အိုဗာတင်း


 


မနေ့က ကျွန်တော်ပထမဆုံး မေတ္တာသက်ဝင်မိသွားတဲ့ Account က မွေးနေ့ကို အိုဗာတွေတင်းမိပြီး Wish လုပ်မိသွားတယ် အရင်နှစ်ကလည်း အိုဗာတင်းမိပါတယ်..



Emotions အတိုင်း အထိန်းအကွပ်မထားဘဲ နေတက်တဲ့သူဆိုတော့ ကျွန်တော်ခံစားချက်အတိုင်းပဲ နေခဲ့တာပါ တချို့လူတွေက အပေါ်ယံမျက်နှာဖုံးတွေကိုပဲ နှစ်သက်တာနေမှာပါ



ပြောရရင်တော့ စိတ်ထဲမကောင်းဘူးပေါ့ဗျာ အလုပ်များနေတာကိုသိပေမယ့် သူစိမ်းဆန်နေတယ်ဆိုတာကိုတော့ ကျွန်တော်ခံစားမိပါတယ်



Stress တွေများနေတဲ့သူကို ထပ်ပြီးတော့လည်း မနှိပ်စက်ရက်ပါဘူးဗျာ သူအဆင်ပြေပါစေလို့ပဲ ဆုတောင်းနေရမှာပါ အစစအရာရာဂရုစိုက်ပါဆိုတဲ့ စကားကိုနေ့တိုင်းမှာနေမိတော့လည်း အနှောက်အယှက်ဖြစ်နိုင်တာကိုလည်း တွေးမိပါတယ်



စိုးရိမ်တက်တာ စိတ်ပူတက်တာ မှန်ပေမယ့်လည်း တစ်ဖက်သားအခြေအနေကို ကျွန်တော်မှမသိရတာ ထားပါတော့ဗျာ အကုန်လုံးအဆင်ပြေမှာပါလို့ ကျွန်တော့်ဘာသာ နှစ်သိမ့်ထားလိုက်ပါတယ်



နောက်နောင်ဘဝများ လူပြန်ဖြစ်ခဲ့မယ်ဆိုရင် တဖက်သားကိုနားလည်ပေးနိုင်တဲ့သူ တဖက်သားကလည်းကိုယ့်အပေါ် စာနာပေးခံရတဲ့သူပဲ ဖြစ်ချင်ပါတော့တယ်ဗျာ



Destined က ကျွန်တော်သဘောကျလို့တင်တာပါ စိတ်ထဲမှာ ဝမ်းနည်းနေပေမယ့် ဘယ်သူမှလို့မရည်ရွယ်ထားတဲ့ တစ်ဦးတစ်ယောက်ရဲ့ စာနာနားလည်မှုကို လိုချင်နေလို့ပါဗျာ 



ထပ်မသုံးတော့ပါဘူးလို့ ဆုံးဖြတ်ထားတဲ့ Guardian လို လူမျိုးပေါ့ဗျာ။



No comments: