My World!





 ခင်ဗျားနဲ့ဝေးရမှာကြောက်လို့

ကျွန်တော့်ကိုယ်ကျွန်တော် 

ကန့်သတ်နယ်မြေထဲကို

တွန်းထိုးပြီးထည့်ထားလိုက်ပါတယ်



ဝန်ခံရရင်တော့တကယ်တမ်း

အဆင်မပြေပါဘူးဗျာ



ဝေးခဲ့ရတဲ့နာကျင်မှုထက်စာရင်

စာမပို့ရတဲ့အတွက်

အဆင်မပြေဘူးဆိုတာက



ရင်ဝကိုဓါးထိုးခံရတာနဲ့

ရင်ဘက်ကိုလက်သည်းနဲ့ခြစ်မိသလို

နာကျင်မှုအတိုင်းအဆ 

အများကြီးကွာပါတယ်



မတွေ့ရတဲ့ ၁၄လကျော်မှာ

ခင်ဗျား online ဖြစ်နေတာကို

စောင့်ကြည့်နေရတဲ့အဆင်ကနေ

ခင်ဗျားစာပို့လာမှာကို

စောင့်မျှော်နေရတဲ့အဆင့်ကိုတော့

ရောက်လာပါပြီ



ခင်ဗျားဆုချတဲ့ ဇွဲဆုလေးနေမှာပေါ့ဗျာ



အရင်လို

Morning! ကိုကို message လေးနဲ့ 

နိုးထလို့မရတော့သလို

Goodnight! ကိုကို

အိပ်ပြီဆိုတဲ့ စကားလုံးတွေ 

ပို့ခွင့်မရှိတော့ပေမယ့်



ကျွန်တော်ပျော်ပါတယ်

ဘာဖြစ်လို့လည်းဆိုတော့

ခင်ဗျားက ကျွန်တော်လည်ပတ်နေရတဲ့

တစ်ခုတည်းသောကမ္ဘာဖြစ်လို့ပါ ကိုကို။



#9th October 2023



No comments: