ကိုဏီအဲY Blog ကိုဝင်ဖတ်ရင်း...


အမေ
အမေ
အမေ

သားပျော်ချင်တယ် အမေ ရယ်။
သားအရမ်းကိုပျော်ချင်လိုက်တာဗျာ။
တစ်ကိုယ်တည်း အထီးကျန်နေတဲ့ အခန်းကျဉ်းမှာ အဖော်မဲ့နေတဲ့ အသိုက်ပျက်ငှက်ပမာ
“ နားလည်မှုမပေးတာ ဘာကြောင့်လဲ အမေ။ ”

“ ချစ်သောသူနှင့်ကွေကွင်းရပါလို၏ ” လို့ ဖြစ်ပြီးခဲ့သော ဘ၀တိုင်းမှာ သား မဆုတောင်းခဲ့လောက်ပါဘူး။
ဒါပေမယ့် ဘာလို့ ချစ်သောသူနှင့်ကွေကွင်းခြင်းအခြေအနေမျိုး ဖန်တီးလာတာပါလိမ့်။
“ နားလည်ခြင်းအတိပြီးသော တံခါးပေါက်များ အကျွန်ုပ်အား မဆက်သလေသလော့ ”

အမေ ...
သားပဲ ဆိုးသွမ်းနေတာများလား။
သားပဲ အသုံးမကျတဲ့အခြေအနေမျိုးမှာ ရပ်တည်နေလို့များလား။
သားပဲ လူတွေထဲကနေ သီးခြားခွဲထွက်နေလို့များလား။
သားပဲ .....................
သားပဲ ...............................
“ ၀မ်းနည်းခြင်းဆိုတဲ့ အထိမ်းအမှတ်လက်မှတ်ဟာ သား အတွက် ဖန်တီးလာတာလား အမေ ”

သား ၀မ်းနည်းခြင်းတွေကို ထွေးပွေ့ထားရပြီ အမေ ....
သား ငိုကြွေးခြင်းတွေကို တယုတယ နဲ့ ပိုးမွေးသလို မွေးမြူနေရပြီ အမေ ...
သား နားလည်ခြင်းအတတ်ပညာကို ပိုလို့ သင်ယူနေရပြီ အမေ ...
“ သားရဲ့ဝမ်းနည်းငိုကြွေးသံတွေဟာ တစ်ပါးသူအတွက် ဟာသတစ်ခုလို ဖြစ်များနေမလား။ ”

အမေ ပြောဖူးတဲ့စကားကိုအမြဲ နားထဲ ကြားနေဆဲပါ အမေ
“ ငါ့သားစိတ်ထဲမှာ အဖော်မွန်စစ်၊ အကြင်နာစစ်ကိုရပြီလို့ ငါ့သားထင်တဲ့အခါ
ဘာမှမကြည့်နဲ့၊ သားဘက်က ဘယ်လောက် သူ့အပေါ် နားလည်ပေးနိုင်တယ် ဆိုတာပဲ
ပြန်ကြည့်လိုက်၊ ငါ့သား မေတ္တာတရား ဘယ်လောက်ကြီးမားတယ်ဆိုတာကို သိနိုင်မယ် ”

အမေ
သားစိတ်ထဲ မမှားဘူးလို့ တစ်ထစ်ချ မှတ်ယူထားတဲ့ လမ်းတစ်ခုမှာ
ဘယ် ချယ်ရီမှမကြွေ၊ ဘယ် နှင်းပန်းမှ မဝေလဲ
ဆက်လျှောက်လှမ်းဖို့ သား ဆုံးဖြတ်လိုက်ပြီ အမေ ...
“ အကျွန်ုပ်၏ ဖြစ်တည်မှုတံခါးပေါက်များ ရိုက်ချိုးခြင်းမှ ကင်းလွတ်ရပါလို၏ ”

အမေ့ စိတ်နဲ့ထပ်တူပြုလို့
သား ဆက်လျှောက်လှမ်းပါရစေ ...
ဏီအဲY

( ငိုကြွေးခြင်း အငွေ့အသက်များ ထွန်းကားလာသော နေ့တစ်နေ့အကြောင်း )



အခုလိုအချိန်မျိုးမှာ
ဗျာဒိတ်ပေးလဲ ကျွတ်တန်းမ၀င်ထိုက်သူပါ။
ဒေသနာသံကြားနာပြီး စိတ်ဖြေဖို့ကျတော့လဲ
ဒေသနာသံသာ ဆုံးပါးသွားလိမ့်မယ်။
ဒိဌိအစွဲတစ်ခုလို့ပြောချင်ပြောကြပါစေ၊
အဲ့ ဒိဌိအစွဲတစ်ခုကို ဘိတ်(နောက်ဆုံး) ထိ စွဲသွားတော့မယ်။


ပူပန်မှုဆိုတာ လူတစ်ဦးတစ်ယောက်စေခိုင်းမှ ပူရမှာမှမဟုတ်တာနော် အမေ။
သား အတွေးက မှန်သင့်သလောက်မှန်လောက်မယ်ထင်တယ်။
စေခိုင်းလိုမှုကြောင့်ပူပန်မှု နဲ့ ပင်ကိုယ်စိတ်ကြောင့်ပူပန်မှု ယှဉ်လိုက်ရင်တောင်
သားစိတ်ထဲကနေ နှစ်နှစ်ကာကာ ပူပန်ပေးနေမှုက
ပို၍ မြင့်မြတ်မယ်ထင်ပါတယ်။
အဲ့တော့ .....
သား ထပ်ပြီး ပူပန်နေဦးမယ်နော်။
သား ထပ်ပြီး ပူပန်နေလိုက်ဦးမယ်ဗျာ။

ပေတေတေနဲ့ဝေလေလေလုပ်နေတာမဟုတ်ရိုးအမှန်ပါ။
ပေသလိုလိုထင်ရတဲ့ အလွမ်းကိုပန်းပုထုသလိုထုဆစ်
အရှုံးလဲမလိုချင်၊ အနိုင်လဲမလိုချင်၊ သရေလဲမလိုချင် လို့
ပြိုင်ပွဲဆိုတဲ့စကားလုံးတောင် သားမသုံးနှုန်းပါဘူး။
လိုချင်တာ စိတ်ဖြစ်တည်မှုပဓာနတစ်ခုပါ။
သူပေးလာမယ့် စိတ်လိုအင်တစ်ခုသာ လိုအပ်တာပါ အမေရယ်။

ဏီအဲY

No comments: