ရန်ကုန်ပင်မသွေးကြော (သို့) ဂျိုးဖြူကန်

 

https://my.m.wikipedia.org/wiki/%E1%80%



photo credit


အရင်နှစ်ခရီးသွားတုန်းက လမ်းမှာတွေ့တဲ့ လျှပ်စစ်တာဝါတိုင်တွေရဲ့ တန်ဘိုးနဲ့ကျေးဇူးကို တွေးမိပြီးတော့ 

လူရုပ်ကြီးများဆိုပြီး လျှပ်စစ်တာဝါတိုင်အကြောင်းကို လမ်းခရီးမှာပဲ အတွေးနဲ့ရေးမိပါတယ်



 ခရီးကပြန်ရောက်တော့ ဟုတ်တိပတ်တိချမရေးဖြစ်တော့ အတွေးတွေကစကားလုံးဖြစ်မလာတော့ဘူး 

ကျန်ခဲ့တဲ့တပိုင်းတစကိုလည်း မရေးချင်တော့တာနဲ့ 

တခန်းရပ်ရပြန်ရော..



၂၀ရက်နေ့ညဘက်မှာ ဂျိုးဖြူပိုက်ပေါက်တယ် 

သူများမြို့နယ်တွေတော့မသိဘူး တာမွေမှာတော့ 

၂၃ရက်နေ့နေ့လည်မှ ရေပြန်ရတယ် ရေပြန်ပေးတဲ့အချိန်ကျမှ မီးပျက်တာတော့ ထားပါတော့ဗျာ 

မရေးတော့ပါဘူး ရေမရှိတဲ့ဒုက္ခ သူတို့မကြုံဘူးသေးလို့ နေမှာပါ



တာမွေမှာက အထပ်မြင့်တိုက်တွေဆိုတော့ 

မီနီကွန်ဒိုကလွဲရင် အများစုက ဂျိုးဖြူရေကိုပဲအားထားရတာပါ တိုက်ခန်းသဘာဝအတိုင်း အုတ်ကန်ပါမယ် 

အပေါ်မှာ ဖိုက်ဘာကန်ပါတယ် ကျွန်တော်တို့လို မိသားစုများတဲ့သူကျတော့ ဖိုက်ဘာတိုင်ကီနဲ့ ရေအပိုလှောင်ထားမယ် ဒီလောက်ပဲခင်ဗျ



အိမ်မှာက ညဘက်မအိပ်ခင်ရေဖြည့်ထားတယ် 

အိပ်ချိန်ကနေ မနက်လင်းတဲ့အချိန်အထိ Air con သုံးတော့ တစ်ညလုံးသုံးထားတဲ့ရေကို Air con သုံးနေတဲ့အချိန်မှာ ရေမဖြည့်ဖြစ်တာများတယ် ဝန်အားမနိုင်မှာစိုးတော့ မီးကိုပြိုင်မသုံးဘူး မနက်ဆိုအုတ်ကန်ထဲရေကျန်တာက ၃ပုံ၂ပုံလောက်ပဲ အများဆုံးကျန်တာပါ



အဲ့ဒါနဲ့ပဲ ၂၁ရက်နေ့ရေတင်မရတော့ ပြဿနာတက်ပါလေရော မီးဆက်တိုက် ၈နာရီလောက်မပေးရင်တောင် ရေမလောက်တဲ့ပြဿနာရှိတာ နာရီ၆၀ကျော် ရေမရဘူးဆိုတော့ စဥ်းစားသာကြည့်တော့ ဘယ်လောက်ပျားတုပ်မလဲဆိုတာကို



ရေပေးဝေရေးဌာနကလူတွေကို အပြစ်တင်နေတာ

မဟုတ်ဘူးခင်ဗျ ဂျိုးဖြူကန်ပေးနိုင်တဲ့ရေပမာဏနဲ့ သုံးစွဲတဲ့လူဦးရေ ဝန်နဲ့အားနဲ့မမျှတာကို သိစေချင်တာပါ




နောက်ပိုင်းဆောက်တဲ့ အထပ်မြင့်တိုက်တွေဆိုရင် အဝီစိတွင်းပါရမယ်လို့ကြားပါတယ် Ground မှာ

တူးထားပြီး အဆင်မသင့်လို့ တိုက်ကိုမျိုသွားရင်လည်း နေမယ့်သူတွေအတွက်က အန္တရာယ်ရှိမယ်ဗျ ဒါကတော့နားလည်တက်ကျွမ်းတဲ့ ပညာရှင်တွေရဲ့ အပိုင်းကဏ္ဍပါ ကျွန်တော်နားမလည်ပါဘူး ( Ground မှာရှိတဲ့ အဝီစိတွင်းကနေမြေပြိုပြီးတော့ တိုက်အိမ်ကျွံကျသွားတာ မင်္ဂလာတောင်ညွန့်မှာ ဖြစ်ဘူးလို့ပါ )



သူများနိုင်ငံတွေမှာကတော့ သက်ဆိုင်ရာ ရပ်ကွက်တိုင်းမှာ ရေပေးဝေရေးစခန်းတွေရှိပြီး ရေလှောင်ထားပြီးမှ ပြန်လည်ဖြန့်ဝေပေးတဲ့စနစ်ခင်ဗျ အဲ့လိုစနစ်မျိုးရှိရင် 

ဒီလိုပြဿနာမျိုးဖြစ်လာရင် စခန်းငယ်လေးတွေကနေ ရေပေးဝေတာကို လျော့ပြီးတော့ပေးလိုက်ရင် ဒီလိုမျိုး မကသီလောက်ဘူးလားလို့တွေးမိတာပါ




၃ရက်အတွင်းရေပြန်ပေးနိုင်လို့ သက်ဆိုင်ရာတာဝန်ရှိသူအကုန်လုံးကို ကျေးဇူးတင်ပါတယ် နည်းပညာပိုင်းနောက်ကျကျန်နေပြီးတော့ နည်းပညာပံ့ပိုးမှုအပိုင်း အားနည်းတဲ့နိုင်ငံမှာ မြေကြီးအောက်က ပိုက်ပေါက်နေတာကို အမြန်ဆုံးနည်းနဲ့ စစ်ဆေးနိုင်တယ်ဆိုထဲက ကျွန်တော့်တို့လူမျိုးတွေလည်း လူတော်တွေပါ




လူမှာလည်းလူသက်တမ်းရှိသလို ကျန်တဲ့အရာဝတ္တူတွေမှာလည်း သူ့သက်တမ်းတွေရှိကြမှာပါ အဲ့ဒါကြောင့် ကျွန်တော်တို့ကို အထောက်အပံ့ပေးနေတဲ့ လူရုပ်ကြီးတွေနဲ့ ပင်မသွေးကြောကြီးတွေ သက်တမ်းရှည်ကြာစွာ တည်ရှိနိုင်ပါစေလို့ လှိုက်လှိုက်လဲလဲ ဆုတောင်းပေးနေပါတယ်ခင်ဗျာ။



ကျေးဇူးတင်ပါတယ်ခင်ဗျာ။






၂၀ရက်နေ့ညပိုင်းကစပြီး ဂျိုးဖြူပိုက်ပေါက်တယ် ၂၁ရက်နေ့မနက်ထိ အဲ့ဒီ Information မသိသေးဘူး အဖေကမနက်အိပ်ယာကနိုးတာနဲ့ ရေတင်ပေးထားတက်တော့ ရေမလာတာနဲ့ မနက်ပိုင်းလမ်းလျှောက်ပြန်လာမှ အဖေစနည်းနာလာတာ ဂျိုးဖြူပိုက်ပေါက်တာတဲ့



စနေနေ့မနက် အိပ်ယာနိုးတော့ အေးဆေးပေါ့ ဂျိုးဖြူပိုက်ပေါက်တာကို ၆၆လက်မပိုက်ကြီးလို့ မသိလိုက်ဘူးလေ ​နေ့ချင်းပြန်လာမယ်ထင်ပြီး အိမ်နဲ့စိတ်ဆိုးတာကို ရမည်ရှာပြီး အဝတ်တွေလျှော်ဖို့စိမ်ထားလိုက်ရော (ဒေါသထွက်ရင် အဝတ်လျှော်ရင်း တောင်တွေးမြောက်တွေးက ဝတ္တူတစ်ပုဒ်စာရတယ် ဒေါသလည်းအဆိုင်အခဲမဖြစ်တော့ပဲ ကျေပျောက်သွားတယ် အသက်လည်းမငယ်တော့ပေမယ့် ဒေါသကြီးတာက မကောင်းမှန်းသိပေမယ့် လူညံဖြစ်လို့ မထိန်းချုပ်နိုင်သေးဘူးဗျာ)



ရေလာနိုးရေလာနိုးနဲ့ တစ်ရက်ကုန်သွားတယ် ရေမချိုးလိုက်ရဘူး အမေကတော့ရှိတဲ့ရေချိုးဖို့ပြောပေမယ့်သူများလိုချွေတာပြီးမချိုးတက်တော့ ဒီအတိုင်းနေလိုက်တယ် ရေချိုးခေါင်းလျှော်ရင် အုတ်ကန်တဝက်လောက်ရေသုံးတော့ ရေနည်းရင်ကို မသုံးတက်တော့တာ ( ရေရှားတဲ့အရပ်မှာနေရရင် နေ့တိုင်းချိုးရမယ့်ရေကိုစုထားပြီး တပတ်တခါမှပေါင်းချိုးတော့မှာဆိုတော့ အညိုနုရောင်အသားလေးနဲ့ တော်တော်လေးကြည့်ကောင်းနေမှာ )



တနင်္ဂနွေနေ့ ကြောင်ချီးရုပ်ဖြစ်နေလို့ ဝယ်စရာရှိတာတောင် အိမ်အောက်လည်းမဆင်းရဲ ကိုယ့်ဒုက္ခကိုယ်သိလို့ အစားလည်းဝတလင်လင်မစားရဲ ရေသုံးစရာက အတော်နည်းနေပြီလေ ညနေ၅နာရီ ရေပြန်ပေးမယ်ကြားတော့ မျှော်တလင့်လင့်စောင့်နေရတာပေါ့



၅နာရီ၊၆နာရီ၊၇နာရီ မလာပါဘူးဗျာ လူလည်း

၂ရက်ရေမချိုးရလို့ မျက်နှာမှာရောခန္ဓာကိုယ်မှာရော အပူတွေကန် ဒေါသတွေထွက် ဘယ်သူ့ဒေါသထွက်လို့ ထွက်ရမယ်မှန်းမသိပါဘူး အပူကန်တာရယ် ရေလာမလားလို့ စောင့်နေမိတဲ့အသိနဲ့ တစ်ညလုံးမအိပ်နိုင်ဘူး



၂၃ရက်နေ့ နေ့လည်၁နာရီ မီးပြန်မပေးခင်ထဲက ကျောက်မြောင်းထဲရေရပြီကြားလို့ ပျော်သွားတာပဲ ရေရတာနဲ့ ရေဝဝချိုးမယ်လို့ အားတင်းထားတာ ရေလာနေတုန်းပဲရှိသေးတယ် နာရီဝက်တောင်မရှိသေးဘူး ကိုရွှေမီးကပျက်သွားပါလေရော



ထွက်စရာဒေါသလည်း မကျန်တော့ပါဘူး လာချင်တဲ့အချိန်မှပဲ ပြန်လာပါတော့မီးရယ်လို့ စိတ်ဒုံးဒုံးချထားလိုက်ပြီး မီးပြန်လာရင်ရေတင်မယ် ရေတဝကြီးချိုးမယ် ဖွဟဲ့မတော်တဆ ဂျိုးဖြူပိုက်ကြီးထပ်ပေါက်သွားမှ ရေမချိုးမိုးမချိုးရဘဲ အရှင်လတ်လတ်အနံထွက်နေတဲ့လူ ဖြစ်နေမှာခင်ဗျ။



၃နာရီခွဲကျော်မှာ မီးပြန်ပေးလို့ ကျေးဇူးပါခင်ဗျ။


No comments: