အမေ... (သို့မဟုတ်) ငါ့ရဲ့ နတ်သမီး

အမေ...
အကြီးဆုံးမို့လို့ လိမ္မာလို့ 
ချစ်ရတာ
အငယ်ဆုံးကျတော့လဲ ဆိုးလို့
အလိုလိုက်တာ
သြော်...
အလတ်ဖြစ်တဲ့ ငါ့ကိုကျတော့လည်း
အလတ်ဆိုပြီး လတ်နေမှာစိုးလို့
ဂရုဏာပိုရပြန်ရော
ဝန်ခံပါတယ်
မှန်ရာပြောသစ္စာတဲ့
ငါလေအိမ်မှာနေတုန်းက 
အမေကိုဂရုမစိုက်ခဲ့ပါဘူး
အမေနဲ့ဝေးမှ
အမေ ရဲ့မေတ္တာကိုနားလည်လာတာ
ငါ့ဘ၀ရဲ့ မီးအိမ်ဆိုတာသိခဲ့ရတာပါ
အမေရဲ့ အရိပ်တော့ငါဖြစ်ချင်ခဲ့တာ
သမီးဆိုတာ ထီးတဲ့
ခုတော့ ငါ... 
မီးဖြစ်နေတာလေ
အမေ... 
ကိုယ့်အိမ်အတွက် ထီးတစ်လက်ဖြစ်ချင်သူပါ........

No comments: