပြောရင်း ကိုကိုဝင်လာတာကို သတိရနေမိတယ် 



ကိုကိုလည်း ကျွန်တော့်လိုပဲ စိတ်လှုပ်ရှားနေမယ်လို့ မထင်ခဲ့ဘူးလေ လှုပ်ရှားနေတဲ့စိတ်ကို ထိန်းချုပ်ရင်း ရှက်နေတဲ့မျက်နှာကို တည်ငြိမ်အောင်ထိန်းသိမ်းထားတာကိုက ကျွန်တော့်အတွက် ဘယ်လိုမှ မေ့ပျောက်မသွားနိုင်တဲ့ အမှတ်တရပါ 



အဲ့ဒီမျက်နှာလေးကို ငေးကြည့်ပြီးတော့ ကျွန်တော်ပိုင်ဆိုင်ချင်စိတ်တွေ ဘယ်လောက်များ ကြီးမားခဲ့လည်းဆိုတာ ကျွန်တော်ပဲသိခဲ့ရသူပါ



ကိုကိုနဲ့ နီးစပ်ခွင့်မရှိနိုင်မှန်း သိထားပေမယ့်လည်း 

အနီးဆုံးနေရာမှာ နေခွင့်ရချင်သူဟာ ကျွန်တော်ပါပဲ



ကျွန်တော့်အတွက် အကြီးမားဆုံးတံတိုင်းက ညီမလေးမဟုတ်ပါဘူး သမီးပါ ကိုကိုချစ်တဲ့ ကိုယ်ပွားလေးအတွက် သေးသေးလေးတောင်မှ ကျွန်တော်အထိခိုက် မခံနိုင်ပါဘူး သမီး ကိုကိုအပေါ် ညိုညင်သွားမယ့် အပြုအမူမျိုးကို ကျွန်တော်ဘယ်သောအခါမျှ လုပ်ခဲ့မှာမဟုတ်ပါဘူးဗျာ



တည်ငြိမ်နေတဲ့ရေပြင်တစ်ခုကို ကယက်ထအောင် ပြုမိကောင်း ပြုမူမိခဲ့ပါမယ် ဒါပေမယ့် အဲ့ဒီရေပြင်လှိုင်းထအောင်တော့ ကျွန်တော်ဘယ်သောအခါမျှ 

ပြုမှုမည်မဟုတ်ပါ




လွမ်းတယ်ဗျာ ကိုကိုမျက်နှာကို ငေးကြည့်ပြီးတော့ လွမ်းနေပါတယ်လို့ တဖွဖွပြောချင်ပေမယ့် ကျွန်တော့်မှာ ဒီဘဝအတွက် အခွင့်အရေးမှ မရှိတော့တာဗျာ



နောက်ဘဝအတွက်လည်း ဆုမတောင်းရက်ပါဘူး 

ညီမလေးလို ဒီလောက်ပြည့်စုံတဲ့ မိန်းမမြတ်တစ်ယောက်ကို ကျွန်တော်မယှဥ်ဝံ့ပါဘူးဗျာ



ရှေးရှေးဘဝတွေက သူတစ်ပါးအပေါ် ကျူးလွန်မိခဲ့လို့ ဒီဘဝမှာ တစ်ယောက်ထဲ နေခဲ့ရသူဖြစ်နေတာတောင် နောင်ဘဝအတွက် ဒီလိုသောကကြီးကို ထပ်ပြီးသယ်ပိုးသွားဖို့အတွက် ခွင့်မပြုတော့ပါဘူး ဝဋ်ကြွေးရှိရင်လည်း ဒီဘဝမှာပဲ ကြေပါစေလို့ ဆုတောင်းလိုက်ပါပြီ။



ကျွန်တော်ချစ်ခဲ့တဲ့ ကိုကိုတို့မိသားစုလေး အေးချမ်းပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုတောင်းပေးခဲ့ပါတယ်ဗျာ။




ရန်ကုန်ပင်မသွေးကြော (သို့) ဂျိုးဖြူကန်

 

https://my.m.wikipedia.org/wiki/%E1%80%



photo credit


အရင်နှစ်ခရီးသွားတုန်းက လမ်းမှာတွေ့တဲ့ လျှပ်စစ်တာဝါတိုင်တွေရဲ့ တန်ဘိုးနဲ့ကျေးဇူးကို တွေးမိပြီးတော့ 

လူရုပ်ကြီးများဆိုပြီး လျှပ်စစ်တာဝါတိုင်အကြောင်းကို လမ်းခရီးမှာပဲ အတွေးနဲ့ရေးမိပါတယ်



 ခရီးကပြန်ရောက်တော့ ဟုတ်တိပတ်တိချမရေးဖြစ်တော့ အတွေးတွေကစကားလုံးဖြစ်မလာတော့ဘူး 

ကျန်ခဲ့တဲ့တပိုင်းတစကိုလည်း မရေးချင်တော့တာနဲ့ 

တခန်းရပ်ရပြန်ရော..



၂၀ရက်နေ့ညဘက်မှာ ဂျိုးဖြူပိုက်ပေါက်တယ် 

သူများမြို့နယ်တွေတော့မသိဘူး တာမွေမှာတော့ 

၂၃ရက်နေ့နေ့လည်မှ ရေပြန်ရတယ် ရေပြန်ပေးတဲ့အချိန်ကျမှ မီးပျက်တာတော့ ထားပါတော့ဗျာ 

မရေးတော့ပါဘူး ရေမရှိတဲ့ဒုက္ခ သူတို့မကြုံဘူးသေးလို့ နေမှာပါ



တာမွေမှာက အထပ်မြင့်တိုက်တွေဆိုတော့ 

မီနီကွန်ဒိုကလွဲရင် အများစုက ဂျိုးဖြူရေကိုပဲအားထားရတာပါ တိုက်ခန်းသဘာဝအတိုင်း အုတ်ကန်ပါမယ် 

အပေါ်မှာ ဖိုက်ဘာကန်ပါတယ် ကျွန်တော်တို့လို မိသားစုများတဲ့သူကျတော့ ဖိုက်ဘာတိုင်ကီနဲ့ ရေအပိုလှောင်ထားမယ် ဒီလောက်ပဲခင်ဗျ



အိမ်မှာက ညဘက်မအိပ်ခင်ရေဖြည့်ထားတယ် 

အိပ်ချိန်ကနေ မနက်လင်းတဲ့အချိန်အထိ Air con သုံးတော့ တစ်ညလုံးသုံးထားတဲ့ရေကို Air con သုံးနေတဲ့အချိန်မှာ ရေမဖြည့်ဖြစ်တာများတယ် ဝန်အားမနိုင်မှာစိုးတော့ မီးကိုပြိုင်မသုံးဘူး မနက်ဆိုအုတ်ကန်ထဲရေကျန်တာက ၃ပုံ၂ပုံလောက်ပဲ အများဆုံးကျန်တာပါ



အဲ့ဒါနဲ့ပဲ ၂၁ရက်နေ့ရေတင်မရတော့ ပြဿနာတက်ပါလေရော မီးဆက်တိုက် ၈နာရီလောက်မပေးရင်တောင် ရေမလောက်တဲ့ပြဿနာရှိတာ နာရီ၆၀ကျော် ရေမရဘူးဆိုတော့ စဥ်းစားသာကြည့်တော့ ဘယ်လောက်ပျားတုပ်မလဲဆိုတာကို



ရေပေးဝေရေးဌာနကလူတွေကို အပြစ်တင်နေတာ

မဟုတ်ဘူးခင်ဗျ ဂျိုးဖြူကန်ပေးနိုင်တဲ့ရေပမာဏနဲ့ သုံးစွဲတဲ့လူဦးရေ ဝန်နဲ့အားနဲ့မမျှတာကို သိစေချင်တာပါ




နောက်ပိုင်းဆောက်တဲ့ အထပ်မြင့်တိုက်တွေဆိုရင် အဝီစိတွင်းပါရမယ်လို့ကြားပါတယ် Ground မှာ

တူးထားပြီး အဆင်မသင့်လို့ တိုက်ကိုမျိုသွားရင်လည်း နေမယ့်သူတွေအတွက်က အန္တရာယ်ရှိမယ်ဗျ ဒါကတော့နားလည်တက်ကျွမ်းတဲ့ ပညာရှင်တွေရဲ့ အပိုင်းကဏ္ဍပါ ကျွန်တော်နားမလည်ပါဘူး ( Ground မှာရှိတဲ့ အဝီစိတွင်းကနေမြေပြိုပြီးတော့ တိုက်အိမ်ကျွံကျသွားတာ မင်္ဂလာတောင်ညွန့်မှာ ဖြစ်ဘူးလို့ပါ )



သူများနိုင်ငံတွေမှာကတော့ သက်ဆိုင်ရာ ရပ်ကွက်တိုင်းမှာ ရေပေးဝေရေးစခန်းတွေရှိပြီး ရေလှောင်ထားပြီးမှ ပြန်လည်ဖြန့်ဝေပေးတဲ့စနစ်ခင်ဗျ အဲ့လိုစနစ်မျိုးရှိရင် 

ဒီလိုပြဿနာမျိုးဖြစ်လာရင် စခန်းငယ်လေးတွေကနေ ရေပေးဝေတာကို လျော့ပြီးတော့ပေးလိုက်ရင် ဒီလိုမျိုး မကသီလောက်ဘူးလားလို့တွေးမိတာပါ




၃ရက်အတွင်းရေပြန်ပေးနိုင်လို့ သက်ဆိုင်ရာတာဝန်ရှိသူအကုန်လုံးကို ကျေးဇူးတင်ပါတယ် နည်းပညာပိုင်းနောက်ကျကျန်နေပြီးတော့ နည်းပညာပံ့ပိုးမှုအပိုင်း အားနည်းတဲ့နိုင်ငံမှာ မြေကြီးအောက်က ပိုက်ပေါက်နေတာကို အမြန်ဆုံးနည်းနဲ့ စစ်ဆေးနိုင်တယ်ဆိုထဲက ကျွန်တော့်တို့လူမျိုးတွေလည်း လူတော်တွေပါ




လူမှာလည်းလူသက်တမ်းရှိသလို ကျန်တဲ့အရာဝတ္တူတွေမှာလည်း သူ့သက်တမ်းတွေရှိကြမှာပါ အဲ့ဒါကြောင့် ကျွန်တော်တို့ကို အထောက်အပံ့ပေးနေတဲ့ လူရုပ်ကြီးတွေနဲ့ ပင်မသွေးကြောကြီးတွေ သက်တမ်းရှည်ကြာစွာ တည်ရှိနိုင်ပါစေလို့ လှိုက်လှိုက်လဲလဲ ဆုတောင်းပေးနေပါတယ်ခင်ဗျာ။



ကျေးဇူးတင်ပါတယ်ခင်ဗျာ။






၂၀ရက်နေ့ညပိုင်းကစပြီး ဂျိုးဖြူပိုက်ပေါက်တယ် ၂၁ရက်နေ့မနက်ထိ အဲ့ဒီ Information မသိသေးဘူး အဖေကမနက်အိပ်ယာကနိုးတာနဲ့ ရေတင်ပေးထားတက်တော့ ရေမလာတာနဲ့ မနက်ပိုင်းလမ်းလျှောက်ပြန်လာမှ အဖေစနည်းနာလာတာ ဂျိုးဖြူပိုက်ပေါက်တာတဲ့



စနေနေ့မနက် အိပ်ယာနိုးတော့ အေးဆေးပေါ့ ဂျိုးဖြူပိုက်ပေါက်တာကို ၆၆လက်မပိုက်ကြီးလို့ မသိလိုက်ဘူးလေ ​နေ့ချင်းပြန်လာမယ်ထင်ပြီး အိမ်နဲ့စိတ်ဆိုးတာကို ရမည်ရှာပြီး အဝတ်တွေလျှော်ဖို့စိမ်ထားလိုက်ရော (ဒေါသထွက်ရင် အဝတ်လျှော်ရင်း တောင်တွေးမြောက်တွေးက ဝတ္တူတစ်ပုဒ်စာရတယ် ဒေါသလည်းအဆိုင်အခဲမဖြစ်တော့ပဲ ကျေပျောက်သွားတယ် အသက်လည်းမငယ်တော့ပေမယ့် ဒေါသကြီးတာက မကောင်းမှန်းသိပေမယ့် လူညံဖြစ်လို့ မထိန်းချုပ်နိုင်သေးဘူးဗျာ)



ရေလာနိုးရေလာနိုးနဲ့ တစ်ရက်ကုန်သွားတယ် ရေမချိုးလိုက်ရဘူး အမေကတော့ရှိတဲ့ရေချိုးဖို့ပြောပေမယ့်သူများလိုချွေတာပြီးမချိုးတက်တော့ ဒီအတိုင်းနေလိုက်တယ် ရေချိုးခေါင်းလျှော်ရင် အုတ်ကန်တဝက်လောက်ရေသုံးတော့ ရေနည်းရင်ကို မသုံးတက်တော့တာ ( ရေရှားတဲ့အရပ်မှာနေရရင် နေ့တိုင်းချိုးရမယ့်ရေကိုစုထားပြီး တပတ်တခါမှပေါင်းချိုးတော့မှာဆိုတော့ အညိုနုရောင်အသားလေးနဲ့ တော်တော်လေးကြည့်ကောင်းနေမှာ )



တနင်္ဂနွေနေ့ ကြောင်ချီးရုပ်ဖြစ်နေလို့ ဝယ်စရာရှိတာတောင် အိမ်အောက်လည်းမဆင်းရဲ ကိုယ့်ဒုက္ခကိုယ်သိလို့ အစားလည်းဝတလင်လင်မစားရဲ ရေသုံးစရာက အတော်နည်းနေပြီလေ ညနေ၅နာရီ ရေပြန်ပေးမယ်ကြားတော့ မျှော်တလင့်လင့်စောင့်နေရတာပေါ့



၅နာရီ၊၆နာရီ၊၇နာရီ မလာပါဘူးဗျာ လူလည်း

၂ရက်ရေမချိုးရလို့ မျက်နှာမှာရောခန္ဓာကိုယ်မှာရော အပူတွေကန် ဒေါသတွေထွက် ဘယ်သူ့ဒေါသထွက်လို့ ထွက်ရမယ်မှန်းမသိပါဘူး အပူကန်တာရယ် ရေလာမလားလို့ စောင့်နေမိတဲ့အသိနဲ့ တစ်ညလုံးမအိပ်နိုင်ဘူး



၂၃ရက်နေ့ နေ့လည်၁နာရီ မီးပြန်မပေးခင်ထဲက ကျောက်မြောင်းထဲရေရပြီကြားလို့ ပျော်သွားတာပဲ ရေရတာနဲ့ ရေဝဝချိုးမယ်လို့ အားတင်းထားတာ ရေလာနေတုန်းပဲရှိသေးတယ် နာရီဝက်တောင်မရှိသေးဘူး ကိုရွှေမီးကပျက်သွားပါလေရော



ထွက်စရာဒေါသလည်း မကျန်တော့ပါဘူး လာချင်တဲ့အချိန်မှပဲ ပြန်လာပါတော့မီးရယ်လို့ စိတ်ဒုံးဒုံးချထားလိုက်ပြီး မီးပြန်လာရင်ရေတင်မယ် ရေတဝကြီးချိုးမယ် ဖွဟဲ့မတော်တဆ ဂျိုးဖြူပိုက်ကြီးထပ်ပေါက်သွားမှ ရေမချိုးမိုးမချိုးရဘဲ အရှင်လတ်လတ်အနံထွက်နေတဲ့လူ ဖြစ်နေမှာခင်ဗျ။



၃နာရီခွဲကျော်မှာ မီးပြန်ပေးလို့ ကျေးဇူးပါခင်ဗျ။


Destined


 

Destined.

လှလိုက်တဲ့ စကားလုံးလေးဗျာ..



သစ္စာမရှိဘူး Yes အခုအချိန်မှာ အဲ့လိုပြောလာခဲ့ရင်တောင် ကျွန်တော်တစ်ယောက် ပြုံးပြုံးလေးနဲ့ ကျေနပ်နေမိမှာပါ



ဒီရက်ပိုင်းမှာ စိတ်တွေလေနေပြီးတော့ ခင်ဗျားကို တကယ်ကိုတွေ့ချင်နေမိပါတယ် ခင်ဗျားအသံ ခဏလေးဖြစ်ဖြစ် ကြားခွင့်ရချင်တယ်



ဆုတောင်းမပြည့်ပါဘူးဗျာ အာရုံမနောက်နဲ့ ဆိုတဲ့ ကျွန်တော်မနှစ်သက်တဲ့ စကားလုံးကိုပဲ ရင်နာနာနဲ့ လက်ခံပေးခဲ့ရပါတယ်



လူကညစ်နေပေမယ့် ဝမ်းရေးက ဒီကာလကြီးမှာ ညစ်လို့မရတဲ့လူတန်းစားဆိုတော့ အလုပ်ကို ကြိုးစားပန်းစားသွားနေရပါတယ်



တပတ်လုံး Internal meeting တွေတက်လိုက်ရ ခဏအချိန်ရတာနဲ့ transfer လုပ်ပေးရမယ့် အရင်အလုပ် process တွေကို ပြေးလုပ်ပေးရ  meeting ဆိုတာနဲ့ တပတ်လုံး လုံးထွေးနေရတာပါ



အမှတ်တရ မနေ့က နေလည်၁နာရီကျော် application training ရှိတာနဲ့ အပြေးအလွားနေလည်စာစားပြီး training တက်တော့ တကယ်အံသြသွားတယ်



ကျွန်တော်ဆိုတဲ့ လူတစ်ယောက်အတွက် အဲ့လောက်တောင် တိုက်ဆိုင်မှုတွေက တူနေရတာလားဗျာ ခင်ဗျားနဲ့အဲ့လောက် တထပ်တည်းကျတဲ့သူကို တွေ့လိုက်ရတာ ကျွန်တော့်ခမျာ ကယောက်ကယက်တွေ ဖြစ်ရပါလေရော



စကားပြောတဲ့အမူအရာ အသံကအစ တထပ်တည်းဗျာ အရပ်အမောင်းကလည်း မတိမ်းမယိမ်းပဲ သူကဆံပင်ကောင်းတယ် အသားပိုလတ်တယ် ( မိုးထဲလေထဲ နေဒဏ်လေဒဏ်ရေဒဏ်ကြားထဲမှာ နေနေရပြီး သေနတ်ကိုင်ရတဲ့သူမှ မဟုတ်တာဗျာ ) နည်းနည်းကိုယ်ရေစစ်တာကလွဲရင် ခင်ဗျားပါပဲ


အိန္ဒြေမပျက်အောင် ဂရုစိုက်နေပေမယ့် ကျွန်တော်ခဏတော့ ခိုးကြည့်မိပါတယ်


၂၀၁၈ခုနှစ် Company Website အတွက် တာဝန်ယူပေးရတော့ အဲ့ဒီ Brother နဲ့ အစောကြီးထဲက လုပ်ငန်းပိုင်းဆက်သွယ်မှုရှိတယ် သူ manage လုပ်ပေးတဲ့အတိုင်း Website ကို handel လုပ်ခဲ့ရဘူးတယ်



ကျွန်တော့်ထက်အသက်ကြီးလား အသက်ငယ်လားလည်းမသိ အိမ်ထောင်ရှိ၊မရှိလည်းမသိ သူနဲ့ပတ်သက်တာ နာမည်တစ်လုံးပဲ သိထားတာပါ



အဲ့ဒီကာလတုန်းကလည်း ဖုန်းပြောဘူးတယ် လုပ်ငန်းကိစ္စအတွက် သူဌေးနဲ့တွေ့ဖို့ ရုံးကိုလည်း တစ်ခါတရံ လာတက်ပေမယ့် ကျွန်တော်နဲ့မျက်နှာချင်းဆိုင် တစ်ခါမျှမဆုံခဲ့ဘူးပါဘူး



ဒီနေ့မနက်ပိုင်းလည်း သတိထားနေရဲ့ကြားက ခိုးကြည့်မိပြန်တယ် ကျွန်တော်သာယာနေတဲ့ အခိုက်အတန့်လေးကို ဖျက်စီးတဲ့ကောင်လည်း ရှိတယ်ဗျ



ခင်ဗျားမှ မဟုတ်တာဆိုပြီး Alert ပေးနဲ့ အကောင်လေဗျာ


ကျွန်တော်လည်း သိတာပေါ့ဗျ ဒါပေမယ့် မမြင်ရမတွေ့ရတဲ့သူအစား ကြည့်မိတာတော့ ကျွန်တော်မလွန်ပါဘူးဗျာ 


ကလေးဆန်ဆန်ပြောရရင်တော့ ခင်ဗျားနဲ့ကျွန်တော် ရှေ့ဆက်ဖို့ဆိုတဲ့ အကြောင်းကလည်း 100% မဖြစ်နိုင်တော့ဘူးဆိုတာ ကျွန်တော်လက်ခံထားပါတယ်



သူပြန်လာမယ်လို့ နင်ထင်နေတာလား ဆိုတဲ့ စာသားကို repeat လုပ်ပြီးဆိုရင်တောင်မှ စိတ်မောလူမောဖြစ်ရမှာပဲ အဖတ်တင်ပါတယ်



ထားပါတော့ဗျာ အလွမ်းပတ်ပျိုးကို ထပ်မတီးတာပဲ ကောင်းပါတယ်ဗျ



In case အကြောင်းတစ်စုံတစ်ရာကြောင့် အဲ့ဒီ brother နဲ့ ရင်းနှီးခဲ့ရရင် March 22nd born လားဆိုတဲ့ မေးခွန်းကို ကျွန်တော် အားမနာတမ်းမေးမယ်လို့ ပြင်ဆင်ထားပါတယ်ခင်ဗျ



ဘဝမှာ March 22nd မွေးခဲ့တဲ့ လူနှစ်ယောက်အတွက် ၃၆၀° လည်ပတ်ခဲ့ပြီးလို့ အကြိမ်ကြိမ်ပြိုလဲခဲ့ရပြီးပါပြီ ကျွန်တော့်အတွက် နောက်ထပ်တစ်ယောက်ကို ထပ်ပြီးတော့ ၃၆၀° လည်ပတ်ဖို့အတွက် ကျွန်တော်ဘယ်နည်းနဲ့မျှ ခွင့်ပြုပေးမှာ မဟုတ်ပါဘူးဗျာ။






ဝဋ်ဒုက္ခ


 


၅လကျော် မတွေ့မမြင်ရတဲ့သူကို တွေ့ချင်မိတာ ကျွန်တော်မှားသွားလားဗျာ..



၁နှစ်ခွဲကျော်ဖက်တွယ်ခဲ့ပြီးမှ ကျွန်တော်ဘက်ကနေ ဖက်တွယ်နိုင်စွမ်းမရှိလို့ ရပ်တန်းကနေရပ်လိုက်တာပါ

ဒီအချိန်ကာလအတွင်းမှာ အဆင်ပြေနေတယ်လို့ ခင်ဗျားထင်ခဲ့တာလား



ကျွန်တော်အခါခါလဲကျခဲ့တာပေါ့ဗျာ ကျွန်တော် type ကိုက တခြားလူထက်စာရင် ကိုယ်ချစ်တဲ့သူကို အရူးအမူးချစ်တက်တဲ့သူပါဗျ



ထားလိုက်ပါတော့ဗျာ အပ်ကြောင်းထပ်တဲ့စကားလုံးတွေ ရေးမပြချင်တော့ပါဘူးဗျာ 



အနည်ထိုင်ဖို့နေနေသာသာ အနာတောင် သွေးမတိတ်သေးခင်မှာ ခင်ဗျားစကားလာပြောတယ် ကျွန်တော်က သေလောက်အောင်ချစ်မိခဲ့သူလေ ကျွန်တော်လျစ်လျှူမပြုခဲ့နိုင်ပါဘူး



တိမ်ပေါ်မှာအရုပ်ဆွဲပြနေမှန်းသိပေမယ့် သတိလက်လွတ်ကျွန်တော်ဖြစ်ခဲ့ရပြန်ပြီ ရူးရူးမိုက်မိုက်လုပ်ခဲ့မိပြန်တယ်



ဒီနေ့တနေ့လုံး စိတ်တွေရှုပ်ထွေးပြီး ဒေါသတွေဖြစ်နေမိတယ် ကျွန်တော့်နားခိုရာ မဖြစ်နိုင်ဘူးဆိုတာ လက်ခံထားပေမယ့် ခင်ဗျားကို တောင်းဆိုမိလိုက်တယ်




ခင်ဗျားမျက်နှာ မြင်ချင်လို့ပါဗျာ ကျွန်တော်မှားသွားလား 



ထားလိုက်ပါတော့ဗျာ ထပ်ပြီးတော့လည်း မတောင်းဆိုတော့ပါဘူး ခပ်ရိုင်းရိုင်းတော့ တွေးမိလိုက်ပါတယ် ဒီကောင်မ ငါ့ဒီလောက်ဖက်တွယ်နေတာ ငါဒုက္ခများလိမ့်မယ် ငါ့ဘက်ကနေ ခပ်ကင်းကင်းနေမှဆိုပြီး ခင်ဗျားတွေးကောင်းတွေးမိမှာပါ



တနေ့ ကျွန်တော့်လောက် ဖက်တွယ်တက်တဲ့ မိန်းမထပ်တွေ့ရင်တောင် ဂရုစိုက်ပေးပါ အဲ့ဒီမိန်းမရဲ့ခံစားချက်ကို ကျွန်တော်ကိုယ်ချင်းစာတက်လို့ပါ



ဘာမှမပြောတော့ပါဘူးဗျာ



ကိုယ့်ကို မချစ်မနှစ်ခဲ့တဲ့ လူတစ်ယောက်ကိုချစ်ရတာ ကပ်တစ်မျိုးပါ အဲ့ဒီကပ်ထဲကို ဘယ်သူမျှ မကျရောက်ပါနဲ့ဗျာ။



အချစ်ဦး


 


၉တန်း ၁၀တန်းမှာ ကျောင်းပြောင်းတာနဲ့ အိမ်ပြောင်းတာနဲ့ မိသားစုမှာလည်း ပူပင်သောကလေးတွေရှိတာနဲ့ အချစ်ဆိုကို သတိမရနိုင်တော့ဘူးခင်ဗျ..



၁၀တန်းဖြေပြီးတော့ အောင်စာရင်းမထွက်ခင် ဦးလေးအငယ်ဆုံးကျေးဇူးနဲ့ ရဲရိပ်သာစူပါဝမ်းမှာ အရောင်းစာရေးအလုပ်ရတယ် ဝန်ထမ်းအများစုက အဆောင်နေကျတာ မော်လမြိုင်ဘက်က မွန်လူမျိုးတွေများတယ်



အဲ့ဒီအထဲမှာ SKB စော်ကြည်ဘဲက ရှမ်းလေး ကျွန်တော်လည်း ဘာအသားနဲ့ထုထားတာမို့လို့လည်း ကြိတ်ခိုက်တာပေါ့ ဒါပေမယ့် ၇နာရီဆိုင်ပိတ်ပြီး Customer မရှိတော့တဲ့အချိန် Ferry စောင့်ရင်း ဟိုကစကားလာပြောရင် ရှက်ပြီးတော့ အင်္ဂတေကိုင်ထားတဲ့ မျက်နှာပေးနဲ့နေမိတာ ငယ်ငယ်ကအဲ့ဒီလို စျေးဗန်းတွေခင်းမိခဲ့တာဗျ


သူကကိုယ့်ထက်ပိုပြီး ချေမိုးတဲ့သူဆိုတော့ ၂ခါ၃ခါလည်းကျရော အလုပ်ကိစ္စကလွဲရင် စကားကိုမပြောတော့ဘူး ပြတ်ကရော


နောက်တစ်ယောက်က မွန်လေး သူ့နာမည်တော့ မှတ်မိနေတုန်းဗျ ရေချမ်းတဲ့ စနေရေချမ်းစင်အသင်းလို့ နာမည်ပြောင်ပေးထားမိလို့ မှတ်မိနေတာပါ နာမည်လိုပဲ လူကအေးသလားမမေးနဲ့ 


ကျွန်တော့်ကိုစိတ်ဝင်စားတာတောင် လူချင်းဆုံရင် ပြုံးပြတာကလွဲရင် စကားတောင်မပြောရဲဘူး သူတောင်စကားမပြောရဲတာ ကျွန်တော်ကရော ပြောရဲပါ့မလားဗျ


သူ့အစ်မတွေက စီနီယာတွေဆိုတော့ ယောင်းမလေး၊ယောင်းမလေးနဲ့ အရောက်ပို့ပါလေရော ရေချမ်းကိုတော့စိတ်ဝင်စားပါတယ် တည်တည်ကြည်ကြည် လူအေးလေးလေ သူအစ်မတွေကိုကြောက်တာနဲ့ ဒင်းကလည်းရေခဲတုံး မြေးလေးဖြစ်နေတာနဲ့ အဲ့ဒီမှာနိတ္ထိတန်ပါလေရော 



နောက်တစ်ရောက်ရှိတယ် အညာသား နာမည်တော့ 

မမှတ်မိတော့ဘူး တောသားရဲဆွဲထုတ်ဆိုတာ အဲ့ဒီလိုလူမျိုးနေမှာ အဝယ်တော်အဖွဲ့ကလူဆိုတော့ မနက်ပိုင်း Ground မှာဆင်းပြီးတော့ ညနေပိုင်းလောက်မှ ဆိုင်ရောက်တယ် လူသွက်ဆိုတော့ Department အကုန်လုံးနဲ့က Peace 



ဆိုင်ပြန်ရောက်ပြီဆိုတာနဲ့ ခင်မောင်တိုးရဲ့ ဝိုင်းသီချင်းပဲဖြစ်ဖြစ် စည်သူလွင်ရဲ့ ဝိုင်းဝိုင်းလည်သီချင်းဖြစ်ဖြစ် Computer အခန်းကိုဖွင့်ခိုင်းပြီး Counter အနားမှာ 

တဝိုင်းထဲ ဝိုင်းတော့တာပဲ ကျွန်တော်ကအငြိမ် သူကမတရားလှုပ်တဲ့သူဆိုတော့ ဘယ်လိုမှအဆင်မပြေဘူးဗျ



အဲ့ဒီတစ်ယောက်ကိုတော့ တကယ်ကိုကြည့်မရလို့ 

မသိကျိုးကျွန်ပြုထားလိုက်တယ် နောက်ထပ်အသစ်ဝင်တဲ့ ညီမလေးတွေ ရောက်လာပြီး ရည်းစားရသွားတော့မှ ကျွန်တော့်ခမျာ သူ့စက်ကွင်းကနေ ပျော်ပျော်ကြီးလွတ်ရပါတယ်



အဲ့ဒီမှာပဲ ၁၀တန်းအောင်စာရင်းထွက်တာနဲ့ တက္ကသိုလ်တက်ဖို့စောင်းရင်းနဲ့ ရန်ကင်းစင်တာစဖွင့်တာနဲ့ MK ကို ပြောင်းလာဖြစ်တယ်



MK က ဇာတ်လမ်းကိုတော့ နောင်တစ်ခေါက်မှပဲ ရေးတော့မယ်ဗျာ အခု post တောင်မှ တော်တော်ပြန်စဥ်းစားရတယ် ရေချမ်းနာမည်ကို သတိရနေသေးတာတော့ ကိုယ့်ဘာသာ သဘောတွေကျနေမိတယ်ခင်ဗျ။


ထီ


 

ထီ(၁)သိန်းဆုပေါက်တာတောင် ကျွန်တော်ဒီလောက်ပျော်နေတာ သိန်း(၅၀၀၀) ဆုကြီးသာပေါက်ရင် ရူးသွားမလား မသိပါဘူးဗျာ..



Staff Party မှာ Bonus ရတယ် အရင်ကတော့ ဖုန်းဝယ်မယ်လို့ စိတ်ကူးထားတာပါ အိမ်မှာက ကျန်းမာရေး၊လူမှုရေး၊နိုင်ငံရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ငွေကုန်ကြေးကျတွေ တအားများနေတာလေ



အိမ်ကိုတဝက်ပေးလိုက်တယ် ကျန်တာကို လက်ကိုင်အိတ်လေး တော်တော်ဟောင်းနေပြီဆိုတော့ တစ်လုံးဝယ်မယ်ပေါ့ အဲ့ဒီမှာပဲ ဦလေးအငယ်ဆုံးက ပိုက်ဆံလိုလို့ အကူအညီတောင်းတယ် 



ကိုယ်လိုတုန်းကတော့ ဦးရေသမီးခရီးသွားမလို့ လစာမလောက်တော့လို့ မင်္ဂလာဆောင်ရှိလို့ ခေါင်းစဥ်ပေါင်းများစွာနဲ့ အကူအညီတောင်းခဲ့တာလေ ကောင်မခုအချိန်အထိ ပိုက်ဆံမစုသေးဘူး ဆူဆဲပြီးတော့ပေးရှာတာပါပဲ



ကိုယ့်အလှည့်ကျမှ ဦးရေသမီးအိတ်ဝယ်ဖို့ပဲ ကျန်တော့တယ် မပြောရက်ပါဘူး အဲ့ဒါနဲ့ကျန်တဲ့ပိုက်ဆံထဲကနေ တဝက်ကိုလွှဲပေးလိုက်ရော



တူတော်မောင်က ၃၀ရက်နေ့မွေးနေ့ သူ့အမေဘက်ကဘွားအေက သူတို့ဆိုင်ခန်းရောင်းလိုက်ရတော့ ပိုက်ဆံ၂သိန်းလွှဲပေးရော အားကစားမှာလည်းထူးချွန်တော့ ခရိုင်အဆင့်ပါတော့ Camp ဝင်ရမယ် သူ့ဖုန်းကလည်းမကောင်းတော့ ဖုန်းလိုပါလေရော



Camp ဝင်ဖို့ ဝယ်တာနဲ့ New Year သုံးတာနဲ့ ၅သောင်းပြုတ်ပါလေရော ၁သိန်းခွဲတန်ဖုန်းလိုက်ရှာပေးတာ ကောက်ရိုးပုံကအပ်တောင် ပြန်တွေ့နိုင်သေးတယ်



အဲ့ဒါနဲ့ အိတ်ဝယ်မယ့်ပိုက်ဆံလေး ဖုန်းဖိုးစိုက်ပေးလိုက်တော့ အိတ်ဝယ်ဖို့ဇာတ်လမ်းက ရပ်တန်းရပ်သွားရရော



ဒီညဘက် FB သုံးရင် ထီတိုက်ဖို့သတိရပါလေရော သူများတွေထီပေါက်တာကို ကိုယ်ပေါက်သလို​ပျော်ပြီး ထီတိုက်ဖို့သတိရတာ ထီဆိုင်ကဖုန်းမဆက်တာကိုလည်း သတိမထားဘူး တိုက်ရမှာက ကိုယ့်တာဝန်လေဗျာ



အဲ့ဒါနဲ့ (၁)သိန်းဆုပေါက်ပါလေရော ၂စောင်ဆိုတော့ 

(၂)သိန်းရ၊မရ မသိသေးဘူး ၂သိန်းရရင် ၁သိန်းကိုစုမယ့် ကျန်တဲ့၁သိန်းထဲက သဘာဝတရားရိပ်သာဆွမ်းတန်း ၅၀၀၀ နဲ့ လမ်းထဲက ဆွမ်းလောင်းအသင်းကို ၃၀၀၀ အိမ်ကနေလှူနေကျအစား တစ်လလုံးလှူပေးမယ့်



ထီ(၁၀)စောင်တွဲထိုးမယ် ကျန်တဲ့ပိုက်ဆံကို လက်ကိုင်အိတ်စျေးသက်သာတာလေးပဲ ဝယ်တော့မယ် 



ဘုရားပေးတာဖြစ်လို့ ဒီညကနေစပြီးတော့ ဘုရားသေချာရိခိုးပါတော့ခင်ဗျာ။




Thank you, 2023! 

မေတ္တသုတ်အနှစ်ချုပ် တရားတော် #ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