Fake


 

ဘယ်လောက်ပဲအလုပ်များပါစေ

နင်ကလွဲပြီး တခြားမိန်းမတွေအတွက်

သူ အချိန်ပေးနိုင်တယ်ဆိုတာ

နင်သိထားပါ။



စောက်ရမ်းတွေ အိုဗာတင်းပြမနေနဲ့ 

နင့်ကို _ိုး းဖို့လောက်ပဲ

စိတ်ဝင်စားတယ်ဆိုတာ

နင်သိထားပါ။





မိန်းမဟုခေါ်သည်


၂၄နာရီလည်းပြည့်ရော ကိုကို အစစအရာရာ 

ဂရုစိုက်ပါနော် ဖြစ်သွားရော


အလုပ်များလို့ ဖုတ်လေတဲ့ငါးပိမရှိတာတောင်

ကျွန်တော့်မှာတော့ သဘောကျမိလိုက်တာ မတအား



သူ့အပေါ်ဖြစ်တည်နေတဲ့ တွယ်တာမိတဲ့ သံယောဇဥ်

ရေစက်က မီးလာမှတင်လို့ရတဲ့ ရေမော်တာမဟုတ်ပဲ

သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ရေတံခွန်ကြီ

ဖြစ်နေတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်ဗျာ။



#ချစ်တာကို


🥰




တစ်စုံတစ်ယောက်က

ကိုယ့်အပေါ် ကြင်ကြင်နာနာမရှိရင်

ချစ်တယ်ဆိုတာ အပေါ်ယံစကားလုံးတွေပါပဲ။

အချိန်မပေးနိုင်တာကို နားလည်ပေးလို့ရပေမယ့်

တမင်သက်သက် ရှောင်ဖယ်ထားတာကိုတော့ 

လက်ခံပေးလို့မရနိုင်ဘူး။



find someone who make you feels like home. 

မနွေးထွေးပေးနိုင်ရင်တောင်

မရက်စက်လိုက်မယ့် သူကိုပဲရွေးချယ်ပါ။

နာကျင်စရာတွေများတဲ့ဘဝမှာ

ကြင်နာမှုပေးမယ့်သူကိုပဲ ရွေးချယ်ပါ။


OAK






Don't be desired.



 


ခင်ဗျား ဘယ်အရာကိုမဆို အများကြီး မျှော်လင့်နေမယ်ဆိုရင် အဲ့ဒီအရာက ဖြစ်မလာနိုင်တဲ့အခါမှာ ရုတ်တရက် ပြိုလဲသွားနိုင်ပါတယ် 



ခင်ဗျားသာ မျှော်လင့်ချက် အနည်းငယ်သာ ထားခဲ့မယ်ဆိုရင် အဲ့ဒီလဲပြိုမှုက အနည်းငယ်ယိုင်နဲ့သွားယုံနဲ့တင် အဆုံးသတ်သွားမှာပါ



အခုစာရေးနေတဲ့အချိန်ကစပြီးတော့ ကျွန်တော်စိတ်ကို မယိုင်လဲဖို့အတွက် နောက်ဆုံးအနေနဲ့ ကြိုးစားသွားပါတော့မယ် 



၁၅နှစ်ကျော်သံယောဇဥ်တောင်မှ သတိမမူနိုင်တဲ့ လူတစ်ယောက်က ၂နှစ်တာ သံယောဇဥ်ကို အလေးထားမယ်လို့ စိတ်ကြီးဝင်လိုက်မိတာ ကျွန်တော်မှားသွားတာပါ




မေတ္တာမှန်ရင် အသွားအပြန်ရှိပါတယ် အသက်၄၀ကျော် ဖြတ်သန်းလာတဲ့အချိန်မှာ အဲ့ဒီအသွားအပြန်က ကျွန်တော့်အတွက်မဟုတ်ဘူးဆိုတာ ကောင်းကောင်းကြီး နားလည်သဘောပေါက်ခဲ့ရတာပါ




ပထမအရွယ်ကျော်လွန်လို့ ဒုတိယအရွယ်ကုန်ဆုံးတော့မယ် အခုအထိ လောကီ၊လောကုတ္တရာအတွက် ဘာတစ်ခုမှမသိမ်းဆည်းနိုင်သေးဘူးဗျာ




သံသရာအတွက် ကောင်းတာတွေမသိမ်းဆည်းခဲ့မိဘဲ မကောင်းတဲ့ကံတွေကိုတော့ သိမ်းဆည်းနေမိတာ ယနေ့ထက်တိုင်ပါပဲ




ဘဝမှာ နှစ်တော်တော်များများ ပျော်သလိုနေခဲ့ပြီးပါပြီ အခုတော့ နေသင့်သလိုပဲ နေပါတော့မယ်။













အိုဗာတင်း


 


မနေ့က ကျွန်တော်ပထမဆုံး မေတ္တာသက်ဝင်မိသွားတဲ့ Account က မွေးနေ့ကို အိုဗာတွေတင်းမိပြီး Wish လုပ်မိသွားတယ် အရင်နှစ်ကလည်း အိုဗာတင်းမိပါတယ်..



Emotions အတိုင်း အထိန်းအကွပ်မထားဘဲ နေတက်တဲ့သူဆိုတော့ ကျွန်တော်ခံစားချက်အတိုင်းပဲ နေခဲ့တာပါ တချို့လူတွေက အပေါ်ယံမျက်နှာဖုံးတွေကိုပဲ နှစ်သက်တာနေမှာပါ



ပြောရရင်တော့ စိတ်ထဲမကောင်းဘူးပေါ့ဗျာ အလုပ်များနေတာကိုသိပေမယ့် သူစိမ်းဆန်နေတယ်ဆိုတာကိုတော့ ကျွန်တော်ခံစားမိပါတယ်



Stress တွေများနေတဲ့သူကို ထပ်ပြီးတော့လည်း မနှိပ်စက်ရက်ပါဘူးဗျာ သူအဆင်ပြေပါစေလို့ပဲ ဆုတောင်းနေရမှာပါ အစစအရာရာဂရုစိုက်ပါဆိုတဲ့ စကားကိုနေ့တိုင်းမှာနေမိတော့လည်း အနှောက်အယှက်ဖြစ်နိုင်တာကိုလည်း တွေးမိပါတယ်



စိုးရိမ်တက်တာ စိတ်ပူတက်တာ မှန်ပေမယ့်လည်း တစ်ဖက်သားအခြေအနေကို ကျွန်တော်မှမသိရတာ ထားပါတော့ဗျာ အကုန်လုံးအဆင်ပြေမှာပါလို့ ကျွန်တော့်ဘာသာ နှစ်သိမ့်ထားလိုက်ပါတယ်



နောက်နောင်ဘဝများ လူပြန်ဖြစ်ခဲ့မယ်ဆိုရင် တဖက်သားကိုနားလည်ပေးနိုင်တဲ့သူ တဖက်သားကလည်းကိုယ့်အပေါ် စာနာပေးခံရတဲ့သူပဲ ဖြစ်ချင်ပါတော့တယ်ဗျာ



Destined က ကျွန်တော်သဘောကျလို့တင်တာပါ စိတ်ထဲမှာ ဝမ်းနည်းနေပေမယ့် ဘယ်သူမှလို့မရည်ရွယ်ထားတဲ့ တစ်ဦးတစ်ယောက်ရဲ့ စာနာနားလည်မှုကို လိုချင်နေလို့ပါဗျာ 



ထပ်မသုံးတော့ပါဘူးလို့ ဆုံးဖြတ်ထားတဲ့ Guardian လို လူမျိုးပေါ့ဗျာ။



641 Days


 

တိတိကျကျပြောရရင် ဒီနေ့မှာ ၆၄၁ရက်ရှိပါပြီ ကျွန်တော်ချစ်ခဲ့ရတဲ့ နေ့စွဲတွေပေါ့ဗျာ..



ခင်ဗျားကိုတွေ့ခွင့်ရတဲ့အချိန်ပြီးရင် အခုဖေဖေါ်ဝါရီလက အပျော်ဆုံးအချိန်တွေပါပဲ တစ်နှစ်လုံးနေလို့မှ  စကားပြောခွင့်ရတဲ့ရက်က ရက်ပေါင်း၂၀တောင်မရှိခဲ့ပါဘူး



၄ရက်နေ့ကစပြီးတော့ ၁၂ရက်နေ့အထိ အလုပ်များနေတဲ့ကြားက နေ့တိုင်းနီးပါး စကားပြောခွင့်ရခဲ့တော့ ကျွန်တော်ကိုယ်ကျွန်တော် ချည်မိတဲ့ကြိုးတွေကို ပိုပြီးခိုင်မြဲလာပါပြီ



အဲ့ဒါတွေ ခင်ဗျားမသိဘူးမဟုတ်လား သိအောင်ဖွင့်ပြောဖို့ကလည်း တဖက်သားကိုချည်နှောင်ဖို့ကို ကျွန်တော်မစွမ်းနိုင်ပါဘူး



ဒီနေ့အချိန်အထိ ယောင်္ကျားတစ်ယောက်ကို မေတ္တာ သံယောဇဥ် ယုတ်အစွဆုံး တဏှာရာဂနဲ့တောင် မချည်နှောင်တက်တာ ကျွန်တော်ညံတယ်ဆိုပါတော့



ကျွန်တော်မှ ယနေ့အချိန်အထိ မိန်းမမပီသတဲ့ မိန်းမတစ်ယောက်ဖြစ်နေခဲ့တာလေ



လွမ်းတယ် ၄ရက်လောက် စကားမပြောရတာကို အကြာကြီးထင်နေမိတာ လွန်လွန်းပါတယ် ရက်ပေါင်း၄၀ကျော် စကားမပြောခဲ့ရတဲ့ အချိန်တွေတောင် ရှိခဲ့တာပဲ ၄ရက်ကိုကျွန်တော်ရူးချင်နေတာကတော့ များတယ်ဗျာ



တစ်လနေလို့ တစ်ကြိမ်မျှ ဖုန်းခေါ်ခွင့်မရှိတဲ့ ဘဝ

online မှာ မရှိလို့ စိုးရိမ်မိတာတောင် စာပို့ခွင့်မရှိတဲ့ ဘဝ

လွမ်းနေရင်တောင် ၆လနေလို့ တစ်ခါတောင် လူချင်းတွေ့ခွင့်မရှိတဲ့ ဘဝ



အဲ့လိုမျိုးနေနေရတာတောင် ကျွန်တော်ခင်ဗျားအပေါ် ညိတွယ်တဲ့ကြိုးတွေက မလျော့ဘဲ ပိုပြီးခိုင်မာလာတာကို ခင်ဗျားမသိခဲ့ပါဘူး



အစွဲအလန်းကြီးတာ ကျွန်တော့်အတွက် မကောင်းမှန်းသိနေရဲ့သားနဲ့ ခင်ဗျားအပေါ် အရင်ထက်ပိုပြီး တပ်မက်တွယ်တာနေမိတော့လည်း ဒီအတိုင်းပဲထားလိုက်ပါတော့တယ် 



မေတ္တာဆိုတာ ရောင်ပြန်ဟက်တယ် အသွားအပြန်ရှိတယ် ကြီးကြီးကျယ်ကျယ်စကားတွေလည်း မပြောရဲပါဘူးဗျာ ကျွန်တော်ခင်ဗျားကို ဖက်တွယ်မိနေသမျှတော့ ချစ်နေအုန်းမှာပါ။




#18.05.2021






ကိုယ်ချင်းစာတရား?


 

ကျွန်တော့်မှာ မွေးရာပါ ကိုယ်ချင်းစာတရားလေး 

ရှိခဲ့ဘူးပါတယ်...



ဒါပေမယ့်လည်း တဏှာရာဂက ဖုံးလွှမ်းသွားတော့ 

အဲ့ဒီစိတ်ကလေးက ပျောက်ကွယ်သွားရော ဒီညနေမှ 

အဲ့ဒီစိတ်ကလေး လှစ်ကနဲပေါ်လာတော့မှ



ငါ တော်တော်ကြီးကို မှားနေပြီဆိုတာ စိတ်မကောင်ကြီးစွာနဲ့ သိလိုက်မိတာပါ အဲ့ဒီစိတ်ကိုလည်း အရှိတိုင်း

ဖြစ်ဖို့ အချိန်ယူပြီး လက်ခံပေးရအုန်းမှာပါ



တစ်ခါတလေကျရင် လူတွေရဲ့ရှင်သန်နေထိုင်ပုံတွေကို ကျွန်တော် နားလည်လက်ခံဖို့ တော်တော်ကိုခက်ခဲလွန်းလှပါတယ်



ကျွန်တော်က လူမပီသခဲ့တာနေမှာပါ အဲ့ဒီလိုပြောလို့ 

နင်ကရော ဘယ်လောက်ရိုးသားနေလို့လဲ မေးရင် 

ကျွန်တော်ဝန်ခံဖို့အသင့်ပါပဲ ကျွန်တော်မှမဖြူစင်ခဲ့တာ



ဒါပေမယ့် လူတွေရဲ့အရောင်စွန်းထင်းနေတာကိုလည်း ကျွန်တော်လက်မခံနိုင်ဘူးလေ ဘာလုပ်ရမလဲဗျာ ကျွန်တော် စိတ်တွေရှုပ်ထွေးနေပါပြီ



အမှန်က ဒီညစကားခဏပြောပြီး စိတ်ထဲမှာ နောက်ကျိသွားလို့ ငါတောင်ဒီလိုမျိုးခံစားရတာ ကာယကံရှင်ဆိုရင် ဘယ်လိုဖြစ်နေမလဲ ဆိုတဲ့အတွေးနဲ့ sympathy ကို ဦးတည်ရာမရှိ ရေးမိတာပါ



အရင်ကတော့ စာတွေချရေးမိလိုက်ရင် စိတ်ကလေးတည်ငြိမ်သွားပေမယ့် အခုတော့ စိတ်တွေမွန်းကြပ်နေတုန်းပါပဲ



ကိလေသာ အကောင်ကြီးစီက တရားစကားလေးထွက်မိပါတယ် အကြောင်းရှိလို့ အကျိုးဖြစ်လာတာကို အခုမှ ငါမှားပါပြီလို့ ငိုချင်းချနေလို့လဲ ထူးလာမှာမဟုတ်ပါဘူး



ပြင်လို့ရတဲ့အချိန်မှာ ပြင်နိုင်ရင်တော့ သံသရာအတွက် အကောင်းဆုံးပါပဲဗျာ။











ရင်ဘက်တခြမ်း




၃၆၅ရက်ကျော်လွန်ပြီး

ရက်ပေါင်း၇၃၀ရောက်တော့မယ်


ခင်ဗျားအပေါ်ဖြစ်ပေါ်နေတဲ့
ကျွန်တော်ရဲ့အချစ်အလွမ်း
တပ်မက်မိတဲ့ချစ်ခြင်းတွေက
သေးသေးလေးတောင်
မလျော့သွားပါလားဗျာ


အနေဝေးလည်းသွေးမအေးသွားပဲ
ရန်ကုန်မြို့ရဲ့နွေအပူရှိန်လို့
ပူနွေးပြင်းပျနေမိတော့
ကျွန်တော်ဘာတက်နိုင်မှာလဲ



လူတွေကနောက်ဆုံးအကြိမ်မှာ
သူတို့မလုပ်ခဲ့မိတာတွေအတွက်
နောင်တရမိတယ်တဲ့


မှားမှန်းသိနေပေမယ့်
အဲ့လိုနောင်တမျိုးမလိုချင်လို့
ခင်ဗျားကိုဖက်တွယ်နေအုန်းမှာပဲ။



လွမ်းတယ် ကိုကို..