နားလည်မှု



ခင်ဗျားမသိခဲ့တဲ့ ချစ်ခြင်းတစ်ခုဟာ

ဒီလိုနဲ့ပဲ လှလှပပအဆုံးသတ်သွားရတာ

ခင်ဗျားဝမ်းမြောက်ပါစေ..



ကျွန်တော်လွတ်မြောက်ဖို့အတွက်

ခင်ဗျားအတွက်ချစ်ခြင်းတွေကို

စတေးခဲ့ပါတယ်..



ဘဝမှာကျွန်တော်အများကြီးမလိုပါဘူး

ကျွန်တော်အပေါ်နားလည်မှုပေးနိုင်တဲ့

အနှောင်အဖွဲ့လွတ်ကင်းတဲ့ 

ချစ်ခြင်းတစ်ခုသာ။



ဘယ်အရာမဆို တကယ်ပင်ပန်းလာရင် လွတ်ချခဲ့မိတာ ကျွန်တော့်အားနည်းချက်ပါဗျာ




Take care



မနေ့ကခင်ဗျားနေမကောင်းတာ 

ကျွန်တော်မသိလိုက်ဘူး..


ဒီလိုအချိန်မှာ

ကျန်းမာရေးပိုပြီးဂရုစိုက်ပါဗျာ

နေကောင်းအောင်နေပါ

ခင်ဗျားနောက်မှာ မိသားစုတင်မကပါဘူး

စောင့်ရှောက်ရမယ့်သူတွေ အများကြီးလေဗျာ

အမြန်ဆုံးနေကောင်းပါစေဗျာ။



ကျွန်တော်စိတ်ပူနေပါတယ် ခင်ဗျားအဆင်မပြေနေဘူးဆိုတဲ့အသိကိုလဲ ခံစားနေရတယ် ခင်ဗျားအစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။


တချိန်တော့ ခင်ဗျားကို ဖွင့်မပြောဖြစ်ခဲ့တဲ့ စိုးရိမ်မှုတွေအကြောင်း ပြောပြနိုင်မယ်ထင်ပါတယ် တချိန်တော့..


😓😓


စည်းဆိုတာ ချိုးဖောက်ဖို့အတွက် ကန့်သတ်ထားတာ မဟုတ်ဘူးဆိုတာ ကျွန်တော်လက်ခံထားသရွေ့.. 


ကျွန်တော့်ခံစားချက်တွေက blog ကလွဲရင် ခင်ဗျားစီ မရောက်နိုင်မှန်း ကျွန်တော်နားလည်ပါတယ် အဲ့ဒီစည်းကိုတော့ ကျွန်တော်စောင့်ထိန်းပါရစေ။

 

သံဝေဂ


          https://images.app.goo.gl/



တနေ့နဲ့တနေ့ ဝေးသွားရမှာ..



ခင်ဗျားမပြောခင်ထဲက


ကျွန်တော်တို့ အဝေးကြီးမှ


တည်ရှိနေခဲ့ကြတာပါ..



ခင်ဗျားအတွက် သံဝေဂကဗျာဖြစ်နိုင်ပေမယ့်


ကျွန်တော်အတွက်တော့ ထပ်ခါထပ်ခါ


နောင်တတရားနဲ့အတူ နာကျင်ရပါတယ်..



ခင်ဗျားကို ငြိတွယ်မိတဲ့အခိုက်အတန့်ကို


အခုအချိန်မှာ ကျွန်တော်မုန်းမိပါတယ်


တည်ငြိမ်နေတဲ့ ရေပြင်ကိုလှုပ်ခဲ့မိစေတဲ့


တဒင်္ဂကြောင့် ကျွန်တော်အနည်ထိုင်ဖို့ 


ပြက္ခဒိန်တစ်ခုစာ ကြိုးစားရပါအုန်းမည်။



 

သံသရာ


                    https://pin.it/2rkIVjr
 


ရည်းစားဦးဇာတ်လမ်းကို ကျွန်တော်နားထောင်တိုင်း ခင်ဗျားဆိုပြခဲ့တာကို သတိရမိပါတယ် ညီ..

 
နာမည်တစ်ခုအနေနဲ့ သုံးလိုက်တာပါ ခင်ဗျားကို တကယ်မငြိတွယ်တော့တာ အသေအချာပါဗျာ..


ခင်ဗျားအပေါ်မှာ အရင်လိုမငြိတွယ်တော့တာ အမှန်ပါ ဒါပေမယ့် ကျွန်တော်ဂျီကျသမျှကို သီးခံပေးခဲ့တဲ့ ခင်ဗျားအပါအဝင် ကျွန်တော်ကို ဂရုစိုက်ပေးခဲ့တဲ့ လူတွေကို ဒီအချိန်မှာ ခဏတော့ သတိရခွင့်ပြုပါ ကျွန်တော် သောက်သည်းကွဲနေလို့ပါ..


မိန်းမတစ်ယောက်အနေနဲ့ အရည်အချင်းမရှိတဲ့ ကျွန်တော်လို့လူမျိုးအတွက် လက်ရှိအခြေအနေက အကောင်းဆုံးလို့ မှတ်ယူထားပါတယ် ဒါပေမယ့် တချို့အတိတ်တွေစီ တဒဂင်္ံတော့ ကျွန်တော်ရောက်ချင်မိသူပါ ကျွန်တော်ပျော်ခဲ့ဘူးတဲ့အချိန်တွေစီ..



သံယောဇဉ် အဲ့ဒီစကားလုံးလှလှလေးကို ကျွန်တော့်စီကနေ တစ်စုံတစ်ယောက် ဒီနှစ်အကုန်အထိ ခဏလောက်သိမ်းထားပေးပါလား လူတစ်ယောက်အပေါ် သံယောဇဉ်ကြီးလွယ်တဲ့ ကျွန်တော့်အတွက် တကယ်ပူလောင်လွန်းလို့ပါဗျာ..



Feel ကောင်းကောင်းနဲ့ feel နေတာ မဟုတ်ပါဘူး blog မှာ မရေးပဲ လက်တွေ့ဘဝမှာ အရင်လိုစိတ်နဲ့ သောက်တလွဲတွေသွားလုပ်နေမိရင် သောက်ပြဿနာတက်ကုန်မှာ စိုးရိမ်လို့ ဒီမှာပဲ feel နေမိတာပါ.. 


သင်ခန်းစာပေါ့ဗျာ တချို့အရာတွေက စဆရကသွားမလုပ်သင့်ပါဘူး မတော်တဆခလုပ်တိုက်မိရင် ကျွန်တော်ပဲ ရင်နာရပါတယ်.. 


နိုင်ငံရေးနဲ့ပတ်သတ်ပြီး ခလုပ်တိုက်မိခဲ့တဲ့ ခင်ဗျားကို တက်နိုင်သမျှမေ့လိုက်ပါတော့မယ် ခင်ဗျား Account တွေကိုလဲ ကျွန်တော့် Wall ပေါ်တက်လာတာကလွဲရင် အရင်လို ဝင်မကြည့်တော့ပါဘူးဗျာ။


#Miss_Again

I cant stay strong anymore


 https://media.images.yourquote.in/post/



ကျွန်တော့်ကိုကျွန်တော်မှ မကြင်နာနိုင်ရင်
တခြားသူက ကျွန်တော့်ကိုလာပြီး ကြင်နာပေးဖို့ဆိုတာ no way ပါဗျာ..



မသိလို့မိုက်တဲ့လူထက် သိရဲ့သားနဲ့မိုက်တဲ့လူက ပိုပြီးဆိုးပါတယ် ကျွန်တော်က ဒုတိယလူမျိုး လူမိုက်ကြီးပါဗျာ..



လူမိုက်ကြီးတစ်ယောက် Blog ဝင်မရေးဖြစ်တဲ့ နေ့ရက်တွေကို ကျွန်တော်မျှော်လင့်မိပါတယ်..



ဝင်ခွင့်မရှိတဲ့ နေရာမှာ ရပ်စောင့်ဖို့အတွက် ကျွန်တော်သတ္တိနည်းတဲ့လူပါ အဲ့ဒီအတွက် နောင်တမရချင်တော့ပါဘူး။




I wanna stay with you but I can't be anymore.


#8_6_2021


အရက်

 


https://www.google.com/imgres?imgurl


Beer:

alcohol 5% 

သောက်လိုက်ပေါက်လိုက်

မူးနေချင်ရင် သေးမပေါက်ပါနဲ့။

ပေါက်လိုက်တိုင်း အမူး လျော့သွားစေတယ်

များများသောက်လေ မနက်ကြ ခေါင်းကိုက်လေ

ထုံထုံကြီး မူးတာမျိုး က beer

ဗိုက်ကြီးတင်းပြည့်ပြီး အမူးမျိုး


Stout:

alcohol 8%  

ABC လို black shield လိုမျိုး

သောက်ပြီးရင် ဆန့်ကျင်ဖက် လိင်ကို

တောင့်တ တတ်တယ်

Homo ဆိုရင်တော့ မသိပါ။

မူးတာက ခေါင်းထဲမှာ မူးနောက်နောက်နဲ့

ရဟတ်စီးပြီး မူးတာမျိုးက stout


Wine:

alcohol 13.5%

အိပ်ချင်သလို မျက်လုံးစဉ်းလာပြီး

မူးတာမျိုးပါ

တန်းပြီး အိပ်ဖို့ အဆင်ပြေရင် ကောင်းပါတယ်

အရမ်း များရင် အန်ဖို့ အရမ်း လွယ်ကူတဲ့

အမူး မျိုး


Red Label:

alcohol 40%

အမူးက ရိုင်းတယ်

ချက်ခြင်း ဆောင့်တက်ပြီး မူးတယ်

သွေးဆူလွယ်တယ်

ရန်ဖြစ်မယ် ဆိုလည်း ဖြစ်ပေါ့ ဆိုတဲ့

အမူးမျိုး

များရင် ခေါင်းကိုက်လိမ့်မယ်


Black and double black label:

alcohol 40%

နည်းနည်းလေး ထွေတေတေလေး

ပတ်ဝန်းကျင် ကို ကြည့်လိုက်ရင်

ပျော်စရာတွေ ပြည့်နေသလိုလို

ကဖို့ ခုန်ဖို့ တော်ကီပစ်ဖို့

ကောင်းတယ်

မဆိုးပါဘူးလို့ မှတ်ချက်ပြုရမယ်


Johnnie walker Explorer series:

alcohol 40%

the spice road လို အတက်ကြမ်းပေမယ့်

နောက်နေ့ လန်းလန်းဆန်းဆန်း ရှိနေစေတယ်


Gold label:

alcohol 40%

တခွက်သောက်  ဘာမှန်းမသိသေးဘူး

နှစ်ခွက်မှာ စငြိမ့်လိမ့်မယ်

သူ့ အငြိမ့်လေးက ငြိမ်တယ်

bar တို့ ဘာတို့ထက်ဆိုင်ရင်

classical လို ငြိမ့်တဲ့ musicလေးနဲ့ဆို

လွင့်နေမှာ သေချာတယ်

တစုံတခုပဲ တွေးပြီး စိတ်နှစ်ကြည့်

အဲဒိအပေါ်မှာ မျောသွားမယ့် feel က

အမိုက္စား

မနက်ကြတော့ လန်းနေရော


Platinum label:

alcohol 40%

Gold နဲ့ မကွာလှဘူး

ငြိမ့်တာကတော့ 

ချစ်သူကို ကြူလို့ သိပ်ကောင်းတာ

သောက်ပြီးရင်😀😀😀


Johnnie walker 18:

alcohol 40%

Gold labelရဲ့ အပေါ်မှာ

blue လောက် မသုံးချင်ရင်

သိပ်ကောင်းတဲ့ အရာပါ

KTV ရောက်ရင်  ကွကိုယ်

အဆိုတော်အလား

လမ်းလျှောက်ရင် မြေကြီးတောင်

ထိရဲ့လား ထင်ရလောက်အောင်

ပံ့ပိုးပေးပါတယ်

စိတ်ကူးထဲက အတိုင်း

ဘုရင်ကြီးအလားပေါ့


Blue label:

alcohol 40%

ငြိမ့်ချက်ဆိုတာ 

သင်္ဘောမှာတုန်းက

Fitter ကြီးတယောက်ရှိတယ်

အရက်မူးရင် သူ့ကို စ   စလို့ရှိရင်

မကြိုက်ဘူး ပြန်ပြီး တခုခု လိုက်လုပ်တယ်

သူလို လူမျိုးတောင် blue သောက်ပြီး

စ ရုံမကလို့ ခေါင်း ပုတ်ရင်တောင် ပြုံးပြနေတယ်

ပြောချင်တာ အရမ်း ငြိမ့်တယ်

ရန်မလိုဘူး  ငြိမ့်ပြီး အတွေး အရမ်းကောင်းစေတယ်

အတွေး ထဲကအတိုင်း

စီးမျော သွားတာ

မိန်းမ ချစ်ဆေး လို့ တင်စားရမလားပဲ


Johnnie walker XR 21:

21 years old alcohol 40%

blue ဈေးပဲမို့

blue နဲ့ ခံစားရတဲ့ feel သိပ်မကွာလှပါဘူး

ခွန်အားဖြိုးမောက် ဇော်ဂျီလက်စွဲ

ဆိုလား😬😬😬


Monkey shoulder:

alcohol 40%

အမူးလွယ်တယ်

percetage တူပေမယ့် ပိုမူးသလိုပဲ

မွှေးလည်းမွှေး အဝင်လည်းမိုက်

သီချင်းဆိုလို့လည်း ကောင်းပ

ကြိုက်တယ် မနက်ဆို အလန်းပဲ

ခေါင်း လုံးဝ မကိုက် ကြည်လင်လို့


Jagermeister 35%

အဝင်မဆိုးဘူး၊ 

လည်ချောင်းထဲပူဆင်းသွားတာမျိုး။ 

အူရွှင်တယ်၊ ယဉ်ယဉ်လေးမူးတယ်။  

ကျွဲရိုင်းတို့ shark  တို့နဲ့ Jager Bomb လုပ်လိုက်လို့ကတော့ မနက်လည်းခေါင်းမကိုက်ဘူး။ 


Grand Royal ID 37.2%

အဝင်ရှင်းတယ်နော်၊ 

ဇွတ်ခွသောက်ရင်တော့ အပြဲပဲ။ 

စိတ်ညစ်လို့အော်ချင်ဟစ်ချင်ရင် သောက်။ 

မနက်နိုးရင်တော့ ခေါင်းနည်းနည်းကိုက်မယ်။ 

အိပ်ရာဘေး သံပုရာသီးဆောင်ထား။ 


Baileys 17%

နုနုရွရွသောက်မယ်၊ 

ဆော်ရောသောက်မယ်ဆို ရွေးသင့်တယ်။ 

ချောကလက်ပျစ်ပျစ်လေးသောက်ရသလိုပဲ။ Classical ဆန်ဆန်သောက်၊ 

လုံးဝအထာကျတယ်။ 

မွှေးချိုပူဆင်း လည်ချောင်းရှင်း။ 

ဇွတ်မူးချင်တယ်ဆိုရင်တော့ မရွေးနဲ့၊ 

ပိုက်ဆံပဲကုန်တာအဖတ်တင်မယ်။


Chivas Regal 40%

ကဲချင်ခုန်ချင်ပေါက်ချင်ရင် သောက်၊ 

ခွေးသောက်သောက်ရင် ခွေးလိုအန်မှာပဲ။ 

ခွက်ထဲ နှစ်ပတ်လာက်ထည့် 

ရေခဲတစ်တုံးထည့် 

ဖရဲသီးတစ်စိတ်စိမ်ပြီးမှသောက်၊ 

ကြာကြာသောက်နိုင်တယ်။ 

ဖင်ယားပြီး ခွက်ထဲကဖရဲသီးစိတ်သွားမကိုက်နဲ့။ 

ဖင်ထိုင်လဲသွားမယ်။ 

ဘားမှာ ကေတီဗီမှာ ကဲမယ်ဟေ့ဆို ရွေးသင့်။


Vodka 40%

ပြင်းပြင်းရှရှ ပူဆင်းချင်ရင်သောက်။ 

နွေပူပူ နေပူပူမှာတော့ မသောက်နဲ့။ 

အလွတ်ရူးသွားမယ်။ 

ကျုပ်ကတော့ သိပ်မကြိုက်ဘူး။ 

အမူးရိုင်းလို့။ 


Gin 40% ( approximately )

သူလည်း Vodka လိုပဲ။ 

ပိုတောင်ရှသေးတယ်။ 

မရှိလို့သောက်ရင်တောင် 

နှာခေါင်းပိတ်သောက်ရတဲ့အမျိုး။ 

ဆိုးလိုက်တဲ့အဝင်။ 

ဂျင်နှစ်ပတ် 

သံပုရာသီးတစ်စိတ်ညစ် 

သကြားတစ်ဇွန်းမွှေထည့်။ 

ဒါက ရိုးရာပေါ့နော။ 

ကျုပ်တော့ လုံးဝမကြိုက်။ 

AK47 မှာရင်တောင် Gin မထည့်ခိုင်းဘူး။ 

မုန်းလို့။


Soju 20%

ဖင်မယားသင့်တဲ့အရက်ဖြစ်ပါတယ်။ 

တစ်ခါက ဆိုဂျူကို အကြမ်းခွက်အသေးနဲ့ငှဲ့ 

ရေခဲတစ်တုံးထည့်၊ 

ကမ်းပေ့လုပ်ပြီးပြိုင်သောက်ကြတာ။ 

အိမ်ကိုဘယ်လိုပြန်ရောက်ခဲ့မှန်းမသိဘူး။ 

နောက်နေ့မေးကြည့်တော့ ဥသြတွေဆွဲတာ 

ဝက်စာပုံးမှောက်တဲ့အတိုင်းဆိုပဲ။ 

အဝင်က Vodka လောက်တောင်မဆိုးဘူးဆိုပြီး 

ဖင်ယားခဲ့မိလေခြင်း။ 


ခေါင်ရည် ( % မသိ 😂 )

စကားပြောမယ်၊ 

အပျင်းပြေသောက်မယ်ဆို ငချိပ်ရတဲ့ဆိုင်သွား။ 

သေးခဏခဏထပေါက်မယ်၊ 

ဘီယာလောက်ဗိုက်မတင်းပေမယ့် 

များရင်တော့ ရီဝေဝေနဲ့ 

အတော်တွေးလို့ကောင်းတယ်။ 

ပုလင်းကိုဇောက်ထိုးငှဲ့၊ 

နှမြောပြီး အောက်ဆုံးကအနယ်တွေမငတ်မိနဲ့။ သူက ဆိုင်ရွေးတယ်။ 

ကောင်းတယ်ဆိုတဲ့ဆိုင်ကိုသေချာစုံစမ်းပြီးမှ

သောက်သင့်တယ်။


ချဉ်စော်ခါး ( % မသိ )

ပြဲချင်လား။ 

အမဲကြော်တစ်ပွဲ၊ ကြက်ဥမွှေကြော်တစ်ပွဲနဲ့ 

ချဉ်စော်ခါးတစ်လုံး ရေခဲတစ်ပွဲမှာသောက်။ 

သူလည်းဆိုင်ရွေးတယ်။ 

ပြင်းပြင်းရှရှပြဲတဲ့ဆိုင်ရှိတယ်။ 

အူမြူးပြီးပြဲတဲ့ဆိုင်ရှိတယ်။ 

သူ့အထာနဲ့သူ။ 

မိုးအေးအေးနေ့တွေ ဂစ်တာတီးချင်ပါတယ် 

သီချင်းဆိုချင်ပါတယ်ဆို ပါဆယ်ဆွဲခဲ့။ 

လည်ချောင်းထဲရှင်းပြီးပူဆင်းတာ၊ 

သီချင်းဆိုလို့ အတော်ကောင်း။

😂😂😂


Regency (Thai made)

Brandy အမျိုးအစား

On the rock သောက်ရင်အလွန်ကောင်း။ 

သုံးခွက်လောက်သောက်ပြီးရင် အရသာ သိသိသာသာ သောက်လို့ပိုကောင်းလာတယ်။ သောက်တာများလေလေ အဝင်ပိုကောင်းလာလေလေပဲ။Smooth ဖြစ်တယ် ငြိမ့်တယ် အိပ်လို့ကောင်းတယ် ။ အကြိုက်ဆုံးအချက်ကတော့ မနက်အိပ်ယာနိုးရင် ခေါင်းမကိုက်ပဲ စိတ်ကြည်လင်လန်းဆန်းနေရောပဲ😁။ အတုမမိဖို့တော့လိုမယ်။ မြိတ် နဲ့ ကော့သောင်း မှာတော့ရနိုင်တယ်။


https://m.facebook.com/groups/2826261517434543/permalink/4157442167649798/



သောက်ကြီးသောက်ကျယ်တွေ မပြောတော့ပါဘူး ကျွန်တော် အရက်ကိုကြိုက်လို့သောက်ပါသည်.. 


အရက်မသောက်ဖြစ်တာ တော်တော်ကြာသွားပါပြီ အတိအကျပြောရရင် ၁နှစ်နဲ့၆လနီးပါးရှိပါပြီ..


အရင်နှစ်ကတော့ ခေတ်ကာလအခြေအနေကောင်းလျှင် Beach သွားပြီး အရက်သောက်ရန်ပင် Plan ဆွဲထားပါသည် သို့သော် လောလောဆယ် ခွေးဖြစ်နေပါ၏..


အခုအချိန် Gold တပက်ချင်းစီကို Neat သောက်ချင်နေပါသည် ရာသီဥတုက ကိုယ့်ဘက်ပါနေတယ်လေဗျာ။

Ali Gatie - It's You (Official Lyrics Video)


ကမ္ဘာကြီး ရပ်တန့်သွားမယ်ဆိုရင်တောင် 
ကျွန်တော့်ကိုကျွန်တော် စိတ်ချမ်းသာ
ခွင့်လေးတော့ ခဏပေးမှာပါ..


ကျွန်တော်တကယ် 

.

.

.

.

.


ပင်ပန်းနေပါပြီဗျာ..။

😓

Silence killing


            https://www.aljadid.com/sites/default/


ကျွန်တော်ကြောင့် ဘယ်အမျိုးသမီးမျှ စိတ်နဲ့ သတ်ခံခြင်းမှ ကင်းဝေးကြပါစေ။




မနေ့က ဆရာမျိုးရဲ့ post ကို ဖတ်လိုက်ရတယ် https://m.facebook.com/story.php?story_fbid 



အဲ့ဒီစာဖတ်ပြီးတော့ ကျွန်တော့်စိတ်ထဲမှာ အပြစ်ရှိသလိုခံစားလိုက်ရတယ်..



ခင်ဗျားက ကျွန်တော်နဲ့ပတ်သတ်ပြီး ဘာမှမသိပေမယ့် ကျွန်တော်က ခင်ဗျားအပေါ်မှာ မနောနဲ့ပြစ်မှားထားတာတွေက တဘဝစာလောက်ရှိနေတာပါ..



ဒီနေ့  အဘွားအိမ်ကပြန်လာပြီး လူကအိပ်ရေးပျက်တာနဲ့ ပင်ပန်းတာရောပြီ ခေါင်းကမကြည့်ဘူး ခင်ဗျား Account ကို ခဏဝင်ကြည့်ရင်း မင်းရှိတဲ့မြို့ အပိုင်း(၂)ကို ဖတ်လိုက်မိတယ် ကျွန်တော့်မျက်နှာကို ရေနွေးနဲ့ပတ်လိုက်သလို ခံစားလိုက်ရပါတယ်..



ကျွန်တော်ကြောင့် မိန်းမဘယ်နှစ်ယောက်များ စိတ်နဲ့သတ်ခံနေရပြီလဲဗျာ..


ကျွန်တော်ဘက်ကနေတော့ ရည်းစားရှိတဲ့ လူတစ်ယောက်ကိုတောင် ငြိစွန်းခဲ့ခြင်း မရှိပါဘူး ခင်ဗျားတို့ကိုဘက်က အမှန်မပြောခဲ့လို့သာ ကျွန်တော်ငြိတွယ်မိခဲ့တာပါ..


သူတစ်ပါးအိမ်ထောင်ရေး ပြိုကွဲအောင်လဲ မလုပ်ခဲ့မိပါဘူး ဒါပေမယ့်အဲ့လိုလူတွေက ကျွန်တော့်ကို ပြစ်မှတ်ထားတက်ကြပါတယ် ကျွန်တော်က ခင်ဗျားတို့အတွက် လူအဖြစ်ခဲ့ရတာကို..



အသုံးချခံဘဝ မရောက်ခဲ့ရတာကိုပဲ ခင်ဗျားတို့ကို တကယ်ကျေးဇူးတင်နေရပါတယ် ကျွန်တော့်ဘဝ ဒုတိယမ္မိသေခြင်းကနေ ကင်းဝေးခဲ့ရပါတယ်..



ကျွန်တော် ကာမေသုမိစ္ဆာစာရကံကို အလွန်ကြောက်သူပါ ဒါပေမယ့် ခင်ဗျားအပေါ်မှာတော့ မပြစ်မှားသင့်ဘူးသိနေရက်နဲ့ ကျွန်တော်စိတ်နဲ့ပြစ်မှားခဲ့မိပါတယ်..



ခင်ဗျားသိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကျွန်တော့်ကြောင့် မိန်းမတစ်ယောက် စိတ်နဲ့အသတ်ခံရမှာကိုတော့ ကျွန်တော်လက်မခံနိုင်ပါဘူး..



အိမ်ထောင်တာဝန်ယူနေရတဲ့ မိန်းမတစ်ယောက်နဲ့ ကျွန်တော့်လိုလူမျိုးနဲ့ကတော့ အသက်အရွယ်တူညီနေတာတောင် အပြင်ပန်းပုံသဏန်ကွာခြားနိုင်ပါတယ် ကျွန်တော်က ရေပေါ်ဆီလေဗျာ အဲ့ဒီတော့ ကြည့်ပျော်ရှုပျော်တော့ ဖြစ်နေနိုင်ပါတယ်..



စပါးလုံးတစ်ထောက်စာ အရေပြားလေးကြောင့် ခင်ဗျားတစ်ယောက် မိန်းမတစ်ယောက်ကို စိတ်နဲ့သတ်မိခြင်းမှ ကင်းဝေးပါစေဗျာ။





            https://www.aljadid.com/sites/default/


ကြၽန္ေတာ္ေၾကာင့္ ဘယ္အမ်ိဳးသမီးမွ် စိတ္နဲ႔ သတ္ခံျခင္းမွ ကင္းေဝးၾကပါေစ။




မေန႔က ဆရာမ်ိဳးရဲ႕ post ကို ဖတ္လိုက္ရတယ္ https://m.facebook.com/story.php?story_fbid 



အဲ့ဒီစာဖတ္ၿပီးေတာ့ ကြၽန္ေတာ့္စိတ္ထဲမွာ အျပစ္ရွိသလိုခံစားလိုက္ရတယ္..



ခင္ဗ်ားက ကြၽန္ေတာ္နဲ႔ပတ္သတ္ၿပီး ဘာမွမသိေပမယ့္ ကြၽန္ေတာ္က ခင္ဗ်ားအေပၚမွာ မေနာနဲ႔ျပစ္မွားထားတာေတြက တဘဝစာေလာက္ရွိေနတာပါ..



ဒီေန႔  အဘြားအိမ္ကျပန္လာၿပီး လူကအိပ္ေရးပ်က္တာနဲ႔ ပင္ပန္းတာေရာၿပီ ေခါင္းကမၾကည့္ဘူး ခင္ဗ်ား Account ကို ခဏဝင္ၾကည့္ရင္း မင္းရွိတဲ့ၿမိဳ႕ အပိုင္း(၂)ကို ဖတ္လိုက္မိတယ္ ကြၽန္ေတာ့္မ်က္ႏွာကို ေရေႏြးနဲ႔ပတ္လိုက္သလို ခံစားလိုက္ရပါတယ္..



ကြၽန္ေတာ္ေၾကာင့္ မိန္းမဘယ္ႏွစ္ေယာက္မ်ား စိတ္နဲ႔သတ္ခံေနရၿပီလဲဗ်ာ..


ကြၽန္ေတာ္ဘက္ကေနေတာ့ ရည္းစားရွိတဲ့ လူတစ္ေယာက္ကိုေတာင္ ၿငိစြန္းခဲ့ျခင္း မရွိပါဘူး ခင္ဗ်ားတို႔ကိုဘက္က အမွန္မေျပာခဲ့လို႔သာ ကြၽန္ေတာ္ၿငိတြယ္မိခဲ့တာပါ..


သူတစ္ပါးအိမ္ေထာင္ေရး ၿပိဳကြဲေအာင္လဲ မလုပ္ခဲ့မိပါဘူး ဒါေပမယ့္အဲ့လိုလူေတြက ကြၽန္ေတာ့္ကို ျပစ္မွတ္ထားတက္ၾကပါတယ္ ကြၽန္ေတာ္က ခင္ဗ်ားတို႔အတြက္ လူအျဖစ္ခဲ့ရတာကို..



အသုံးခ်ခံဘဝ မေရာက္ခဲ့ရတာကိုပဲ ခင္ဗ်ားတို႔ကို တကယ္ေက်းဇူးတင္ေနရပါတယ္ ကြၽန္ေတာ့္ဘဝ ဒုတိယမၼိေသျခင္းကေန ကင္းေဝးခဲ့ရပါတယ္..



ကြၽန္ေတာ္ ကာေမသုမိစာၦစာရကံကို အလြန္ေၾကာက္သူပါ ဒါေပမယ့္ ခင္ဗ်ားအေပၚမွာေတာ့ မျပစ္မွားသင့္ဘူးသိေနရက္နဲ႔ ကြၽန္ေတာ္စိတ္နဲ႔ျပစ္မွားခဲ့မိပါတယ္..



ခင္ဗ်ားသိသည္ျဖစ္ေစ မသိသည္ျဖစ္ေစ ကြၽန္ေတာ့္ေၾကာင့္ မိန္းမတစ္ေယာက္ စိတ္နဲ႔အသတ္ခံရမွာကိုေတာ့ ကြၽန္ေတာ္လက္မခံႏိုင္ပါဘူး..



အိမ္ေထာင္တာဝန္ယူေနရတဲ့ မိန္းမတစ္ေယာက္နဲ႔ ကြၽန္ေတာ့္လိုလူမ်ိဳးနဲ႔ကေတာ့ အသက္အ႐ြယ္တူညီေနတာေတာင္ အျပင္ပန္းပုံသဏန္ကြာျခားႏိုင္ပါတယ္ ကြၽန္ေတာ္က ေရေပၚဆီေလဗ်ာ အဲ့ဒီေတာ့ ၾကည့္ေပ်ာ္ရႈေပ်ာ္ေတာ့ ျဖစ္ေနႏိုင္ပါတယ္..



စပါးလုံးတစ္ေထာက္စာ အေရျပားေလးေၾကာင့္ ခင္ဗ်ားတစ္ေယာက္ မိန္းမတစ္ေယာက္ကို စိတ္နဲ႔သတ္မိျခင္းမွ ကင္းေဝးပါေစဗ်ာ။
 

 

မြေခရွက်ဝါ 2011

 


https://images.app.goo.gl/4w46PAfb9WujyXNh6


မြေခရွက်ဝါ 


အဲ့ဒီ့စကားလုံးကို ခဏခဏ 

သုံးမိပါတယ် 


အသံမထွက်ရင်တောင် 

အသံတိတ်တော့ ရွတ်မိတယ် 


အဲ့လိုပဲ ကျွန်တော့် 

အိမ်မက်တွေ ခဏခဏ 

မြေခခဲ့ရသူပါ..


ဘ၀ဆိုတာ ဒါလားလို့

မမေးရက်ပါဘူး 

ကျွန်တော်က မှားခဲ့တဲ့ကောင်ကို...။


2011 ကရေးထားတဲ့ ကဗျာလေးပါ မနေ့က blog ရေးရင်းနဲ့ လူကမဟန်တော့လို့ အိပ်လိုက်တာ မနေ့ကအတွေးတွေတောင် ဒီနေ့ဝိုးတဝါးဖြစ်နေတယ်..


ခင်ဗျားနဲ့ပတ်သတ်တဲ့ အသိညာဏ်တွေလဲ ဝိုးတဝါးဖြစ်ရင် သိပ်ကောင်းမယ်လို့ ကျွန်တော်အခု တွေးနေမိတယ်..


တချို့ဆုံတွေ့မှုတွေက ဝဋ်ကြွေးပါလားလို့ တစ်ကိုယ်ထဲ တွေးနေမိပြန်တယ်..


အရင်စိတ်နဲ့သာဆိုရင် ခင်ဗျားကိုမြင်နေရတာ ရင်နာလွန်းလို့ ခင်ဗျား Account တွေကို Unfriend လုပ်ပြစ်မှာ သေချာပေမယ့် ကျွန်တော်မလုပ်ရက်ခဲ့ပါဘူး ခင်ဗျားနဲ့ရင်ချင်းမဆက်ပေမယ့် နှောင်တွယ်မိတဲ့ကြိုးက ခိုင်မြဲခဲ့ပါတယ်..


ကျွန်တော် on line ဝင်တိုင်း on line ပေါ်မှာ ခင်ဗျားရှိ၊မရှိသွားကြည့်တက်တဲ့ အကျင့်လေးကိုတော့ မေ့ပြစ်လိုက်ပါပြီ ခင်ဗျား Account စိမ်းနေပေမယ့် ကျွန်တော့်အတွက်မှ မဟုတ်ခဲ့တာ..


အရင်ကတော့ လူတစ်ယောက်ကို ကျွန်တော်ငြိတွယ်မိရင် အဲ့ဒီလူကို ကျွန်တော် အလွန်အမင်း Distrub လုပ်မိပါတယ် ခင်ဗျားကိုတော့ တစ်ကြိမ်တစ်ခါမျှ Distrub မလုပ်ခဲ့ပါဘူး ကျွန်တော် ငြိတွယ်မိထဲက ခင်ဗျားဆိုတာ ကျွန်တော်နဲ့မသက်ဆိုင်မှန်း သိထားခဲ့ပါတယ်..


ဒီနေ့ ခင်ဗျားပုံကို ထပ် save မိတယ် ဖျက်ပြစ်ဖို့လဲ ကျွန်တော်မဖျက်ရက်တော့ သူတစ်ပါးပစ္စည်းကို ခိုးယူမိပြန်ပြီဗျာ..


မဖြစ်နိုင်မှန်းသိထားပေမယ့် ခင်ဗျားနဲ့တွေ့ခွင့်ရရင် ဘာလုပ်မလဲလို့ မေးကြည့်မိတယ် ကျွန်တော်အဖြေက ခင်ဗျားကို ခဏလေးငေးကြည့်ချင်တယ်.. 


ကိုယ်မပိုင်ဆိုင်ရတဲ့ ဘဝတစ်ခုကို ငေးကြည့်ယုံထက် ကျွန်တော်ဘာများတက်နိုင်မှာလဲ။




 





https://images.app.goo.gl/4w46PAfb9WujyXNh6




ေျမခ႐ြက္ဝါ 




အဲ့ဒီ့စကားလုံးကို ခဏခဏ 


သုံးမိပါတယ္ 




အသံမထြက္ရင္ေတာင္ 


အသံတိတ္ေတာ့ ႐ြတ္မိတယ္ 




အဲ့လိုပဲ ကြၽန္ေတာ့္ 


အိမ္မက္ေတြ ခဏခဏ 


ေျမခခဲ့ရသူပါ..




ဘ၀ဆိုတာ ဒါလားလို႔


မေမးရက္ပါဘူး 


ကြၽန္ေတာ္က မွားခဲ့တဲ့ေကာင္ကို...။




2011 ကေရးထားတဲ့ ကဗ်ာေလးပါ မေန႔က blog ေရးရင္းနဲ႔ လူကမဟန္ေတာ့လို႔ အိပ္လိုက္တာ မေန႔ကအေတြးေတြေတာင္ ဒီေန႔ဝိုးတဝါးျဖစ္ေနတယ္..




ခင္ဗ်ားနဲ႔ပတ္သတ္တဲ့ အသိညာဏ္ေတြလဲ ဝိုးတဝါးျဖစ္ရင္ သိပ္ေကာင္းမယ္လို႔ ကြၽန္ေတာ္အခု ေတြးေနမိတယ္..




တခ်ိဳ႕ဆုံေတြ႕မႈေတြက ဝဋ္ေႂကြးပါလားလို႔ တစ္ကိုယ္ထဲ ေတြးေနမိျပန္တယ္..




အရင္စိတ္နဲ႔သာဆိုရင္ ခင္ဗ်ားကိုျမင္ေနရတာ ရင္နာလြန္းလို႔ ခင္ဗ်ား Account ေတြကို Unfriend လုပ္ျပစ္မွာ ေသခ်ာေပမယ့္ ကြၽန္ေတာ္မလုပ္ရက္ခဲ့ပါဘူး ခင္ဗ်ားနဲ႔ရင္ခ်င္းမဆက္ေပမယ့္ ေႏွာင္တြယ္မိတဲ့ႀကိဳးက ခိုင္ၿမဲခဲ့ပါတယ္..




ကြၽန္ေတာ္ on line ဝင္တိုင္း on line ေပၚမွာ ခင္ဗ်ားရွိ၊မရွိသြားၾကည့္တက္တဲ့ အက်င့္ေလးကိုေတာ့ ေမ့ျပစ္လိုက္ပါၿပီ ခင္ဗ်ား Account စိမ္းေနေပမယ့္ ကြၽန္ေတာ့္အတြက္မွ မဟုတ္ခဲ့တာ..




အရင္ကေတာ့ လူတစ္ေယာက္ကို ကြၽန္ေတာ္ၿငိတြယ္မိရင္ အဲ့ဒီလူကို ကြၽန္ေတာ္ အလြန္အမင္း Distrub လုပ္မိပါတယ္ ခင္ဗ်ားကိုေတာ့ တစ္ႀကိမ္တစ္ခါမွ် Distrub မလုပ္ခဲ့ပါဘူး ကြၽန္ေတာ္ ၿငိတြယ္မိထဲက ခင္ဗ်ားဆိုတာ ကြၽန္ေတာ္နဲ႔မသက္ဆိုင္မွန္း သိထားခဲ့ပါတယ္..




ဒီေန႔ ခင္ဗ်ားပုံကို ထပ္ save မိတယ္ ဖ်က္ျပစ္ဖို႔လဲ ကြၽန္ေတာ္မဖ်က္ရက္ေတာ့ သူတစ္ပါးပစၥည္းကို ခိုးယူမိျပန္ၿပီဗ်ာ..




မျဖစ္ႏိုင္မွန္းသိထားေပမယ့္ ခင္ဗ်ားနဲ႔ေတြ႕ခြင့္ရရင္ ဘာလုပ္မလဲလို႔ ေမးၾကည့္မိတယ္ ကြၽန္ေတာ္အေျဖက ခင္ဗ်ားကို ခဏေလးေငးၾကည့္ခ်င္တယ္.. 




ကိုယ္မပိုင္ဆိုင္ရတဲ့ ဘဝတစ္ခုကို ေငးၾကည့္ယုံထက္ ကြၽန္ေတာ္ဘာမ်ားတက္ႏိုင္မွာလဲ။




ပြည့်စုံပါစေ | ဘိုဖြူ (Bo Phyu) ( Lyrics )

ဒီသီချင်းက ဘယ်သူ့ကိုမှ မရည်ရွယ်ထားပါဘူး
ကျွန်တော် နားထောင်ဖို့အတွက်ပါ ဗျာ..

😓

ဝဋ်


              https://images.app.goo.gl/



အေးချမ်းလှတဲ့ ခင်ဗျားသက်ဆိုင်သူလေး မျက်နှာကို တဒင်္ဂ ငေးကြည့်မိရင်း ကျွန်တော်နောင်တရမိပါတယ်..


သူရဲ့အဇ္ဇတကို ကျွန်တော်မသိမမြင်နိုင်ပေမယ့် သူမျက်နှာလေးက တကယ်ကိုအေးချမ်းလှပါတယ်..


ထိုအကြောင်းတရားကြောင့် ခင်ဗျားဆိုတဲ့ လူတစ်ယောက်ကို ညိတွယ်နေမျှ နှောင်ကြိုးတွေကို ကျွန်တော်စွမ်းနိုင်သမျှ ဖြေလျော့ပါတော့မယ်ဗျာ..



ဒီဘဝမှာ ကံခေနေတဲ့အကောင် နောင်ဘဝဆိုတာကြီးကို ဝဋ်ကြွေးတွေ မသယ်ဆောင််််််််ပါဘူးခင်ဗျာ



ရှိရှိသမျှ ဝဋ်နာကံနာတွေ ကျွန်တော် ဒီဘဝမှာပဲ အပြီးတိုင် ပေးဆပ်ပါရစေ။


#02_06_2021




              https://images.app.goo.gl/





ေအးခ်မ္းလွတဲ့ ခင္ဗ်ားသက္ဆိုင္သူေလး မ်က္ႏွာကို တဒဂၤ ေငးၾကည့္မိရင္း ကြၽန္ေတာ္ေနာင္တရမိပါတယ္..




သူရဲ႕အဇၨတကို ကြၽန္ေတာ္မသိမျမင္ႏိုင္ေပမယ့္ သူမ်က္ႏွာေလးက တကယ္ကိုေအးခ်မ္းလွပါတယ္..




ထိုအေၾကာင္းတရားေၾကာင့္ ခင္ဗ်ားဆိုတဲ့ လူတစ္ေယာက္ကို ညိတြယ္ေနမွ် ေႏွာင္ႀကိဳးေတြကို ကြၽန္ေတာ္စြမ္းႏိုင္သမွ် ေျဖေလ်ာ့ပါေတာ့မယ္ဗ်ာ..






ဒီဘဝမွာ ကံေခေနတဲ့အေကာင္ ေနာင္ဘဝဆိုတာႀကီးကို ဝဋ္ေႂကြးေတြ မသယ္ေဆာင္္္္္္္္ပါဘူးခင္ဗ်ာ






ရွိရွိသမွ် ဝဋ္နာကံနာေတြ ကြၽန္ေတာ္ ဒီဘဝမွာပဲ အၿပီးတိုင္ ေပးဆပ္ပါရေစ။




#02_06_2021