Destined


 

Destined.

လှလိုက်တဲ့ စကားလုံးလေးဗျာ..



သစ္စာမရှိဘူး Yes အခုအချိန်မှာ အဲ့လိုပြောလာခဲ့ရင်တောင် ကျွန်တော်တစ်ယောက် ပြုံးပြုံးလေးနဲ့ ကျေနပ်နေမိမှာပါ



ဒီရက်ပိုင်းမှာ စိတ်တွေလေနေပြီးတော့ ခင်ဗျားကို တကယ်ကိုတွေ့ချင်နေမိပါတယ် ခင်ဗျားအသံ ခဏလေးဖြစ်ဖြစ် ကြားခွင့်ရချင်တယ်



ဆုတောင်းမပြည့်ပါဘူးဗျာ အာရုံမနောက်နဲ့ ဆိုတဲ့ ကျွန်တော်မနှစ်သက်တဲ့ စကားလုံးကိုပဲ ရင်နာနာနဲ့ လက်ခံပေးခဲ့ရပါတယ်



လူကညစ်နေပေမယ့် ဝမ်းရေးက ဒီကာလကြီးမှာ ညစ်လို့မရတဲ့လူတန်းစားဆိုတော့ အလုပ်ကို ကြိုးစားပန်းစားသွားနေရပါတယ်



တပတ်လုံး Internal meeting တွေတက်လိုက်ရ ခဏအချိန်ရတာနဲ့ transfer လုပ်ပေးရမယ့် အရင်အလုပ် process တွေကို ပြေးလုပ်ပေးရ  meeting ဆိုတာနဲ့ တပတ်လုံး လုံးထွေးနေရတာပါ



အမှတ်တရ မနေ့က နေလည်၁နာရီကျော် application training ရှိတာနဲ့ အပြေးအလွားနေလည်စာစားပြီး training တက်တော့ တကယ်အံသြသွားတယ်



ကျွန်တော်ဆိုတဲ့ လူတစ်ယောက်အတွက် အဲ့လောက်တောင် တိုက်ဆိုင်မှုတွေက တူနေရတာလားဗျာ ခင်ဗျားနဲ့အဲ့လောက် တထပ်တည်းကျတဲ့သူကို တွေ့လိုက်ရတာ ကျွန်တော့်ခမျာ ကယောက်ကယက်တွေ ဖြစ်ရပါလေရော



စကားပြောတဲ့အမူအရာ အသံကအစ တထပ်တည်းဗျာ အရပ်အမောင်းကလည်း မတိမ်းမယိမ်းပဲ သူကဆံပင်ကောင်းတယ် အသားပိုလတ်တယ် ( မိုးထဲလေထဲ နေဒဏ်လေဒဏ်ရေဒဏ်ကြားထဲမှာ နေနေရပြီး သေနတ်ကိုင်ရတဲ့သူမှ မဟုတ်တာဗျာ ) နည်းနည်းကိုယ်ရေစစ်တာကလွဲရင် ခင်ဗျားပါပဲ


အိန္ဒြေမပျက်အောင် ဂရုစိုက်နေပေမယ့် ကျွန်တော်ခဏတော့ ခိုးကြည့်မိပါတယ်


၂၀၁၈ခုနှစ် Company Website အတွက် တာဝန်ယူပေးရတော့ အဲ့ဒီ Brother နဲ့ အစောကြီးထဲက လုပ်ငန်းပိုင်းဆက်သွယ်မှုရှိတယ် သူ manage လုပ်ပေးတဲ့အတိုင်း Website ကို handel လုပ်ခဲ့ရဘူးတယ်



ကျွန်တော့်ထက်အသက်ကြီးလား အသက်ငယ်လားလည်းမသိ အိမ်ထောင်ရှိ၊မရှိလည်းမသိ သူနဲ့ပတ်သက်တာ နာမည်တစ်လုံးပဲ သိထားတာပါ



အဲ့ဒီကာလတုန်းကလည်း ဖုန်းပြောဘူးတယ် လုပ်ငန်းကိစ္စအတွက် သူဌေးနဲ့တွေ့ဖို့ ရုံးကိုလည်း တစ်ခါတရံ လာတက်ပေမယ့် ကျွန်တော်နဲ့မျက်နှာချင်းဆိုင် တစ်ခါမျှမဆုံခဲ့ဘူးပါဘူး



ဒီနေ့မနက်ပိုင်းလည်း သတိထားနေရဲ့ကြားက ခိုးကြည့်မိပြန်တယ် ကျွန်တော်သာယာနေတဲ့ အခိုက်အတန့်လေးကို ဖျက်စီးတဲ့ကောင်လည်း ရှိတယ်ဗျ



ခင်ဗျားမှ မဟုတ်တာဆိုပြီး Alert ပေးနဲ့ အကောင်လေဗျာ


ကျွန်တော်လည်း သိတာပေါ့ဗျ ဒါပေမယ့် မမြင်ရမတွေ့ရတဲ့သူအစား ကြည့်မိတာတော့ ကျွန်တော်မလွန်ပါဘူးဗျာ 


ကလေးဆန်ဆန်ပြောရရင်တော့ ခင်ဗျားနဲ့ကျွန်တော် ရှေ့ဆက်ဖို့ဆိုတဲ့ အကြောင်းကလည်း 100% မဖြစ်နိုင်တော့ဘူးဆိုတာ ကျွန်တော်လက်ခံထားပါတယ်



သူပြန်လာမယ်လို့ နင်ထင်နေတာလား ဆိုတဲ့ စာသားကို repeat လုပ်ပြီးဆိုရင်တောင်မှ စိတ်မောလူမောဖြစ်ရမှာပဲ အဖတ်တင်ပါတယ်



ထားပါတော့ဗျာ အလွမ်းပတ်ပျိုးကို ထပ်မတီးတာပဲ ကောင်းပါတယ်ဗျ



In case အကြောင်းတစ်စုံတစ်ရာကြောင့် အဲ့ဒီ brother နဲ့ ရင်းနှီးခဲ့ရရင် March 22nd born လားဆိုတဲ့ မေးခွန်းကို ကျွန်တော် အားမနာတမ်းမေးမယ်လို့ ပြင်ဆင်ထားပါတယ်ခင်ဗျ



ဘဝမှာ March 22nd မွေးခဲ့တဲ့ လူနှစ်ယောက်အတွက် ၃၆၀° လည်ပတ်ခဲ့ပြီးလို့ အကြိမ်ကြိမ်ပြိုလဲခဲ့ရပြီးပါပြီ ကျွန်တော့်အတွက် နောက်ထပ်တစ်ယောက်ကို ထပ်ပြီးတော့ ၃၆၀° လည်ပတ်ဖို့အတွက် ကျွန်တော်ဘယ်နည်းနဲ့မျှ ခွင့်ပြုပေးမှာ မဟုတ်ပါဘူးဗျာ။






No comments: