Don't be desired.



 


ခင်ဗျား ဘယ်အရာကိုမဆို အများကြီး မျှော်လင့်နေမယ်ဆိုရင် အဲ့ဒီအရာက ဖြစ်မလာနိုင်တဲ့အခါမှာ ရုတ်တရက် ပြိုလဲသွားနိုင်ပါတယ် 



ခင်ဗျားသာ မျှော်လင့်ချက် အနည်းငယ်သာ ထားခဲ့မယ်ဆိုရင် အဲ့ဒီလဲပြိုမှုက အနည်းငယ်ယိုင်နဲ့သွားယုံနဲ့တင် အဆုံးသတ်သွားမှာပါ



အခုစာရေးနေတဲ့အချိန်ကစပြီးတော့ ကျွန်တော်စိတ်ကို မယိုင်လဲဖို့အတွက် နောက်ဆုံးအနေနဲ့ ကြိုးစားသွားပါတော့မယ် 



၁၅နှစ်ကျော်သံယောဇဥ်တောင်မှ သတိမမူနိုင်တဲ့ လူတစ်ယောက်က ၂နှစ်တာ သံယောဇဥ်ကို အလေးထားမယ်လို့ စိတ်ကြီးဝင်လိုက်မိတာ ကျွန်တော်မှားသွားတာပါ




မေတ္တာမှန်ရင် အသွားအပြန်ရှိပါတယ် အသက်၄၀ကျော် ဖြတ်သန်းလာတဲ့အချိန်မှာ အဲ့ဒီအသွားအပြန်က ကျွန်တော့်အတွက်မဟုတ်ဘူးဆိုတာ ကောင်းကောင်းကြီး နားလည်သဘောပေါက်ခဲ့ရတာပါ




ပထမအရွယ်ကျော်လွန်လို့ ဒုတိယအရွယ်ကုန်ဆုံးတော့မယ် အခုအထိ လောကီ၊လောကုတ္တရာအတွက် ဘာတစ်ခုမှမသိမ်းဆည်းနိုင်သေးဘူးဗျာ




သံသရာအတွက် ကောင်းတာတွေမသိမ်းဆည်းခဲ့မိဘဲ မကောင်းတဲ့ကံတွေကိုတော့ သိမ်းဆည်းနေမိတာ ယနေ့ထက်တိုင်ပါပဲ




ဘဝမှာ နှစ်တော်တော်များများ ပျော်သလိုနေခဲ့ပြီးပါပြီ အခုတော့ နေသင့်သလိုပဲ နေပါတော့မယ်။













No comments: