ယောကျာ်းတွေရဲ့အချစ်ကလေ တကယ်တော့ အရမ်းရိုးရှင်းတာ ၊ ဒါကိုမိန်းကလေးတွေကသာ ရှုပ်အောင်တွေးလိုက်ကြတာ ။
ယောကျာ်းလေးတွေရဲ့ သဘာဝကိုက Hunt လုပ်ရတာကြိုက်တယ် ။ အဲတော့ သူတို့သဘောကျနေတဲ့သူဆိုရင် သူတို့ကအရင်စလိုက်မှာဘဲ ချဉ်းကပ်မှာဘဲ ။
နောက်ပြီး ဘယ်ယောကျာ်းက ကိုယ်သဘောကျနေတဲ့မိန်းကလေး ကို မဆက်သွယ်ဘဲနေနိုင်လဲ ၊ စာမပို့ဘဲနေနိုင်လဲ ။ ဖုန်းမဆက်ဘဲနေနိုင်လဲ ။ အဲဒါကြောင့် သူအလုပ်များလို့ ဖြစ်မှာပါလေ ၊ ဖုန်းမကြည့်သေးလို့ဖြစ်မှာပါလေ ဆိုပီး လျှောက်တွေးမနေနဲ့ ….
လူတိုင်းက အနဲဆုံး ခုနှစ်မိနစ်တခါတော့ အမြဲတမ်းကိုယ့်ဖုန်းကို check လုပ်တတ်ကြပြီး ငါသာဆိုရင်ကော ငါသဘောကျနေတဲ့သူကို စာမပြန်ဘဲ၊ ဖုန်းမကိုင်ဘဲ ၊စကားမပြောရဘဲ၊ သူ့သတင်းမကြားရဘဲ ဘယ်လောက်နေနိုင်လဲလို့ ကို့ကိုကို အရင်ပြန်မေးကြည့်
ဒါကြောင့် ယောကျာ်းတွေက သူတို့ဆက်သွယ်ချင်တဲ့သူဆို ဘယ်လိုမှ လျစ်လျူရှုပြီးနေနိုင်မှာ မဟုတ်တဲအပြင် ၊ တွေ့ချင်တဲ့သူဆို သမုဒ္ဒရာ ခုနှစ်ဆင်းခြားတောင် လက်ပစ်ကူးပြီး လာတွေ့မှာဖစ်တယ် ။
နောက်ပီး ချစ်လွန်းလို့ ထားခဲ့လိုက်ရတာပါ၊ ကိုယ်နဲ့မထိုက်တန်တာဘာညာဟာ နားထောင်လို့ကောင်းတဲ့ Story တွေပါ ။ ယောကျာ်းတွေဟာ တကယ်ကြိုက်ရင် အဲဒီမိန်းမက အိမ်ထောင်သုံးခါကွဲသွားပြီး ကလေးငါးယောက်ရပြီးသားဆိုရင်တောင် လိုချင်နေတာဘဲတဲ့ ။
“ အကြောင်းပြချက်တွေဆိုတာ ဆင်ခြင်တွေချည်းပါဘဲ “
အဓိကက ကိုယ်တို့မိန်းကလေးတွေအားလုံး ကိုယ့်ကိုယ်ကို ပြန်လိမ်မနေဖို့ဘဲလိုတယ် ။ ကိုယ့်အပေါ်ခံစားချက်မမှန် ၊ လူမှန်မဟုတ်ရင် အကြာကြီးတွေ တွေးပြီး စိတ်တွေ ၊ လူတွေ ၊ အပင်ပန်းခံမနေပါနဲ့ ။ ချစ်လို့ပြောတာ ။ မိန်းကလေးတွေအတွက် အလှနဲ့အချိန်ဟာ အစားပြန်မရဘူးလေ 🤍🤍🤍
ချစ်တဲ့
Pann Sabal
https://www.facebook.com/share/p/Nzk2fKfWpuQKoThS/
သူချစ်တဲ့မိန်းမတိုင်းအတွက်ကျတော့ သူ့ဖွင့်တဲ့ fb account တိုင်းမှာ ထားပေးထားတက်တာ အဲ့ဒီ့အမျိုးသမီးတွေအတွက် ဦးစားပေးပြီးအချိန်ပေးတက်တာ အဲ့ဒီ့အမျိုးသမီးတွေကို ဘယ်တော့မှသူ့ဘက်ကနေ အဆက်အသွယ်မဖြတ်ခဲ့တာ သိထားပေမယ့် ကျွန်တော့်ဘာသာအကြောင်းပြချက်မျိုးစုံပေးပြီး ဆင်ခြေတွေမျိုးစုံပေးပြီး နှစ်သိမ့်ခဲ့မိတာ ရက်ပေါင်းများစွာပါပဲ
နင့်မို့လို့ အဲ့ဒီလိုလုပ်ခံရတာဆိုတဲ့ခံစားချက်ကို သိသိရက်နဲ့လစ်လျူရှုထားခဲ့တာ အကြိမ်ပေါင်းထောင်သောင်းမကမျှပါပဲ
စာအများကြီးလည်း မရေးနိုင်တော့ပါဘူး ရေးလည်းမရေးတော့ပါဘူး အရင်အရင်ဘဝတွေက သူအပေါ်အဲ့လိုကျူးလွန်ခဲ့ဘူးတဲ့ ဝဋ်ရှိလို့ဒီနေ့ဒီအချိန်ထိ ခံစားနေရတာလို့ပဲ မှတ်ယူထားလိုက်ပါတယ် အဲ့ဒီ့လူကိုလည်း မုန်းပါတယ် ကျွန်တော့်ကိုယ်ကျွန်တော်လည်း တကယ်ကိုရွံမိနေပါပြီ
၃နှစ်ကျော်ဆိုတဲ့ အချိန်ကာလက မိန်းမတစ်ယောက်အတွက် ယောင်္ကျားတစ်ယောက်စိတ်ကို သေသေချာချာနားလည်ဖို့အတွက် လုံလောက်တာထက်ပိုနေပါပြီ ကျွန်တော်သေသွားရမယ်ဆိုရင်တောင် အဲ့ဒီ့လူကို မဆက်သွယ်ဖို့ကြိုးစားပါတော့မယ်။
21st October 2023.
Khin.
No comments:
Post a Comment