ကန်တော့ခွင့်ပြုပါ


 Credit; https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaQ_bpTDPyUSHL-NKMS5D784shNDt9Z4OvBJqM3cY8Py5lwVPTagOJ-W9r6U61FzGZYSYl3DJ1jPv4IzG_Y4eGrk_mfFQ4m5kVqCJ7hQcTJJ0XQNwnPRx6a0EGrBHoNg3_Qftbyy9zGwA/s1600/5.jpg



သီတင်းကျွတ်အခါသမယနှင့် ကန်တော့ခြင်း အစဉ်အလာ


 


သီတင်းကျွတ်အခါသမယတွင် မြန်မာ့ဓလေ့ထုံးစံ 

အစဥ်အလာအရ သက်ကြီးရွယ်အို၊ဘိုးဘွား၊မိဘ၊ 

ဆရာသမား၊လူကြီးသူမ၊အဆွေခင်ပွန်း၊ 

မောင်နှစ်မသားချင်းတို့အား တစ်နှစ်တာအတွင်း သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ကံသုံးပါးနဲ့ပြစ်မှားခဲ့သည်များကို ကန်တော့ပြီး ခွင့်လွှတ်ပေးနိုင်ပါရန် ရှိခိုးဦးချပြီးတောင်းပန်တဲ့ အစဥ်အလာတစ်ရပ် ပြုလုပ်ကြပါတယ်



အဲ့ဒီဓလေ့ကို ကျွန်တော်တကယ့်ကိုတန်ဖိုးထားပြီး 

ချစ်မြတ်နိုးမိပါတယ် ဒါပေမယ့်လည်း



ဒီနေ့ဒီအချိန်အထိ ကျွန်တော်တန်ဖိုးထားရတဲ့ 

လူတစ်ယောက်ကို ကန်တော့ခွင့်မရသေးပါဘူး 

လူချင်းတွေ့ဆုံခွင့်ခဲ့ရတာတောင် ကျွန်တော်ရဲ့ပေါ့ဆမှုကြောင့် ကန်တော့ခွင့်မရခဲ့ပါဘူး



တစ်ချိန်ချိန်မှာ ထိချင်းငါးပါးနဲ့ ကျွန်တော်ပြုမူခဲ့မိတဲ့ ကံသုံးပါးအတွက် ဝန်ချတောင်းပန်ပြီး ကန်တော့ခွင့်ရချင်ပါတယ်ဗျာ။


  

သီတင်းကျွတ်လပြည့်ညမှာ အဝေးတနေရာကနေပဲ 

ကံသုံးပါးနဲ့ပြစ်မှားခဲ့သည်များကို ကျွန်တော်

ကန်တော့လိုက်ပါတယ်။


🙏🙏🙏

No comments: