သံဝေဂ


          https://images.app.goo.gl/



တနေ့နဲ့တနေ့ ဝေးသွားရမှာ..



ခင်ဗျားမပြောခင်ထဲက


ကျွန်တော်တို့ အဝေးကြီးမှ


တည်ရှိနေခဲ့ကြတာပါ..



ခင်ဗျားအတွက် သံဝေဂကဗျာဖြစ်နိုင်ပေမယ့်


ကျွန်တော်အတွက်တော့ ထပ်ခါထပ်ခါ


နောင်တတရားနဲ့အတူ နာကျင်ရပါတယ်..



ခင်ဗျားကို ငြိတွယ်မိတဲ့အခိုက်အတန့်ကို


အခုအချိန်မှာ ကျွန်တော်မုန်းမိပါတယ်


တည်ငြိမ်နေတဲ့ ရေပြင်ကိုလှုပ်ခဲ့မိစေတဲ့


တဒင်္ဂကြောင့် ကျွန်တော်အနည်ထိုင်ဖို့ 


ပြက္ခဒိန်တစ်ခုစာ ကြိုးစားရပါအုန်းမည်။



 

No comments: