ကျွန်တော်ရဲ့နွေဦး


 


နန်း ကျေးဇူးနဲ့ ၂၀၂၁ခုနှစ် ဧပြီလမှာစသိခဲ့ရတဲ့ ခင်ဗျားဟာ ကျွန်တော့်ရဲ့နွေဦးလေးပါပဲ..



နွေဦးမှာတွေခဲ့ရလို့များ ကျွန်တော်ရူးလောက်အောင် ခင်ဗျားအပေါ်တပ်မက်မိနေတာလား ဖက်တွယ်မိနေတာလားဆိုတာ ကျွန်တော့်ဘာသာတောင် အဖြေမရှိပါဘူးဗျာ



အသင်၄၀ကျော် မိန်းမတစ်ယောက်က ၂၅နှစ်အရွယ်မိန်းကလေးတစ်ယောက်လို ပြုမူနေတာကိုလည်း ကျွန်တော်တကယ်မကြိုက်ပါဘူးဗျာ ခင်ဗျားမကြိုက်ဘူးဆိုတာလည်း ဖွင့်မပြောသည့်တိုင်အောင် ကျွန်တော်နားလည်ပါတယ်



ဒါပေမယ့် ခင်ဗျားနဲ့ပတ်သက်ရင် ကျွန်တော်က ပီဘိမိန်းကလေးတစ်ယောက်လို ဖြစ်သွားရတာလည်း ကျွန်တော်လူကြီးမဆန်ခဲ့လိုပါ



၁၄ရက်နေ့နောက်ပိုင်း စကားမပြောဖြစ်တာ ရက်တော်တော်ကြာသွားပါတယ် ဒီလောက်အလုပ်များနေတဲ့သူကို အလုပ်များနေတာသိရဲ့နဲ့ ငါကိုပြစ်ထားနိုင်တယ်ဆိုပြီး တစ်ယောက်ထဲယောက်ယက်ခတ်လို့ အားမရတဲ့အပြင် ခင်ဗျားကိုပါ ပြဿနာရှာမိပါတယ်



ဟိုကအလုပ်များနေလို့ ဖုတ်လေတဲ့ငါးပိမရှိတာတောင် မရမကကို မီးခွက်ထွန်းရှာပြန်ပါသေးတယ်



ညကြီးမင်းကြီး တာဝန်ထမ်းဆောင်နေတာသိမှ ကိုကိုဂရုစိုက်ပါနော်ဆိုပြီး ဒေါသကုမ္မာရမိန်းမကနေ ချက်ခြင်းကို မာသာထရီဆာကြီးဖြစ်သွားရတာ ခင်ဗျားအပေါ်ဖြစ်တည်နေတဲ့ ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာတရားတွေပါ



အဲ့ဒီလူအတွက်ပဲ အရာရာကို ကျွန်တော်ဖြည့်ဆည်းပေးချင်ခဲ့တာ ကျွန်တော့်ဆန္ဒပါ တနေ့တော့ အကုန်လုံးမဟုတ်တောင် တစိတ်တပိုင်းတော့ ကျွန်တော်ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်



ဒီနေ့ အလုပ်များနေတဲ့ကြားက စကားခဏလာပြောပေးတော့ ကျွန်တော့်ခမျာ ပျော်တာပျော်တာဆိုတာ ငါ့ကိုသူပြစ်မထားပါဘူးလေဆိုတဲ့ အသိက ဘယ်လိုပြောပြလို့ ပြောပြရမှန်းတောင်မသိပါဘူး



ဘဝမှာ ရန်သူစစ်စစ်နဲ့မတွေ့ခဲ့ရပေမယ့် ချစ်သူစစ်စစ်ကို ဆုံဆည်းခဲ့ရလို့ ကျွန်တော်တစ်ယောက် တကယ်ကို 

သေပျော်ပါပြီခင်ဗျာ။

No comments: