တစ်ခါတစ်ခါ ဖြစ်ချင်တာထက်??

12th Oct 2010
11:27pm
ခြင်္သေနဲ့ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက့်တော့
ဘယ်သူမှလူမိုက်မမည်။
မိုးတွေကိုတိုးတိုးကလေးရွာရအုံးမှာပေါ့လေ
ပန်းရနံတွေကလည်းခပ်မြင့်မြင့်ကနေပျံသန်း
ငါနဲ့ ငါ့ဖိနပ်လေး
သီချင်းမဆိုတော့ဘဲဟိုးအဝေးကိုငေးခဲ့ရသည်။
ကျွန်တော်
ကိုယ်နဲ့မတော်တဲ့ ဖိနပ်ကိုစီးပြီး
လမ်းအကြီးကြီးမှာ လျှောက်မိနေချိန်ပေါ့။
ဒီနေ့ တာရာမင်းဝေ စာတွေ ဖတ်ဖြစ်ရင်း ခံစားချက်နဲ့ တိုက်ဆိုင်လို ပြန်ရေးမိတာပါ။
ဒီနှစ်ရက်နေမကောင်းလို့ အဆောင်မှာနားလိုက်တာ တော်တော်မှန်သွားတယ်။
စိတ်ပူနေတဲ့အိမ်က မိသားစုကိုလဲ ကျေးဇူးတင်မိတယ် တစ်ယောက်သောသူကို မျှော်နေမိတဲ့
ကိုယ့်ကိုလဲကြိမ်ဆဲနေမိတယ်လေ ဒီလောက်တောင်မိသားစုက ဂရုစိုက်နေတာတောင်
ကိုယ်ဘာဖြစ်နေတာလဲဆိုတာ မသိတော့ဘူးလေ တဖြည်းဖြည်းနဲ့တော့ကိုယ် အနည်ထိုင်သွားမှာပါနော်
၂၀၁၃ ကိုယ်အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါပြီ ဒီအချိန်တွင်းမှာကိုယ် ဂရုစိုက်သွားမှာပါ မျှော်လင့်ခြင်းဆိုတာကို
အိမ်မက်တစ်ခုလိုပဲ မှတ်ယူထားလိုက်ပါမယ် အိမ်မက်ဆိုတာနိုးလာရင် ပျောက်ကွယ်သွားတာပဲလေ
တစ်ခါတစ်ခါ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပိုဦးစားပေးသင့်တယ်လေ။





No comments: