အချစ်ဦး


 


၉တန်း ၁၀တန်းမှာ ကျောင်းပြောင်းတာနဲ့ အိမ်ပြောင်းတာနဲ့ မိသားစုမှာလည်း ပူပင်သောကလေးတွေရှိတာနဲ့ အချစ်ဆိုကို သတိမရနိုင်တော့ဘူးခင်ဗျ..



၁၀တန်းဖြေပြီးတော့ အောင်စာရင်းမထွက်ခင် ဦးလေးအငယ်ဆုံးကျေးဇူးနဲ့ ရဲရိပ်သာစူပါဝမ်းမှာ အရောင်းစာရေးအလုပ်ရတယ် ဝန်ထမ်းအများစုက အဆောင်နေကျတာ မော်လမြိုင်ဘက်က မွန်လူမျိုးတွေများတယ်



အဲ့ဒီအထဲမှာ SKB စော်ကြည်ဘဲက ရှမ်းလေး ကျွန်တော်လည်း ဘာအသားနဲ့ထုထားတာမို့လို့လည်း ကြိတ်ခိုက်တာပေါ့ ဒါပေမယ့် ၇နာရီဆိုင်ပိတ်ပြီး Customer မရှိတော့တဲ့အချိန် Ferry စောင့်ရင်း ဟိုကစကားလာပြောရင် ရှက်ပြီးတော့ အင်္ဂတေကိုင်ထားတဲ့ မျက်နှာပေးနဲ့နေမိတာ ငယ်ငယ်ကအဲ့ဒီလို စျေးဗန်းတွေခင်းမိခဲ့တာဗျ


သူကကိုယ့်ထက်ပိုပြီး ချေမိုးတဲ့သူဆိုတော့ ၂ခါ၃ခါလည်းကျရော အလုပ်ကိစ္စကလွဲရင် စကားကိုမပြောတော့ဘူး ပြတ်ကရော


နောက်တစ်ယောက်က မွန်လေး သူ့နာမည်တော့ မှတ်မိနေတုန်းဗျ ရေချမ်းတဲ့ စနေရေချမ်းစင်အသင်းလို့ နာမည်ပြောင်ပေးထားမိလို့ မှတ်မိနေတာပါ နာမည်လိုပဲ လူကအေးသလားမမေးနဲ့ 


ကျွန်တော့်ကိုစိတ်ဝင်စားတာတောင် လူချင်းဆုံရင် ပြုံးပြတာကလွဲရင် စကားတောင်မပြောရဲဘူး သူတောင်စကားမပြောရဲတာ ကျွန်တော်ကရော ပြောရဲပါ့မလားဗျ


သူ့အစ်မတွေက စီနီယာတွေဆိုတော့ ယောင်းမလေး၊ယောင်းမလေးနဲ့ အရောက်ပို့ပါလေရော ရေချမ်းကိုတော့စိတ်ဝင်စားပါတယ် တည်တည်ကြည်ကြည် လူအေးလေးလေ သူအစ်မတွေကိုကြောက်တာနဲ့ ဒင်းကလည်းရေခဲတုံး မြေးလေးဖြစ်နေတာနဲ့ အဲ့ဒီမှာနိတ္ထိတန်ပါလေရော 



နောက်တစ်ရောက်ရှိတယ် အညာသား နာမည်တော့ 

မမှတ်မိတော့ဘူး တောသားရဲဆွဲထုတ်ဆိုတာ အဲ့ဒီလိုလူမျိုးနေမှာ အဝယ်တော်အဖွဲ့ကလူဆိုတော့ မနက်ပိုင်း Ground မှာဆင်းပြီးတော့ ညနေပိုင်းလောက်မှ ဆိုင်ရောက်တယ် လူသွက်ဆိုတော့ Department အကုန်လုံးနဲ့က Peace 



ဆိုင်ပြန်ရောက်ပြီဆိုတာနဲ့ ခင်မောင်တိုးရဲ့ ဝိုင်းသီချင်းပဲဖြစ်ဖြစ် စည်သူလွင်ရဲ့ ဝိုင်းဝိုင်းလည်သီချင်းဖြစ်ဖြစ် Computer အခန်းကိုဖွင့်ခိုင်းပြီး Counter အနားမှာ 

တဝိုင်းထဲ ဝိုင်းတော့တာပဲ ကျွန်တော်ကအငြိမ် သူကမတရားလှုပ်တဲ့သူဆိုတော့ ဘယ်လိုမှအဆင်မပြေဘူးဗျ



အဲ့ဒီတစ်ယောက်ကိုတော့ တကယ်ကိုကြည့်မရလို့ 

မသိကျိုးကျွန်ပြုထားလိုက်တယ် နောက်ထပ်အသစ်ဝင်တဲ့ ညီမလေးတွေ ရောက်လာပြီး ရည်းစားရသွားတော့မှ ကျွန်တော့်ခမျာ သူ့စက်ကွင်းကနေ ပျော်ပျော်ကြီးလွတ်ရပါတယ်



အဲ့ဒီမှာပဲ ၁၀တန်းအောင်စာရင်းထွက်တာနဲ့ တက္ကသိုလ်တက်ဖို့စောင်းရင်းနဲ့ ရန်ကင်းစင်တာစဖွင့်တာနဲ့ MK ကို ပြောင်းလာဖြစ်တယ်



MK က ဇာတ်လမ်းကိုတော့ နောင်တစ်ခေါက်မှပဲ ရေးတော့မယ်ဗျာ အခု post တောင်မှ တော်တော်ပြန်စဥ်းစားရတယ် ရေချမ်းနာမည်ကို သတိရနေသေးတာတော့ ကိုယ့်ဘာသာ သဘောတွေကျနေမိတယ်ခင်ဗျ။


No comments: