ချစ်သော


 

နောက်တပတ်ဆိုရင် သီတင်းကျွတ်ရောက်ပြီ သီတင်းကျွတ်သာလေးကြိမ်တိုင်ခဲ့ပြီ အခုအချိန်အထိ ကိုကိုကို့စိတ်မှန်းနဲ့သာ ကန်တော့ခွင့်ရသေးတာ..


တနေ့တော့ ပြစ်မှားစော်ကားမိတာတွေအတွက် ကန်တော့ခွင့်ရမယ်လို့ မျှော်လင့်မိပါတယ် ကျွန်တော့်အတွက်က အဖေလို အစ်ကိုလို ခင်ပွန်းလို သတ်မှတ်ထားခဲ့တဲ့သူကို



သီတင်းကျွတ်ဆိုတော့ ကိုကို့စီကနေ မုန့်ဖိုးတကယ်ကိုလိုချင်မိပါတယ် ၂၀၂၂ခုနှစ်က တစ်ခါတောင်းခဲ့ဘူးပါတယ် မပေးပါဘူး နောက်နှစ်ကြတော့ တောင်းချင်ပေမယ့် မတောင်းတော့ပါဘူး ဒီနှစ်ကြတော့ မုန့်ဖိုးထပ်လိုချင်မိရော အဓိကက သူ့စီကနေအငယ်တစ်ယောက်လို ဂရုစိုက်တာကိုလိုချင်ခဲ့မိတာပါ



ကိုကိုနဲ့ပတ်သက်ရင် ကျွန်တော့်အလိုဆန္ဒတွေက ဒီနေ့အထိတိုင်လောဘမသပ်နိုင်သေးပါဘူး ဒါပေမယ့်လည်း အဲ့ဒီဆန္ဒတွေကတစ်ခုမျှ ပြည့်ဝခွင့်မရခဲ့ပါဘူး တစ်ကြိမ်တစ်ခါတွေ့ခွင့်ရဘူးတာကလွဲရင်ပေါ့ဗျာ



ကျွန်တော်ငယ်ငယ်ထဲက ဆော်ကြည်ဘဲတွေကိုကြောက်တယ် ဘာလို့လဲဆိုရင် သူတို့အတွက်မိန်းမဆိုတာ အပန်းဖြေစရာတစ်ခုအတွက်ပဲသတ်မှတ်ထားတယ်ဆိုတာ နားလည်ထားလို့ပါ အဲ့လိုလူမျိုးက လာပြီးပတ်သက်ခဲ့ရင်တောင်  င့်ရင့်သီးသီးပြောခဲ့ဘူးတာပါ



အရွယ်ရောက်လာလို့ ကျွန်တော်သဘောကျခဲ့တဲ့ ချစ်ခဲ့မိတဲ့လူနှစ်ယောက်လုံးက မဆုတောင်းရပဲ ဆော်ကြည်ဘဲတွေဖြစ်နေရတာ ဝန်ခံရရင်တော့ ကိုကိုကမိန်းမကြမ်းပိုကြေတဲ့သူပေါ့



လက်ရှိမှာတောင် မြန်မာပြည်မြောက်ဖျား ကချင်ပြည်ကနေ မြန်မာပြည်တောင်ဖျား တနင်္သာရီတိုင်းအထိ သူ့မိန်းကလေးတွေ ၁၄ယောက်မကရှိမှာပါ ဒါတောင်သူ့ဘက်ကနေပြန်ပြီးသဘောကျတဲ့သူနော် ကျန်တာကတော့ သူ့လက်သုံးစကားအတိုင်း ယေင်္ကျားကောင်း မောင်းမတစ်ထောင်ကတော့ ရှိမှာသေချာပါတယ်



တစ်ခါတလေတွေးမိပါတယ် ကိုကိုအသက်၄၀ကျော်မှ ကျွန်တော်နဲ့စတွေ့ခွင့်ရတာ ဘုရားကိုကျေးဇူးတင်ပါတယ်လို့ ဒေါ်စိန်အေးကျောင်းဆင်းပြီး အရာရှိပေါက်စအရွယ်မှာတွေ့ရင် ကျွန်တော်ဆိုတာရှိမှာမဟုတ်တော့ပါဘူး သူ့ကောင်မလေးတွေအကြောင်းသိရယုံနဲ့ ကျွန်တော့်ကိုဒီပုံအတိုင်းဆက်ဆံယုံနဲ့ ကျွန်တော်တကယ်ကို စောစောစီးစီးသေသွားမှာပါ



အလုပ်မအားတဲ့အချိန်တွေကလွဲရင် တပတ်ကိုတစ်ခါလောက် ကျွန်တော်ကစကားခဏပြောချင်တဲ့သူ ဒါပေမယ့်လည်း တချို့လတွေမှာ တစ်ရက်တောင်စကားမပြောခဲ့ရဘူး ပြီးခဲ့တဲ စက်တင်ဘာလတစ်လလုံးတောင် စကားငါးခွန်းပဲပြောရတယ် ၈ရက်နေ့မွေးနေ့တောင် ဘာမှမပြောဘူး



တစ်လကိုတစ်ခါဖုန်းပြောချင်တာ တစ်ခါမျှဖုန်းမပြောခဲ့ရဘူး ကျွန်တော့်ဘက်ကနေ ခေါ်လို့ရပေမယ့် သူမကြိုက်မှန်းသိလို့ မခေါ်ဖြစ်တာ ၂၀၂၂ခုနှစ်ထဲကတစ်နှစ်ကို တစ်ကြိမ်ပဲခေါ်ခဲ့ဘူးတာ



တစ်လကိုတစ်ခါ ကိုကိုပုံလိုချင်တာ ၂၀၂၂ခုနှစ်လူချင်းမတွေ့ခင်အချိန်ထဲက ပုံ၃ပုံပဲ ပို့ပေးဘူးတာပါ နောက်ပိုင်းပုံပို့ပေးဖို့ပြောတိုင်း အမြဲလိုလိုသူဒေါသဖြစ်သွားရတာ အဲ့ဒါတောင် ကျွန်တော့်ဘက်ကနေ အရမ်းလွမ်းမိတဲ့အချိန်တိုင်း ပုံတောင်းခဲ့မိတာ ၂၀၂၃ခုနှစ်ကနေ ဒီနေ့အထိ ကိုကိုပုံကျွန်တော့်မှာမရှိသေးပါဘူး



အလုပ်များတဲ့သူဖြစ်လို့ တစ်နှစ်တစ်ကြိမ်တောင် တွေ့ရဖို့ကမလွယ်ပါဘူး ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှာ ရန်ကုန်မှာသုံးရက်နေပြီး တခြားမိန်းကလေးတွေနဲ့ တွေ့ခဲ့ပေမယ် ကျွန်တော့်ကိုမတွေ့ခဲ့ပါဘူး အခုအချိန်အထိ ကျွန်တော်စိတ်မကောင်းဖြစ်နေစဲပါ 



၂၀၂၄ခုနှစ်မှာ ကျွန်တော်ဒုက္ခအများကြီးရောက်ခဲ့ရပါတယ် လောကကြီးက ထွက်ခွာသွားဖို့လည်း ဆုံးဖြတ်မိပါတယ် အဖေနဲ့အမေ ရုတ်တရက်ကျန်းမာရေးချို့ယွင်းခဲ့တာကြောင့် ကျွန်တော်အသက်ရှင်နေခဲ့တာပါ အဲ့ဒီအချိန်မှာတောင် နင်အဆင်ပြေရဲ့လား ဆိုတဲ့ စကားလေးတစ်ခွန်းတောင် ကျွန်တော်သူ့စီကနေ မရခဲ့သူပါ



နင် အဲ့လိုလူမျိုးကို ဘာလို့ အသေအလဲဖက်တွယ်နေလည်းလို့ မေးလာခဲ့ရင် ကျွန်တော့်မှာအဖြေမရှိပါဘူး စပြီးသိခဲ့တဲ့အချိန်တည်းကနေ ဒီနေ့ထက်ထိတိုင် ကျွန်တော်သူ့ကို မြတ်မြတ်နိုးနိုး ချစ်နေစဲမို့လို့ပါ..



ချစ်နေရတာကို ဖယ်ကြည့်ရင် ကျွန်တော့်အတွက်က 

ဒဏ်ရာတွေကြီးပါပဲ

ကျွန်တော်က ပင်ကိုအားနည်းတက်သူဖြစ်လို

နာကျင်တဲ့အချိန်တိုင်း ငိုမိသူပါ။



11th October 2024.

12:17am


No comments: