ရင်ဘက်တခြမ်း




၃၆၅ရက်ကျော်လွန်ပြီး

ရက်ပေါင်း၇၃၀ရောက်တော့မယ်


ခင်ဗျားအပေါ်ဖြစ်ပေါ်နေတဲ့
ကျွန်တော်ရဲ့အချစ်အလွမ်း
တပ်မက်မိတဲ့ချစ်ခြင်းတွေက
သေးသေးလေးတောင်
မလျော့သွားပါလားဗျာ


အနေဝေးလည်းသွေးမအေးသွားပဲ
ရန်ကုန်မြို့ရဲ့နွေအပူရှိန်လို့
ပူနွေးပြင်းပျနေမိတော့
ကျွန်တော်ဘာတက်နိုင်မှာလဲ



လူတွေကနောက်ဆုံးအကြိမ်မှာ
သူတို့မလုပ်ခဲ့မိတာတွေအတွက်
နောင်တရမိတယ်တဲ့


မှားမှန်းသိနေပေမယ့်
အဲ့လိုနောင်တမျိုးမလိုချင်လို့
ခင်ဗျားကိုဖက်တွယ်နေအုန်းမှာပဲ။



လွမ်းတယ် ကိုကို..



 

No comments: