အရက်

 


https://www.google.com/imgres?imgurl


Beer:

alcohol 5% 

သောက်လိုက်ပေါက်လိုက်

မူးနေချင်ရင် သေးမပေါက်ပါနဲ့။

ပေါက်လိုက်တိုင်း အမူး လျော့သွားစေတယ်

များများသောက်လေ မနက်ကြ ခေါင်းကိုက်လေ

ထုံထုံကြီး မူးတာမျိုး က beer

ဗိုက်ကြီးတင်းပြည့်ပြီး အမူးမျိုး


Stout:

alcohol 8%  

ABC လို black shield လိုမျိုး

သောက်ပြီးရင် ဆန့်ကျင်ဖက် လိင်ကို

တောင့်တ တတ်တယ်

Homo ဆိုရင်တော့ မသိပါ။

မူးတာက ခေါင်းထဲမှာ မူးနောက်နောက်နဲ့

ရဟတ်စီးပြီး မူးတာမျိုးက stout


Wine:

alcohol 13.5%

အိပ်ချင်သလို မျက်လုံးစဉ်းလာပြီး

မူးတာမျိုးပါ

တန်းပြီး အိပ်ဖို့ အဆင်ပြေရင် ကောင်းပါတယ်

အရမ်း များရင် အန်ဖို့ အရမ်း လွယ်ကူတဲ့

အမူး မျိုး


Red Label:

alcohol 40%

အမူးက ရိုင်းတယ်

ချက်ခြင်း ဆောင့်တက်ပြီး မူးတယ်

သွေးဆူလွယ်တယ်

ရန်ဖြစ်မယ် ဆိုလည်း ဖြစ်ပေါ့ ဆိုတဲ့

အမူးမျိုး

များရင် ခေါင်းကိုက်လိမ့်မယ်


Black and double black label:

alcohol 40%

နည်းနည်းလေး ထွေတေတေလေး

ပတ်ဝန်းကျင် ကို ကြည့်လိုက်ရင်

ပျော်စရာတွေ ပြည့်နေသလိုလို

ကဖို့ ခုန်ဖို့ တော်ကီပစ်ဖို့

ကောင်းတယ်

မဆိုးပါဘူးလို့ မှတ်ချက်ပြုရမယ်


Johnnie walker Explorer series:

alcohol 40%

the spice road လို အတက်ကြမ်းပေမယ့်

နောက်နေ့ လန်းလန်းဆန်းဆန်း ရှိနေစေတယ်


Gold label:

alcohol 40%

တခွက်သောက်  ဘာမှန်းမသိသေးဘူး

နှစ်ခွက်မှာ စငြိမ့်လိမ့်မယ်

သူ့ အငြိမ့်လေးက ငြိမ်တယ်

bar တို့ ဘာတို့ထက်ဆိုင်ရင်

classical လို ငြိမ့်တဲ့ musicလေးနဲ့ဆို

လွင့်နေမှာ သေချာတယ်

တစုံတခုပဲ တွေးပြီး စိတ်နှစ်ကြည့်

အဲဒိအပေါ်မှာ မျောသွားမယ့် feel က

အမိုက္စား

မနက်ကြတော့ လန်းနေရော


Platinum label:

alcohol 40%

Gold နဲ့ မကွာလှဘူး

ငြိမ့်တာကတော့ 

ချစ်သူကို ကြူလို့ သိပ်ကောင်းတာ

သောက်ပြီးရင်😀😀😀


Johnnie walker 18:

alcohol 40%

Gold labelရဲ့ အပေါ်မှာ

blue လောက် မသုံးချင်ရင်

သိပ်ကောင်းတဲ့ အရာပါ

KTV ရောက်ရင်  ကွကိုယ်

အဆိုတော်အလား

လမ်းလျှောက်ရင် မြေကြီးတောင်

ထိရဲ့လား ထင်ရလောက်အောင်

ပံ့ပိုးပေးပါတယ်

စိတ်ကူးထဲက အတိုင်း

ဘုရင်ကြီးအလားပေါ့


Blue label:

