ပြီးခဲ့တဲ့ weekend ကလည်း
အလုပ်ဆင်းရတော့ မနားဖြစ်ဘူး
ဒီတပတ်လည်း သီတင်းကျွတ်ရာသီဆိုတော့
လူကြီးသူမတွေကန်တော့တာနဲ့
၂ပတ်စာကိုယ့်တစ်ကိုယ်ရေ ကိစ္စတွေလုပ်နေတာနဲ့ပဲ
ကောင်းကောင်းအနားမယူရသေးဘူး
အိမ်ရောက်ပြီဆိုတာနဲ့
စိတ်မူရအောင် online အမြဲဝင်ပေးထားတက်တာက
ကျွန်တော့်အကျင့်
line ဖွင့်လိုက်တာနဲ့ စာပို့ထားတတာတွေ့တော့
တော်တော်ပျော်ရပါတယ်
၁၇မိနစ်ဆိုတဲ့အချိန်လေးက
ကျွန်တော့်အတွက်ဆောင်းရာသီတစ်ခုလို
အေးမြစေခဲ့ပါတယ်
အပိုပြောတာမဟုတ့်ဘဲ
ပင်ပန်းနေသမျှဟာ
အားဆေးသွင်းပေးလိုက်သလိုပါပဲ။
#31stOct2023
No comments:
Post a Comment