641 Days


 

တိတိကျကျပြောရရင် ဒီနေ့မှာ ၆၄၁ရက်ရှိပါပြီ ကျွန်တော်ချစ်ခဲ့ရတဲ့ နေ့စွဲတွေပေါ့ဗျာ..



ခင်ဗျားကိုတွေ့ခွင့်ရတဲ့အချိန်ပြီးရင် အခုဖေဖေါ်ဝါရီလက အပျော်ဆုံးအချိန်တွေပါပဲ တစ်နှစ်လုံးနေလို့မှ  စကားပြောခွင့်ရတဲ့ရက်က ရက်ပေါင်း၂၀တောင်မရှိခဲ့ပါဘူး



၄ရက်နေ့ကစပြီးတော့ ၁၂ရက်နေ့အထိ အလုပ်များနေတဲ့ကြားက နေ့တိုင်းနီးပါး စကားပြောခွင့်ရခဲ့တော့ ကျွန်တော်ကိုယ်ကျွန်တော် ချည်မိတဲ့ကြိုးတွေကို ပိုပြီးခိုင်မြဲလာပါပြီ



အဲ့ဒါတွေ ခင်ဗျားမသိဘူးမဟုတ်လား သိအောင်ဖွင့်ပြောဖို့ကလည်း တဖက်သားကိုချည်နှောင်ဖို့ကို ကျွန်တော်မစွမ်းနိုင်ပါဘူး



ဒီနေ့အချိန်အထိ ယောင်္ကျားတစ်ယောက်ကို မေတ္တာ သံယောဇဥ် ယုတ်အစွဆုံး တဏှာရာဂနဲ့တောင် မချည်နှောင်တက်တာ ကျွန်တော်ညံတယ်ဆိုပါတော့



ကျွန်တော်မှ ယနေ့အချိန်အထိ မိန်းမမပီသတဲ့ မိန်းမတစ်ယောက်ဖြစ်နေခဲ့တာလေ



လွမ်းတယ် ၄ရက်လောက် စကားမပြောရတာကို အကြာကြီးထင်နေမိတာ လွန်လွန်းပါတယ် ရက်ပေါင်း၄၀ကျော် စကားမပြောခဲ့ရတဲ့ အချိန်တွေတောင် ရှိခဲ့တာပဲ ၄ရက်ကိုကျွန်တော်ရူးချင်နေတာကတော့ များတယ်ဗျာ



တစ်လနေလို့ တစ်ကြိမ်မျှ ဖုန်းခေါ်ခွင့်မရှိတဲ့ ဘဝ

online မှာ မရှိလို့ စိုးရိမ်မိတာတောင် စာပို့ခွင့်မရှိတဲ့ ဘဝ

လွမ်းနေရင်တောင် ၆လနေလို့ တစ်ခါတောင် လူချင်းတွေ့ခွင့်မရှိတဲ့ ဘဝ



အဲ့လိုမျိုးနေနေရတာတောင် ကျွန်တော်ခင်ဗျားအပေါ် ညိတွယ်တဲ့ကြိုးတွေက မလျော့ဘဲ ပိုပြီးခိုင်မာလာတာကို ခင်ဗျားမသိခဲ့ပါဘူး



အစွဲအလန်းကြီးတာ ကျွန်တော့်အတွက် မကောင်းမှန်းသိနေရဲ့သားနဲ့ ခင်ဗျားအပေါ် အရင်ထက်ပိုပြီး တပ်မက်တွယ်တာနေမိတော့လည်း ဒီအတိုင်းပဲထားလိုက်ပါတော့တယ် 



မေတ္တာဆိုတာ ရောင်ပြန်ဟက်တယ် အသွားအပြန်ရှိတယ် ကြီးကြီးကျယ်ကျယ်စကားတွေလည်း မပြောရဲပါဘူးဗျာ ကျွန်တော်ခင်ဗျားကို ဖက်တွယ်မိနေသမျှတော့ ချစ်နေအုန်းမှာပါ။




#18.05.2021






No comments: