ဆုတောင်း။


 

ဒီဆုတောင်းစကားကြောင့် ကျွန်တော်တကယ်ကို

ပျော်ရွှင်ခဲ့ရပါတယ်။



အခုအချိန်ကစပြီးတော့ ပူလောင်ခြင်း နည်းနိုင်သမျှနည်းတဲ့ချစ်ခြင်းမျိုးနဲ့ ရယူပိုင်ဆိုလိုခြင်း နည်းနိုင်သမျှနည်းတဲ့ချစ်ခြင်းမျိုးနဲ့ နှောက်ယှက်ခြင်း အလျင်းမရှိတဲ့ချစ်ခြင်းမျိုးနဲ့ ခင်ဗျားအပေါ်ကျွန်တော် ချစ်သွားပါတော့မယ် 



ကျွန်တော့်ချစ်ခြင်းက ခင်ဗျားအပေါ်မအေးချမ်းခဲ့ရရင်တောင် ပူလောင်ခြင်းအလျင်းမရှိစေချင်တာ ကျွန်တော့်မေတ္တာတရားပါ 



တနေ့တနေ့တစ်ချိန်ချိန် ဆုံတွေ့ခွင့်ရခဲ့ရင်တော့ ကျွန်တော်သိ၍ဖြစ်စေ မသိ၍ဖြစ်စေ ကံသုံးပါးနဲ့ပြစ်မှားခဲ့သည်များကို ဝန်ချကန်တော့တောင်းပန်ပါရစေ။



၁၇၊၁၀၊၂၀၂၄၊၊

ကြာသာပတေးနေ့။

သီတင်းကျွတ်လပြည့်။

ခင်

No comments: