မူး မြစ်ထင်


 


ခင်ဗျားကတော့ ဖွင့်မပြောရင်တောင်

ထင်နေမှာပါပဲ ဒီကောင်မ ငါ့ဒီလောက်ကြိုက်နေတာ

အရင်က ယောင်္ကျားမမြင်ခဲ့ဘူးလား ဆိုပြီးတော့..



မဟုတ်ဘူးဗျ အဓိကက အဲ့ဒီယောင်္ကျားက ခင်ဗျားဖြစ်နေလို့ဗျ



ခင်ဗျားအသံ ခင်ဗျားမျက်နှာ ခင်ဗျားလှုပ်ရှားမှု ယုတ်အစွဆုံးပြောမယ်ဗျာ ခင်ဗျားလေလည်တဲ့အသံ လေလည်တဲ့အနံတောင်မှ ကျွန်တော်က ကြားချင်မြင်ချင်ထိတွေ့နေချင်တဲ့သူပါ



အခုလိုဘာလို့ လင်တရူးဖြစ်နေလည်းဆိုရင် ခင်ဗျားနဲ့ အတူရှိခဲ့ရလို့လေ မတွေ့မမြင်မကြားရဘဲ တစ်နှစ်နီးပါး ဆက်နွယ်နေမိတဲ့လူကို ခင်ဗျားနဲ့တွေ့ခွင့်ပေးလိုက်တာက အရူးကိုအမဲသားကျွေးလိုက်မိသလိုပါပဲ



သောက်လေသောက်လေ ငတ်မပြေတဲ့ ကျွန်တော်ရော ခင်ဗျားရော သိပေမယ့်လည်း ခင်ဗျားစည်းတားထားတာတောင် ကျွန်တော့်ဘက်ကမှ မရပ်တန့်နိုင်တာ ခင်ဗျားကိုအပြစ်ဆိုလို့မရပါဘူး အစထဲကဇွဲကောင်းကောင်းနဲ့ ဇွတ်တိုးခဲ့သူက ကျွန်တော်ပါဗျာ



၈လ ခင်ဗျားနဲ့အတူနေရဖို့မပြောနဲ့ ခင်ဗျားမျက်နှာမမြင်ရ ခင်ဗျားအသံမကြားရတာ အဲ့ဒီလောက်တောင် ရှိနေပါပြီ ကျွန်တော့်စိတ်အလိုတိုင်းဆို ခင်ဗျားစီလာခဲ့ချင်ပေမယ့်လည်း အခြေအနေကမပေးဘူးလေ



ကျွန်တော်​က ခင်ဗျားရဲ့အားနည်းချက် ဖြစ်ခဲ့ရရင် ကျွန်တော်ပဲ စိတ်ဆင်းရဲရမှာပါ ခင်ဗျားကိုမဖြည့်ဆည်းပေးနိုင်ပေမယ့် ဘယ်သောအခါမျှ ကျွန်တော်ကခင်ဗျားရဲ့ချို့ယွင်းချက် ဖြစ်လို့မရဘူးလေ 



ဗလာနတ္တိဖြစ်နေတဲ့ ခင်ဗျားကိုယ်ခန္ဓာကို တင်းတင်းကြပ်ကြပ် အကြာကြီးဖက်ထားပြီးတော့ ဆံဖျားကနေ ခြေဖဝါးအထိ တရစပ်နမ်းပြစ်ချင်တယ် အဲ့ဒါတောင်မှ ကျွန်တော့်အလွမ်းတွေ ပြေမယ်မထင်ပါဘူး


နင်က ငါ့မူပိုင် ဖာသည်မလေးပဲ


အဲ့လိုပြောတာတောင် ကျွန်တော့်မှာဒေါသမထွက်နိုင်တဲ့အပြင် ခင်ဗျားကိုတပ်မက်မိတဲ့ စိတ်ဆန္ဒတွေ ပိုတိုးလာမိတော့ ကံကြမ္မာကတောင် မိုက်လုံးကြီးတဲ့ဟာမ နင်ဖြစ်နင်ခံဆိုပြီးတော့ ကျွန်တော့်ကိုလက်မှိုင်ချထားလိုက်တာ နေမှာဗျ



မမြင်ဘူး မူး မြစ်ထင်တဲ့ မမြင်ဘူးရအောင်လည်း အရှေ့မှာ အရူးအမူးဖြစ်ခဲ့ရဘူးတဲ့ ယောင်္ကျားတစ်ယောက်လည်း ရှိခဲ့ဘူးပါတယ် အတူလည်းရှိခဲ့ဘူးပါတယ်



ဒါတောင် ခင်ဗျားမှ ခင်ဗျားဖြစ်နေရတာတော့ ခင်ဗျားအပေါ်အဆုံးအထိ ဖက်တွယ်ပါစေလို့ ခင်ဗျားဆုတောင်းခဲ့တာလား ကျွန်တော်ကပဲ အရင်ဘဝက ခင်ဗျားအပေါ်ကျုးလွန်ခဲ့မိလို့ အကြွေးဆပ်ဖို့ ကံပါလာသလား အကြောင်းအရာတစ်ခုတော့ရှိမှာပါ



ဘာကြီးပဲရှိနေပါစေ ခင်ဗျားကို တပ်မက်တွယ်တာတဲ့ တဏှာရာဂစိတ်ကတော့ ဒီရေအလားတိုးလာနေတော့ တစ်တခါတလေ ကျွန်တော်ကိုယ်တိုင်တောင် စိတ်ညစ်ယူရတဲ့အထိပါပဲ



မူးပဲဖြစ်ဖြစ် မြစ်ပဲဖြစ်ဖြစ် ခင်ဗျားဆိုတဲ့ 

လူနဲ့ တစ်ရက်ကလေးဖြစ်ဖြစ် အတူနေချင်တယ်ဗျာ။




Happy Birthday, Ko Ko!

 




 🧡 Happy Birthday, Ko Ko! 🧡



မွေးနေ့မှာ အစအစအရာရာ အဆင်ပြေ

အောင်မြင်ပါစေ..


စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်

ပြည့်စုံပါစေ..


ဘေးအန္တရာယ်အသွယ်သွယ် ကင်းဝေးပြီး 

အသက်ရာကျော်ရှည်ပါစေ..


နိုင်ငံတော်နှင့် လူမျိုးဘာသာ၊သာသနာကို စောင့်ရှောက်ကာကွယ် ပေးနိုင်သောလူပုဂ္ဂိုလ် ဖြစ်ပါစေ..


မွေးနေ့ရောက်တိုင်း နှစ်စဥ်မိသားစုနဲ့အတူတူ 

ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ပါစေ..



ကိုကိုကိုယ်လည်း ဘေးအန္တရာယ် အသွယ်သွယ်ကနေ

 ဘာသာတရားနဲ့ လောကပါလ နတ်မင်းကြီးများမှ 

ကာကွယ်စောင့်ရှောက်ပေးနိုင်ပါစေရှင်။


🙏 🙏 🙏 🙏 🙏

အတူနေချင်ပေမယ့်


 

ခင်ဗျားနဲ့အတူအိုမင်းမသွားနိင်ဘူးဆိုတာ 

သိထားပါတယ် ဒါပေမယ့်လည်း 

ခင်ဗျားနဲ့အတူရှိချင်တယ်ဗျာ..



လွမ်းတယ် 



အဲ့ဒီနေရာမှာပဲ ရပ်တန့်ထားနိုင်ရင် သိပ်ကောင်းမှာပဲဗျာ

ခင်ဗျားကိုတွေ့ချင်မြင်ချင်တယ် ခင်ဗျားအသံကြားချင်တယ် ခင်ဗျားလှုပ်ရှားမှုတွေမြင်ချင်မိတယ် 



ကျွန်တော်ကအတ္တကြီးတယ် လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ ပိုင်ဆိုင်ချင်တဲ့စိတ်က မတအားကြီးပါတယ် ခင်ဗျားနဲ့ကျမှ ကျွန်တော်အကုန်လုံးကို စွန့်လွှတ်ပေးထားတာပါ ခင်ဗျားထိခိုက်မှာ တကယ်ကြောက်တဲ့သူလေ



သတိရတယ် မတွေ့ရမမြင်ရမကြားရတာ ၈လပြည့်တော့မယ် ကျွန်တော်အကြီးကြီးကို သတိရမိနေတာပါ ဘယ်တက်နိုင်မလဲ ခင်ဗျားမှတစ်ခုမျှခွင့်မပြုပေးခဲ့တာ 



ခင်ဗျားကိုထားခဲ့ပြီး အဝေးဆုံးနေရာမှာ နေနေဖို့ကြိုးစားခဲ့ဘူးတာပေါ့ ကျွန်တော်မှမနေနိုင်တာ ကိုယ့်ကိုဥပေက္ခာပြုထားတာ သိပေမယ့်လည်း ကျွန်တော်မှ ဥပေက္ခာမထားနိုင်တာ



တနေ့တော့ဆိုတဲ့ အတွေးနဲ့တင် ၂နှစ်ပြည့်တော့မယ် ကျွန်တော့်ဘက်ကနေ အခုအချိန်အထိတိုင် မရပ်တန့်နိုင်သေးပါဘူး



တစ်ခါတလေ အရင်ဘဝဆိုတာကြီးကို ခဏလေးပြန်ရောက်ချင်တယ် ကျွန်တော်ဘာတွေများ ကျူးလွန်မိခဲ့လဲဆိုတာ သိချင်တာပါ



ဒီဘဝမှာတော့ မကျူးလွန်မိတဲ့အရာကို ကျူးလွန်မိရင်း ရပ်တန့်ဖို့ကြိုးစားလေလေ ခင်ဗျားကို အရင်ထက်ပိုပြီး ဖက်တွယ်မိလေဖြစ်နေတော့ သက်ပြင်းအခါခါချမိရင်း...




ဂရုစိုက်ပါ


 

အခုလို အန္တရာယ်များတဲ့အချိန်မှာ

အစစအရာရာ ဂရုစိုက်ပါဆိုတဲ့ စကားကို အရင်လို

တဖွဖွ ကျွန်တော်မဆိုမိတော့တာ နှစ်ယောက်လုံး

အတွက်ပါဗျာ..

( မပို့တော့ပါဘူးဆိုပြီး စိတ်တင်းထားပြီးမှ စိတ်ပူနေတာနဲ့ပဲ ည၁၁နာရီကျော်မှ အစစအရာရာ ဂရုစိုက်ပါစကား ဆိုမိပြန်ပါတယ် )



မနေ့ကတောင် note မှာရေးမိသေးတယ် ခင်ဗျားကိုသတိရမိနေလို့



မဆက်သွယ်တော့ဘူးလို့ ကတိပေးခဲ့တာ 

၂၄နာရီပြည့်ယုံလေးရှိသေးတယ် ကျွန်တော်တစ်ယောက် သူ့ကိုသတိရမိနေပြန်ပြီ..


(၇)ရက်လုံးပိတ်ရက်မရှိဘဲ အလုပ်လုပ်ရမလို 

ဖြစ်နေပါပြီ အဲ့ဒါမှ ကျွန်တော်သတိရနေတာကို ထိန်းချုပ်နိုင်မှာလေဗျာ..



ဒါပေမယ့်လည်း ကျွန်တော့်ကိုကျွန်တော် တားမြစ်ထားရမှာပဲလေ



လူတစ်ယောက်ကောင်းဖို့အတွက်

လူတစ်စုပျက်စီးရမှာထက်


လူတစ်စုအဆင်ပြေဖို့အတွက်

လူတစ်ယောက်ပျောက်ကွယ်ပေးရတာ


တရားတယ်လို့ကျွန်တော်ထင်ပါတယ်

အဲ့ဒါကလောကနိယာမလို့လည်း

ကျွန်တော်ခံယူထားပါတယ်


လူကောင်းမဟုတ်ပေမယ့်

ယနေ့ထက်တိုင် 

ကျွန်တော်လူယုတ်မာမဖြစ်ခဲ့ပါဘူး

လူဆိုးတော့ဖြစ်ကောင်းဖြစ်ခဲ့မှာပါ။




လူ့ဘဝကတို၏။



လူတစ်ယောက်ကို ပိုင်ဆိုင်ခွင့်မရှိနိုင်တဲ့ဘဝမှာ

အဝေးမှာနေပေးတာလည်း ခင်ဗျားကို ကာကွယ်စောင့်ရှောက်သလိုပါပဲဗျာ



အစစအရာရာ ဂရုစိုက်ပါဗျာ ဘယ်သူ့အတွက်မှ 

မဟုတ်ခဲ့ရင်တောင် အဝေးမှာရှိနေတဲ့ 

ကျွန်တော်အတွက် ဂရုစိုက်ပေးပါဗျာ။



🙏🙏🙏









ဖက်ထားမယ် - နောနော်

ခင်ဗျားကို အမြဲတမ်းမဟုတ်ရင်တောင်
ဆုံတွေ့ရတဲ့ အခိုက်အတန့်လေးမှာ ကျွန်တော်ဖက်ထားချင်တာပေါ့ဗျာ


ဒါပေမယ့် ကျွန်တော်မှ ဆုမတောင်းခဲ့မိတာ..


😓

အဖြူရောင်သမုဒယ


 


သူ့ကိုမဆက်သွယ်မိတာ ၂ရက်ရှိပါပြီ ကျွန်တော်နေနိုင်သမျှ မဆက်သွယ်ဘဲ နေကြည့်ပါမယ်လို့ စိတ်ဆုံးဖြတ်ထားပါတယ် ကျွန်တော့်ရဲ့ အဖြူရောင်သမုဒယလေး သောကဖြစ်မှာ စိုးရိမ်မိလို့ပါ...



သမီး သူကလေးကို အပြင်မှာမမြင်ဘူး မတွေ့ဘူးပေမယ့် ကျွန်တော့်ကလေးလို တွယ်တာမိနေတာ ရေစက်ပဲထင်ပါတယ် သမုဒယကြိုးလို ကျွန်တော့်ကို နှောင်ဖွဲ့ထားတဲ အဖြူရောင်ကလေးလေးပါ



အဲ့ဒီကလေးမျက်နှာတွေ့မိတိုင်း ကျွန်တော့်ခြေလှမ်းတွေ တစ်လှမ်းမျှ မလှမ်းဝံ့တော့တာ အမှန်ပါပဲ အခုအချိန်မှာ သူကလေး ပီဘိကလေးအရွယ်ဖြစ်နေသေးပေမယ့် နောင်၅နှစ် ၁၀နှစ်အရွယ်ဆိုရင် အရာအားလုံး သိတက်မယ့်အချိန် ရောက်ပြီလေ



ဖြစ်နိုင်ရင်တောင် ကျွန်တော့်ခြေလှမ်းတွေ ရပ်တန့်နိုင်ဖို့ သမီးမျက်နှာလေး မကြာမကြာတွေ့ရပါစေလို့ ဆုတောင်းရမလို ဖြစ်နေပါပြီ



လူမိုက်ကြီးဖြစ်ကောင်းဖြစ်နေမှာပါ ဘယ်ဘဝမှာမျှ လူယုတ်မာမဖြစ်ချင်ခဲ့တာ ကျွန်တော့်ဆန္ဒအမှန်ပါ သမုဒယလေးအတွက် တက်နိုင်သမျှ ခင်ဗျားနဲ့ဝေးရာမှာ နေကြည့်ပေးပါမယ်ဗျာ။




ကျွန်တော်ရဲ့နွေဦး


 


နန်း ကျေးဇူးနဲ့ ၂၀၂၁ခုနှစ် ဧပြီလမှာစသိခဲ့ရတဲ့ ခင်ဗျားဟာ ကျွန်တော့်ရဲ့နွေဦးလေးပါပဲ..



နွေဦးမှာတွေခဲ့ရလို့များ ကျွန်တော်ရူးလောက်အောင် ခင်ဗျားအပေါ်တပ်မက်မိနေတာလား ဖက်တွယ်မိနေတာလားဆိုတာ ကျွန်တော့်ဘာသာတောင် အဖြေမရှိပါဘူးဗျာ



အသင်၄၀ကျော် မိန်းမတစ်ယောက်က ၂၅နှစ်အရွယ်မိန်းကလေးတစ်ယောက်လို ပြုမူနေတာကိုလည်း ကျွန်တော်တကယ်မကြိုက်ပါဘူးဗျာ ခင်ဗျားမကြိုက်ဘူးဆိုတာလည်း ဖွင့်မပြောသည့်တိုင်အောင် ကျွန်တော်နားလည်ပါတယ်



ဒါပေမယ့် ခင်ဗျားနဲ့ပတ်သက်ရင် ကျွန်တော်က ပီဘိမိန်းကလေးတစ်ယောက်လို ဖြစ်သွားရတာလည်း ကျွန်တော်လူကြီးမဆန်ခဲ့လိုပါ



၁၄ရက်နေ့နောက်ပိုင်း စကားမပြောဖြစ်တာ ရက်တော်တော်ကြာသွားပါတယ် ဒီလောက်အလုပ်များနေတဲ့သူကို အလုပ်များနေတာသိရဲ့နဲ့ ငါကိုပြစ်ထားနိုင်တယ်ဆိုပြီး တစ်ယောက်ထဲယောက်ယက်ခတ်လို့ အားမရတဲ့အပြင် ခင်ဗျားကိုပါ ပြဿနာရှာမိပါတယ်



ဟိုကအလုပ်များနေလို့ ဖုတ်လေတဲ့ငါးပိမရှိတာတောင် မရမကကို မီးခွက်ထွန်းရှာပြန်ပါသေးတယ်



ညကြီးမင်းကြီး တာဝန်ထမ်းဆောင်နေတာသိမှ ကိုကိုဂရုစိုက်ပါနော်ဆိုပြီး ဒေါသကုမ္မာရမိန်းမကနေ ချက်ခြင်းကို မာသာထရီဆာကြီးဖြစ်သွားရတာ ခင်ဗျားအပေါ်ဖြစ်တည်နေတဲ့ ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာတရားတွေပါ



အဲ့ဒီလူအတွက်ပဲ အရာရာကို ကျွန်တော်ဖြည့်ဆည်းပေးချင်ခဲ့တာ ကျွန်တော့်ဆန္ဒပါ တနေ့တော့ အကုန်လုံးမဟုတ်တောင် တစိတ်တပိုင်းတော့ ကျွန်တော်ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်



ဒီနေ့ အလုပ်များနေတဲ့ကြားက စကားခဏလာပြောပေးတော့ ကျွန်တော့်ခမျာ ပျော်တာပျော်တာဆိုတာ ငါ့ကိုသူပြစ်မထားပါဘူးလေဆိုတဲ့ အသိက ဘယ်လိုပြောပြလို့ ပြောပြရမှန်းတောင်မသိပါဘူး



ဘဝမှာ ရန်သူစစ်စစ်နဲ့မတွေ့ခဲ့ရပေမယ့် ချစ်သူစစ်စစ်ကို ဆုံဆည်းခဲ့ရလို့ ကျွန်တော်တစ်ယောက် တကယ်ကို 

သေပျော်ပါပြီခင်ဗျာ။