ကိုယ့်ရဲ့နတ်သမီး နဲ့ ကိုယ့်ရဲ့သူရဲကောင်း သို့........ ။


ရင်ဘက်ကိုဟောင်းလောင်းဖွင့်
ကောင်းကင်နဲ့တောင်
ရန်ဖြစ်ချင်တဲ့ကောင်...။


"လူကိုစော်ကားချင်စော်ကားပါ
မာနကိုတော့လာမထိပါနဲ့"...လို့
ကြွေးကြော်ရင်း
မာရာဒိုနာလိုကန်ချက်ပြင်းပြင်းတွေနဲ့
ခဏခဏ
အကန်ခံနေရတဲ့အကောင်...။


နတ်ပူးနေတဲ့ကောင် 
လွင့်လိုက်ရတာ 
မုတ်သုန်ဘယ်နှစ်မြို့တိုင်ခဲ့ပြီလဲ၊ 

တယ်လီဖုန်းခေါ်သံတွေကြားတာတောင် 
ပြန်မထူးဖြစ်ခဲ့တဲ့ကောင်ပါ။ 

မေမေရေ… 
မိုးတိမ်ကြီးထဲမှာ ခြေပစ်လက်ပစ် 
သား ၀င်အိပ်လိုက်ချင်ရဲ့။ 
ကောင်းကင်ကို ပြန်တည့်ရတာ .…မောတယ်။

မေမေရယ် ကိုယ်မကောင်းဘူးနော်

ခံနိုင်ရည်မရှိဘူးကွာ စိတ်တိုရတာ ဒေါသထွက်ရတာ ၀မ်းနည်းရတာ 

အို... စုံနေတာပဲနော် ဘယ်လိုလုပ့်မှ မေမေ့ကလေး လူရာဝင်ပါတော့မလည်း 
  
အရာရောက်ချင်တာမဟုတ်ပါဘူး မရင့်ကျက်တာကို ကိုယ်ပြောချင်တာပါ

အဖေကထက်မြတ်သလောက် အမေကသိမ်မွေ့သလောက် ကိုယ်ဘာလို့ ညံဖျင်းနေရတာလဲမေမေ

ကိုယ်ဘာလို့အသုံးမ၀င်တဲ့ အမှိုက်ဖြစ်နေတာလဲဟင် မေမေရယ်အသုံးမကျတိုင်း 

ကိုယ့်ကိုကိုယ် အမှိုက်လိုခံစားရတယ်

မေမေ့ကလေးလေ ရည်မှန်းချက်ပျောက်နေပြီမေမေ ငိုချင်ပါတယ်မေမေရယ် ကလေးတစ်ယောက်လို 

အော်ပြီးတော့ငိုလိုက်ချင်တာ ကိုယ့်ကိုကိုယ်အားမရလို့ပါ အသက် ၃၀ ဆိုတာ ကိုယ့်ခြေထောက်ပေါ်ကိုယ်

ရပ်တည်နိုင်ပြီလေ ခုတော့မေမေရယ် တစ်ခုခုဆိုငိုရတာနဲ့ အိမ်ကိုသတိရတာနဲ့ ကိုယ့်ဘာသာလဲ 

ရှက်လှပါတယ် ငါအသုံးမကျတဲ့ လူ့ပေါက်ပန်းဆိုပြီးတော့

မေမေရယ်စာတွေသင်ထားတာ စာတွေဖတ်ထားတာ အလကားပဲလေ

ကိုယ်ကမှအသုံးမကျတာ စာမတက်တဲ့လူလို အကန်းတစ်ယောက်လို ခုကိုယ်ဖြစ်နေတာ

မေမေရယ်... သက်ဦးအရူး သက်နှောင်းအပေါပဲရှိပါတယ် ကိုယ့်ကျမှအလတ်ဖြစ်ပြီးဘာဖြစ်နေတာလဲဟင်

အလတ်မို့လို့ မိဘကလစ်လျှူရှုတယ်ဆိုရအောင်လဲ အဖေနဲ့အမေကခုချိန်ထိကလေးလို ဂရုစိုက်တုန်းလေ 

ကိုယ်ပဲအသုံးမကျတာပါမေမေ

မေမေ online ကသူငယ်ချင်းကပြောဖူးတယ် အလုပ်တစ်ခုမှာ ပိုက်ဆံရယ် ပျော်ရွှင်မှုရယ် ပညာရယ် 

မရှိရင်မလုပ်တာကောင်းတယ်တဲ့ မေမေရယ်... မိန်းကလေးတစ်ယောက်အနေနဲ သင့်တော်တဲ့အလုပ်ပါ 

ပိုက်ဆံလည်းရတယ်လေ ဒါပေမယ့် အဲ့ပိုက်ဆံက ကိုယ့်ကိုမဆွဲဆောင်နိုင်တော့ဘူး

ဟူး... မောပါတယ်မေမေရယ်... အသိခေါက်ခက်အ၀င်နက်နေတာလေ 

မေမေဖိုးပြည့်သားလေးမွေးတော့ မော်ကျွန်းကိုသွားတာလေ မေမေကတော့လူကြီးဆိုတော့အိပ်တာပေါ့ 

သမီးကတော့ ပထမဆုံးသင်္ဘောစီးဖူးတော့ အထူးအဆန်းဖြစ်ပြီးမအိပ်ဖူးလေ 

မနက်ဝေလီဝေလင်းအလင်းရောင်မှာ တဲအိမ်လေးတွေဆီကနေ မီးရောင်မှိန်မှိန်လေးတွေမြင်ရတော့ 

သနားလိုက်တာလေ အိမ်ကလေးကလဲ ခနော်နီခနော်နဲ့  လေပြင်းပြင်းဆိုရင်တောင်ပြိုမှာ 

(နာဂစ်မဖြစ်ခင်ကပေါ့ခုတော့ပါသွားလောက်ပြီထင်ပါတယ်) 

ပြီးတော့နေရတာ ရေတစ်ဝက်ကုန်းတစ်ဝက် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် တစ်တဲနဲ့တစ်တဲ 

တစ်မျှော်တစ်ခေါ် တွေးမိပါတယ်ငါအဲ့လိုနေရရင်လို့ ခုတော့မေမေအဲ့လို ဘ၀မျိုးမှာရှင်သန်ချင်နေတယ်

ရူးတယ်ပဲပြောပြော ကိုယ်လေစိတ်တွေမွန်းကျပ်နေတယ် အဲ့လိုတစ်နေ့လုပ်မှတစ်နေ့စား လောကကြီးနဲ့ 

သူတင်ကိုယ်တင် အပြိုင်ကျဲနေရတဲ့ ဘ၀မှာပဲကိုယ်နေသင့်တော့တယ်

မေမေရယ်... တစ်နေ့တစ်နေ့ 9:30 ဆိုထ 10:00 ဆိုကားစောင့် 11:00 ဆိုတာနဲ့ PC ရှေ့ထိုင်စာရင်းလုပ် 

chatting ထိုင် internet  ကြည့် 3:00 ကျတော့နေလည်စာစား 9:30 ကျတော့ပြန်ဖို့ပြင် 11:00 ကျတော့ညစာစား

ပြီးတော့နေ့လည်က down လာတဲ့စာတွေဖတ် 1:00 ကျတော့အိပ် 

တစ်ခါတစ်လေစိတ်ညစ်ရင်အိမ်ရှေ့က 

ပလက်ဖောင်းမှာထိုင် အတွေးတွေအဆုံးအစမရှိလွင့် ဒါပဲရှိတယ်

ဒီဘ၀ကြီးကို ကိုယ်စိတ်ကုန်နေပြီမေမေ မလိုချင်တော့ဘူးကွာ ကိုယ်ဘာလုပ်ရမလဲ ဘာလုပ်သင့်လဲ

Mom, What can i do? or How can i do?

မောတယ်မေမေရယ် ဘာမှမတွေးချင်တော့ဘူးကွာ........


No comments: