Good Bye.

 ကိုကို


နောက်ဆုံးအနေနဲ့ ကျွန်တော်ခေါ်ခွင့်မရခဲ့တဲ့ နာမ်စားတစ်ခုကို ရေးခွင့်ပြုပေးပါနော်..
 

မဖြစ်နိုင်တော့မှန်းသိလို့ ရှေ့ဆက်တိုးဖို့မသင့်တော့မှန်းသိလို့ နောက်ဆုတ်ခဲ့တာကလွဲရင် ကိုကိုနဲ့ဝေးဖို့ကို နည်းနည်းလေးမျှတောင် မစဥ်းစားခဲ့မိသူကျွန်တော်ပါ


ကျွန်တော်​ပြောခဲ့ဘူးပါတယ် ကိုကိုသိတဲ့ ကျွန်တော်ချစ်တယ်ဆိုတဲ့ခံစားချက်က ကျွန်တော်တကယ်ချစ်တာရဲ့ ရာခိုင်နှုန်း အစိတ်အပိုင်းတစ်ခုပဲရှိပါတယ် ကိုကို့အပေါ်ဖက်တွယ်မိနေတဲ့ခံစားချက် ၁၀၀% အပြည့်ကို ကျွန်တော်တောင် အခုအချိန်အထိမသိသေးပါဘူးဗျာ


မရင့်ကျက်တဲ့လူတစ်ယောက်ရဲ့ ခံစားချက်ဆိုချင်လည်းဆိုပါစေ ကိုကိုအတွက်လိုအပ်ရင် ဘာမဆိုလုပ်ဝံ့သူကျွန်တော်ပါ


ကိုကိုနဲ့စတွေ့တဲ့အချိန်ကို ရင်ခုန်နေမိတုန်းပဲဗျာ အခန်းထဲမှာ စိတ်လှုပ်ရှားနေတာကို ထိန်းချုပ်ဖို့အတွက် ကျွန်တော်စာအုပ်ဖတ်နေမိတယ် ကျွန်တော်လန့်သွားမှာစိုးလို့ စကားပြောရင်း ကိုကိုဝင်လာတာကိုသတိရနေမိတယ် 


ကိုကိုလည်း ကျွန်တော့်လိုပဲ စိတ်လှုပ်ရှားနေမယ်လို့ မထင်ခဲ့ဘူးလေ လှုပ်ရှားနေတဲ့စိတ်ကိုထိန်းချုပ်ရင်းရှက်နေတဲမျက်နှာကို တည်ငြိမ်အောင်ထိန်းသိမ်းထားတာကိုက ကျွန်တော့်အတွက် ဘယ်လိုမှမေ့ပျောက်မသွားနိုင်တဲ့ အမှတ်တရပါ 


အဲ့ဒီမျက်နှာလေးကို ငေးကြည့်ပြီးတော့ ကျွန်တော်ပိုင်ဆိုင်ချင်စိတ်တွေ ဘယ်လောက်များ ကြီးမားခဲ့လည်းဆိုတာ ကျွန်တော်ပဲသိခဲ့ရသူပါ


ကိုကိုနဲ့ နီးစပ်ခွင့်မရှိနိုင်မှန်း သိထားပေမယ့်လည်း အနီးဆုံးနေရာမှာ နေခွင့်ရချင်သူဟာ ကျွန်တော်ပါပဲ


ကျွန်တော့်အတွက် အကြီးမားဆုံးတံတိုင်းက ညီမလေးမဟုတ်ပါဘူး သမီးပါ ကိုကိုချစ်တဲ့ကိုယ်ပွားလေးအတွက် သေးသေးလေးတောင်မှ ကျွန်တော်အထိခိုက် မခံနိုင်ပါဘူး သမီး ကိုကိုအပေါ်ညိုညင်သွားမယ့် အပြုအမူမျိုးကို ကျွန်တော်ဘယ်သောအခါမျှ လုပ်ခဲ့မှာမဟုတ်ပါဘူးဗျာ


တည်ငြိမ်နေတဲ့ရေပြင်တစ်ခုကို ကယက်ထအောင် ပြုမိကောင်းပြုမူမိခဲ့ပါမယ် ဒါပေမယ့် အဲ့ဒီရေပြင်လှိုင်းထအောင်တော့ ကျွန်တော်ဘယ်သောအခါမျှပြုမှုမည်မဟုတ်ပါ


လွမ်းတယ်ဗျာ ကိုကိုမျက်နှာကို ငေးကြည့်ပြီးတော့ လွမ်းနေပါတယ်လို့ တဖွဖွပြောချင်ပေမယ့် ကျွန်တော့်မှာ ဒီဘဝအတွက်အခွင့်အရေးမှမရှိတော့တာဗျာ


နောက်ဘဝအတွက်လည်း ဆုမတောင်းရက်ပါဘူး ညီမလေးလို ဒီလောက်ပြည့်စုံတဲ့ မိန်းမမြတ်တစ်ယောက်ကို ကျွန်တော်မယှဥ်ဝံ့ပါဘူးဗျာ


ရှေးရှေးဘဝတွေက သူတစ်ပါးအပေါ် ကျူးလွန်မိခဲ့လို့ ဒီဘဝမှာ တစ်ယောက်ထဲနေခဲ့ရသူဖြစ်နေတာတောင် နောင်ဘဝအတွက် ဒီလိုသောကကြီးကို ထပ်ပြီးသယ်ပိုးသွားဖို့အတွက် ခွင့်မပြုတော့ပါဘူး ဝဋ်ကြွေးရှိရင်လည်း ဒီဘဝမှာပဲကြေပါစေလို့ ဆုတောင်းလိုက်ပါပြီ။


ကျွန်တော်ချစ်ခဲ့တဲ့ ကိုကိုတို့မိသားစုလေး အေးချမ်းပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုတောင်းပေးခဲ့ပါတယ်ဗျာ။

29th January 2023.







641 Days.

 

တိတိကျကျပြောရရင် ဒီနေ့မှာ ၆၄၁ရက်ရှိပါပြီ ကျွန်တော်ချစ်ခဲ့ရတဲ့နေ့စွဲတွေပေါ့ဗျာ..


ခင်ဗျားကိုတွေ့ခွင့်ရတဲ့အချိန်ပြီးရင် အခုဖေဖေါ်ဝါရီလက အပျော်ဆုံးအချိန်တွေပါပဲ တစ်နှစ်လုံးနေလို့မှ  စကားပြောခွင့်ရတဲ့ရက်က ရက်ပေါင်း၂၀တောင်မရှိခဲ့ပါဘူး


၄ရက်နေ့ကစပြီးတော့ ၁၂ရက်နေ့အထိ အလုပ်များနေတဲ့ကြားက နေ့တိုင်းနီးပါး စကားပြောခွင့်ရခဲ့တော့ ကျွန်တော်ကိုယ်ကျွန်တော် ချည်မိတဲ့ကြိုးတွေကပိုပြီးခိုင်မြဲလာပါပြီ


အဲ့ဒါတွေ ခင်ဗျားမသိဘူးမဟုတ်လား သိအောင်ဖွင့်ပြောဖို့ကလည်း တဖက်သားကိုချည်နှောင်ဖို့ကို ကျွန်တော်မစွမ်းနိုင်ပါဘူး


ဒီနေ့အချိန်အထိ ယောင်္ကျားတစ်ယောက်ကို မေတ္တာ သံယောဇဥ် ယုတ်အစွဆုံး တဏှာရာဂနဲ့တောင် မချည်နှောင်တက်တာကျွန်တော်ညံတယ်ဆိုပါတော့


ကျွန်တော်မှ ယနေ့အချိန်အထိ မိန်းမ မပီသတဲ့မိန်းမတစ်ယောက်ဖြစ်နေခဲ့တာလေ


လွမ်းတယ် ၄ရက်လောက် စကားမပြောရတာကို အကြာကြီးထင်နေမိတာ လွန်လွန်းပါတယ် ရက်ပေါင်း၄၀ကျော် စကားမပြောခဲ့ရတဲ့ အချိန်တွေတောင် ရှိခဲ့တာပဲ ၄ရက်ကိုကျွန်တော်ရူးချင်နေတာကတော့များတယ်ဗျာ


တစ်လနေလို့ တစ်ကြိမ်မျှ ဖုန်းခေါ်ခွင့်မရှိတဲ့ ဘဝ

online မှာ မရှိလို့ စိုးရိမ်မိတာတောင် စာပို့ခွင့်မရှိတဲ့ ဘဝ

လွမ်းနေရင်တောင် အကြာကြီးနေလို့ တစ်ခါတောင်လူချင်းတွေ့ခွင့်မရှိတဲ့ ဘဝ


အဲ့လိုမျိုးနေနေရတာတောင် ကျွန်တော်ခင်ဗျားအပေါ် ညိတွယ်တဲ့ကြိုးတွေက မလျော့ဘဲပိုပြီးခိုင်မာလာတာကို ခင်ဗျားမသိခဲ့ပါဘူး


အစွဲအလန်းကြီးတာ ကျွန်တော့်အတွက် မကောင်းမှန်းသိနေရဲ့သားနဲ့ ခင်ဗျားအပေါ် အရင်ထက်ပိုပြီး တပ်မက်တွယ်တာနေမိတော့လည်း ဒီအတိုင်းပဲထားလိုက်ပါတော့တယ် 


မေတ္တာဆိုတာ ရောင်ပြန်ဟက်တယ် အသွားအပြန်ရှိတယ် ကြီးကြီးကျယ်ကျယ်စကားတွေလည်း မပြောရဲပါဘူးဗျာ ကျွန်တော်ခင်ဗျားကို ဖက်တွယ်မိနေသမျှတော့ ချစ်နေအုန်းမှာပါ။

18th February 2023.







အဖြူရောင်သမုဒယ


 

သူ့ကိုမဆက်သွယ်မိတာ ၂ရက်ရှိပါပြီ ကျွန်တော်နေနိုင်သမျှ မဆက်သွယ်ဘဲ နေကြည့်ပါမယ်လို့ စိတ်ဆုံးဖြတ်ထားပါတယ် ကျွန်တော့်ရဲ့အဖြူရောင်သမုဒယလေး သောကဖြစ်မှာ စိုးရိမ်မိလို့ပါ...


သမီး သူကလေးကို အပြင်မှာမမြင်ဘူးမတွေ့ဘူးပေမယ့် ကျွန်တော့်ကလေးလို တွယ်တာမိနေတာ ရေစက်ပဲထင်ပါတယ် သမုဒယကြိုးလိုကျွန်တော့်ကိုနှောင်ဖွဲ့ထားတဲ အဖြူရောင်ကလေးလေးပါ


အဲ့ဒီကလေးမျက်နှာတွေ့မိတိုင်း ကျွန်တော့်ခြေလှမ်းတွေ တစ်လှမ်းမျှ မလှမ်းဝံ့တော့တာအမှန်ပါပဲ အခုအချိန်မှာ သူကလေး ပီဘိကလေးအရွယ်ဖြစ်နေသေးပေမယ့် နောင်၅နှစ် ၁၀နှစ်အရွယ်ဆိုရင် အရာအားလုံးသိတက်မယ့်အချိန် ရောက်ပြီလေ


ဖြစ်နိုင်ရင်တောင် ကျွန်တော့်ခြေလှမ်းတွေ ရပ်တန့်နိုင်ဖို့ သမီးမျက်နှာလေး မကြာမကြာတွေ့ရပါစေလို့ ဆုတောင်းရမလိုဖြစ်နေပါပြီ


လူမိုက်ကြီးဖြစ်ကောင်းဖြစ်နေမှာပါ ဘယ်ဘဝမှာမျှ လူယုတ်မာမဖြစ်ချင်ခဲ့တာ ကျွန်တော့်ဆန္ဒအမှန်ပါ သမုဒယလေးအတွက် တက်နိုင်သမျှ ခင်ဗျားနဲ့ဝေးရာမှာ နေကြည့်ပေးပါမယ်ဗျာ။

7th March 2023.






Happy Birthday, Ko Ko! 


 🧡 Happy Birthday, Ko Ko! 🧡



မွေးနေ့မှာ အစအစအရာရာ အဆင်ပြေ

အောင်မြင်ပါစေ..


စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်

ပြည့်စုံပါစေ..


ဘေးအန္တရာယ်အသွယ်သွယ် ကင်းဝေးပြီး 

အသက်ရာကျော်ရှည်ပါစေ..


နိုင်ငံတော်နှင့် လူမျိုးဘာသာ၊သာသနာကို စောင့်ရှောက်ကာကွယ် ပေးနိုင်သောလူပုဂ္ဂိုလ် ဖြစ်ပါစေ..


မွေးနေ့ရောက်တိုင်း နှစ်စဥ်မိသားစုနဲ့အတူတူ 

ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ပါစေ..



ကိုကိုကိုယ်လည်း ဘေးအန္တရာယ် အသွယ်သွယ်ကနေ

 ဘာသာတရားနဲ့ လောကပါလ နတ်မင်းကြီးများမှ 

ကာကွယ်စောင့်ရှောက်ပေးနိုင်ပါစေရှင်။


🙏 🙏 🙏 🙏 🙏

22nd March 2023.








Finally!



ရေစက်ကုန်သွားတာလို့ပဲ ကျွန်တော်လက်ခံထားလိုက်ပါတယ် ဧပြီလကုန်အထိ ကျွန်တော့် feeling တွေကို အမှတ်တရဖြစ်စေချင်တာနဲ့ပဲ post တင်ဖြစ်တာပါ..



11.04.2023

စောက်မှတ်မရှိတဲ့

အလေးအနက်မရှိတဲ့

အပြုအမူတွေက

ကျက်သရေ တုံးလွန်းတယ်။


၁၂ရက်နေ့ ဘယ်လောက်ပဲ အလုပ်များနေပါစေ အဲ့လိုကြမ်းတမ်းတဲ့ စကားမျိုးတော့ ကျွန်တော့်ကို မပြောသင့်ဘူးလေ တစ်ကြိမ်တစ်ခါမျှခင်ဗျားထိခိုက်အောင် မလုပ်ခဲ့သူပါ။



သင်္ကြန်အကြိုနေ့ အရင်လို Viber ကို ခဏခဏ ဝင်မကြည့်တော့ပါဘူး ခင်ဗျားအလုပ်များနေမှာလို့ တွေးမိပေမယ့် ဒီအတိုင်းလေးပဲမေ့ထားလိုက်ပါတယ်


ဧပြီလကုန်ဆိုရင် ကျွန်တော်တစ်ယောက် ခင်ဗျားနဲ့ပတ်သက်တဲ့ ခံစားချက်တွေအကုန်လုံး တည်ငြိမ်စပြုနိုင်သွားမယ်လို့ မျှော်လင့်ထားပါတယ်။


သင်္ကြန်အကျနေ့ ၁၉ရက်ဆိုတဲ့ အချိန်လေးကို ကျွန်တော်ကြိုးကြိုးစားစား ဖြတ်သန်းနေရပါတယ် ပြန်မလာတော့ဘူးလို့ ယတိပြတ်ဆုံးဖြတ်ထားတာဖြစ်လို့ မနည်းကိုအားတင်းထားနေရတာပါ ခင်ဗျားဆိုတဲ့နားခိုရာမရှိတော့ပေမယ့် မွေးလာထဲကတစ်ယောက်ထဲ လာခဲ့ရသူတွေကြီးပါပဲဆိုပြီးနှစ်သိမ့်ထားလိုက်ပါတယ်။


သင်္ကြန်အကြတ်နေ့ အဲ့ဒီဘက်မှာအခြေအနေမကောင်းမှန်း သိနေပေမယ့် ဂရုစိုက်ပါ သတိထားပါ မပြောတော့ပါဘူး အဲ့ဒီစကားကြောင့်ပဲ ကျွန်တော်တို့အဆုံးသတ်ခဲ့ရတာလေ စိတ်ထဲမှာပဲခပ်တိုးတိုးပြောနေမိပါတယ်


 အစစအရာရာ ဂရုစိုက်ပါနော် ဆိုတဲ့စကားကို ရေမစိုတဲ့သင်္ကြန်ကြောင့် နေမပျော်တာလား ခင်ဗျားမရှိတော့တာကြောင့် နေမပျော်တာလားဆိုတဲ့အတွေးကိုထပ်မတွေးတော့ပါဘူးဗျာ။


သင်္ကြန်အတက်နေ့ ဒီကာလမှာတောင် မအေးချမ်းတဲ့နယ်မြေမှာ တာဝန်ထမ်းဆောင်နေရတော့ စိုးရိမ်မိတယ် ဒါပေမယ့် စကားမဆိုမိပါဘူး တကယ်ကို ရေစက်ကုန်သွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ဝေးကြရမှာပဲလေ။


နှစ်ဆန်းတစ်ရက်နေ့ စိတ်ထဲရှိတဲ့အတိုင်းဆို 

နှစ်သစ်ဆုတောင်းကို ခင်ဗျားစီပို့ဖြစ်မှာပါ ဒါပေမယ့် 

မပို့ခဲ့ပါဘူး ညပိုင်းမှာ post တင်ထားတာဖတ်ပြီးတော့ အဆင်မပြေတာသိရတော့ ပိုပြီးစိတ်မကောင်းဖြစ်မိပါတယ် 


ကျွန်တော်ကြောင့် ထပ်ပြီးစိတ်ညစ်ရမှာ စိုးရိမ်တာနဲ့ပဲ ပိုနေမြဲ ကျားနေမြဲအတိုင်း နေပေးလိုက်ပါတယ် နှစ်သစ်ကစပြီးတော့ တစ်နှစ်ပတ်လုံး အစစအရာရာအဆင်ပြေပါစေခင်ဗျာ။



နှစ်ဆန်းနှစ်ရက်နေ့ တခြား Account ပဲသုံးမယ်လို့ post တင်ထားပေမယ့် ကျွန်တော်ထပ်ပြီးတော့ မ Add တော့ပါဘူး ပြီးသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အစကနေပြန်မစချင်တော့တာ ကျွန်တော့် feeling ပါ အနည်ထိုင်ဖို့ကို ကျွန်တော်တစ်ယောက် အချိန်ဘယ်လောက်များယူရအုန်းမှာလည်းဗျာ။


နှစ်ဆန်းသုံးရက်နေ့ ခင်ဗျားအဆင်မပြေဘူးလို့ ကျွန်တော်ခံစားနေရပါတယ် အဆင်ပြေရဲ့လားလို့ မေးချင်ပေမယ့် နှုတ်ဆိတ်နေလိုက်ပါတယ် လွမ်းတယ်ဗျာ အချိန်တစ်ခုရောက်ရင် အသားကျသွားမှာပဲလေဆိုပြီးနှစ်သိမ့်ထားပါတယ်။


၂၀ရက်နေ့ အိပ်ရေးပျက်တာများတော့ နေမကောင်းဖြစ်ရော မနက်လင်းအားကြီးမှ အိပ်ပျော်သွားပြီး ၁၀နာရီကျော်မှ တရေးနိုးတယ် အလုပ်ကိုခွင့်တိုင်ပြီးပြန်အိပ်သွားတာ 


နေ့လည်မှပြန်နိုးတော့တယ် online မဖြစ်နေတော့ ခင်ဗျားစိတ်ပူနေမလားတွေးမိပြီး ညနေမှာ post တင်ထားလိုက်မိတယ် fb ဝင်တိုင်း သမီးနဲ့ ခင်ဗျား account ၂ခုလုံးကိုအမြဲဝင်ကြည့်မိနေတုန်းပါပဲဗျာ။


၂၁ရက်နေ့ မနက်ကအလုပ်သွားတော့လည်း ချွေးမတအားထွက်ပြီး လူကလဲချင်နေရော ညဘက်ကို ထမင်းဝင်အောင်စားပြီး စောစောအိပ်လိုက်တယ် post တင်ထားတာတွေ့ပေမယ့် အန္တရာယ်ကင်းမယ်ပဲယုံကြည်ထားပါတယ်။


၂၂ရက်နေ့ အလုပ်မှာအလှူရှိပေမယ့် လူကအားနည်းနေတာနဲ့ မသွားဖြစ်ဘူး ၁၁ရက်ဆိုတဲ့အချိန်ကို အကြာကြီးဖြတ်ကျော်နေရမှန်းလည်းသိပါတယ် နောက်ထပ် ၈ရက်ကိုလည်း ကြိုးစားဖြတ်ကျော်ရမှာပဲလေ ခင်ဗျားသာပြန်ဆက်သွယ်ချင်တဲ့ စိတ်ဆန္ဒသာရှိခဲ့ရင် ဒီကြားအတွင်းမှာဆက်သွယ်မှာပဲလေ ဒါပေမယ့်လည်း..


၂၃ရက်နေ့ မနက်အစောနိုးလာတော့ အရင်ရက်တွေက စကားပြောဖြစ်တာကို သတိရပြီးတော့ ဆွေးသွားမိတယ် ဘယ်တက်နိုင်မှာလည်းဗျာ relationship တစ်ခုမှာ နားလည်မှုကအရေးကြီးဆုံးပါပဲ ကျွန်တော်မရင့်ကျက်သေးဘူးပဲသဘောထားလိုက်ပါတယ်။ 


နောင်ချိုကိစ္စသတင်းကြားပြီး စိုးရိမ်မိတယ် အဆက်အသွယ်မရှိတော့တာပဲ ကောင်းပါတယ် နောက်ဆိုရင် ခင်ဗျားမကြားချင်တဲ့ ဂရုစိုက်ပါသတိထားပါဆိုတဲ့စကားကို ထပ်ခါထပ်ခါ​ မှာနေမိမှာလေ။


အဆက်အသွယ်မရှိတာ ၁၂ရက်ပြည့်ပြီ ဝန်ခံရရင် တကယ်ကိုသတိရမိပါတယ် ဒါပေမယ့်လည်း ရပ်တန့်လိုက်တာနှစ်ယောက်လုံးအတွက် ပိုကောင်းမှာပါ viber မှာ နောက်ဆုံးပြောခဲ့တာတွေ ပြန်ဖတ်နေမိတယ် ဒီလိုနဲ့ ကျွန်တော်တို့ဝေးခဲ့ရတာပါ။


၂၄ရက်နေ့ အလုပ်ကပြန်ရောက်တော့ မီးပျက်နေပေမယ့် ခင်ဗျား account ကို ခဏဝင်ကြည့်မိတယ် post တင်ထားတာတွေ့တော့ စိတ်အေးသွားမိပါတယ် အန္တရာယ်ကင်းတဲ့နေရာမှာပဲ နေပေးလို့ကျေးဇူးတင်ပါတယ်ဗျာ။

လွမ်းတယ်ဗျာ။


၂၅ရက်နေ့ နောက်၅ရက်ဆိုရင် ဧပြီလကုန်ပြီ ကျွန်တော်လည်း တည်ငြိမ်သင့်ပါပြီ ဒါပေမယ့်လည်း အခုအချိန်အထိ ခင်ဗျား online ဖြစ်နေတာကို ဝင်ကြည့်မိနေတုန်းလေ အချိန်ဆိုတာ အကောင်းဆုံးသမားတော်လို့ ကျွန်တော်လက်ခံထားတဲ့အတွက် အချိန်တစ်ခုရောက်ရင်တော့ တည်ငြိမ်သွားမယ်ထင်ပါတယ်ဗျာ အခုတော့..


၅ရက်ဆိုတဲ့ ကာလတိုလေးကို ကျွန်တော်အတော်လေး သည်းခံရအုန်းမယ် အပြင်မှာရာသီဥတုပူလောင်နေသလို ကျွန်တော့်ရင်ထဲမှာလည်းမအေးချမ်းပါဘူး 


ကိုထီးသီချင်းလေးညည်းရင်းနဲ့ တစ်ယောက်ထဲဆွေးနေမိတယ် ဘယ်သူ့ဘယ်သူကိုမှ နောက်တစ်ကြိမ် အလွန်အမင်းမဖက်တွယ်ဖို့ ကျွန်တော့်ကိုယ်ကျွန်တော် အသေအချာသတိပေးရပါတော့မယ်။


၂၆ရက်နေ့ မနက်အစောကြီးတရေးနိုးသွားတော့ ခင်ဗျားကိုသတိရမိတယ် viber ကို ခဏဝင်ကြည့်မိပါတယ် ၃၀ရက်နေ့ပြီးရင်တော့ နေသားကျသွားမယ်လို့ မျှော်လင့်ထားပါတယ်။


၂၇ရက်နေ့ ညကရာသီဥတုပူပြီး အိပ်မရတော့ အလုပ်အပြန်အိမ်ရောက်တာနဲ့ လူက Weak ဖြစ်နေတော့ ခင်ဗျားအကြောင်းမရေးဖြစ်တော့ဘူး


ည၁၁နာရီကျော် မီးပျက်ထဲက အိပ်မရတော့တာ မနက်၂နာရီခွဲ မီးလာမှပဲအိပ်ဖို့ပြင်ရတယ် မအိပ်ရတဲ့အတူတူ ရေတင်ရင်းနဲ့ ခင်ဗျား account ဝင်ကြည့်မိတော့ online မဖြစ်တာကြာပြီ သိပ်မကြာပါဘူး online ဖြစ်သွားတော့ မအိပ်ရသေးဘူးလား စိုးရိမ်သွားမိတယ် ဒါပေမယ့်စကားမဆိုဖြစ်ပါဘူး တချို့လူတွေရဲ့ ဖြစ်တည်မှုက ကျွန်တော်နဲ့မျှလုံးလုံးလားလားမသက်ဆိုင်တာလေခင်ဗျာ..


၂၈ရက်နေ့ လွမ်းတယ်ယ်ဗျာ နောက်နှစ်ရက်ဆိုရင် ခင်ဗျားနဲ့ပတ်သက်တဲ့ ကျွန်တော်ခံစားချက်တွေ သိမ်းဆည်းဖို့သင့်ပြီလေ။


၂၉ရက်နေ့ online ဖြစ်နေပေမယ့် မနေ့ထဲက post မတင်တော့ဘူးလေ ဒီညနေခင်ဗျားအကြောင်း ပတက်ကနေ post တင်ထားတော့ စိုးရိမ်မိသွားပြန်ပြော စာပို့ရမလားမပို့ရမလား ဒိဟဖြစ်နေရင်းမပို့ဖြစ်တော့ပါဘူးဗျာ တချို့အခြေအနေကတည်ငြိမ်စပြုနေပါပြီ..


၃၀ရက်နေ့ မနေ့ညထဲက ကြက်အရိုးစူးပြီး လူကအခြေအနေမကောင်းတော့ ခင်ဗျားကိုသတိရပေမယ့် အိုဗာမတင်းနိုင်တော့ဘူး ( ဒါတောင်မှ အိပ်ခါနီး နာတာသက်သာမလားဆိုတဲ့အတွေးနဲ့ ဖေဖေါ်ဝါရီလကနေ စကားပြောခဲ့တာတွေ ပြန်ဖတ်မိနေသေးတယ် )


မနေ့ညက post တင်ပေးလို့ကျေးဇူးပါ ခင်ဗျားအန္တရာယ်ကင်းတယ်ဆိုရင်ပဲ ကျွန်တော်ကျေနပ်ပါပြီ။

30th April 2023.








ရပ်တန့်လိုက်ပါပြီ။



1ရက်နေ့ညက blocked သွားတယ် 3ရက်နေ့ စိတ်သက်သာရမလားဆိုပြီး ပိုက်ဆံနည်းနေတာတောင် အလုပ်က ညီမလေးနဲ့ Spa လိုက်သွားတယ် ၂နာရီလောက် အနှိမ်ခံထားရလို့ တစ်ကိုယ်လုံးနာကျင်နေတာတောင် ညဘက်ထပ်ပြီးတော့ သားဘဲတို့နဲ့ Bar လိုက်သွားတယ် ဒါပေမယ့် စိတ်ညစ်တာက မပျောက်သွားပါဘူး 


ကျွန်တော်ကယောင်္ကျားဆိုရင် တစ်ယောက်ဆိုတစ်ယောက်ကိုပဲ တပ်မက်ပြီးဖက်တွယ်တက်လွန်းတဲ့ တယူသန်သမားကိုဗျ


ခင်ဗျားနဲ့ပတ်သက်တာတွေမှန်သမျှ ကျွန်တော်က အကုန်လုံးကို အလေးအနက်ထားခဲ့မိတာကိုအဲ့ဒီစိတ်ကြောင့်ပဲ  10ရက်နေ့မှာ ဗုံးဗုံးလဲသွားတာ ဒီနေ့အထိပါပဲ 


ဒီတစ်ခါတော့ ခင်ဗျားကို ကျွန်တော်တကယ်ကို မုန်းပါတယ် နောက်တစ်ကြိမ်ထပ်ပြီးတော့ဖက်တွယ်ဖို့ တစ်နည်းနည်းမျှဆက်သွယ်ဖို့ ဘယ်လိုမျှမကြိုးစားတော့ပါဘူး အကြိမ်ကြိမ်

နာကျင်စေခဲ့သူကို လွှတ်ချလိုက်တာ ကျွန်တော်မမှားခဲ့ဘူးထင်ပါတယ်


မိန်းမတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာဖြစ်စေ စိတ်ပိုင်းဆိုင်ရာဖြစ်စေ တစ်နည်းနည်းနဲ့ အဲ့လိုနာကျင်စေတဲ့ ဘယ်လိုယောင်္ကျားကိုမဆို ကျွန်တော်မုန်းပါတယ် 


အစွဲအလန်းကြီးတက်တဲ့သူဖြစ်လို့ အသားကျဖို့တော့ အချိန်တော့ယူရပါလိမ့်မယ် အဲ့ဒီအချိန်အတွင်းမှာ ကျွန်တော်တစ်ယောက် ကိုယ်ကျန်းမာ စိတ်ချမ်းသာဖို့အတွက် အများကြီးကြိုးစားပြီး နေထိုင်သွားပါမယ်


ကျွန်တော့်ဘက်ကနေ စပြီးကျူးလွန်ခဲ့တာဖြစ်လို့ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး မချစ်သင့်တဲ့သူကို မဖက်တွယ်သင့်တဲ့သူကို မတပ်မက်ခဲ့သင့်သူကို ချစ်ခဲ့မိလို့ ဖက်တွယ်ခဲ့မိလို့ 

တပ်မက်ခဲ့မိလို့ အခုလို စိတ်ရောကိုယ်ပါ နာကျင်ခံစားနေရတာက ဘုရားရိုက်တယ်လို့ပဲ ကျေကျေနပ်နပ် ခံယူထားလိုက်ပါတယ်


ခင်ဗျားဘဝတစ်လျှောက်လုံးမှာ ကိုယ့်ဘက်ကနေ တာဝန်မယူပေးနိုင်ဘဲ အပျော်သဘောတစ်ခုထဲနဲ့ ခင်ဗျားသာယာမှုတစ်ခုထဲအတွက်နဲ့ လွတ်လပ်တဲ့မိန်းမ မလွတ်လပ်တဲ့မိန်းမ ဘယ်မိန်းမကိုမျှ ရည်ရွယ်ပြီးတော့ဖြစ်ဖြစ် မရည်ရွယ်ခဲ့ဘဲနဲ့ဖြစ်ဖြစ် စိတ်ဒုက္ခမပေးမိပါစေနဲ့ဗျာ။

18th June 2023.








အတိတ်





 

၃၀ရက်နေ့ ညခင်းထဲက သည်းသည်းမည်းမည်းရွာနေတဲ့မိုးက ၃၁ရက်နေ့ မနက်ခင်းတိုင်အောင်မမောသေးဘူးဗျာ..



ရာသီဥတုကြောင့် သာမာန်လူတောင် လွမ်းသရောင် 

ဆွေးသရောင် ဖြစ်နိုင်တဲ့အချိန်မှာ အဆွေးဓါတ်ခံရှိပြီးသား ကျွန်တော်အတွက်ကတော့ မနှစ်ကဒီအချိန်ကို ပြန်ရောက်သွားပြီး တမ်းတမ်းတတလွမ်းမိပြန်ပါတယ် 


အခုအခါမှာ တစ်ယောက်နဲ့တစ်ယောက် သက်ဆိုင်မှုအလျင်းမရှိတော့ပေမယ့် အတိတ်ကို ပြန်သတိရမိတဲ့အချိန်တိုင်း ကျွန်တော်တကယ်ကိုလွမ်းဆွတ်မိပါတယ်


တစ်ညတာခိုလှုံခွင့်ရဘူးတဲ့ ခင်ဗျားရင်ခွင်ကို အမှတ်ရနေရင်း ခင်ဗျားတစ်ယောက် အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် အန္တရာယ်ကင်းပြီး ဘေးဘရာတွေကနေလည်းကင်းဝေးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်


တချို့တွေ့ဆုံမှုတွေက ကွေ့ကွင်းခြင်းရဲ့ အစဆိုတာကို ကျွန်တော်တစ်ယောက်သတိမမူခဲ့မိတာပါ..

1st August 2023.









Lust




တဏှာမပါဘဲ သွေးမတော်သားမစပ်တဲ့ လူတစ်ယောက်ကို ဘယ်လောက်အထိများ ဖက်တွယ်နိုင်အုန်းမှာလည်းဗျာ အချစ်ဆိုတဲ့ တဏှာစိတ်ကြောင့် အဲ့ဒီလူကို အခုအချိန်ထိတိုင် ကျွန်တော်ဖက်တွယ်မိနေစဲပါ..


ရက်ပေါင်း ၉၄၆ရက်မှာ ကျွန်တော်ခင်ဗျားကို မြင်ခွင့်ရတာ ၄ရက်ပဲရှိခဲ့တာပါ အဲ့ဒီ့တဏှာပါဝင်တဲ့ အချစ်ဆိုတဲ့စိတ်ကြောင့်သာ ကျွန်တော်တောင့်ခံထားနိုင်တာပါ တနေ့တော့ ခင်ဗျားရင်ခွင်ထဲ တိုးဝင်ပြီးအိပ်ခွင့်ရဖို့အတွက်ပေါ့ဗျာ


အချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော်မှားနေမှန်းသိရက်နဲ့လည်း ခင်ဗျားမရှိဘဲတစ်ယောက်ထဲ နေနေရမယ့်နာကျင်မှုကို ခံနိုင်ရည်မရှိလို့ အဲ့ဒီ့အမှားကိုပဲဆုပ်ကိုင်ထားမိပါတယ်


မိန်းမဘက်ကနေ ဇွတ်တိုးနေရင်တော့ တဖက်ကယောက်ကျားသားအနေနဲ့လည်း ရှောင်လွှဲဖို့ခက်ပါတယ် ကျွန်တော်အကြိမ်ကြိမ်ဇွတ်တိုးမိခဲ့တာအတွက် ခင်ဗျားကိုတောင်းပန်ပါတယ် ဒါပေမယ့်လည်း ကျွန်တော်တကယ်ကိုနောက်မဆုတ်နိုင်တော့ပါဘူးဗျာ


သံယောဇဥ်နဲ့ချည်နှောင်ထားတာလား သွေးသွားဆန္ဒနဲ့ချည်နှောင်ထားတာလား မသိပေမယ့် တနေ့တော့နေခဲ့ရမှာကို ကျွန်တော်နားလည်ပါတယ် အဲ့ဒီ့တနေ့မရောက်ခင် ခင်ဗျားကိုဖက်တွယ်ထားနိုင်သမျှဖက်တွယ်နေမိအုန်းမှာပါပဲ


ချစ်တယ် လွမ်းတယ်ဆိုတာ ခင်ဗျားရဲ့သီအိုရီမှာ မရှိခဲ့ပေမယ့် ကျွန်တော့်ကမ္ဘာမှာတော့ ခင်ဗျားကအရာရာပါပဲ 


စကားပြောခဲ့တာ ၁၂နာရီမပြည့်သေးတာတောင် ကျွန်တော်လွမ်းနေပါပြီ ခင်ဗျားရဲ့တစ်မျက်နှာလုံးကို တရှိုက်မက်မက်နမ်းပြီးတော့ ရင်ခွင်ထဲတိုးဝင်နေချင်တယ်ဗျာ ကျွန်တော်မှာ အခွင့်အရေးမရှိပါဘူး


ခင်ဗျားမျက်နှာလေးမြင်ရပြီး ခင်ဗျားရင်ခွင်ထဲတိုးဝင်ပြီးအိပ်ရဖို့အတွက် ကျွန်တော်စောင့်နေရအုန်းမှာပါ ဘာဖြစ်လို့လည်းဆိုရင် ခင်ဗျားက ကျွန်တော်အသက်လောက်ချစ်ရတဲ့သူမို့ပါ။

29th October 2023.









ကိုကို

ကျန်းမာရေးတော့ ဂရုစိုက်ပါ


လကုန်အထိ ခင်ဗျားဘက်ကနေ မဆက်သွယ်လာဘူးဆိုရင် ကျွန်တော့်ကိုထားခဲ့ပြီလို တကယ်ထင်ခဲ့မိတာပါ...

2nd November 2023


ခင်ဗျားကို မုန်းဖို့လည်း နည်းနည်းလေးမျှ မကြိုးစားခဲ့သလို 

မေ့ဖို့ကိုလည်း တကူးတကကြီး အားမထုတ်တော့ပါဘူး 

အချိန်တစ်ခုရောက်ရင်တော့ အရာအားလုံး နေသားတကျ ဖြစ်သွားမယ်လို့ပဲ ကျွန်တော် မျှော်လင့်ထားလိုက်ပါတယ်


တချို့လူတွေအတွက် နားလည်မှုဆိုတာ အောက်စီဂျင်လိုများ လေထဲကနေအလကားရနေတယ်လို့ ထင်မှတ်ထားကြတာနေမှာပါ 


အဲ့ဒီအောက်စီဂျင်ရဖို့အတွက် တောတောင်ရေမြေတွေရှိဖို့ လိုအပ်တယ်ဆိုတာ သူတို့များ သတိမေ့သွားကြတာနေမှာပါ 


တောတောင်ရေမြေတွေက သဘာဝတရားက ဖန်တီးထားခဲ့သလို တကူးတက လူတွေဖန်တီးပေးရတာလည်းရှိပါတယ် အဲ့ဒါတွေက ကျွန်တော်တို့တခုတ်တရ ကျေးဇူးတင်ပေးရမယ့် သက်ရှိသက်မဲ့တွေပေါ့ဗျာ


အဲ့ဒီလိုပါပဲ လူတစ်ယောက်က တခြားလူတစ်ယောက်အပေါ် နားလည်မှု ပေးထားတယ်ဆိုတာလည်း တကူးတကဖန်တီးပေးထားတာပါ 


အဲ့ဒီလူက စိတ်ရင်းကောင်းလို့ လူတိုင်းအပေါ် နားလည်ပေးတက်တာမဟုတ်ပါဘူး သူ့အတွက် တကယ်ကို အလေးထားရတဲ့သူဖြစ်လို့ နားလည်ပေးထားတာပါ သူ့နကိုဗီဇအတိုင်း

ဖြစ်တည်နေတာမဟုတ်ပါဘူးဗျာ


ဒါပေမယ့် ခင်ဗျားကတော့ ကျွန်တော်နားလည်မှု ပေးခဲ့တာတွေကို လူတိုင်းအပေါ်နားလည်ပေးထားသလို သူ့ဗီဇအတိုင်း ဖြစ်တည်နေတာလို့ထင်ခဲ့သူပါ


ကျွန်တော့်ပင်ကိုယ်က ကျွန်တော်အတွက် Safe ဖြစ်မယ့် ကျွန်တော့်အတွက် နာကျင်မှုနည်းပါးတဲ့ ပုံစံခွက်ထဲမှာပဲ နေတက်သူပါ ကျွန်တော်နာကျင်ရတာကိုနည်းနည်းလေးမျှ သည်းမခံနိုင်သူပါ 


ပြီးတော့ ကျွန်တော်အားနည်းချက်က တစ်ဖက်လူတွေအပေါ် ပေါ့ပေါ့ပါးပါးဆက်ဆံပေးဖို့ ခက်ခဲတဲ့သူပါ စိတ်အရင်းတိုင်း ဆက်ဆံပေးတက်တဲ့သူဖြစ်တော့ မရင်းနှီးတဲ့လူတွေက ကိုယ့်ကိုနာကျင်အောင် ပြုမူမှာစိုးရိမ်တဲ့အတွက် လူတွေကိုခပ်စိမ်းစိမ်းပဲနေတက်သူပါ


ခင်ဗျားကြောင့် ကျွန်တော့်ပုံစံခွက်ထဲကနေထွက်ပြီး ခင်ဗျားနှစ်သက်မယ်လို့ ကျွန်တော်ထင်ခဲ့မိတဲ့ပုံစံအတိုင်း နေခဲ့ပေးခဲ့တာပါ ခင်ဗျားအတွက်ဆို ကျွန်တော့်ကိုယ်ကျွန်တော်တောင် ဒုတိယဖြစ်သွားရတဲ့ အချိန်တွေတောင်ရှိခဲ့ဘူးပါတယ်


ဒါပေမယ့် ကျွန်တော့်စေတနာ၊မေတ္တာတွေ အကုန်လုံးက အလကားဖြစ်ခဲ့ရပါတယ် ခင်ဗျားအတွက် ကျွန်တော်က နင်ဆိုတဲ့နာမ်စားကလွဲရင် ဖြစ်တည်မှုမရှိခဲ့တဲ့ မိန်းမတစ်ယောက်ဖြစ်ခဲ့ရတာနေမှာပါ


ဒါမှမဟုတ် ကျွန်တော့်စေတနာ၊မေတ္တာတွေက မဖြူစင်ခဲ့၊မသန့်စင်ခဲ့တာလည်း နေမှာပါအဲ့သလိုပါပဲ ခင်ဗျားဆိုတဲ့လူအတွက် မိန်းမ မမည်တဲ့ မိန်းမတစ်ယောက်ဖြစ်ခဲ့တာလည်း 

နေမှာပါဗျာ။


ဒီအချိန်မှာ ခင်ဗျားတစ်ယောက် အလုပ်များနေတယ်ဆိုတာကိုလည်း ကျွန်တော်နားလည်ပါတယ် ကျွန်တော်ကိုမဆက်သွယ်ချင်တော့လို့ မဆက်သွယ်တော့တာကိုလည်းသိထားပါတယ် ခင်ဗျားသဘောကျတဲ့ တခြားအမျိုးသမီးတစ်ယောက်ရှိတာကိုလည်း ကျွန်တော့်ဘာသာ သိထားပါတယ်

( ကျွန်တော့်ရဲ့ sense ပေါ့ဗျာ )


ဒါပေမယ့် ကျွန်တော်အကုန်လုံးကို တည်တည်ငြိမ်ငြိမ်ပဲ လက်ခံထားလိုက်ပါပြီ ဘာဖြစ်လို့လည်းလို့ မေးလာခဲ့ရင် ကျွန်တော်ဖြေမိမှာပါ 


ခံစားချက်မရှိတဲ့ လူတစ်ယောက်လို နာကျင်နေရသမျှအားလုံးကို သည်းခံပြီးနေပေးနေရတဲ့ဘဝကို တကယ်ကို မလိုချင်တော့ပါဘူး ကျွန်တော်ပင်ပန်းနေပါပြီ


ကျွန်တော့်ဘက်ကနေ တဖတ်သက်ဆွဲမိနေတဲ့ကြိုးဖြစ်နေလို့ အချိန်အကြာကြီး မရှိသေးတဲ့အချိန်မှာ ​ပြေလျော့သွားတဲ့အတွက် စိတ်မကောင်းပါဘူး တကယ်ကိုဝမ်းနည်းရပါတယ်

ဒါပေမယ့်လည်း ကျွန်တော် လက်ခံပေးလိုက်ပါပြီ


ကျွန်တော်က လူတစ်ယောက်ဖက်တွယ်မိရင် အဆုံးအချိန်အထိ မျှော်လင့်ခဲ့မိတာကိုဗျာအဲ့ဒါက ဘယ်တော့မှပြင်လို့မရတော့တဲ့ အားနည်းချက်အကြီးကြီးပါ


ဒါပေမယ့်လည်း ကံဆိုတာကြီးကို ကျွန်တော်လွန်ဆန်လို့မှ မရတာဗျာ ကျွန်တော်မလိုချင်တဲ့ အဆုံးသတ်ကို လက်ခံပေးလိုက်ပါပြီ


တနေ့နေ့ တချိန်ချိန်ရောက်လို့ ကံမကုန်သေးလို့ ပြန်ဆုံခဲ့ကြရမယ်ဆိုရင်တောင် ကျွန်တော်တစ်ယောက် ခင်ဗျားကိုအရိုးသားဆုံးအပြုံးနဲ့ နှုတ်ဆက်ပါမယ် ခင်ဗျားကိုစသိတဲ့အချိန်ကနေစပြီး နောက်ဆုံးအချိန်အထိ ခင်ဗျားအပေါ်မကွယ်မဝှက်ဘဲ ကျွန်တော်ရိုးသားခဲ့တာဖြစ်လို့ လိပ်ပြာလုံပါတယ်ဗျာ။

19th November 2023.



ကျွန်တော့်ကို မဆက်သွယ်တော့ဘူးထင်လို့ 

နေ့တိုင်း Note မှာ ရေးထားမိတာပါ တစ်လပြည့်တဲ 

2nd December ကျမှ post တင်မယ်လို့ပဲ 

ရည်ရွယ်ထားခဲ့တာပါ



ကျွန်တော့်ကိုပြန်ဆက်သွယ်ပေးလို့ ကျေးဇူးပါ 

နာကျင်နေတဲ့အချိန်တိုင်း ငါရပ်သင့်ပြီလို့ သတိပေးနေမိလည်း 

ခင်ဗျားစီက ဂရုစိုက်ပါ စကားတစ်ခွန်းကြားရယုံနဲ့တင် ကျွန်တော့်အတွက် 

အကုန်လုံးပြည့်စုံသွားရသလို ခံစားမိတာပါ



ခင်ဗျားပဲဆုတောင်းကောင်းခဲ့တာလား ကျွန်တော်ကပဲ အရင်ဘဝက 

ခင်ဗျားအပေါ်ကျူးလွန်တာများရှိခဲ့တာလား ခင်ဗျားစကားတစ်ခွန်းနဲ့တင် 

ကျွန်တော့်ခမျာ ခံစားရသမျှ အကုန်လုံးဖြေသိမ့်ပြစ်လိုက်မိတာပါ 

အကြိမ်တိုင်းပါပဲဗျာ




နောက်ဆုံးကျတော့လည်း ခင်ဗျားကို 

အရင်ထက်တိုးပြီး ကျွန်တော် ဖက်တွယ်မိရတာပါပဲဗျာ 

ကျွန်တော်က ခင်ဗျားကို တဖက်သက် ချစ်ရတဲ့သူလေဗျာ။

19th  November 2023

Yangon









 

ဒီနေ့ရန်ကုန်ရောက်မှာသိထားတော့ ၁၂နာရီလောက်ဖုန်းခေါ်ချင်ပေမယ့် တော်ကြာဖုန်းခေါ်လို့ Flight landing များလုပ်နေတဲ့အချိန်ဆိုရင်အဆင်မပြေပါဘူးဆိုတဲ့အတွေးနဲ့ Sms ပို့လိုက်တယ်


ဘာတုံပြန်မှုမှမရှိပါဘူးဗျာ တနေ့လုံးအလုပ်များနေတဲ့ကြားက viber ကိုဝင်ကြည့်မိတယ် blocked ထားတာကိုသိရက်နဲ့

စာပို့မလားလို့ ထင်နေမိတာပါ


တနေ့လုံးတင်းထားတဲ့စိတ်က ညနေ၆နာရီအိမ်ကိုပြန်တော့ ကုန်သည်လမ်းမကြီးမှာ လမ်းလျှောက်နေရင်း တစ်ယောက်ထဲစိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျမိတယ် ငါ့ကျမှဖြစ်ရလေဆိုတဲ့ မေ့ထားတဲ့အတွေးကလူကို ထပ်ပြီးဝမ်းနည်းစေတယ်


ဗိုလ်အောင်ကျော်လမ်းကူးတော့ မီးနီနေပေမယ့် freeway မှာ hijet လေးရှိတော့ လမ်းလည်ခေါင်မှာပဲ ရပ်စောင့်ပေးလိုက်တယ် ကားသမားကလက်လေးပြပြီး ကူးပါဆိုပြီးကားရပ်ပေးတယ် ကျေးဇူးပါဆိုပြီး ခပ်မြန်မြန်ကူးပေးရင်းနဲ့ ငါကိုစာနာမယ့်သူရှိသေးပါတယ် စိတ်မကောင်းမဖြစ်ပါနဲ့လို့


ကားမှတ်တိုင်ရောက်တာတောင် အိမ်မပြန်ချင်သေးတော့

ဆက်လျှောက်မိတယ် အိမ်အထိလမ်းလျှောက်ပြန်မလားလို့ တွေးလိုက်မိပေမယ့် နိုင်ငံရေးမကောင်းတဲ့အချိန် လျှောက်သွားလို့ မသင့်တော်ဘူးဆိုတော့ ဂမုန်းပွင့်ဝင်ရင်း ဦးတည်ရာမရှိလျှောက်ဝယ်တယ် ည၇နာရီထိုးပြီဆိုတော့ အိမ်ပြန်သင့်ပြီလေ


ကားရပ်စောင့်နေရင်း ကိုယ့်ဘာသာဆုံးမနေမိပါတယ် ၂ရက်ကိုပိုက်ဆံ၁သိန်းခွဲကုန်သွားပြီ နင်ပျော်လားလို့ မပျော်ရင်ဘာလို့ ပိုက်ဆံတွေဖြုန်းနေတာလည်း စိတ်အဆင်မပြေရင် ဘုရားပဲရှိခိုးပါ အဲ့ဒီပိုက်ဆံက အချိန်တန်ရင် ပြန်ပေးရမှာလေ လူ့ဘဝမှာ နင်အလကားရစရာဘာတစ်ခုမှမရှိဘူးလို့ ဆူမိလိုက်တယ်


၈ရက်နေ့မွေးတယ် ဝါရမိတ္တူရက်ဖြစ်တယ် အင်္ဂါသမီးဆိုတော့ ရှေ့နောက်မကြည့်ဘဲ လုပ်ချင်တာလုပ်တယ် အဲ့ဒါကြောင့်ပဲ ဘဝမှာအမြဲတမ်း အဆင်မပြေဖြစ်ရတယ်

အဆင်မပြေရင် ဘုရားမဖက်ဘဲ လောကဓံကို ခေါင်းနဲ့ဝင်တိုက်တယ် ပြီးရင်ကျွမ်းပြစ်ပြန်တယ် အတိတ်ကကုသိုလ်ကောင်းမှုကြောင့်ကျွန်တော်ဆိုတာရှိနေသေးတာပါ။

11th December 2023.








မတန်မရာတွေ။

လူတစ်ယောက်တိုင်းစီမှာ သူ့အရည်အချင်းနဲ့ပတ်သက်ပြီး ငါဘယ်သူလဲဆိုတာကို သိနိုင်တဲ့ sense ဆိုတာရှိပါတယ် ကျွန်တော့်စီမှာလည်း လူတိုင်းမှာပါတဲ့ sense ရှိပါတယ်


ငါဘာကောင်ကြီးလို့ တစ်ခါမှမပြောခဲ့မိပါဘူး ဘာဖြစ်လို့လည်းဆိုတော့ ဒီနေ့အချိန်အထိ ကျွန်တော်အရာရောက်တဲ့ လူတစ်ယောက်မဟုတ်မှန်း ကိုယ်တိုင်သိနားလည်လက်ခံထားလို့ပါ


ခင်ဗျားနဲ့ပတ်သက်ခဲ့မိလို့လည်း ငါဘာကောင်ဖြစ်သွားပြီလို့ နည်းနည်းလေးမျှတောင် မတွေးခဲ့ပါဘူး င်္ယောကျားကောင်း၊မိန်းမတစ်ထောင်လို လူမျိုးအတွက် နင်ဆိုတဲ့အယောက်(၉၉၀)ထဲတောင်မှ မသကာရှိလှနံပါတ်စဥ်(၉၉၀)မြောက်လောက်တော့ ဖြစ်ကောင်းဖြစ်နိုင်တာပါ


ကန်တော့ပါရဲ့ စကားကြမ်းသွားရင်တောင်းပန်ပါရစေ တစ်ညအိပ်ခဲ့ဘူးတဲ့ ခင်ဗျားအတွက် save ဖြစ်တဲ့ ကလေကချေမဟုတ်တဲ့ မိန်းမတစ်ယောက်အဆင့်လောက်ပါပဲ ဒါကိုလည်း ကျွန်တော်ကောင်းကောင်းကြီး သိနားလည်ထားပါတယ်


လူတစ်ယောက်ကို ချစ်မိရင်၊သဘောကျမိရင် ရူးရူးမူးမူး၊စွဲစွဲလန်းလန်း ဖက်တွယ်မိတာ ကျွန်တော့်အားနည်းချက်အကြီးကြီးပါပဲ အဲ့ဒီအားနည်းချက်ကြောင့်ပဲ အခုလိုအပြောခံရတာလို့ မှတ်ယူထားပါတယ်


ညီမလေးမပြောပါနဲ့ မတန်မရာပါ ကျွန်တော်မနှိုင်းရဲပါဘူး ကျွန်တော်ဆိုတဲ့မိန်းမက ခင်ဗျားနဲ့ပတ်သက်နေတဲ့ (၁၀)ယောက်မြောက်အမျိုးသမီးရဲ့ အဆင်းရောအချင်းရော အရည်အချင်းမမီီတဲ့သူပါ ကျွန်တော်ကိုယ်ကျွန်တော် ဘယ်လိုမိန်းမတစ်ယောက်ဆိုတာကိုလည်းတစ်ရာရာခိုင်နှုန်း လက်ခံထားပြီးသားပါ နားလည်ထားပြီးသားပါ


အရေးပါချင်လျှင် အရာရောက်အောင် ဦးစွာလုပ်။

အရာရောက်သူ မဟုတ်ဘဲ အရေးပေးခံချင်နေလျှင်တော့ ရူးနေတာပဲ။


နင်ကငါနဲ့တန်လို့လားဆိုတဲ့ စကားလုံးကို လှလှပပ သုံးနှုန်းသွားတာပါပဲ ကျွန်တော်လည်း မတန်မရာတွေကို မသိစိတ်ကများ မှန်းမျှော်ခဲ့မိတာနေမှာပါ


မတန်မရာတွေကို ဆက်လုပ်နေမယ်ဆိုရင် နောင်တကြီးကြီးရမယ်ဆိုတာကို ၂၀၂၂ခုနှစ်တည်းက သိထားပါတယ် အဲ့ဒီအချိန်တည်းက နောက်ဆုတ်ဖို့ကြိုးစားခဲ့ဘူးပါတယ် ဒါပေမယ့်လည်း ကျွန်တော်ရှေ့ဆက်တိုးမိခဲ့ပါတယ်


ကျွန်တော့်ဗီဇကိုက ချစ်ခဲတဲ့လူတစ်ယောက်ဖြစ်နေတော့ လူတစ်ယောက်ကို ရူးရူးမိုက်မိုက်ဖက်တွယ်မိရင် နောက်ဆုတ်ဖို့တကယ်ကိုခက်ခဲပါတယ် အဲ့လိုအချိန်တွေအကြာကြီး ဖက်တွယ်ခဲ့မိလို့လည်း အခုလိုယဥ်ယဥ်ကျေးကျေးနဲ့ နစ်နစ်နာနာအပြောခံလိုက်ရတာပါ ကျွန်တော့်ဘာသာ တကယ်အားနာမိပါတယ်


တကယ်ကိုကျေးဇူးတင်ပါတယ် မတန်တရာတွေကို ဆက်မလုပ်ဝံ့လောက်အောင် ဆုံးမပေးခဲ့တဲ့အတွက်ပါ နောင်တချိန် ကျွန်တော်မတန်မရာတွေ လုပ်မိတဲ့အချိန်တိုင်း အဲ့ဒီစကားကို ပြန်ပြီးအမှတ်ရနေမိမှာပါ။

23rd January 2024.








ချစ်သော

 မနက်လင်းအားကြီးမှာ အိမ်မက်မက်တာနဲ့ပဲ စိတ်ပူပြီးတော့ အလုပ်မအားတဲ့သူကို စာတွေပို့မိပြန်ရော..


အဲ့ဒါနဲ့ပဲ မလုပ်သင့်တာတွေ လုပ်မိပြန်တယ် ခင်ဗျားကိုချစ်ရတာ ကြာလာလေ ကျွန်တော်ပိုပြီးတော့ ဆိုးလာလေသိလား


ခင်ဗျားဘက်က နည်းနည်းလေးခွင့်ပြုပေးလိုက်တာနဲ့ ကျွန်တော် စည်းလွတ်ဝါးလွတ် လုပ်မိပြန်ပြီ


နင်မလုပ်နဲ့လို့ တားမြစ်ထားတာတောင်မှ ချိုးဖောက်ပြီး လုပ်မိပြန်တယ် ဒီလောက်အချိန်အကြာကြီး မတွေ့ရ မမြင်ရတဲ့ အခြေအနေမှာတောင် ကျွန်တော့်ကိုယ်ကျွန်တော် ဆုံးမလို့မရပြန်ဘူး


မလုပ်ဖို့တားမြစ်ထားရက်နဲ့ နည်းနည်းလေးလွတ်သွားတာနဲ့  တားမြစ်ထားသမျှတွေအကုန် ရေစုန်မြောရပြန်ရော


ကျွန်တော်ကဝန်ခံရရင် လူကောင်းတစ်ယောက် မဟုတ်ပါဘူး လူကောင်းဆိုတာ မကောင်းတာကို မကျုးလွန်ဘူးလေ ကျွန်တော်ကသိရဲ့သားနဲ့ ကျုးလွန်မိနေတဲ့သူပါ


တခါတလေကျရင် ကိုယ့်ဘာသာကိုယ် ဆုံးမမိပါတယ် နင်ဘာလို့များ အဲ့လိုတွေလုပ်နေတာလည်း ရပ်တန်းကရပ်ပါတော့ဆိုပြီးတော့ ဒါပေမယ့်လည်း ဓမ္မက အဓမ္မကို မနိုင်ဘူးဖြစ်နေပြန်တယ်


မကောင်းမှုကို ကျုးလွန်နေတာလည်းသိတယ် မဖြစ်သင့်ဘူးဆိုတာလည်း နားလည်ထားတယ် ရပ်တန့်ဖို့လည်း ကြိုးစားနေမိတယ် ဒါပေမယ့်လည်း ခင်ဗျားဆိုတဲ့ လူတစ်ယောက်ကို ဖက်တွယ်နေမိတဲ့ စိတ်က ဒီနေ့ထိတိုင် ဘယ်လိုမှ တရားချလို့မရတော့ ကျွန်တော်ဘာတက်နိုင်မှာလည်းဗျာ


ကျွန်တော့်ကို ခင်ဗျားကို မတအားဖက်တွယ်နေမှန်းသိလို့ သနားပြီးသံယောဇဥ်ရှိတာကလွဲရင် မချစ်ဘူးဆိုတာလည်းသိတယ် တခြားမိန်းကလေးတွေလို မိန်းမတစ်ယောက်လို့ မသတ်မှတ်ဘူးဆိုတာလည်းသိတယ် ခင်ဗျားရဲ့အနာဂတ်ဘဝမှာ ကျွန်တော်မပါဘူးဆိုတာလည်း သိထားပါတယ်


အဲ့ဒါတောင် ခင်ဗျားကို ဖက်တွယ်မိနေတုန်းပါဗျာ


တခါတလေကျရင် စိတ်ရူးပေါက်ပြီး ငါ ယောင်္ကျားကောက်ယူလိုက်ရင် သူ့ကိုဖက်တွယ်တာတွေ ရပ်တန့်သွားမယ်လို့ ထင်မိပါတယ်


ဒါပေမယ့် လူတဖက်သားကို ရင်းနှီးကျွမ်းဝင်ဖို့က ဒီအသက်အရွယ်ထိတိုင် ကျွန်တော်သင်ယူဖို့ခက်ခဲတဲ့ ကိစ္စကြီးဖြစ်နေခဲ့တော့ တခြားလူတစ်ယောက်ကို ဖက်တွယ်မိရမယ့်အစား ခင်ဗျားကိုပဲ တိုးပြီးတော့ဖက်တွယ်မိပြန်ရော


မုန့်လုံးစက္ကူကပ်နေရတဲ့ဘဝပါ


အဆက်အသွယ်မလုပ်ဘဲနေရင် အနည်ထိုင်သွားပြီး ခင်ဗျားကို ဖက်တွယ်နေမိတဲ့စိတ်ကလေး လျော့သွားမလားဆိုတဲ့အတွေးနဲ့ တစ်လကိုးသတင်း ဒီအတိုင်းနေမိတယ် တချို့ကိစ္စတွေကြောင့် စိုးရိမ်စိတ် ပူပန်တဲ့စိတ်နဲ့ပဲ စာတွေပို့မိပြန်တယ် ပြီးရင် အရင်ကထက်ပိုပြီး တိုးပြီးတော့ ဖက်တွယ်မိပြန်တယ်


နောက်ဆုတ်ဖို့ကြိုးစားရင်း ရှေ့တိုးမိ


တကယ်တကယ်ပါ ရပ်တန့်ဖို့ကြိုးစားမိလိုက်ရင် အရင်ကထက်ပိုပြီး ဖက်တွယ်မိတယ် အရင်ကရင်းနှီးခဲ့တာထက် အများကြီး အများကြီး ပိုပြီးရင်းနှီးမိပြီးတော့ မိန်းမတန်မယ့် စည်းတွေ ဘောင်တွေ ကျော်မိပြန်ရော


တခါတလေကျရင် ဘုရားကို complain တက်မိတယ် တပည့်တော် အဲ့လောက်ချစ်တက်တာကို ဘာလို့များ မချစ်တက်တဲ့သူကို ဆုံတွေ့ခွင့်ပေးခဲ့တာလည်း ဆိုပြီးတော့


အမှန်က ခင်ဗျားလည်း နွေးထွေးတဲ့နှလုံးသားနဲ့ တကယ်ကို ချစ်တက်တဲ့သူတစ်ယောက်မှန်း ကျွန်တော်ခံစားမိပါတယ် မချစ်သင့်လို့ စောင့်ထိန်းရမှာဖြစ်လို့ စောင့်ထိန်းနေတဲ့သူပါ


တကယ်ဆိုရင် ကျွန်တော်ပြန်လာထဲက ခင်ဗျားကနေ လုံးလုံးကို အဆက်အသွယ်ဖြတ်သင့်လိုက်တာလေ အခုတော့ ၃နှစ်ဆိုတဲ့ အချိန်ကာလမှာ ကျွန်တော့်ခမျာ လင်တရူးမကြီးဖြစ်ရပြန်ရော


တချို့ရေစက်တွေက ဝဋ်ကြွေးပါလာလို့နေမှာဗျ ခင်ဗျား ကျွန်တော်နဲ့ဆုံတွေ့ရတာ ဝဋ်ကြွေးပဲနေမှာပါ ပြစ်ပြစ်ခါခါပြောလိုက်ရင်လည်း သနားတာနဲ့ မပြောရက် အဲ့ဒါနဲ့ပဲ ကျွန်တော်ဘက်ကနေ ပိုပြီးတော့ဖက်တွယ်မိလေ ခင်ဗျားလည်း အနေကြပ်လေဖြစ်နေရတာ


မနက်ကလို ကျွန်တော်ကို အလိုမလိုက်ပါနဲ့ ကျွန်တော်က ခင်ဗျားနည်းနည်းလေး အခွင့်အရေးပေးလိုက်တာနဲ့ ကုလားအုတ်လို ခေါင်းလေးကစပြီး တစ်ဘဝလုံး ခင်ဗျားစီဝင်လာမယ့်သူပါ


ကျွန်တော်ဘယ်လောက်ပဲ ခင်ဗျားကိုတပ်မက်နေပါစေ ဖက်တွယ်မိနေပါစေ ခင်ဗျားဘဝအတွက် အနှောက်အယှက်ဖြစ်မှာကိုတော့ နည်းနည်းလေးမျှ မကြိုက်ပါဘူး ဘယ်သောအခါမျှလည်း ကျွန်တော့်ကိုယ်ကျွန်တော် ခွင့်ပြုမပေးပါဘူး


ခင်ဗျားဘဝလေး အေးချမ်းနေဖို့အတွက် ကျွန်တော်ဖက်တွယ်တာတွေကို ရပ်တန့်နိုင်ဖို့ ကြိုးစားနေမှာပါ ကျွန်တော်ချစ်တဲ့သူကို နည်းနည်းလေးမျှ မထိခိုက်စေချင်တာက ကျွန်တော့်မေတ္တာတရားပါ။


ခင်ဗျားအဆင်ပြေတယ်ဆိုရင်ပဲ ကျွန်တော်ကျေနပ်နေသူပါဗျာ။


ရေးချင်တာရေးပြီးတော့ လွမ်းမိပြန်ပြီ 

မခက်ပြန်ဘူးလားဗျာ..

3rd March 2024.













မွေးနေ့မှာပျော်ရွှင်ပါစေရှင်။




















🧡 Happy Birthday! 🧡

🍀 မွေးနေ့မှာပျော်ရွှင်ပါစေရှင်။ 🍀



စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်း
နှင့်ပြည့်စုံပြီး နှလုံးစိတ်ဝမ်းအေးချမ်းပါစေ။


လိုအင်ဆန္ဒ တစ်လုံးတစ်ဝပြည့်စုံနိုင်ပါစေ
စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေ။


ခလုပ်မထိ ဆူးမငြိပါစေနှင့် 
အသက်ရာကျော် ရှည်ပါစေ
အန္တရာယ်မျိုးတစ်ရာ့တစ်ပါး 
ရောဂါမျိုးကိုးဆယ့်ခြောက်ပါးမှ
ကင်းဝေး၍ အသက်အန္တရာယ်
ပြုခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ။


စီးပွားဥစ္စာများ တိုးတက်အောင်မြင်ပြီး လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့ပါစေ။


နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော
မိသားစုကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော
လက်အောက်ငယ်သားများကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော ပုဂ္ဂိုလ်ဖြစ်ပါစေ။


ဗုဒ္ဓသာသနာအကျိုး သယ်ပိုးထမ်းဆောင်နိုင်သော
ဗုဒ္ဓသာသနာကို အထောက်အပံ့ပေးနိုင်သော
ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော ပုဂ္ဂိုလ်ဖြစ်ပါစေ။


ဒုက္ခခပ်သိမ်း ငြိမ်းအေးရာအမှန်ဖြစ်တော်မူသော နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သည့်ပုဂ္ဂိုလ်
ဖြစ်ပါစေ။

🙏🙏🙏


လာမယ့်နှစ်ကစပြီး မွေးနေ့တိုင်းမှာ မိသားစုနှင့်အတူတူ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ မွေးနေ့ကုသိုလ်အလှူဒါနတွေလည်း မိသားစုနှင့်အတူတကွ 
နှစ်စဥ်နှစ်တိုင်းကုသိုလ်ပြုနိုင်ပါစေ။

🧡🧡🧡🧡
22nd March 2024.








Good Bye.

နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ရဲ့မနက်ဖြန်များစွာကို ဖြတ်သန်းရင်းနဲ့ ခင်ဗျားကိုတနေ့ကျရင်တော့ မေ့သွားနိုင်မယ်ဆိုတာမျှော်လင့်မိပါတယ် ကျွန်တော်တို့တွေအတိတ်ကရေစက်ပါခဲ့လို့ တဒင်္ဂဆုံစည်းခဲ့ကြတာနေမှာပါဗျာ။



ကျွန်တော့်အတွက်၂၀၂၃ခုနှစ်၊ ၂၀၂၄ခုနှစ် ဆိုတဲ့အချိန်ကာလအတွင်းမှာ အရာအားလုံးကရပ်တန့်ဖို့အတွက့် တကယ်ကိုလုံလောက်သွားပါပြီ ခင်ဗျားစီကနေပြန်လာတဲ့နေ့ 3rd August 2022 မှာ နင်ငါ့ကိုနောက်ထပ်မဆက်သွယ်နဲ့တော့ နင့်ကိုငါစိတ်မဝင်စားတော့ဘူးဆိုတာကို ​ပြောခဲ့ပေးရင်တောင် ကျွန်တော်ခင်ဗျားကိုဒီလောက်အချိန်အကြာကြီး ဖက်တွယ်နေမိမှာမဟုတ်သလို ဒီအချိန်အထိတိုင် ကျွန်တော်နာကျင်ခံစားနေရမှာ မဟုတ်ပါဘူးဗျာ။ 



ဒီဆယ်ရက်အတွင်းမှာ ခင်ဗျားကိုမဆက်သွယ်မိဖို့အတွက် ကျွန်တော်အများကြီးကြိုးစားထားရတာပါ ဒီဇင်ဘာလကုန်သွားရင် အသားကျသွားမယ်လို့လည်းမျှော်လင့်ထားပါတယ် အနည်ထိုင်ဖို့ကိုတော့ ကျွန်တော်အချိန်အများကြီး ပေးဆပ်ရအုန်းမှာသေချာပါတယ် ကျွန်တော်ကအချစ်ကြီးသူကို။



ကိုယ့်ကိုမချစ်မနှစ်သက်တဲ့သူတစ်ယောက်ကို ဘယ်တော့မျှရင်ဘက်တစ်ခုလုံးနဲ့ရင်းပြီး မချစ်မိပါစေနဲ့ အဆုံးသတ်ကတကယ်ကိုမလှပပါဘူးဗျာ။ 



ဒီလောက်နှစ်တွေအများကြီးမှာ ခင်ဗျားအပေါ်ထားရှိခဲ့တဲ့ ကျွန်တော်ချစ်ခြင်းမေတ္တာက မဖြူစင်ခဲ့လို့မသန့်ရှင်းခဲ့လို့ ကျွန်တော်အပေါ်တုံ့ပြန်မှုအလျင်းမရှိခဲ့တာလို့ပဲ မှတ်ယူထားလိုက်ပါတယ်။



အစစအရာရာအကုန်လုံးဂရုစိုက်ပါ။ သုံးနှစ်ကျော်ဆိုတဲ့ကာလအတွက် တကယ်ကိုအများကြီး ကျွန်တော်ကျေးဇူးတင်ခဲ့ရပါတယ်။

2022.

  ချစ်သော


ချစ်သောဆိုတာ လူတစ်ယောက်ကို 

ကျွန်တော့်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလိုမျိုး 

အဆုံးမရှိတွယ်တာမိခဲ့တဲ့အတွက် အမြတ်တနိုး 

တန်ဘိုးထားပြီး ကျွန်တော်ပေးခဲ့တာပါခင်ဗျာ...


4.07.2022

ဝန်ခံရရင် နည်းနည်းတော့ Feel ဖြစ်မိတယ်ဗျာ 

ခင်ဗျားကို ဂရုစိုက်ပါဆိုတဲ့ စကားကလွဲရင် 

ဘာတစ်ခုမျှ မကူညီပေးနိုင်တဲ့အတွက်ပါ


အေးအတူ၊ပူအမျှနေချင်တဲ့ ကျွန်တော်အတွက် 

ဒီအချိန်မှာ ခင်ဗျားကို တက်နိုင်သမျှ 

အကူအညီပေးချင်တာ ကျွန်တော့်ဆန္ဒပါဗျာ။


ကျွန်တော် လွမ်းနေပါသည်။


6.07.2022

ခင်ဗျားကို တွေ့ဖို့ရက်နီးလေ ကျွန်တော်

ရင်ခုန်လေပဲဗျာ 


မသိစိတ်ထဲမှာတော့ ကြိုပြီးပြင်ဆင်ထားပါတယ် အပြင်မှာ Accepted မလုပ်ခဲ့ရင်တောင် ကျွန်တော်ယိုင်လဲမသွားရဘူးလို့ ကိုယ့်ဘာသာ သတိပေးထားပါတယ်ဗျာ


တာဝန်တွေပိနေတဲ့ ခင်ဗျားကို တွေ့ခွင့်ရယုံနဲ့တင် ကျွန်တော်ကျေနပ်ရမှာပါ Accepted လုပ်ခြင်း၊ မလုပ်ခြင်းအတွက် ကျွန်တော် complain တက်တာ မဖြစ်သင့်ဘူးလေဗျာ


ချစ်တယ် ခင်ဗျားမျက်နှာလေးကို ငေးကြည့်ပြီးတော့ ပြောချင်နေမိတယ် ခင်ဗျားသိထားတာထက် ခင်ဗျားအပေါ် ကျွန်တော်တွယ်ညိနေတဲ့ အတိုင်းအတာက အများကြီး နက်ရှိုင်းပါတယ်။


လကုန်တွေ့ရမှာပဲ


ဒီစကားလေး တစ်ခွန်းနဲ့တင် ကျွန်တော်

အလွမ်းတွေ ပျောက်ကွယ်ခဲ့ရပါပြီ။



8.07.2022

လူကြီးဖြစ်ပြီးလူကြီးဆန်တဲ့ ကျွန်တော်ချစ်ရတဲ့သူ ခင်ဗျားက serious ဖြစ်တာ မကြိုက်မှန်း ကျွန်တော်နားလည်ပါတယ်


ဒါပေမယ့် ကျွန်တော်က emotions များတဲ့လူဆိုတော့ မကြိုက်မှန်းသိရက်သားနဲ့ အစိုးရိမ်ကြီးမိပါတယ်


ဒါပေမယ့်လည်း သတိထားပါတယ် ခင်ဗျားစိတ်ခုမှာကို ကျွန်တော်နည်းနည်းလေးမှ မလိုလားပါဘူး ခင်ဗျားအပေါ် ချစ်တဲ့စိတ်ရယ် ခင်ဗျားထမ်းဆောင်နေရတဲ့ တာဝန်ဝတ္တရားတွေကို ကျွန်တော်နားလည်ထားလို့ပါပဲ


ဟူး ဒီနေ့လည်း ရင်မောရပါတယ် နယ်ရုံးစာရင်းတွေ နေ့ချင်းပြီးရမှာဖြစ်လို့ အလုပ်လုပ်နေရတာတောင် ခင်ဗျားကို 

တကယ်ကို စိတ်ပူနေမိပါတယ် 


အမေအပေါ် တာဝန်ကြေပွန်တဲ့ သားတစ်ယောက်အတွက် ဘုရားကစောင့်ရှောက်ပေးနေတာတောင် ကျွန်တော်ကတော့ စိတ်ပူနေတုန်းပါပဲ


အဘွားကပြောခဲ့ဘူးပါတယ် စကားကို အကုန်မပြောရဘူးတဲ့ ခင်ဗျားလေးနဲ့ ဆုံစည်းခွင့်ရတာ ကျွန်တော့်ဘဝရဲ့ 

ဘုရားရှင်ကပေးသနားတဲ့ နောက်ဆုံးချစ်ခြင်းတရားပါပဲဗျာ။


11.07.2022

ခင်ဗျားနဲ့တွေ့ဖို့ 19ရက်ပဲ လိုတော့တယ် တကယ်ကို စိတ်လှုပ်ရှားမိနေသလို မသိစိတ်ကလည်း ကြောက်ရွံနေတယ် 


အပြင်မှာတွေ့တဲ့အချိန် ကျွန်တော့်ကိုများ စိမ်းစိမ်းကားကား ဆက်ဆံမှာလားဆိုတဲ့ အတွေးကြောင့် ​စိုးရိမ်နေမိတယ် 


ဒါပေမယ့် ခင်ဗျားနဲ့တွေ့ဖို့က ကျွန်တော့်အတွက်အရေးကြီးတယ်လေ ဒါကြောင့် သတ္တိမွေးပြီး ကိုယ်မသိတဲ့အရပ်ဒေသကို တစ်ယောက်ထဲ ခရီးထွက်ခဲ့ရတာပါ


ဒီတစ်ခါတွေ့ပြီးရင် နောက်တစ်ခေါက် ထပ်တွေ့ဖို့ဆိုတာ မသေချာတော့ဘူးလေ ဒါကြောင့်ကျွန်တော် လာမယ့်ဘေး ပြေးတွေ့လိုက်မယ်ဆိုတဲ့ စိတ်မျိုးမွေးထားပါတယ်


လူတစ်ယောက်အပေါ်  နှစ်နှစ်ကာကာ ချစ်နိုင်ဖို့ဆိုတာ လူတိုင်းအတွက် မဖြစ်နိုင်ပါဘူး ကျွန်တော်လို စိတ်အားငယ်တက်တဲ့သူအတွက် ဘုရားကငဲ့ညှာသနားပေးတဲ့ ဆုတစ်မျိုးလို့ပဲ လက်ခံထားပါတယ်


အဲ့ဒါကြောင့်လည်း ခင်ဗျားအပေါ်မှာ တိုးပြီး ချစ်နေမှာပါ။


12.07.2022

18ရက်ပဲလိုတော့တယ် ခင်ဗျားလေးကို တွေ့ရဖို့


 ၁၀လပိုင်းလာဖြစ်မယ်ထင်၏ 


ပြောခဲ့တုန်းက ရင်ခုန်တာထက် အဆ၁၀၀လောက် ကျွန်တော်ရင်ခုန်နေမိတယ်


ခင်ဗျားမပြောနဲ့ ခင်ဗျားအပေါ် နစ်ဝင်နေမိတဲ့ ကျွန်တော့်ကိုကျွန်တော်တောင် အံသြမိတယ် အဲ့လောင်တာင်ညိတွယ်နေမိခဲ့တာ တကယ်ကို မသိလိုက်ပါဘူးဗျာ။


13.07.2022

ဒီညက အမှတ်တရပါပဲ 

ကျွန်တော်ချစ်တဲ့သူနဲ့...


တဖြေးဖြေးနဲ့ ခင်ဗျားအပေါ် ညိတွယ်နေမိတာ ရုန်းထွက်ဖို့ မလွယ်တော့ဘူးဆိုတာ နားလည်ပါတယ် ခင်ဗျားနဲ့မတွေခင်အချိန်ထိ ကျွန်တော်နောက်လှည့်ဖို့ မကြိုးစားတော့ပါဘူး အဆုံးအထိလျှောက်ဖို့ပဲ တွေးထားပါတယ်


17ရက် အဲ့ဒီရက်ကို ရောက်ဖို့ကို စောင့်စားနေရတဲ့အချိန်တွေကို တကယ်ကိုစိတ်မရှည်တော့ဘူးဗျာ ကျွန်တော်ချစ်တဲ့ ခင်ဗျားကို တွေ့ချင်နေပါပြီ


ဒါပေမယ့်လည်း အခုလိုတွေ့ခွင့်ပေးတဲ့ ခင်ဗျားကို ကျေးဇူးတင်ပါတယ် 


ကျွန်တော်ကမှ ခင်ဗျားလေးကို သေမတက်ချစ်မိနေတော့လည်း တခြားဘက်ကို မငဲ့ကွက်လိုက်မိတာ ကျွန်တော်မတရားမှန်းလည်း သိပါတယ်


ဂရုစိုက်ပါခင်ဗျာ ကျွန်တော်လောကကြီးမှာ မရှိခဲ့ရင်တောင် ခင်ဗျားကို အခုလို စိတ်ပူနေမိအုန်းမှာပါပဲဗျာ။


17.07.2022

ခင်ဗျား Rush ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်ကခရီးသွားဖို့ ပြင်ဆင်နေမိတော့ လိပ်ပြာတော့ မလုံဘူးဗျာ ကျွန်တော်ပဲပျော်ပါးနေသလားလို့ တွေးမိပါတယ်


ဒါပေမယ့်လည်း ကျွန်တော့်ကိုကျွန်တော် တစ်ခုခုလုပ်မိတာထက်စာရင် အခုလိုလုပ်ချင်တာ လုပ်ခွင့်ပေးလိုက်တာက အန္တရာယ်ကင်းပါတယ်


ခင်ဗျားနဲ့ပတ်သက်ရင် လူကြီးဆန်ဖို့အတွက် ကျွန်တော်အများကြီး သင်ယူရအုန်းမယ်ဗျာ


By the way, ကျွန်တော် ခင်ဗျားကို 

အရမ်းလွမ်းနေတယ်။ လွမ်းတယ်ဗျာ။


18.07.2022

လွမ်းတယ်ဗျာ အဲ့ဒီကနေ ပြန်လာရင်တော့ ဒုက္ခပါပဲ တွေ့ဖို့ဘယ်နှစ်ရက်မှ မလိုတော့တာတောင် ကျွန်တော် ဒီလောက်သည်းနေမိတာ


ခင်ဗျားအပေါ် ရူးမတက်ချစ်မိတာ ကျွန်တော်တကယ်လွန်ပါတယ် ဒါပေမယ့်လည်း ကျွန်တော်ကမှ ခင်ဗျားကို မချစ်ဘဲနဲ့ မနေနိုင်တာဗျာ


Ko Ko, I am your property!



19.07.2022

ဒီလိုနေ့မျိုးဆိုရင် ခင်ဗျားလေး အလုပ်များမှန်းသိနေပေမယ့် ကျွန်တော်လွမ်းနေမိတယ် တွေ့ရဖို့ ရက်နီးလာလေ ခင်ဗျားကို လွမ်းတဲ့စိတ်တွေ ပိုပြင်းပျလာလေပဲဗျာ


ဟူး ကျွန်တော်တစ်ယောက် ခက်တော့ခက်နေပါပြီ။


25.12.2022 နေ့ကစပြီး 219ရက်မြောက်နေ့မှာ ကျွန်တော်ချစ်ရတဲ့ ခင်ဗျားလေးကို တွေ့ခွင့်ရတဲ့အတွက် ဘုရားရှင်ကိုရော ခင်ဗျားကိုရောကျေးဇူးတင်ရပါတယ်။


25.07.2022

5ရက်နဲ့ 7နာရီဆိုတဲ့ အခိုက်အတန့်လေးတောင် ကျွန်တော်သည်းခံနိုင်တဲ့ အတိုင်းအတာက ကုန်ဆုံးလုနီးနီးဖြစ်နေပါပြီ


အဲ့လောက်တောင် ခင်ဗျားအပေါ်  တပ်မက်နေမိခဲ့တဲ့ ကျွန်တော်ကိုယ်ကျွန်တော် ဘယ်လို ခိုင်းနှိုင်းရမယ်မှန်းတောင် မသိပါတော့ဘူးဗျာ


မမြင်ဘူး မူးမြစ်ထင်ရလောက်အောင်လည်း First Love မဟုတ် အဲ့ဒါကိုမှ ခင်ဗျားကို စွဲလမ်းမိနေတာ ဝန်ခံရရင် မိန်းမတစ်ယောက်အနေနဲ့ ရှက်မိပါတယ်


ခင်ဗျားအတွက် သူစိမ်းမိန်းမတစ်ယောက်နဲ့ တွေ့ရမှာက ဘာမှမဆန်းကြယ်ပေမယ့် ကျွန်တော့်အတွက် ခင်ဗျားနဲ့တွေ့ဆုံခြင်းဟာ ဘဝတဆစ်ချိုးကာလ တစ်ခုပါပဲ


လွမ်းတယ်ဗျာ ခင်ဗျားစီက ပြန်လာမယ့် အချိန်ကိုကျွန်တော် တွေးကြောက်နေမိပါတယ် အခုတွေ့ရမှာတောင် ဒီလောက်သတိရနေမိခဲ့တာ ပြန်လာတဲ့အချိန်ကျရင်..


ဟူး တကယ်ပဲ မောပါတယ်ခင်ဗျာ။


28.07.2022

တိတိကျကျပြောရရင် ခင်ဗျားကို ကျွန်တော်သဘောကျတယ် ဖွင့်ပြောခဲ့တာ ၇လကျော် 


ကျွန်တော့်ဘာသာ တဖက်သက်စိတ်ဝင်စားခဲ့မိတာ ၁နှစ်နဲ့ ၂လကျော်


ဒီကြားထဲ ခင်ဗျားဘက်ကနေ Blocked လုပ်ပြီး တစ်လကျော်အထိ Blocked မဖြည်ပေးလို့ လက်လျော့ခဲ့မိခဲ့တဲ့ January 30 ကနေ  February 4 ရက်နေ့အထိ ရက်ပိုင်းလေးလောက်ပဲ ခင်ဗျားကို မေ့ခဲ့ဘူးပါတယ်


အချိန်တွေကြာလာလေ ခင်ဗျားစီမှာ ကျွန်တော်ဆိုတဲ့ လူတစ်ယောက်က နစ်မြုပ်သွားလေပဲဗျ


ဘုရားကိုရော ခင်ဗျားကိုရော ကျေးဇူးတင်ပါတယ်ကျွန်တော်ဆိုတဲ့ လူဆိုးတစ်ယောက်အတွက် ခင်ဗျားလို လူတစ်ယောက်နဲ့ ဆုံစည်းခွင့်ရတာ လောကကြီးကပေးတဲ့ အကောင်းဆုံး ဆုလာဒ်ပါပဲဗျာ


By the way 

ခဏခဏ ပြောမိပေမယ့် ထပ်ပြောပါရစေ

ကျွန်တော် ခင်ဗျားကို တကယ်ချစ်တာပါဗျာ။



01.08.2022

ဘဝမှာအပျော်ဆုံးအချိန်ပြောပါ မေးခဲ့ရင်


ခင်ဗျားရင်ခွင်ထဲဝင်ပြီး အိပ်ခဲ့ရတဲ့ အခိုက်အတန့်လေးဆိုတာ ပြောမိမှာပါပဲ


တဒုပ်ဒုပ်မြည်နေတဲ့ နှလုံးခုန်သံလေးကို နားထောင်နေရတာက ကျွန်တော့်အတွက် စကားလုံးနဲ့မဖေါ်ပြနိုင်တဲ့ အသာယာဆုံးရသတမျိုးပါပဲ


ခင်ဗျားကို ချစ်ခဲ့မိတာ ချစ်ခွင့်ရနေတာက ကျွန်တော့်ဘဝရဲ့ ဘုရားပေးတဲ့ ဆုလာဘ်ပါပဲဗျာ။


ယောင်္ကျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအတွက် မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှုက တကယ်ကို အရေးကြီးမှန်း ဒီနေ့မှ သိလိုက်ရပါတယ်။


ခင်ဗျား ဂုဏ်သိဏ္ခာအတွက် ကျွန်တော် ဘာလုပ်ပေးရမလည်းဗျာ။


25.09.2023

ချစ်သောကို ကျွန်တော် စက်တင်ဘာလကုန်အထိပဲ Note ဆက်ရေးနိုင်မယ် ဆက်ရေးဖြစ်မယ် ထင်ပါတယ် 


တချို့ဆုံတွေ့ခြင်းတွေက ခွဲခွာခြင်းအစ ဖြစ်နေမလားဆိုတာ ကျွန်တော်မသိခဲ့ပါဘူးဗျာ 


ထားခဲ့တာတောင် ငါ့ကိုထားခဲ့ပါလားဆိုတဲ့ အသိမရှိလောက်အောင် ကျွန်တော်နုံအမိခဲ့သူပါ


By the way, ကျွန်တော်ကို ခင်ဗျားကို ချစ်နေအုန်းမှာပါ။

နောက်ဆုံးနေရက်အထိပေါ့ဗျာ။

29th September 2022.








Thanks

မိန်းမတစ်ယောက်က 

ယောင်္ကျားတစ်ယောက်ကိုချစ်ဖို့

အကြောင်းပြချက်မလိုဘူး

ကျွန်တော်ပေါ့


အဲ့ဒီလိုပဲ

ယောင်္ကျားတစ်ယောက်က

မိန်းမတစ်ယောက်ကိုလမ်းခွဲဖို့

အကြောင်းပြချက်မလိုဘူး

ခင်ဗျားပေါ့


အဲ့ဒီလောဂျစ်ကိုမသိဘဲ

ဖက်တွယ်နေမိခဲ့တဲ့ကျွန်တော်

ခင်ဗျားကိုလွှတ်ချလိုက်ပါပြီ။

10.10.2022



အောက်တိုဘာ ၁၀ရက်နေ့ညက

ဆုတောင်းတကယ်ပြည့်တယ်တဲ့

ဆုတောင်းပြည့်တဲ့ညမှာပဲ

ကံမကောင်းစွာ ခင်ဗျားရဲ့

ကောင်မလေးတစ်ယောက်ကို

သိလိုက်ရတာ။


ဘာရယ်မဟုတ်ပါဘူး အိပ်ခါနီး 

၁၁နာရီကျော်မှ 

ခင်ဗျား Wall ကို ဝင်ကြည့်မိတယ်

တိုက်တိုက်ဆိုင်ဆိုင် စိတ်ထဲမှာ

ထင့်သွားတာနဲ့

အဲ့ဒီကောင်မလေး Wall ကို ဝင်ကြည့်မိတော့ 

31st july မှာ သာယာနေတဲ့ post တွေ့ပြီး 

ကျွန်တော်ဆွံအသွားရတာပါ


သြဂုတ်လ စက်တင်ဘာလ တစ်လလုံးလုံး 

ကျွန်တော်နဲ့စကားပြောဖို့ အလုပ်များနေလို့ 

ခဏလေးတောင် အချိန်မပေးနိုင်တဲ့သူက 

အဲ့ကလေးနဲ့ကျတော့ 

နေတိုင်းပြောဖြစ်တာ ကျွန်တော်မှာ 

ပြောစရာစကား မရှိတောပါဘူးဗျာ..


ယောင်္ကျားတစ်ယောက်က မိန်းမတစ်ယောက်ကို

မလိုအပ်တော့ရင် အကြောင်းပြချက်မလိုမှန်း

ကျွန်တော်မသိလိုက်ခဲ့မိတာပါ။


ကျွန်တော်တကယ် တုံးအခဲ့တာပါ July 31st မှာ

 ခင်ဗျားနဲ့တွေ့ရလို့ ကျွန်တော်တကယ်ကို 

ပျော်နေခဲ့ရတဲ့ အချိန်ပါဗျာ။


ခင်ဗျားအတွက်ကတော့..


ခင်ဗျားအတွက် မိန်းမတွေပေါတယ်ဆိုတာ

ကျွန်တော်သတိလက်လွတ်

ဖြစ်သွားရတာပါ။

11th October 2022.






ချစ်သော


02.08.2022

ကျွန်တော့်ကြောင့် ခင်ဗျားထိခိုက်သွားမလားဆိုတဲ့ အတွေးကြောင့် စိတ်မွန်းကြပ်နေပေမယ့်


ခင်ဗျားအနားမှာရှိနေတဲ့ အခိုက်အတန့် လေးကို ကျွန်တော်တကယ်မြတ်နိုးပါတယ်


မိုင်ပေါင်းအဝေးကြီးမှာ နေရတုန်းကထက် ပိုပြီးတော့ ခင်ဗျားကို လိုအပ်နေမိတယ်


ဒီလောက်တာဝန် ဝတ္တရားတွေ ထမ်းဆောင်နေရသူကို တဂျီဂျီပူဆာနေရအောင် ကျွန်တော်မှ မိန်းမဆိုးမဟုတ်တာ


ဒါကြောင့် သတိရစိတ်ကို ချိုးနှိမ်ပြီးတော့ ခင်ဗျားမျက်နှာမြင်ရဖို့ကို သည်းခံပြီး စောင့်နေမိသူပါ


အလုပ်များနေတဲ့ကြားကနေ ခဏဖြစ်ဖြစ် အချိန်ပေးတက်တာကိုလည်း ကျွန်တော်သိထားတော့ ဒီထက်ပိုပြီးအခွင့်အရေးတောင်းဆိုဖို့ မဖြစ်နိုင်ဘူးလေ


တကယ်ဆို ကျွန်တော်က အရန်လူနေရာမှာ မရှိတဲ့ 

မိန်းမတစ်ယောက်ပါဗျာ။


ခင်ဗျားမျက်နှာမမြင်ရတာ ၂၄နာရီပြည့်တော့မယ် ဝန်ခံရရင် မကျေမချမ်းဖြစ်ရပါတယ် မကျေနပ်ဘူးပေါ့ဗျာ


ဒါပေမယ့် ဒီလောက်အရေးကြီးတဲ့အချိန်မှာ ခင်ဗျားကိုမကျေမနပ်ဖြစ်မိတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် တကယ်မုန်းမိပါတယ်


ဒီအသက်အရွယ်အထိ ကလေးဆန်တယ်ဆိုတာ မဖြစ်သင့်ပါဘူးဗျာ


By the way.

ကျွန်တော်လွမ်းနေတယ်ဗျာ။


၂၆နာရီလုံးလုံး မတွေ့ခဲ့ရသမျှ လာမယ်ဆိုတဲ့ စကားတစ်ခွန်းထဲနဲ့တင် ကျွန်တော့်ရင်ခုန်နှုန်းတွေ မတအားမြန်နေပါပြီ 


ခင်ဗျားကို ဘယ်လောက်ချစ်လဲလို့မေးလာခဲ့ရင် ကျွန်တော်မဖြေတက်ပါဘူး ဒါပေမယ့် သေမတက်ချစ်မိနေတာတော့ အမှန်ပါပဲ


ကျွန်တော့်ပင်ကိုယ်စိတ်နဲ့ဆိုရင် ညီမလေးကလွဲရင် ကျန်တဲ့မိန်းကလေးတွေ အားလုံးကို တကယ်ကို သဝန်တိုတက်ပါတယ်


တစ်နှစ်ပတ်လုံးနေမှ ခင်ဗျားအသံ ကြားခွင့်မရှိတဲ့ဘဝ ခင်ဗျားမျက်နှာ မြင်ခွင့်မရတဲ့ဘဝကို ကျွန်တော်တကယ်မကြိုက်ပါဘူး


ဒါပေမယ့် ခင်ဗျားမကြိုက်မှန်းသိလို့ ဖုန်းမခေါ်ပါဘူး ခင်ဗျားစိတ်ရှုပ်ပြီးထားခဲ့မှာ ကြောက်လို့ ဂျီမကျရဲပါဘူး အလုပ်များနေတဲ့ ခင်ဗျားအခြေအနေကိုသိပြီး ခင်ဗျားကို ပြဿနာမရှာရက်တော့ပါဘူး


ခင်ဗျားအနီးအနားမှာ နေခွင့်မရှိတာတောင် အဝေးကနေပဲ ကပ်ပါးကောင်လို ကျွန်တော်ရှင်သန်နေမှာပါ ခင်ဗျားက ကျွန်တော်အသက်ရှင်ဖို့အတွက် အသည်းတစ်ခြမ်း ဖြစ်နေရတာပါဗျာ။


03.08.2022

အခန်းထဲကနေပဲ လှမ်းကန်တော့လိုက်ပါတယ်


မနက်က ကန်တော့မလို့ကို ကျွန်တော်မနိုးမိလိုက်လို့နောက်ကျနေတာအတွက် မကန်တော့ဖြစ်တာပါ


ခင်ဗျားက မနှင်ပေမယ့် ကျွန်တော်မလာတော့ပါဘူး ခင်ဗျား လာဆိုတဲ့ အချိန်ကျမှပဲလာခဲ့ပါတော့မယ်


ယောင်္ကျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအတွက် မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှုကအရေးကြီးမှန်း သုံးယောက်ထမင်းစားဖို့ ပြင်ခိုင်းထဲနေ့ထဲကသိလိုက်တာပါ


viber မှာ ပို့ထားတာ မသိလိုက်ပဲ ထမင်းပွဲကူပြင်လိုက်မိတာ ကျွန်တော်မှားသွားတယ် အဲ့ဒီညကတစ်ခုခုဖြစ်သွားတာ သိလိုက်ပါတယ်


မနေ့ညကလည်း အလုပ်တွေအရေးကြီးနေမှန်း သိရဲ့သားနဲ့ တကယ်ဆိုရင် မလာပါနဲ့လို့ ကျွန်တော်ပြောရမှာလေ ဒါပေမယ့် နောက်တစ်ခါတွေ့ဖို့က မသေချာတော့မှန်း သိထားတဲ့အတွက်မတားလိုက်မိတာပါ


ခင်ဗျားထိခိုက်မှာ အစိုးရိမ်ကြီးတဲ့ ကျွန်တော်ကပဲ ထိခိုက်အောင် မရည်ရွယ်ပဲကျူးလွန်မိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်


ခင်ဗျားကို ညိတွယ်တဲ့စိတ်ကလေးက တနေ့တခြား ပိုများလာတဲ့အတွက် ခင်ဗျားအနားမှာ မနေရရင်တောင် ကျွန်တော် ခင်ဗျားအပေါ်ချစ်တဲ့စိတ်က မပြောင်းလဲသွားပါဘူး သေတဲ့အထိ ဒီအတိုင်းပဲရှိသွားမှာပါ


အလုပ်များနေတဲ့သူကို စာတွေအများကြီး မပို့တော့ပါဘူး ခင်ဗျားနဲ့အတူရှိနေရတဲ့ အချိန်တွေက ကျွန်တော့်ဘဝရဲ့ အပျော်ဆုံးအချိန်တွေပါပဲ မိန်းမတစ်ယောက်ရဲ့ အိမ်မက်ကို လက်တွေ့ပိုင်ဆိုင်ခွင့်ရှိသလိုပါပဲ


အဲ့ဒါကြောင့် အရာအားလုံးအတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ် 


တနေ့ ခင်ဗျားနဲ့ ထပ်တွေ့နိုင်ဖို့ ကျွန်တော်မျှော်လင့်နေအုန်းမှာပါပဲ။


လက်မှတ်ထိုးပေးခိုင်းဖို့ တကူးတကယူလာတာပါ အလုပ်များနေလို့ မပြောလိုက်တာပါ may be နောက်တစ်ခေါက်တွေ့ဖြစ်ရင်တော့ လက်မှတ်ထိုးပေးပါနော်


ဒီလောက် အရေးကြီးနေတဲ့အချိန်မှာ တစ်ညတာလုံး ကျွန်တော့်အတွက် ကုန်ဆုံးပေးခဲ့တဲ့အတွက် နကယ်ပျော်ခဲ့ရပါတယ်


ခင်ဗျားဟာ ကျွန်တော့်ဘဝရဲ့ နားခိုရာစစ်မှန်ခဲ့ရင် နောက်တစ်ကြိမ် ကျွန်တော်တွေ့ခွင့်ရမယ်လို့ ယုံကြည်ပြီးတော့ အိမ်ပြန်တော့မယ်ခင်ဗျာ။



05.08.2022

အိမ်ကို တဝက်တော့ အမှန်အတိုင်း ပြောပြထားတယ် ခင်ဗျား မပါတဲ့အပိုင်းတွေပေါ့


မသင်္ကာဖြစ်ပြီး ဘုရားတွေပြောပြတော့ ကျွန်တော်ကမှ မဖူးခဲ့ရတာလေ မရောက်ဘူးဆိုတာအမှန်အတိုင်းဖြေလိုက်မိတယ်


နင်က သူနဲ့ယူမှာလားမေးလို့ မယူဘူးဖြေထားတယ် နည်းနည်းတော့ ဆူခံရတာပေါ့ မတက်နိုင်ဘူးလေ ကျွန်တော်ကမှ မဟုတ်တာလုပ်ထားမိတာကို


ဘာမှမဟုတ်ဘူး အိမ်မှာပြောပြထားတာကို သိစေချင်လို့ ခင်ဗျားကိုလှမ်းပြောပြတာပါ


By the way. ကျွန်တော် တကယ် လွမ်းနေရပါ၏။


06.08.2022

ဂရုစိုက်ပါ


တစ်ညလုံး စာရင်းတွေနဲ့ နပန်းလုံးရင်း မနက်မိုးလင်းပေါက်သွားလို့ အရမ်းပင်ပန်းနေတာတောင် ခင်ဗျားလေးရဲ့ ဂရုစိုက်မှုလေးကို ခံစားမိလိုက်တာနဲ့ ကျွန်တော်တစ်ယောက် 

ရေထိတဲ့ပန်းလေးလို့ လန်းဆန်းသွားတယ်


ခင်ဗျားက အဲ့လောက်အထိ ကျွန်တော့်အပေါ် သက်ရောက်မှုရှိပါတယ်ဗျာ


08.08.2022

ပြန်လာတာ ၅ရက်ပဲရှိသေးတယ် ကျွန်တော်အရမ်းလွမ်းနေပြီ ဒီဇင်ဘာကုန်ရင် ကျွန်တော်လာလို့ရရင် သိပ်ကောင်းမှာပဲဗျာ


ခင်ဗျားကို ချစ်တဲ့အချစ်က ဒီရေအလား တနေ့ထက်တနေ့ တိုးလို့လာနေတာ ကျွန်တော်လည်း ဘာပြောရမယ်မှန်း မသိတော့ဘူးဗျာ


ကျွန်တော်သိတာတစ်ခုက ခင်ဗျားကိုချစ်တယ် ခင်ဗျားအနားမှာနေချင်တယ် ဒါပါပဲဗျာ


လူတစ်ယောက်ကို ရူးရူးမူးမူးချစ်ရတာက အချစ်ခံရသူတော့မသိဘူး ကျွန်တော်ကတော့  ကျေနပ်ပါတယ် အဲ့လိုချစ်ခွင့်ပေးတဲ့ ခင်ဗျားလေး ကျွန်တော်အတွက့် တည်ရှိပေးနေလို့ပါ ကျေးဇူးလည်းတင်ပါတယ်  ကျွန်တော့်ကိုမထားခဲ့တဲ့အတွက်ပါ။


11.08.2022


ဂရုစိုက်ပါ


အဲ့ဒီစကားတစ်ခွန်းနဲ့တင် ကျွန်တော့်အလွမ်းတွေ 

ပြေခဲ့ရပါပြီဗျာ


ခင်ဗျားက ချစ်မိသွားတာက နွံအိုင်ထဲနစ်သွားသလိုပါပဲ ရုန်းရင်လည်းပိုပြီးနစ်မြုပ်သွားရသလို့ ညိမ်ညိမ်လေးနေရင်လည်း တဖြေးဖြေးနစ်မြုပ်သွားရတာပါပဲ 


ခင်ဗျားကို ချစ်မိတဲ့ ချစ်ခြင်းအောက်မှာ ကျွန်တော်တစ်ဘဝလုံး ကျေကျေနပ်နပ်ကြီး အနစ်မြုပ်ခံလိုက်ပါပြီခင်ဗျာ။


14.08.2022

11ရက်ရှိပြီ ဒီနေ့ခင်ဗျားလေးအသံ ကြားချင်လို့ ဖုန်းခေါ်မယ်လို့ ကြိုးစားခဲ့ပေမယ့် မနက်ခင်းထဲက online မဖြစ်လို့ ဖုန်းမခေါ်တော့ပါဘူး


လွမ်းလို့ ပုံပို့ခိုင်းပေမယ့် အလုပ်များနေလို့ ထပ်ပြီး ဂျီမကျတော့ပါဘူး


တနေ့လုံး အိမ်ကိစ္စနဲ့ အလုပ်များနေတာတောင် သတိရတဲ့စိတ်က တသီးတခြားဖြစ်တည်နေပြန်တယ်


ညနေပိုင်းမှ အလုပ်များတဲ့ကိစ္စကိုသိရပြီး စိတ်မကောင်းဖြစ်ရပြန်တယ်


ကျွန်တော်က လွမ်းတယ်တဖွဖွ ဂျီကျမိချိန်မှာ ခင်ဗျားက တာဝန်ဝတ္တရားတွေနဲ့ လုံးပမ်းနေရတဲ့ကြားက ရန်သူမျိုးငါးပါးနဲ့ ရင်ဆိုင်နေရတာ ကျွန်တော်လူဆိုးမ ဖြစ်ရတာပေါ့ဗျာ


အဲ့ဒါတောင် တခွန်းအပြစ်မဆိုပဲ ဂရုစိုက်ပါပြောခဲ့တဲ့အတွက် အားနာစိတ်နဲ့ ကျေးဇူးတင်မိပါတယ်


ကျွန်တော့်အတွက် အဖေလို၊အစ်ကိုလို ချစ်ရတဲ့သူဖြစ်နေတော့ ပိုပြီးတော့တွယ်တာမိပါတယ်


လက်တွေမှာ ဘာမှအရာရောက်အောင် မကူညီနိုင်ပေမယ့် ခင်ဗျားလိုအင်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်အမြဲ ကြိုးစားနေသူပါ


10ရက်နေ့က period မဖြစ်ဘဲ တစ်ခုခုဖြစ်ခဲ့ရင် အဲ့ဒါကိုလက်ခံပေးဖို့ ကျွန်တော်အသင့်ပြင်ထားသူပါ ခင်ဗျားရဲ့ ကိုယ်ပွားလေးကို ပိုင်ဆိုင်ချင်တာ ကျွန်တော်လောဘ အတော်လေး ကြီးမိသွားတယ်ဗျာ

အိပ်တော့မယ်ဗျာ ဂရုစိုက်ပါနော်။


14.08.2022

today to tuesday

စာမပို့နဲ့ဦး


နာခံရမှာပေါ့ဗျာ ခင်ဗျားက ကျွန်တော့်ရဲ့ကမ္ဘာကြီးပဲ ကမ္ဘာကြီးထိခိုက်အောင် ကျွန်တော်မလုပ်ဝံသူပါဗျာ ဒါပေမယ့်လည်း ၇၂နာရီမပြောနဲ့ အခုအချိန်အထိ ၁၂နာရီတဲ့အချိန်တောင် ကျွန်တော်သည်းခံနေရတယ်


လွမ်းတယ်ဗျာ online ဆိုတဲ့ status ကလွဲရင် မကြားရ၊ မမြင်ရတဲ့အရပ်မှာ နေရသူတစ်ယောက်ရဲ့ ဒုက္ခကို ခင်ဗျားမှ မသိန်ိုင်တာဗျာ။


Goodnight Bae!

ဂရုစိုက်ပါနော်

🙏


16.08.2022

3ရက်လောက် စကားမပြောရတာကို ကျွန်တော် တော်တော်လေး လွမ်းနေရပါတယ် ခင်ဗျားအလုပ်များမှန်း သိနေတော့လည်း အပြစ်မတင်ရက်ပါဘူးဗျာ


ဒါပေမယ့်လည်း ကျွန်တော့်မှာက ခင်ဗျားတစ်ယောက်ထဲပဲ ရှိတဲ့သူဆိုတော့ တခြားသူတွေထက်ပိုပြီးတော့ ခံစားရပါတယ်ဗျာ ဘာပဲဖြစ်ဖြစ် အစစအရာရာ ဂရုစိုက်ပါနော် စိတ်ပူလို့ပါဗျာ။


Goodnight Bae!

ကျွန်တော် တကယ်လွမ်းနေရပါသည်။


17.08.2022 

လူတစ်ယောက်ကို လွမ်းနေရတဲ့ ဒုက္ခကလည်း 

ဝဋ်တစ်မျိုးပါပဲဗျာ


ခင်ဗျားကို တကယ်လွမ်းနေရတာပါ။


၃ရက်လုံးလုံး စာမပို့တာတောင် ကျွန်တော့်ကို blocked သွားတယ်နော် အကျိုးအကြောင်းမပြောဘဲ အဲ့လိုလုပ်တာတော့ ခင်ဗျားဘက်ကနေ တကယ်လွန်ပါတယ်


ကျွန်တော်ခင်ဗျားမရှိဘဲ မနေနိုင်ပေမယ့် ကြိုးစားပြီးတော့ မဆက်သွယ်ဘဲ နေပါတော့မယ်ဗျာ။


အလုပ်များနေလို့ စာမပို့စေချင်ရင်လည်း ငါမအားဘူး စာမပို့သေးနဲ့ဦး တစ်ခွန်းတော့ပြောပေါ့ဗျာ


ကျွန်တော်က အရိုင်းအဆိုင်းမိန်းမ မဟုတ်ပါဘူးဗျာ နားလည်ပါတယ် အခုတော့ ဘာတစ်ခွန်းမှမပြောပဲ blocked တာကတော့ တကယ်လွန်ပါတယ်ဗျာ


ခင်ဗျားမှာ ကျွန်တော်နဲ့ပတ်သက်လို့ ကိုယ်ချင်းစာတရားလေး နည်းနည်းလေးတောင် မရှိတာလားဗျာ


18.08.2022

နေ့လည်ထမင်းစားချိန်မှာ Viber ခဏဝင်ကြည့်မိတယ် online ဖြစ်နေလို့ ပျော်သွားတယ်


ညဘက်အိမ်ပြန်ရောက်တော့ blocked ထားပြန်တယ် ကျွန်တော်တစ်ယောက်ထဲ အဆင်ပြေအောင် နေနိုင်အောင် အတက်နိုင်ဆုံး ကြိုးစားပါတော့မယ်


ခင်ဗျားစိမ်းကားတဲ့ဒဏ်ကို မခံနိုင်တာ ခံနိုင်ရည်မရှိတာ ကျွန်တော်ပဲသိနိုင်တာပါ။


19.08.2022

လွမ်းတယ်။


20.08.2022

နှုတ်ဆက်သွားမယ်လို့တောင် မသိခဲ့ပါဘူးဗျာ 😰


တစ်ညလုံး အိပ်ရေးပျက်ထားတာတောင် ထားခဲ့ရက်သူကို လွမ်းနေမိတုန်းပဲဗျာ

တကယ်လွမ်းနေပါတယ်။


22.08.2022

ခင်ဗျားကို စိမ်းရက်နိုင်တာ ၂၄နာရီတောင် မပြည့်ပါဘူးဗျာ 


ခင်ဗျား blocked ဖြည်ပေးလိုက်ယုံနဲ့တင် ကျွန်တော်ခမျာ ရေငတ်တုန်းရေတွင်းထဲကျတဲ့သူလို အသာငမ်းငမ်းဖြစ်နေရတာလေ


ထပ်ပြီး blocked ခံရမှာကြောက်လို့ စာအများကြီးမပို့တာပဲရှိတာ ခင်ဗျားကိုလွမ်းရတဲ့အကြောင်း ပိုမိတာတော့ မလွန်ပါဘူးဗျာ


ကျွန်တော့်ကို နည်းနည်းလေးပဲဖြစ်ဖြစ် ပြန်ချစ်ပေးပါလားဗျာ ကျွန်တော့်ဘက်ကနေ သေမတက်ကို ခင်ဗျားကို ချစ်မိနေလို့ပါ။ 


ဂရုစိုက်


အဲ့ဒီစကားလေး တစ်ခွန်းနဲ့တင် နာကျင်ခဲ့ရတဲ့ ကျွန်တော်အလွမ်းတွေ အရည်ပျော်ရပြန်ပြီ။



23.08.2022

မနက်ဖြန်၊သဘက်ဆိုရင် ကျွန်တော်အသက် 41နှစ်ပြည့်ပြီ 

အဲ့ဒါတောင်မှ ခင်ဗျားကိုချစ်တဲ့စိတ်က လျော့မသွားဘဲ တနေ့ထက်တနေ့တိုးလာတာ ကျွန်တော်ပဲ ရူးနေတာလား ခင်ဗျားကပဲထူးနေတာလား မသိတော့ပါဘူးဗျာ


သေချာတာတစ်ခုက ခင်ဗျားကို တကယ်ချစ်တယ်ဆိုတဲ့ ခံစားချက်လေးက စပြီးချစ်မိတဲ့အချိန်ကစပြီး ဒီနေ့အချိန်အထိ မပြောင်းလဲပဲ တည်ရှိနေတာပါ


ချစ်လို့ တစ်ခါတလေ ဂျီကျမိတာကလွဲရင် ခင်ဗျားကို မနှောက်ယှက်မိအောင် ကြိုးစားပြီးနေပေးနေပါတယ်


အသက်အရွယ်နဲ့မမျှ ထမ်းဆောင်နေရတဲ့ တာဝန်ဝတ္တရားတွေကို သိနေရဲ့သားနဲ့ တစ်ခါတလေ ကျွန်တော်ကို အဆက်အသွယ်မလုပ်လို့ ဆိုးခဲ့မိတာအတွက်လည်း တောင်းပန်ပါတယ်


မကြားရ၊မမြင်ရတဲ့အရပ်မှာ နေနေရတာတောင် ကျွန်တော်ပို့ထားတဲ့ စာကိုဖတ်ပြီးတော့ react လေး ဖြစ်သွားယုံနဲ့တောင် အလွမ်းပြေရတဲ့သူပါ အဲ့ဒီလောက်တောင် ခင်ဗျားကို ကျွန်တော် ချစ်ခဲ့ရသူပါဗျာ။



25.08.2022

နေမကောင်းတော့ ခင်ဗျားကို ပိုသတိရမိတယ် အဲ့ဒီဘက်ကအခြေအနေကိုမသိဘဲ စာပို့လိုက်မိတဲ့အတွက် အနှောက်အယှက်ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်


အသက်မကွာတဲ့ ကျွန်တော်က မိသားစုတာဝန် 

တစိတ်တပိုင်းထမ်းဆောင်ရတာတောင် စိတ်ပင်ပန်းနေရတာ မိသားစုတာဝန် အောက်လက်ငယ်သားတာဝန် နိုင်ငံတာဝန် ထမ်းဆောင်နေရတဲ့ ခင်ဗျားကို ကိုယ်ချင်းစာမိပါတယ်


တက်နိုင်သမျှအဆက်အသွယ်မရရင်လည်း စိတ်ရှည်ရှည်နဲ့ သည်းခံပြီးစောင့်ပေးပါမယ်ဗျာ ကျွန်တော့်ကြောင့် အနှောင့်အယှက်မဖြစ်အောင် နေပေးပါမယ်ခင်ဗျာ။


အဲ့ဒီဘက်မှာ အခြေအနေတွေက မတည်ငြိမ်နိုင်သေးတော့ ကျွန်တော်စိုးရိမ်ကြောင့်ကြမိတယ်


ဒါပေမယ့် အလွန်အမင်းစိုးရိမ်ပူပင်တက်တာကို ခင်ဗျားမကြိုက်မှန်းသိတော့ စိုးရိမ်စိတ်ကို အတက်နိုင်ဆုံးလျော့ထားပါတယ်


ရန်ကုန်မှာနေမယ့်အစား အဲ့ဒီအရပ်မှာပဲ လာနေချင်မိတယ်ဗျာ။



27.08.2022

ရုံးသွား ပြန် ဂရုစိုက်


တနေ့က ဆေးသောက်လွန်သွားပြီး တညလုံးဆေးအရှိန်နဲ့ အိပ်လို့မရဘူးမနက်လင်းအားကြီးမှ အိပ်ပျော်သွားပြီး
၁၀နာရီကျော်မှ အိပ်ယာနိုးတယ်


အလုပ်တွေပုံနေလို့ ရုံးခဏသွား Laptop သွားယူပြီး အိမ်ပြန်ရောက်ပြီး line ဖွင့်လိုက်တော့မှ ခင်ဗျားပို့ထားတဲ့စာလေးတွေ့ပြီး ပျော်သွားရတာပါ


မအားတဲ့ကြားကနေ ဂရုစိုက်ပေးလို့ တကယ်ကျေးဇူးတင်ပါတယ်ဗျာ။


လွမ်းနေပြန်ပြီဗျာ နောက်တစ်ခါတွေ့ဖို့ဆိုတာ အချိန်အကြာကြီးစောင့် အုန်းမှာလေ တက်နိုင်ရင် ခင်ဗျားရှိတဲ့အရပ်မှာ ကပ်တွယ်ပြီးနေချင်တာ ကျွန်တော့်ဆန္ဒပါဗျာ။


28.08.2022

အား
လူစကားနားလည်လား
အလုပ်များရတဲ့ကြားထဲ
ဒါပဲ

pls ငြိမ်ပေးပါ
တောင်းပန်ပါတယ်။


အော်ခံလိုက့်ရလို့ စိတ်ဆိုးပြီး တနေ့လုံး ကျွန်တော်စာမပို့တာ မဟုတ်ပါဘူး ကျွန်တော့်ကြောင့် ဒေါသထွက်ရတာဖြစ်လို့ စိတ်မကောင်းဖြစ်သွားပြီး ငြိမ်ငြိမ်လေး နေနေပေးတာပါ


ကျွန်တော်ကိုတောင်းပန်တာကိုလည်း တကယ်ကိုမကြိုက်ပါဘူး ကျွန်တော်က လာရှုပ်မိတဲ့သူလေ တောင်းပန်စရာမလိုပါဘူးဗျာ


အလုပ်များနေတဲ့အချိန်မှ ဒေါသထွက်သွားရတာကိုတော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ် ကျွန်တော့်ကြောင့် ခင်ဗျား အဆင်ပြေတာကိုပဲ လိုချင်တဲ့သူပါဗျာ။


30.08.2022

နေမကောင်းတာ ရက်ရှည်နေပြီ ခင်ဗျားကိုပိုလွမ်းမိတယ်


အလုပ်များနေမှန်းသိလို့ လွမ်းပေမယ့် အရင်လိုဂျီမကျရဲဘူး ကျွန်တော့်ကြောင့် အနှောက်အယှက်ဖြစ်ရမယ်လေ


ဒါကြောင့် ခင်ဗျား online ဖြစ်နေလေးကို ထိုင်ကြည့်ရင်းနဲ့ အလွမ်းဖြေနေရတာပါ


ဒီနေ့ ခင်ဗျားစီသွားတာ တစ်လပြည့်နေ့ စိတ်ထဲမှာ ရက်အကြာကြီး မတွေ့ရသလိုခံစားနေရတယ် 


တစ်နှစ်ကျော်စောင့်ပြီးမှ တွေ့ခွင့်ရတာတောင် ပြန်လာတာမှ
တစ်လပဲရှိသေးတာကို တစ်နှစ်ထင်နေရသလိုပဲဗျာ


ကျွန်တော်အရူးအမူးချစ်မိတာကို ကျွန်တော်ပဲသိပါတယ် ခင်ဗျားက သိမှာမဟုတ်ဘူးလေ ဒီလောက်တာဝန်တွေများနေတဲ့သူကိုအပြစ်မတင်ရက်ပါဘူးဗျာ


ခင်ဗျား အန္တရာယ်ကင်း၊ ဘေးရှင်းရင်ပဲ ကျွန်တော် စိတ်ချမ်းသာရတာပါခင်ဗျာ။



30.08.2022

ခု ခဏအားသည်


အားတဲ့အချိန်လေး ကျွန်တော်လည်း စကားတွေတဝကြီး ပြောချင်တာပေါ့ဗျာ ကျွန်တော်လွမ်းရတာ ကျွန်တော်ပဲသိတာလေ


အဝေးမှာရှိပြီး ဘာမှ မလုပ်ပေးနိုင်တဲ့သူဖြစ်လို့ ကျွန်တော်တက်နိုင်တာလေး လုပ်ပေးချင်လို့ ပစ္စည်းပို့ချင်တဲ့ကိစ္စကို ခဏခဏပြောမိတာပါ


စကားတစ်ခွန်းကို ခဏခဏပြောတာ ခင်ဗျားလုံးဝ မကြိုက်မှန်းသိပါတယ် မြို့ပြနဲ့ဝေးတဲ့အရပ်မှာ အနေအစားမပြည့်စုံလို့ ကျွန်တော်တက်နိုင်သလောက်လေး ဖြည့်စည်းပေးချင်တာပါဗျာ


ခင်ဗျားလိုအပ်ချက်က အများကြီးရှိမှန်းလည်းသိပါတယ် ဒါပေမယ့် သဲတစ်ပွင့်လေးဖြစ်ဖြစ်ဖြည့်စည်းခွင့်ရချင်တာ ကျွန်တော့်ဆန္ဒလေးပါဗျာ


အခြေအနေတွေ တည်ငြိမ်သွားရင်တောင် ငါ့စီပို့ပေးပါလို့ ဘယ်တော့မှ ပြောမယ့်သူ မဟုတ်မှန်းသိထားတဲ့အတွက် ကျွန်တော်ဘာလုပ်ရမှန်း မသိတော့ဘူးဗျာ။


အဲ့ဒါ ခင်ဗျားနဲ့ စကားပြောခွင့်ရတာ နောက်ဆုံး

အချိန်ပါပဲဗျာ ဒီနေ့ဆိုရင် ၂လတိတိပြည့်ပြီ 

ရင်ထဲမှာနာကျင်နေပေမယ့် ရေစက်ကနည်းခဲ့တာပါလို့ပဲ သဘောထားလက်ခံပေးထားပါတယ် 


ကျွန်တော်ချစ်တဲ့ လူတစ်ယောက်ကို မမုန်းရက်နိုင်သလို အပြစ်မတင်ပါဘူး အရာအားလုံးက ကျွန်တော်ဘက်ကနေ စတင်ခဲ့မိတာပါဗျာ။

30th October 2022.









ချစ်သော

3.09.2022

ခင်ဗျားနဲ့ အဆက်အသွယ်မရှိတာ ၄၈နာရီကျော်ပြီ နင်အဆင်ပြေရဲ့လားဆိုတဲ့စကားတစ်ခွန်းတော့ ကျွန်တော် ကြားချင်ခဲ့တာ အမှန်ပါပဲ


ဒါပေမယ့်လည်း သူအလုပ်များနေတာ နင်လည်းသိတာပဲလေဆိုတဲ့ အသိနဲ့ပဲ ကိုယ့်ဘာသာ နှစ်သိမ့်ပေးလိုက်ပါတယ်


တနေ့ညကသာ အသက်ရှုကြပ်ပြီးတော့ ကျွန်တော်ဆုံးပါးသွားခဲ့ရင် ခင်ဗျားလည်း သိလိုက်မှာ မဟုတ်ပါဘူး


မနက်ဖြန် မွေးနေ့ရက်ဆိုတော့ မကောင်းတဲ့အတွေးတွေကို ရပ်ပြစ်လိုက်ပါပြီ နေမကောင်းတော့ ပိုပြီးသတိရတယ် ခင်ဗျားဘေးမှာ ပိုပြီးရှိနေချင်တယ်ဗျာ


ဒါပါပဲဗျာ။


4.09.2022

မနက်က မွေးနေ့ဖြစ်လို့ စောစောထပြီး ဘုရားသွားမယ်လုပ်ထားတာ period ဖြစ်တာနဲ့ မထနိုင်ဘဲ အိပ်ရေးဝအောင်ပဲ အိပ်လိုက်တယ်


မနေ့ညကအိပ်ခါနီးကို ခင်ဗျားပို့ပေးထားတဲ့ ဓါတ်ပုံလေးကို တဖွတဖွနမ်းပြီးမှ အိပ်ဖြစ်တယ်


ပြန်လာပြီးထဲက လွမ်းလို့ ဓါတ်ပုံပို့ပေးပါဆိုတာကို ဒီနေ့အထိ မပို့ပေးသေးဘူးနော် 8ရက်နေ့အတွက် မွေးနေ့လက်ဆောင် 

ဓါတ်ပုံပို့ပေးဖို့​ ပြောထားတာလည်း ပို့ပေးမယ်မထင်ပါဘူးဗျာ တကယ်ကို နေနိုင်သူကြီးပါ


သတိရနေလို့ Note ဝင်ရေးမိတာပါ။


7.09.2022

ကျွန်တော်တကယ် လွမ်းနေရပါတယ်။


9.09.2022

ခင်ဗျားဓါတ်ပုံ မွေးနေ့လက်ဆောင် ရမယ်လို့ မျှော်လင့်မိပေမယ့် မရခဲ့ပါဘူး တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်


သူအလုပ်များနေတာကို အနှောက်အယှက် မပေးပါနဲ့ဆိုတဲ့ အသိတစ်ခုနဲ့ပဲ နေလိုက်ပါတော့တယ် ခဏလေးဖြစ်ဖြစ် ကျွန်တော့်ကို သတိရပေးပါဗျာ။



10.09.2022

အလုပ်များတာကိုလည်း သိပါတယ် ဒါပေမယ့် ကျွန်တော့်ကို ထားခဲ့ပြီလို့လည်း ခံစားနေရတယ်


မမေးရဲပါဘူးဗျာ အလုပ်ရှုပ်နေရတဲ့ကြားက စိတ်ရှုပ်ခဲ့ရင် ခင်ဗျားထိခိုက်သွားမယ်လေ 


ပြန်လာတာ တစ်လကျော်ပြီ ဖုန်းပြောဖို့မပြောနဲ့ စကားတောင် ဆယ်ခွန်းပြည့်အောင် မပြောရသေးဘူး


တခါတလေ စိတ်ဓါတ်တွေကျပြီး တစ်ယောက်ထဲနေခဲ့ပါလားလို့ အပြစ်တင်ချင်မိတယ် ဒါပေမယ့် တစ်နှစ်ဆိုတဲ့အချိန်ကာလမှာ ကျွန်တော် ခင်ဗျားအပေါ်ဖက်တွယ်မိတာက ဘဝတစ်ခုစာ ဖြစ်သွားခဲ့ရပြီလေ


လွမ်းတယ်ဗျာ


အကြာကြီးမဟုတ်တောင် ခဏလေးဖြစ်ဖြစ် ခင်ဗျားအသံကြားခွင့်ရရင် သိပ်ကောင်းမှာပဲဗျာ..



12.09.2022

ခင်ဗျားကို အကြီးကြီး လွမ်းနေပါသည်။


14.09.2022

မနေ့ညကတော့ လကုန်တဲ့အထိမှ ကျွန်တော်ကိုအဆက်အသွယ်မလုပ်ရင် နောက်ဆုတ်လိုက်တော့မယ် တွေးမိထားတာပါ


ဒီနေ့ညကျမှ အဲ့ဒီမှာ နေ့စဥ်ထိတွေ့မှုတွေဖြစ်နေတော့လည်း အပြစ်တင်မိတဲ့ ကိုယ့်ဘာသာတောင် ဒေါသဖြစ်မိပါတယ်


ဖြစ်စဥ်တစ်ခုတိုင်းအတွက် တာဝန်ယူမှုတာဝန်ခံမှုဆိုတာ ရှိတယ်လေ


နိုင်ငံတော်အတွက် မိမိ၏အသက်ကို ပေးလှူထားရတဲ့အပြင် 

ပေးအပ်လာတဲ့ အမိန့်နဲ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပါမည်ကို သစ္စာဆိုထားတဲ့ လူတစ်ယောက်အတွက် ပုခုံးထမ်းတာဝန်တွေကဒီကာလကြီးမှာ များပြားလိုက်တာဗျာ


စိတ်ရင်းနဲ့ပြောတာပါ မြန်မာပြည်ကြီးကို အမြန်ဆုံး အေးချမ်းစေချင်ပါပြီ ၇ရက်သားသမီးအကုန်လုံးကိုလည်း ငြိမ်းငြိမ်းချမ်းချမ်းလေးဖြစ်စေချင်တာ စေတနာအမှန်ပါဗျာ


အခုကာလကြီးမှာတော့ ခင်ဗျားနဲ့ ကလေးတွေအကုန်လုံး ဘေးကင်းဖို့က ကျွန်တော်အလိုချင်ဆုံး ဆုပါဗျာ


ဒါကြောင့်လည်း နေမကောင်းလွန်းလို့ အိပ်ယာကမထနိုင်တဲ့နေ့ကလွဲရင် ဘုရားရှိခိုးပါတယ် ဘုရားမှတစ်ပါး အားကိုးရာမရှိဘူးလေဗျာ။


18.09.2022

လွမ်းတယ်ဗျာ ခင်ဗျားနှလုံးခုန်သံလေးကိုနားထောင်ရင်းနဲ့

ရင်ခွင်ထဲတိုးပြီး အိပ်ချင်နေတယ်ဘယ်တော့များမှ နောက်တစ်ခါအိပ်ခွင့်ရှိမှာလည်းဗျာ..



18.09.2022

လူတစ်ယောက်ကို ရူးရူးမိုက်မိုက်ချစ်မိတာ ဘာနဲ့တူလည်းဆိုရင် အမြင့်ကို မတားအားကြောက်တဲ့သူတစ်ယောက် ရိုလာကိုစတာအပေါ်တက်မိလိုက်သလိုပါပဲ 


အမြင့်ရောက်ခါနီးလေ တထိတ်ထိတ်နဲ့ စိုးရိမ်နေရသလို 

အမြင့်ကနေ ဆင်းပြန်တော့လည်း အသည်းသည်းတအေးအေးနဲ့ အသက်ရှုရပ်သွားမတက်ပါပဲ


ဒါပေမယ့် အဲ့ဒီခံစားချက်က ရိုလာကိုစတာစီးမိတဲ့အချိန်မှ ဖြစ်နိုင်ပေမယ့် ခင်ဗျားကို စွဲလန်းမိနေတာက အချိန်အများကြီး တထိတ်ထိတ်နဲ့ အသက်ရှုမရပ်သွားအောင် ကြိုးစားနေရတာပါ


မသိတော့ဘူးဗျာ ခင်ဗျားအနားမှာ အချိန်အကြာကြီးနေချင်တယ် ဒါပါပဲဗျာ..



19.09.2022

ခင်ဗျားအ​ရမ်းအရေးကြီးနေတဲ့အချိန်မှာ ကျွန်တော်ဂျီကျခဲ့မိတာတွေအတွက် တကယ်ကို တောင်းပန်ပါတယ်


တော်ယုံလူဆိုရင် ကျွန်တော့်ကို ပြစ်ပြစ်နှစ်နှစ်ဆဲပြီးတော့ block သွားမှာသေချာပါတယ်


ခင်ဗျားကတော့ စိတ်ရှုပ်ခဲ့ရပေမယ့် block မလုပ်ခဲ့လို ကျေးဇူးတင်ပါတယ် နောက်ဆိုရင် ဂျီမကျတော့ပဲ  ဒီထက်ပိုပြီးတော့  သတိထားပါမယ်ခင်ဗျ


ခင်ဗျားထိခိုက်မှာ အစိုးရိမ်ကြီးတဲ့သူ ကျွန်တော်ကပဲ ထိခိုက်မိအောင် အကြိမ်ကြိမ်လုပ်ခဲ့မိတယ်ဗျာ


အစစအရာရာ ဂရုစိုက်ပါခင်ဗျာ သတိကြီးတဲ့သူမှန်းသိပေမယ့် အစိုးရိမ်ကြီးလို့ ခဏခဏမှာနေမိတာပါဗျာ။


 20.09.2022

လွမ်းလို့ ခင်ဗျားရဲ့မျက်နှာလေးကို တဖွဖွနမ်းမိတယ် 

ခင်ဗျားရဲ့..


23.09.2022

ခင်ဗျား ကျွန်တော့်ကို အဆက်အသွယ်မလုပ်တာ ၂၄ရက်ရှိပြီ အစကတော့ စိတ်ဆိုးခဲ့ပေ ခင်ဗျားအရေးကြီးတဲ့အချိန်မှန်းသိလို့ ကျွန်တော်ပဲ နားလည်ပေးလိုက်ပါတယ်


ဒီကြားထဲ စိတ်ဆိုးခဲ့တာတွေရှိပေမယ့် ၁နာရီတောင်မပြည့်ပါဘူး ကျွန်တော်ကပဲ ပြန်တောင်းပန်ခဲ့သူပါ အလုပ်များနေရတဲ့ကြားက ဒေါသထွက်ရတော့ ကျွန်တော်ပဲ စိတ်မကောင်းဖြစ်ရတာပါ


စိတ်ပူပြီး ဂရုစိုက်ပါ တဖွဖွပြောခဲ့ပေမယ့် ခင်ဗျားစီကနေ တုန့်ပြန်မှုနည်းနည်းလေးမှ မရခဲ့ပါဘူး အလုပ်တကယ်များနေတာသိပေမယ့် တုံပြန်မယ့်စကားတစ်ခွန်းလောက်တော့ 

ကျွန်တော်လိုချင်မိသူပါဒါပေမယ့် မရခဲ့ပါဘူး


တကယ်တန်းပြောရရင် ကျွန်တော်ပင်ပန်းနေပြီ ပြန်လာတဲ့အချိန်ကစပြီး စကားဆယ်ခွန်းပြည့်အောင် ပြောခွင့်မရှိတဲ့ဘဝ ခင်ဗျားအသံကြားချင်လို့ ဖုန်းခေါ်ခွင့်မရှိတဲ့ဘဝမှာ တကယ်ပင်ပန်းနေပါပြီ


ကျွန်တော်ကြိုးစားပြီး စောင့်နေအုန်းမှာပါ ခင်ဗျားမရှိတဲ့ဘဝက ဒီထက်ပိုပြီး နာကျင်ရမှန်းသိလို့ပါဗျာ။



24.09.2022

25ရက်လုံးလုံး ဂရုစိုက်ပါဆိုတဲ့ စကားတစ်ခွန်းတောင် 

မပို့ပေးနိုင်တဲ့သူရဲ့ ပထမဆုံး စကားက 


နောက်နေ့တွေ ငါမပို့ဘဲ မပို့နဲ့ဦး


ကျွန်တော် ဟုတ်ကဲ့ တစ်ခွန်းပဲ ​ပြောနိုင်ပါတော့တယ်

သိမ်ငယ်တဲ့အရပ်မှာလည်း နေဖို့အင်အားမရှိတော့ပါဘူး


ခင်ဗျားကိုတွေ့ဖို့မပြောနဲ့ ခင်ဗျားအသံကြားဖို့ကိုတောင် ဘယ်လောက်စောင့်စားရမယ်ဆိုတာ ကျွန်တော်အတွက် အဖြေမရှိတဲ့ ပုစ္ဆာပါ 


ဒါကြောင့် ခင်ဗျားဘက်ကနေ အဆက်အသွယ်မလုပ်ခဲ့ရင်တောင် ကျွန်တော်ဖက်တွယ်နေဖို့အတွက် ထပ်ပြီး အားမထုတ်တော့ပါဘူး


ခင်ဗျားနဲ့ ဆုံစည်းဖို့ရေစက်က ရေပွက်တစ်ခုမျှသာ ပါတယ်လို့ပဲ မှတ်ယူထားလိုက်ပါမယ် 


လူတစ်ယောက်ကို ပုံအောပြီးချစ်ရတာ နောင်တမရပေမယ့် တုန့်ပြန်မှုသေးသေးလေးတောင် မရနိုင်ခဲ့တာကတော့ ကျွန်တော့်အတွက် အတော်လေးနာကျင်ရပါတယ်ဗျာ။



25.09.2022

ကျွန်တော့်ကို အဆက်အသွယ်မလုပ်တော့မှန်း သိလိုက်တဲ့အချိန်ကစပြီးတော့ စိတ်တွေဒိဟဖြစ်နေရတာပါ 


ဒါပေမယ့်လည်း အန္တရာယ်များနေမှန်းသိလို့ အနှောက်အယှက်မဖြစ်အောင် စာတွေမပို့တော့တာပါ


ဒီနေ့ သမီးငယ်လေးပို့ထားတဲ့ စာကိုဖတ်ပြီးတော့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ် ရှေ့ဆက်မတိုးတော့ပါဘူးဗျာ ဒီအတိုင်းပဲ နေပါတော့မယ်။


26.09.2022

ကျွန်တော် တကယ်ချစ်ခဲ့ပေမယ့် ရှေ့ဆက်မတိုးတော့ပါဘူးဗျာ


သမီးငယ်လေးကို ချစ်လည်းချစ်တယ် သနားလည်းသနားတယ် ငါ့ကြောင့် ကလေးလေး စိတ်ဆင်းရဲရရင်ဆိုတဲ့ အတွေးက ကျွန်တော်ကိုအကြိမ်ကြိမ် ထိုးနှက်နေတယ်


ကျွန်တော်တစ်ယောက် စိတ်ချမ်းသာဖို့အတွက် တစ်ဘက်သား စိတ်ဆင်းရဲရမယ့် ကိစ္စကြီးကို မလုပ်တော့ပါဘူးဗျာ


ဒီဘဝမှာတောင် ကိုယ်ပိုင်မိသားစုမရှိတဲ့ ဘဝမှာနေနေရတာ နောင်ဘဝမှာ ထပ်မဖြစ်ချင်ပါတော့ဘူးဗျာ။



28.09.2022

ဝေးသွားပြီဆိုတဲ့ အသိက လူကိုတဖြေးဖြေး နာကျင်စေပါတယ်။


30.09.2022

အရာအားလုံးကို ပြည်ဖုံးကားချလိုက်ပါပြီ


အခုမှ မဟုတ်ပါဘူး ဘယ်သောအခါကမျှ ယောင်္ကျားတစ်ယောက်ကို မချည်နှောင်ထားနိုင်တာ ကျွန်တော့် အားနည်းချက်ပါ


လူတစ်ယောက်မပေါ်  ပုံအောပြီး ချစ်ပေးနိုင်တာကလွဲရင် ကျွန်တော်ဘာတစ်ခုမျှ မလုပ်ပေးနိုင်ခဲ့ပါဘူး အဲ့ဒါကြောင့်လည်း အမြဲကျန်ရစ်ဖြစ်ခဲ့ရတာပါ


အရင်ဘဝက ကျွန်တော် ဆုတောင်းဖို့ မေ့သွားတာနေမှာပါ

ကျွန်တော်ချစ်တဲ့သူနဲ့ သက်ဆုံးတိုင်ပေါင်းဖက်ရပါစေဆိုတာကို ဆု မတောင်းခဲ့မိတာ နေမှာပါဗျာ။



06.11.2022

ခင်ဗျားထားခဲ့တဲ့ ရက်တွေကို မရေတွက်မိတာ တော်တော်ကြာနေပါပြီ မရေတွက်မိအောင်လည်း ကျွန်တော် ကြိုးစားပြီးနေထိုင်ပါတယ်..



နာကျင်ပါတယ် တကယ်ကို နာကျင်ရပါတယ် ဒါပေမယ့်လည်း ရှေ့ဆက်လျှောက်ဖို့ မသင့်တော်တဲ့အတွက် ခင်ဗျားထားခဲ့တာပဲ ကျွန်တော်လက်ခံပေးရမှာပေါ့ဗျာ


အဲ့ဒီမှာ အခြေအနေတွေမတည်ငြိမ်ပဲ အန္တရာယ်များနေမှန်းသိပါတယ် ဒါပေမယ့် အစစအရာရာဂရုစိုက်ပါဆိုတဲ့ စကားကိုမဆိုမိတာ နှစ်ယောက်လုံးအတွက်ပါ


ကျွန်တော်လည်း မဆက်သွယ်ဘဲ ကြိုးစားပြီး တည်ငြိမ်အောင် အားထုတ်နေရသလို့ ခင်ဗျားလည်း အဆက်အသွယ် မလုပ်တဲ့အတွက် တဖြေးဖြေးနဲ့ နေသားကျသွားမှာပါ 

ဒီအခြေအနေကို ပျက်ယွင်းနိုင်မယ့် ကိစ္စမျိုးကို အားမထုတ်ရဲတော့ပါဘူးဗျာ


ဒီနေ့ ပိုပြီးသတိရနေမိတယ် လွမ်းတယ်လို့ တိုးတိုးလေးပြောပြီး ခင်ဗျားကို တင်းတင်းကြပ်ကြပ်လေး ဖက်ထားချင်တယ် တကယ်တမ်းကျတော့ Active ဆိုတာကိုတောင် ကျွန်တော်အကြာကြီး စောင့်မကြည်နိုင်တော့ပါဘူး



နာကျင်ရတာကို ကျွန်တော်မဟုတ်တဲ့ ဘယ်သူမှ မသိနိုင်ဘူးလေဗျာ


မတရားဘူးဆိုတာ သိပါတယ် နောင်ဘဝဆိုတာ ရှိခဲ့ရင် လူပြန်ဖြစ်ခဲ့ရင် မိန်းမတစ်ယောက် ဖြစ်ခဲ့ရင် ခင်ဗျားရဲ့မိန်းမ ခင်ဗျားရဲ့ဇနီးမယား ခင်ဗျားရဲ့အိမ်သူ ဖြစ်ချင်ပါတယ်။



17.11.2022

11ရက်နေ့က ခင်ဗျားစကားလာပြောတော့ တကယ်ပျော်မိပါတယ်


အမှန်ကတော့ sex chat ပေါ့ဗျာ sex chat မှန်းသိပေမယ့်လည်း ခင်ဗျားနဲ့စကားပြောရရင် ကျေနပ်နေသူဖြစ်လို့ ကျွန်တော်နောက်တစ်ကြိမ် စည်းကျော်ခဲ့မိပြန်ပြီ


ခင်ဗျားက ရေပေါ်အရုပ်ရေးတာ မဟုတ်ပါဘူး တိမ်ပေါ်မှာ ပုံဆွဲပြသူပါ မလာနိုင်မှန်းသိရက်နဲ့ ရန်ကုန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ပေးပြန်ပြီ


ခင်ဗျားမလာနိုင်တာသိလို့ ကျွန်တော်အရင်လို မျှော့်လင်ချက်အကြီးကြီး မထားတော့ပါဘူးဗျာ ခင်ဗျားလာခဲ့သည် ရှိခဲ့ရင်တောင် ခင်ဗျားမျက်နှာမြင်ချင်ယုံ သပ်သပ်နဲ့တင် ကျွန်တော်လာတွေ့မှာပါ


လွမ်းတယ် ခင်ဗျားမျက်နှာ မမြင်ရတာ ခင်ဗျားအသံ မကြားရတာ ၄လပြည့်တော့မယ် နောက်ထပ် မြင်နိုင်ကြားနိုင်ဖို့ကလည်း မရေရာပါဘူးဗျာ



နောက်တစ်ကြိမ် ဆုံစည်းခွင့်မနိုင်ခွင့်မရှိမှန်း ကြိုသိခဲ့ရင် ကျွန်တော် လာမတွေ့ခဲ့ပါဘူးဗျာ အခုလိုမျိုး မနာကျင်ရတော့ဘူးပေါ့ဗျာ


ခဏခဏပြောခဲ့ဘူးတဲ့ စကားပါပဲ ထပ်ပြောပါရစေအစစအရာရာ ဂရုစိုက်ပါခင်ဗျာ ကျွန်တော်ချစ်တဲ့ လူတစ်ယောက်ကို သေးသေးလေးတောင် အထိခိုက်မခံနိုင်တာ ကျွန်တော့်အတ္တပါ။



30.11.2022

ပြည်ဖုံးကားချလိုက်ပါပြီ။

30th November 2022.




(   ခင်ဗျားနဲ့တွေ့ခဲ့ရတဲ့ 3rd August 2022 နောက်ပိုင်း ရေးထားတဲ့ 2022 post တွေထဲကနေ ကျွန်တော်အမှတ်ရတာတွေပါ ခင်ဗျားနဲ့ပတ်သက်တဲ့ခံစားချက်တွေ ထပ်ရေးဖို့ကိုလည်းကျွန်တော့်ကိုယ်ကျွန်တော် ခွင့်ပြုမပေးတော့ပါဘူး။   )








2021.

  သံသရာတပတ်လည်သောအခါ


ကျွန်တော်က ခံစားချက် လွန်ကဲတဲ့လူတစ်ယောက် ဖြစ်ပေမယ်​ ခင်ဗျားလို လူတစ်ယောက်အတွက် စောင့်ထိန်းပေးရမယ့်ဝတ္တရား ကျွန်တော့်မှာအပြည့်အဝရှိပါတယ်ဗျာ


မှတ်မှတ်ရရ ခင်ဗျားကိုစသိခဲ့တာ fb မှာ နန်း share ထားတဲ့ post နဲ့ပါ အဲ့ဒီ post ဖတ်ပြီးတော့ request မပို့ဖြစ်သေးဘူးဗျ ရက်နည်းနည်းကြာပြီး ဧပြီလမှပို့ဖြစ်တာပါ အဲ့ဒီ့တုန်းက ခင်ဗျားမွေးနေ့ကို သိထားတာ 21.02.1977 or 1978


ရက်တော့မမှတ်မိတော့ဘူး မေလထဲမှာ ခင်ဗျား ကားမောင်းရင်း သီချင်းဆိုရင်း live လွှင့်တော့ ကျွန်တော်​ခင်ဗျားကိုစပြီးစိတ်ဝင်စားမိတယ် အဲ့ဒီ့ live ကို ၁၀ကြိမ်မက ကျွန်တော်ဝင်ကြည့်မိတယ်


ရက်နည်းနည်းကြာတော့ ကျွန်တော် down ထားလိုက်တယ် အဲ့ရက်ကစပြီး ခင်ဗျားပုံတွေ save ထားမိတယ် ( လနည်းနည်းကြာမှ ကာမပိုင်ရှိတဲ့ အမျိုးသားတစ်ယောက်ကို စိတ်ဝင်စားတာ မဖြစ်သင့်ဘူးဆိုပြီး ဖျက်လိုက်တာပါ ၂ပုံတော့ ချန်ထားမိပါတယ် )


ကျွန်တော်ပြောဘူးမယ်ထင်ပါတယ် fb ကို မွှေတက်တယ်ဆိုတဲ့အကြောင်း ခင်ဗျားကို စိတ်ဝင်စားမိတဲ့အချိန်ကစပြီး ကျွန်တော်မွှေမိလိုက်တာ ခင်ဗျားမွေးနေ့ကို သိလိုက်ရတဲ့အချိန်မှာ တော်တော်လေးအံဩမိပါတယ် သံသရာတပတ်လည်တာပေါ့ဗျာ 


AHA နဲ့ချစ်သူဖြစ်တာက 2011 မေလ သူ့မွေးနေ့အမှန်က 22.03.1987 ကျွန်တော်ကို ပြောထားတာက 22.03.1980 ကျွန်တော့်ထက် အသက်ငယ်တဲ့လူတွေကို စိတ်မဝင်စားတာ 

သူသိတော့ first date ကျမှ မွေးနေ့အမှန်ကို ဖွင့်ပြောပြတော့ လက်ထပ်ဖို့အထိရည်ရွယ်ထားခဲ့မိတဲ့ ကျွန်တော်အကုန်လုံးကျွံသွားရတာ


ခင်ဗျားတင်တဲ့ပုံတွေကြည့်တာနဲ့တင် ခင်ဗျားမိသားစုရဲ့ အေးချမ်းသာယာမှုရော ညီမလေးရဲ့တကယ်ကိုမိန်းမပီသတဲ့ အရည်အချင်းကို ကျွန်တော်အများကြီးနားလည်ပါတယ် 


ကျွန်တော်လဲ မိန်းမတစ်ယောက်ဖြစ်လို့ ယောကျင်္ားတစ်ယောက်အပေါ် မိန်းမတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကောင်းကောင်းသဘောပေါက်နားလည်ပါတယ် 


အဲ့ဒါကြောင့် သတင်းကိစ္စကလွဲရင် အတက်နိုင်ဆုံး ခင်ဗျားကိုမငြိတွယ်မိအောင် ကြိုးစားခဲ့ပါတယ် စိတ်ဝင်စားမိတဲ့ လူတစ်ယောက်အပေါ် ကျွန်တော် emotion များတာ ကျွန်တော်သိတယ်လေ


ဩဂုတ်လမှာမှ ကျွန်တော် ခင်ဗျားနာမည်အရင်းကို 

သိပြီးတော့ ထပ်ပြီးမွှေမိပါသေးတယ် အဲ့ဒီနောက်ပိုင်း people you may know မှာ ညီမလေး account ပေါ်လာတိုင်း ကျွန်တော်လိပ်ပြာမလုံခဲ့ပါဘူး ကျွန်တော်ဘက်က မဖြူစင်ခဲ့တာကို


ခင်ဗျားမိန်းမတွေကို အထင်မကြီးတာ ကျွန်တော်သိထားပါတယ် စိတ်မကောင်းပါဘူး ကျွန်တော်လည်း ခင်ဗျားအထင်မကြီးတဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့မှာပါ


၅ရက်နေ့က ခင်ဗျားစကားပြန်ပြောတော့ ကျွန်တော်တော်တော်လေး ပျော်သွားတယ် ခင်ဗျားမေးတာတွေက တခြားတစ်ယောက်ဆိုရင်တော့ ကျွန်တော်ရိုင်းရိုင်းစိုင်းရိုင်း တုန့်ပြန်မှာဖြစ်ပေမယ့် ခင်ဗျားကိုတော့ အကုန်လုံးဖြေပေးခဲ့ပါတယ် ကျွန်တော်စိတ်ဝင်စားတဲ့ လူတစ်ယောက်ကို ကျွန်တော်ဖြစ်တည်မှုကို အမှန်အတိုင်းသိစေချင်တာ ကျွန်တော့်အားနည်းချက်လို့ တစ်ခါမှမတွေးမိခဲ့ပါဘူး


ခင်ဗျားကတော့ မိန်းမတစ်ယောက်ဖြစ်ပြီး လက်လွတ်စပယ်ပြောလို့ ကျွန်တော့်ကို အထင်သေးကောင်းသေးခဲ့ပေမယ့် ကျွန်တော်ကတော့ ခင်ဗျားအပေါ်အထင်မသေးခဲ့ပါဘူး 

နောင်လဲအထင်မသေးပါဘူး ကျွန်တော်အထင်ကြီးတဲ့လူကိုပဲ ကျွန်တော်သဘောကျမိတာပါ


ကျွန်တော်က emotion အရမ်းများတော့ ခင်ဗျားနဲ့ပတ်သတ်လာရင် ကျွံသွားဖို့ဆိုတာ ရာခိုင်နှုန်းအရမ်းများပါတယ် အဲ့ဒါကိုထိန်းချုပ်ဖို့ ကျွန်တော်တော်တော်လေး ကြိုးစားခဲ့ရပါတယ်


အခုကျွန်တော်ပြောနေတာတွေ ခင်ဗျားနားလည်ချင်မှ နားလည်မှာပါ အဓိကအချက်က ကာမပိုင်ရှိတဲ့အမျိုးသားတစ်ယောက်ကို အခုထက်ပိုပြီး မငြိတွယ်မိဖို့ ကျွန်တော်ကြိုးစားနေပါတယ် 


ခင်ဗျားဘဝထဲ ဒီထက်ပိုပြီး တိုးမဝင်မိစေဖို့ ကျွန်တော့်ကိုကျွန်တော်လည်း ထိန်းချုပ်ထားတယ်ဆိုတာသိစေချင်တာပါ


နောက်တစ်ချက်က အသက်ရလာတော့ အရင်ကထက်စာရင် ပိုနားလည်လာတယ် ဒီခံစားချက်ကြီးကိုခင်ဗျားကိုဝန်မခံပဲ 

မြိုသိပ်ထားရင် အစိုင်အခဲကြီးထွားလာပြီးကျွန်တော်မလုပ်သင့်တာတွေ လုပ်မိမှာစိုးရိမ်လိုပါဗျာ..

21st December 2021.








Guardian


Guardian ကို မက်မက်မောမောလိုချင်ခဲ့တာက AHA နဲ့ ပြီးပြတ်သွားတဲ့ 2014 မှာပါ ကျွန်တော်ရဲ့ ပင်ကိုစရိုက်ကိုက တစ်ဖက်သားကို အရမ်းတွယ်တာမိတက်တဲ့လူမျိုးပါဗျာ..



အဲ့ဒီလိုနဲ့ 2016 မှာ တက္ကသိုလ်ကသူငယ်ချင်းနဲ့ fb မှာ ပြန်ဆုံမိတယ် တက္ကသိုလ်တက်တုန်းက ကျွန်တော်ကငတုံးတစ်ယောက်ဖြစ်ခဲ့လို့ သူကျွန်တော်ကိုကြိုက်ခဲ့လားမကြိုက်ခဲ့ဘူးလားဆိုတာ သေချာမသိခဲ့ပါဘူး သိခဲ့တာတစ်ခုက သူကျွန်တော်ကိုတကယ်စောင့်ရှောက်ခဲ့ပါတယ်


သူငယ်ချင်းနဲ့ပြန်ဆုံတာ ၇လပိုင်း YKKO မှာ ကြေးအိုးသွားသောက်ဖြစ်တယ် ၈လပိုင်း သင်္ဘောပြန်တက်တယ် ကမ်းကပ်တဲ့အချိန်တိုင်း ကျွန်တော် line ပေါ်မှာမရှိဘဲ အိမ်ယာစောစောမထလို့ တခြားအစ်မတစ်ယောက်ကိုဖုန်းဆက်နှိုးခိုင်းပြီး အကူအညီတောင်းခဲဲ့ရတာတွေကအမှတ်တရပါ


သိပ်မကြာပါဘူး ၁၀လပိုင်းလောက်မှာ ပြဿနာတက်ပြီး ပြတ်သွားရတာပဲ ကျွန်တော်ကို block သွားတာ အဲ့ဒီအချိန်ကစပြီး လူတစ်ယောက်ကို ဘယ်လောက်ပဲစိတ်ဆိုးဆိုး ကျွန်တော် block မလုပ်တော့ပါဘူး အဲ့ဒီနာကျင်မှုကိုအခုအချိန်ထိ Guardian လို့သတ်မှတ်မိလိုက်တဲ့ ခင်ဗျားကြောင့် ကျွန်တော်နာနာကျင်ကျင် ခံစားရနေလို့ပါဗျာ


ဒါပေမယ့် ကျွန်တော့်ကို လက်တွေ့စောင့်ရှောက်ပေးခဲ့တဲ့သူထဲမှာ အဲ့ဒီသူငယ်ချင်းကအချိန်ကာလအကြာဆုံးပါ Second year ကနေ Final အထိ စောင့်ရှောက်ပေးခဲ့တဲ့သူပါ အခုအချိန်မှာတော့ သူလည်းမစောင့်ရှောက်ပေးနိုင်သလို ကျွန်တော်လည်း သူ့အစောင့်အရှောက်ခံဘဝကိုလက်မခံပေးနိုင်တော့လို့ပါ..


အခုမှ ဒီ post ပိုင်ရှင် ကျွန်တော့် Guardian အကြောင်းစမှာပါ


2021 မေလမှာ ခင်ဗျားနဲ့ စကားပြောဖြစ်ပေမယ့် ကျွန်တော့် Guardian ဖြစ်စေချင်တဲ့ဆန္ဒအလျင်းမရှိခဲ့ပါဘူး အဲ့တုန်းက ကျွန်တော့်စိတ်ကအဖြူရောင်ရှိနေပါသေးတယ်


မှတ်မှတ်ရရ မေလ ၁၈ရက်နေ့မှာ ခင်ဗျားအသံကြားပြီးတော့ ကျွန်တော့်စိတ်တွေယိမ်းယိုင်လာရတာပါ မဖြစ်နိုင်ဘူးမဖြစ်သင့်ဘူးဆိုတာ အစောကြီးထဲကလက်ခံထားပြီးသားပါ ဒါပေမယ့် ကျွန်တော့်စိတ်ကိုမတားမြစ်နိုင်ခဲ့ပါဘူးဗျာ


2021 ဩဂုတ်လ ခင်ဗျားအမေဆုံးသွားလို့ ခရီးထွက်တဲ့အချိန်မှာ ကျွန်တော်စိတ်တအားပူခဲ့ရပါတယ် လမ်းခရီးမှာ တစ်စုံတစ်ခုဖြစ်သွားပြီး ခင်ဗျားထိခိုက်မှာကိုအလွန်အမင်းစိုးရိမ်ခဲ့ဘူးပါတယ် စိုးရိမ်စိတ်မီးပွားကမီးတောက်အဖြစ်တော့ ခင်ဗျားကိုမကူးစက်ခဲ့ပါဘူး



2021 စက်တင်ဘာလ Viber မှာပေါ်နေတဲ့ Birhday wish လေးတစ်ကြောင်းက ကျွန်တော့်တနေ့တာကို အရာအားလုံးပြည့်စုံစေခဲ့ပါတယ် တကူးတရ wish လုပ်တာမဟုတ်ပေမယ့် ကျွန်တော် 100% တကယ်ကိုပျော်ရွှင်ခဲ့ရပါတယ်


နောက်ဆုတ်ဖို့ကြိုးစားရင်း တိုးဝင်နေမိတဲ့ခြေလှမ်းတွေကို ကျွန်တော်တကယ်မတားစီးနိုင်ခဲ့ပါဘူး မတားလည်းမတားရက်ပါဘူး ခင်ဗျားတို့အမြင်မှာ ပြည့်စုံနေတယ်လိုထင်ခဲ့တဲ့ ကျွန်တော့်မှာ လူမသိနိုင်တဲ့ဒဏ်ရာတွေနဲ့ပါဗျာ..


2021 ဒီဇင်ဘာလ 5ရက်နေ့ ခင်ဗျားကတော့ တကူးတကရည်ရွယ်ပြီး စကားလာပြောခဲ့တာမဟုတ်ပေမယ့် လမင်းကိုညစဉ်မျှော်ကြည့်နေမိတဲ့ ကလေးတစ်ယောက်အတွက်တော့ လသာညတွေက သူ့အတွက်ဘုရားပေးတဲ့ဆုလဒ်ပါပဲ


စစ်ဖွင့်ကစားသူက တိုက်စစ်မဟုတ်ဘဲ ခံစစ်နဲ့တိုးလို့စစ်ရုတ်လိုက်တဲ့အချိန်မှာ ခံစစ်သမားဘက်ကနေရှေ့တိုးခဲ့မိတာ တကယ်ကိုမှားခဲ့တဲ့ အမှားကြီးတစ်ခုပါအမှားမှန်းသိရက်နဲ့ ကျွန်တော်ဇွတ်တိုးပြီးဝင်ခဲ့မိပါတယ်


ဒီလိုနဲ့ပဲ ခင်ဗျားက ကျွန်တော့်အတွက် Guardian ဖြစ်လာခဲ့ပါတယ် မဖြစ်နိုင်မှန်းမဖြစ်သင့်မှန်းသိပေမယ့်လည်း ခင်ဗျားကို ကျွန်တော့်ဘဝထွက်သက်အထိ ရှိစေချင်ခဲ့ပါတယ် 


တကယ်တော့ ခင်ဗျားစောင့်ရှောက်ခံဖြစ်ခွင့်ရတာ တကယ့်ကို ရက်ပိုင်းလေးမျှသာပါ ဒါပေမယ့်လည်း ကျွန်တော်ခင်ဗျားကို စချစ်မိတဲ့အချိန်ကစပြီးအခုအချိန်အထိ ကျေနပ်ခဲ့ရသူပါ ကျွန်တော်မျှော်လင့်နေခဲ့မိတဲ့ Guardian ကို ကျွန်တော့်ဘဝမှာခဏတာပိုင်ဆိုင်ခဲ့ဘူးလို့ပါဗျာ


ခင်ဗျားတို့လည်း ကြုံဘူးကျမှာပါ စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် လက်တွေ့ဘဝကဇာတ်လမ်းတွေက ပိုပြီးနာကျင်ရတယ်ဆိုတာ ကျွန်တော့်ဘဝကလည်း အဲ့ဒီလိုပါပဲ ကျွန်တော့်ဘဝရဲ့ Guardian အမျှဝေနေတဲ့အချိန်ကျမှသာဓုတစ်ခွန်းခေါ်ခဲ့မိတာနေမှာပါ ကျွန်တော်အတွက်ရေစက်ကအင်မတန်ကိုနည်းခဲ့လွန်းပါတယ်


သေချာတဲ့ဒီဘဝမှာတောင် ခင်ဗျားအနားမရှိနိုင်တဲ့ ကျွန်တော်က မသေချာတဲ့နောင်ဘဝကို ဘယ်လိုအင်အားမျိုးနဲ့ ဆုတောင်းရမလဲဗျာ ဒါပေမယ့်နောင်ဘဝမှာလူဖြစ်ခဲ့ရင်တော့ ခင်ဗျားဘေးမှာပါရမီဖြည့်ဘက်််််ဖြစ်ရပါစေလို့ ဆုတောင်းပါစေဗျာ။

30th January 2022.





မွေးနေ့မှာပျော်ရွှင်ပါစေဗျာ

 


💕 Happy Birthday, Bae! 💕


မွေးနေ့မှာ ပျော်ရွှင်ပါစေ.. 💋

    


မွေးနေ့ရက်မြတ်မှ စတင်ပြီး နှစ်၁၂၀တိုင်အောင်

 စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် 

ပြည့်စုံပါစေ။


ကြံစည်သမျှအရာရာတိုင်း 

ပြည့်ဝအောင်မြင်ပါစေ ခင်ဗျာ။


ဘာသာ၊သာသနာကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော


နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော


မိသားစုကို ကာကွာ​စောင့်ရှောက်ပေးနိုင်သော


လက်အောက်ငယ်သားများကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော


မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော သူဖြစ်ပါစေခင်ဗျာ။


🙏🙏🙏🙏🙏



ဝန်ခံချက် ။   ။ တင်ထားတဲ့ပုံက ကျွန်တော့်အပိုင်မဟုတ်ပါဘူး သဘောကျလွန်းလို့ သူများတင်ထားတာကို ရှာကြံပြီးတော့ ခိုးလာတာပါဗျာ။

22nd March 2022.








ချစ်သော


🌼  18.05.2021 🌼


ဘာရယ်မဟုတ်ပါဘူး
ကျွန်တော်က
နေ့စွဲတွေကိုအရိုးစွဲတက်တဲ့
လူတစ်ယောက်ဖြစ်နေလို့
ဒီနေ့စွဲကိုအမှတ်တရရှိနေတာပါ


ကျွန်တော့်အတွက်
ခင်ဗျားရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ
ကျွန်တော်ကြိုးစားပြီး

ရှင်သန်နေရအုန်းမှာပါ


ကျွန်တော့်ဘက်ကနေ
အမှတ်ရနေသရွေ့ကတော့
ဒီနေ့ကနောင်နှစ်များစွာ

ကျွန်တော်အတွက့်တန်ဘိုးထားရတဲ့

နေ့တစ်နေ့အဖြစ်တည်ရှိနေမှာပါ


တနေ့တော့
ဒီနေ့စွဲကို ကျွန်တော်
မေ့ပျောက်ရင်မေ့ပျောက်သွားမှာပါ


အခုအချိန်မှာခင်ဗျားကိုယ်ရော
ကျွန်တော့်ကိုယ်ကျွန်တော်ရော
အရင်လိုချည်နှောင်မထားတော့ပေမယ်
ဒီနေ့ကကျွန်တော်အတွက့်
တကယ်ကိုအမှတ်တရပါ။


Ps: ၁၈ရက်နေ့မှာတင်မယ်ဆိုပြီး ရေးထားတာပါ ဒါပေမယ့် ၁၈ရက်နေ့ရောက်မှ draft ထဲ ထည့်လိုက်ပါတယ် 


အကြောင်းကြောင်းကြောင့် ခင်ဗျားကိုကျွန်တော်

မဆက်သွယ်ဖြစ်တော့ပေမယ့် 


May လမှာ အမှတ်တရကျန်ခဲ့စေချင်လို့ ဒီ post ကို ပြန်တင်ခဲ့တာပါ။




Photo source: https://p.favim.com/orig/


31st May 2022.








ခင်ဗျားရှိတဲ့မြို့


ရန်ကုန်မြို့ကနေ ၇၇၈မိုင်ဝေးတဲ့ နေရာမှာရှိတဲ့ 

ခင်ဗျားလေးကို ကျွန်တော်တွေ့ခွင့်ရဖို့က 

ဘုရားပေးတဲ့ ဆုလာဘ်ကြီးပါဗျာ။


အဲ့ဒီဆုလာဘ်ကြီးကို ကျွန်တော်စိတ်ကူးယဉ်နေမိတာ အရူးတစ်ယောက်လိုပေါ့ဗျာ..


ဇော်ဝင်းထွဋ်ရဲ့ တနေ့ကို အကျယ်ကြီး အော်ဆိုရမလား..


ဂျီလတ်ရဲ့ ကြိုနေစေချင်တယ်ကိုပဲ  Feel အပြည့်နဲ့ ဆိုရမလား..


ဒါမှမဟုတ် မျိုးကြီးရဲ့ မင်းရှိတဲ့မြို့ကိုပဲ အသားကုန်ဟစ်ရမလား..


ဒီအချိန်မှာ ကျွန်တော်အတွက် အတားအဆီးမှန်သမျှဟာ မြူမှုန်လိုပါပဲဗျာ


ခင်ဗျားဆိုတဲ့ လူတစ်ယောက်ရဲ့ မျက်နှာလေးကို တွေးမိလိုက်ယုံနဲ့တင် ကျွန်တော်မသိလိုက်မိချိန်မှာ အလိုလို ပြုံးလိုက်မိတာကြီးပဲဗျာ


So so


ဒါကြောင့် ခင်ဗျားရှိတဲ့မြို့စီ..


Bae! I'm not a wanna be seeing you. I will be seeing you soon cuz I haven't patients for any things.



Ps: Public လုပ်ပြီးသား post ကို 15ရက်နေ့က draft ထဲထည့်ပြီးမှ ဒီနေ့ပြန်တင်လိုက်တာပါ။


ကျွန်တော့်အကျင့်က လူတစ်ဖက်သားကို ဆက်ပြီးဖက်တွယ်ဖို့ အားမရှိတော့ဘူးဆိုရင် အရှုံးပေးလိုက်တာပါပဲ နောင်တမရှိအောင် ၁နှစ်ကျော် ကပ်တွယ်နေခဲ့ပြီးပါပြီ ဒါပေမယ့်လည်း


လူတစ်ယောက်အပေါ် ကျွန်တော်ဘယ်လောက်မှီတွယ်ပြီး ဘယ်လောက်အထိဖက်တွယ်ခဲ့သလဲဆိုတာ အဲ့ဒီလူအသိဆုံးပါဗျာ



But

တချို့တွေအတွက် ကျွန်တော့်မေတ္တာတရားက စီးကရက်တစ်လိပ်လောက်တောင်မှ တန်ဘိုးမရှိခဲ့ပါဘူးဗျာ။

13th June 2022.







(    5th April 2021 ကနေ ခင်ဗျားနဲ့တွေ့ခဲ့ရတဲ့ 31st July 2022 အထိ ရေးထားတဲ့ post တွေထဲကနေ ကျွန်တော်အမှတ်ရတာတွေကို နောက်ဆုံးအနေနဲ့ပြန်တင်ထားတာပါ ခင်ဗျားနဲ့ပတ်သက်တဲ့ခံစားချက်တွေကို နောက်ထပ်လည်းရေးဖြစ်မှာမဟုတ်တော့ပါဘူး။   )