အိတ်ချ် ယူ အာ တီ


 

မကမ်းခဲ့တဲ့လက်တစ်စုံကို ယနေ့ထက်တိတိုင် အတင်းရောအကာရောဆုပ်ကိုင်နေမိတဲ့ ကျွန်တော့်ကိုကျွန်တော် ညိုညင်လာမိပါတယ်။



တဖက်သက် အချစ် တဖက်သက် နားလည်မှု တဖက်သက် ကြင်နာမှု တဖက်သက် နွေးထွေးမှု တဖက်သက် အရာအားလုံးဟာ ကျွန်တော့်ဘာသာထိုးမိတဲ့ ဓါး တွေပါလားဗျာ



...



ဒီနေ့ကစပြီး စာတွေမပို့တော့ပါဘူး

ကျွန်တော့်အတွက်သာ အချိန်မရှိပေမယ်

တချို့လူတွေအတွက် အချိန်ပေးနိုင်တဲ့ခင်ဗျားကို

မေ့နိုင်ဖို့ ကျွန်တော်ကြိုးစားပါမယ်။


6th Oct 2024

12:30pm




ကျွန်တော်မေးတာဖြေပေး


၁။ကျွန်တော့်ကိုချစ်လား


၂။ကျွန်တော်က ကိုကို့အတွက်စိတ်ရှုပ်စရာ မိန်းမဖြစ်နေလား




ဒီညအထိ မဖြေပေးရင်တော့ ကိုကို့အတွက် ကျွန်တော်မရှိခဲ့ဘူးဆိုတာကို တကယ်ကိုလေးလေးနက်နက် မှတ်ယူထားလိုက်ပါတော့မယ် 



မနက်ဖြန်ကနေစပြီးတော့ 

ကျွန်တော့်အတွက် စိတ်ပင်ပန်းခဲ့ရတာတွေ 

ကိုကို့အတွက် စိတ်အနှောက်အယှက်ဖြစ်ရတာတွေ 

ထပ်မရှိနိုင်တော့ပါဘူး။




နောက်ဆုံးအနေနဲ့ ကောက်ရိုးတစ်မျှင်တော့ ကျွန်တော်ဆုပ်ကိုင်ထားခဲ့မိပါတယ် ရေထဲကိုစုံးစုံးမနစ်မြုတ်ခင်ပေါ့



နောက်ထပ် အချိန်၁၀နာရီအတွင်းမှာ ကာလရှည်ကြာ ကျွန်တော်တည်ဆောက်ခဲ့ရတဲ့ ခင်ဗျားနဲ့ပတ်သက်သမျှ အရာအားလုံးရဲ့ အဆုံးကိုသိရှိရမှာပါ ဘယ်လိုအဆုံးသတ်ပဲဖြစ်ပါစေ ကျွန်တော်တကယ်ကိုလက်ခံပေးမှာပါ



ကျွန်တော့်အတွက် ရေစက်ဖြစ်လာတဲ့ ကံကြမ္မာဟာ

ခင်ဗျားအတွက်တော့ ဝဋ်ကြွေးတစ်ခုဖြစ်နေသလားဆိုတာ 

ကျွန်တော်မသိန်ိင်ခဲ့ပါဘူး



လူတစ်ယောက်စီကနေ အချစ်ခံရဖို့ခက်ခဲလွန်းလှတဲ့ ကျွန်တော့်ဇာတာအတွက် အခုအချိန်ကနေစပြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော် အရင်ထက်ပိုပြီးချစ်ပေးပါမယ်..


6th Oct 2024

2:00pm



၁၉၈၁ခုနှစ် မွေးခဲ့တဲ့ကျွန်တော်ဟာ တစ်ကြိမ်တစ်ခါသာတွေ့ခွင့်ရခဲ့တဲ့ ယောင်္ကျားတစ်ယောက်ကို ၁၂၈၁ရက်တိတိ အဆုံးတိုင်ဖက်တွယ်ခဲ့ပါတယ် ဒီနေတော့ အရာအားလုံးကို ကျွန်တော်လွတ်ချလိုက်ပါပြီ။


7th October 2024

12:00am

Monday


Khin.



No comments: