Love


 

ပြီးခဲ့တဲ့ weekend  ကလည်း

အလုပ်ဆင်းရတော့ မနားဖြစ်ဘူး



ဒီတပတ်လည်း  သီတင်းကျွတ်ရာသီဆိုတော့

လူကြီးသူမတွေကန်တော့တာနဲ့

၂ပတ်စာကိုယ့်တစ်ကိုယ်ရေ ကိစ္စတွေလုပ်နေတာနဲ့ပဲ

ကောင်းကောင်းအနားမယူရသေးဘူး



အိမ်ရောက်ပြီဆိုတာနဲ့

စိတ်မူရအောင် online အမြဲဝင်ပေးထားတက်တာက

ကျွန်တော့်အကျင့်





line ဖွင့်လိုက်တာနဲ့ စာပို့ထားတတာတွေ့တော့

တော်တော်ပျော်ရပါတယ်




၁၇မိနစ်ဆိုတဲ့အချိန်လေးက

ကျွန်တော့်အတွက်ဆောင်းရာသီတစ်ခုလို

အေးမြစေခဲ့ပါတယ်

အပိုပြောတာမဟုတ့်ဘဲ

ပင်ပန်းနေသမျှဟာ

အားဆေးသွင်းပေးလိုက်သလိုပါပဲ။



#31stOct2023

ကန်တော့ခွင့်ပြုပါ


 Credit; https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaQ_bpTDPyUSHL-NKMS5D784shNDt9Z4OvBJqM3cY8Py5lwVPTagOJ-W9r6U61FzGZYSYl3DJ1jPv4IzG_Y4eGrk_mfFQ4m5kVqCJ7hQcTJJ0XQNwnPRx6a0EGrBHoNg3_Qftbyy9zGwA/s1600/5.jpg



သီတင်းကျွတ်အခါသမယနှင့် ကန်တော့ခြင်း အစဉ်အလာ


 


သီတင်းကျွတ်အခါသမယတွင် မြန်မာ့ဓလေ့ထုံးစံ 

အစဥ်အလာအရ သက်ကြီးရွယ်အို၊ဘိုးဘွား၊မိဘ၊ 

ဆရာသမား၊လူကြီးသူမ၊အဆွေခင်ပွန်း၊ 

မောင်နှစ်မသားချင်းတို့အား တစ်နှစ်တာအတွင်း သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ကံသုံးပါးနဲ့ပြစ်မှားခဲ့သည်များကို ကန်တော့ပြီး ခွင့်လွှတ်ပေးနိုင်ပါရန် ရှိခိုးဦးချပြီးတောင်းပန်တဲ့ အစဥ်အလာတစ်ရပ် ပြုလုပ်ကြပါတယ်



အဲ့ဒီဓလေ့ကို ကျွန်တော်တကယ့်ကိုတန်ဖိုးထားပြီး 

ချစ်မြတ်နိုးမိပါတယ် ဒါပေမယ့်လည်း



ဒီနေ့ဒီအချိန်အထိ ကျွန်တော်တန်ဖိုးထားရတဲ့ 

လူတစ်ယောက်ကို ကန်တော့ခွင့်မရသေးပါဘူး 

လူချင်းတွေ့ဆုံခွင့်ခဲ့ရတာတောင် ကျွန်တော်ရဲ့ပေါ့ဆမှုကြောင့် ကန်တော့ခွင့်မရခဲ့ပါဘူး



တစ်ချိန်ချိန်မှာ ထိချင်းငါးပါးနဲ့ ကျွန်တော်ပြုမူခဲ့မိတဲ့ ကံသုံးပါးအတွက် ဝန်ချတောင်းပန်ပြီး ကန်တော့ခွင့်ရချင်ပါတယ်ဗျာ။


  

သီတင်းကျွတ်လပြည့်ညမှာ အဝေးတနေရာကနေပဲ 

ကံသုံးပါးနဲ့ပြစ်မှားခဲ့သည်များကို ကျွန်တော်

ကန်တော့လိုက်ပါတယ်။


🙏🙏🙏

Lust


 credit; https://img.artpal.com/82829/17-17-9-21-14-34-16m.jpg



တဏှာမပါဘဲ သွေးမတော်သားမစပ်တဲ့ 
လူတစ်ယောက်ကို ဘယ်လောက်အထိများ 
ဖက်တွယ်နိုင်အုန်းမှာလည်းဗျာ အချစ်ဆိုတဲ့ 
တဏှာစိတ်ကြောင့် အဲ့ဒီလူကို အခုအချိန်ထိတိုင် ကျွန်တော်ဖက်တွယ်မိနေစဲပါ..




ရက်ပေါင်း ၉၄၆ရက်မှာ ကျွန်တော်ခင်ဗျားကို 

မြင်ခွင့်ရတာ ၄ရက်ပဲရှိခဲ့တာပါ အဲ့ဒီ့တဏှာပါဝင်တဲ့ အချစ်ဆိုတဲ့စိတ်ကြောင့်သာ ကျွန်တော်တောင့်ခံထားနိုင်တာပါ တနေ့တော့ ခင်ဗျားရင်ခွင်ထဲ 

တိုးဝင်ပြီးအိပ်ခွင့်ရဖို့အတွက်ပေါ့ဗျာ



အချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော်မှားနေမှန်းသိရက်နဲ့လည်း ခင်ဗျားမရှိဘဲတစ်ယောက်ထဲ နေနေရမယ့်နာကျင်မှုကို ခံနိုင်ရည်မရှိလို့ အဲ့ဒီ့အမှားကိုပဲဆုပ်ကိုင်ထားမိပါတယ်



မိန်းမဘက်ကနေ ဇွတ်တိုးနေရင်တော့ တဖက်က ယောက်ကျားသားအနေနဲ့လည်း ရှောင်လွှဲဖို့ခက်ပါတယ် ကျွန်တော်အကြိမ်ကြိမ်ဇွတ်တိုးမိခဲ့တာအတွက် ခင်ဗျားကိုတောင်းပန်ပါတယ် ဒါပေမယ့်လည်း ကျွန်တော်တကယ်ကို နောက်မဆုတ်နိုင်တော့ပါဘူးဗျာ



သံယောဇဥ်နဲ့ချည်နှောင်ထားတာလား သွေးသွားဆန္ဒနဲ့ချည်နှောင်ထားတာလား မသိပေမယ့် တနေ့တော့နေခဲ့ရမှာကို ကျွန်တော်နားလည်ပါတယ် အဲ့ဒီ့တနေ့မရောက်ခင် ခင်ဗျားကိုဖက်တွယ်ထားနိုင်သမျှ ဖက်တွယ်နေမိအုန်းမှာပါပဲ




ချစ်တယ် လွမ်းတယ်ဆိုတာ ခင်ဗျားရဲ့သီအိုရီမှာ 

မရှိခဲ့ပေမယ့် ကျွန်တော့်ကမ္ဘာမှာတော့ ခင်ဗျားကအရာရာပါပဲ 



စကားပြောခဲ့တာ ၁၂နာရီမပြည့်သေးတာတောင် ကျွန်တော်လွမ်းနေပါပြီ ခင်ဗျားရဲ့တစ်မျက်နှာလုံးကို 

တရှိုက်မက်မက်နမ်းပြီးတော့ ရင်ခွင်ထဲတိုးဝင်နေချင်တယ်ဗျာ ကျွန်တော်မှာ အခွင့်အရေးမရှိပါဘူး



ခင်ဗျားမျက်နှာလေးမြင်ရပြီး ခင်ဗျားရင်ခွင်ထဲတိုးဝင်ပြီးအိပ်ရဖို့အတွက် ကျွန်တော်စောင့်နေရအုန်းမှာပါ 

ဘာဖြစ်လို့လည်းဆိုရင် ခင်ဗျားက ကျွန်တော်အသက်လောက်ချစ်ရတဲ့သူမို့ပါ။



#koko

#sexwithyou

#5thapril2021



ကိုယ့်အတွက်မဟုတ်တဲ့ 
ဖြစ်တည်မှုတစ်ခုကို 
ရူးရူးမိုက်မိုက်လိုချင်ခဲ့မိပါတယ် 
နာကျင်မှုတွေပဲထပ်ခါတလဲ 
ပိုင်ဆိုင်ခဲ့ရပါတယ်။ 

 #မရေရာခြင်းများ

Green


 


အစိမ်းရောင်ကြိုက်တဲ့

အင်္ဂါသမီးဖြစ်လို့လားမသိဘူး

အစိမ်းတွေနဲ့ ကျွန်တော့်ဘဝတစ်လျှော်လုံး

အကျိုးပေးပါတယ်



သူစိမ်းဆန်တာ စိမ်းကားတာ

သစ်စိမ်းချိုးချိုးတာ စိမ်းပါတဲ့စကားစု

အပြုအမူတွေက ကျွန်တော့်အတွက်များ

ဖြစ်တည်မှုတစ်ခုလို တည်ရှိပေးနေသလိုတောင်

ထင်ရလွန်းပါတယ်



ဘယ်တက်နိုင်မှာလည်းဗျာ

အစိမ်းရောင်ကြိုက်မိတော့လည်း

စိမ်းကားတက်တဲ့သူကိုရော စိမ်းမြနေတဲ့သစ်ပင်တောင်တန်းတွေကိုရော စိမ်းရောင်စိုနေတဲ့ မြစ်ရေပြင်ကိုရော ကျွန်တော်တကယ်ကို ချစ်ခင်စုံမက်မိသူပါ




ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်ခမျာ

ရွေးချယ်ခွင့်မှ မရှိနိုင်တာ မရနိုင်တာ




နာကျင်ရတဲ့အချိန်တိုင်း

လူတစ်ယောက်ကိုပဲ ဘဝတစ်မှတ်ယူနေမိတဲ့

ကျွန်တော့်ကိုယ်ကျွန်တော် တကယ်မုန်းမိပါတယ်



နောက်ဘဝများ လူ့ဘဝရခဲ့ပြီး မိန်းမတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော့်အပေါ် စဥ်းစားငဲ့ညှာပေးတက်တဲ့ အမျိုးသားတစ်ယောက်အပေါ်ပဲ ချစ်ခင်စုံမက်ခွင့် ရရှိပါစေဗျာ။




My World!





 ခင်ဗျားနဲ့ဝေးရမှာကြောက်လို့

ကျွန်တော့်ကိုယ်ကျွန်တော် 

ကန့်သတ်နယ်မြေထဲကို

တွန်းထိုးပြီးထည့်ထားလိုက်ပါတယ်



ဝန်ခံရရင်တော့တကယ်တမ်း

အဆင်မပြေပါဘူးဗျာ



ဝေးခဲ့ရတဲ့နာကျင်မှုထက်စာရင်

စာမပို့ရတဲ့အတွက်

အဆင်မပြေဘူးဆိုတာက



ရင်ဝကိုဓါးထိုးခံရတာနဲ့

ရင်ဘက်ကိုလက်သည်းနဲ့ခြစ်မိသလို

နာကျင်မှုအတိုင်းအဆ 

အများကြီးကွာပါတယ်



မတွေ့ရတဲ့ ၁၄လကျော်မှာ

ခင်ဗျား online ဖြစ်နေတာကို

စောင့်ကြည့်နေရတဲ့အဆင်ကနေ

ခင်ဗျားစာပို့လာမှာကို

စောင့်မျှော်နေရတဲ့အဆင့်ကိုတော့

ရောက်လာပါပြီ



ခင်ဗျားဆုချတဲ့ ဇွဲဆုလေးနေမှာပေါ့ဗျာ



အရင်လို

Morning! ကိုကို message လေးနဲ့ 

နိုးထလို့မရတော့သလို

Goodnight! ကိုကို

အိပ်ပြီဆိုတဲ့ စကားလုံးတွေ 

ပို့ခွင့်မရှိတော့ပေမယ့်



ကျွန်တော်ပျော်ပါတယ်

ဘာဖြစ်လို့လည်းဆိုတော့

ခင်ဗျားက ကျွန်တော်လည်ပတ်နေရတဲ့

တစ်ခုတည်းသောကမ္ဘာဖြစ်လို့ပါ ကိုကို။



#9th October 2023





 ရင်မှာလွမ်းရင်

မျှော်တိုင်းမြင်လွန်းလို့

လက်ညှိုးညွှန်ရာ

သူဖြစ်ပါစေသား အရှင်ဘုရား။

တာရာမင်းဝေ။  ။



ရွှေဘုန်းလူလိုပဲ ခင်ဗျားကို ကျွန်တော်တစ်ယောက်

လွမ်းလွန်းလို့ မျှော်တိုင်းမြင်တက်နေပါပြီ



တနေ့တွေ့မှာပါ 

အဲ့ဒီတနေ့ကို ကျွန်တော်စောင့်စားနေရတာ 

တစ်ဆယ့်လေးလ ကျော်လွန်ခဲ့ပါပြီ 



တနေ့

အဲ့ဒီတနေ့ကိုပဲ ကျွန်တော်ကြိုးစားပြီး  

စောင့်နေပေးပါမယ် 



ခင်ဗျားကိုစောင့်စားနေတဲ့ မိန်းမတစ်ယောက်

ရှိတယ်ဆိုတာကို သတိရပေးရင်ပဲ 

ကျွန်တော်တကယ်ကိုကျေနပ်ပါပြီ..