alcohol 40%

ငြိမ့်ချက်ဆိုတာ 

သင်္ဘောမှာတုန်းက

Fitter ကြီးတယောက်ရှိတယ်

အရက်မူးရင် သူ့ကို စ   စလို့ရှိရင်

မကြိုက်ဘူး ပြန်ပြီး တခုခု လိုက်လုပ်တယ်

သူလို လူမျိုးတောင် blue သောက်ပြီး

စ ရုံမကလို့ ခေါင်း ပုတ်ရင်တောင် ပြုံးပြနေတယ်

ပြောချင်တာ အရမ်း ငြိမ့်တယ်

ရန်မလိုဘူး  ငြိမ့်ပြီး အတွေး အရမ်းကောင်းစေတယ်

အတွေး ထဲကအတိုင်း

စီးမျော သွားတာ

မိန်းမ ချစ်ဆေး လို့ တင်စားရမလားပဲ


Johnnie walker XR 21:

21 years old alcohol 40%

blue ဈေးပဲမို့

blue နဲ့ ခံစားရတဲ့ feel သိပ်မကွာလှပါဘူး

ခွန်အားဖြိုးမောက် ဇော်ဂျီလက်စွဲ

ဆိုလား😬😬😬


Monkey shoulder:

alcohol 40%

အမူးလွယ်တယ်

percetage တူပေမယ့် ပိုမူးသလိုပဲ

မွှေးလည်းမွှေး အဝင်လည်းမိုက်

သီချင်းဆိုလို့လည်း ကောင်းပ

ကြိုက်တယ် မနက်ဆို အလန်းပဲ

ခေါင်း လုံးဝ မကိုက် ကြည်လင်လို့


Jagermeister 35%

အဝင်မဆိုးဘူး၊ 

လည်ချောင်းထဲပူဆင်းသွားတာမျိုး။ 

အူရွှင်တယ်၊ ယဉ်ယဉ်လေးမူးတယ်။  

ကျွဲရိုင်းတို့ shark  တို့နဲ့ Jager Bomb လုပ်လိုက်လို့ကတော့ မနက်လည်းခေါင်းမကိုက်ဘူး။ 


Grand Royal ID 37.2%

အဝင်ရှင်းတယ်နော်၊ 

ဇွတ်ခွသောက်ရင်တော့ အပြဲပဲ။ 

စိတ်ညစ်လို့အော်ချင်ဟစ်ချင်ရင် သောက်။ 

မနက်နိုးရင်တော့ ခေါင်းနည်းနည်းကိုက်မယ်။ 

အိပ်ရာဘေး သံပုရာသီးဆောင်ထား။ 


Baileys 17%

နုနုရွရွသောက်မယ်၊ 

ဆော်ရောသောက်မယ်ဆို ရွေးသင့်တယ်။ 

ချောကလက်ပျစ်ပျစ်လေးသောက်ရသလိုပဲ။ Classical ဆန်ဆန်သောက်၊ 

လုံးဝအထာကျတယ်။ 

မွှေးချိုပူဆင်း လည်ချောင်းရှင်း။ 

ဇွတ်မူးချင်တယ်ဆိုရင်တော့ မရွေးနဲ့၊ 

ပိုက်ဆံပဲကုန်တာအဖတ်တင်မယ်။


Chivas Regal 40%

ကဲချင်ခုန်ချင်ပေါက်ချင်ရင် သောက်၊ 

ခွေးသောက်သောက်ရင် ခွေးလိုအန်မှာပဲ။ 

ခွက်ထဲ နှစ်ပတ်လာက်ထည့် 

ရေခဲတစ်တုံးထည့် 

ဖရဲသီးတစ်စိတ်စိမ်ပြီးမှသောက်၊ 

ကြာကြာသောက်နိုင်တယ်။ 

ဖင်ယားပြီး ခွက်ထဲကဖရဲသီးစိတ်သွားမကိုက်နဲ့။ 

ဖင်ထိုင်လဲသွားမယ်။ 

ဘားမှာ ကေတီဗီမှာ ကဲမယ်ဟေ့ဆို ရွေးသင့်။


Vodka 40%

ပြင်းပြင်းရှရှ ပူဆင်းချင်ရင်သောက်။ 

နွေပူပူ နေပူပူမှာတော့ မသောက်နဲ့။ 

အလွတ်ရူးသွားမယ်။ 

ကျုပ်ကတော့ သိပ်မကြိုက်ဘူး။ 

အမူးရိုင်းလို့။ 


Gin 40% ( approximately )

သူလည်း Vodka လိုပဲ။ 

ပိုတောင်ရှသေးတယ်။ 

မရှိလို့သောက်ရင်တောင် 

နှာခေါင်းပိတ်သောက်ရတဲ့အမျိုး။ 

ဆိုးလိုက်တဲ့အဝင်။ 

ဂျင်နှစ်ပတ် 

သံပုရာသီးတစ်စိတ်ညစ် 

သကြားတစ်ဇွန်းမွှေထည့်။ 

ဒါက ရိုးရာပေါ့နော။ 

ကျုပ်တော့ လုံးဝမကြိုက်။ 

AK47 မှာရင်တောင် Gin မထည့်ခိုင်းဘူး။ 

မုန်းလို့။


Soju 20%

ဖင်မယားသင့်တဲ့အရက်ဖြစ်ပါတယ်။ 

တစ်ခါက ဆိုဂျူကို အကြမ်းခွက်အသေးနဲ့ငှဲ့ 

ရေခဲတစ်တုံးထည့်၊ 

ကမ်းပေ့လုပ်ပြီးပြိုင်သောက်ကြတာ။ 

အိမ်ကိုဘယ်လိုပြန်ရောက်ခဲ့မှန်းမသိဘူး။ 

နောက်နေ့မေးကြည့်တော့ ဥသြတွေဆွဲတာ 

ဝက်စာပုံးမှောက်တဲ့အတိုင်းဆိုပဲ။ 

အဝင်က Vodka လောက်တောင်မဆိုးဘူးဆိုပြီး 

ဖင်ယားခဲ့မိလေခြင်း။ 


ခေါင်ရည် ( % မသိ 😂 )

စကားပြောမယ်၊ 

အပျင်းပြေသောက်မယ်ဆို ငချိပ်ရတဲ့ဆိုင်သွား။ 

သေးခဏခဏထပေါက်မယ်၊ 

ဘီယာလောက်ဗိုက်မတင်းပေမယ့် 

များရင်တော့ ရီဝေဝေနဲ့ 

အတော်တွေးလို့ကောင်းတယ်။ 

ပုလင်းကိုဇောက်ထိုးငှဲ့၊ 

နှမြောပြီး အောက်ဆုံးကအနယ်တွေမငတ်မိနဲ့။ သူက ဆိုင်ရွေးတယ်။ 

ကောင်းတယ်ဆိုတဲ့ဆိုင်ကိုသေချာစုံစမ်းပြီးမှ

သောက်သင့်တယ်။


ချဉ်စော်ခါး ( % မသိ )

ပြဲချင်လား။ 

အမဲကြော်တစ်ပွဲ၊ ကြက်ဥမွှေကြော်တစ်ပွဲနဲ့ 

ချဉ်စော်ခါးတစ်လုံး ရေခဲတစ်ပွဲမှာသောက်။ 

သူလည်းဆိုင်ရွေးတယ်။ 

ပြင်းပြင်းရှရှပြဲတဲ့ဆိုင်ရှိတယ်။ 

အူမြူးပြီးပြဲတဲ့ဆိုင်ရှိတယ်။ 

သူ့အထာနဲ့သူ။ 

မိုးအေးအေးနေ့တွေ ဂစ်တာတီးချင်ပါတယ် 

သီချင်းဆိုချင်ပါတယ်ဆို ပါဆယ်ဆွဲခဲ့။ 

လည်ချောင်းထဲရှင်းပြီးပူဆင်းတာ၊ 

သီချင်းဆိုလို့ အတော်ကောင်း။

😂😂😂


Regency (Thai made)

Brandy အမျိုးအစား

On the rock သောက်ရင်အလွန်ကောင်း။ 

သုံးခွက်လောက်သောက်ပြီးရင် အရသာ သိသိသာသာ သောက်လို့ပိုကောင်းလာတယ်။ သောက်တာများလေလေ အဝင်ပိုကောင်းလာလေလေပဲ။Smooth ဖြစ်တယ် ငြိမ့်တယ် အိပ်လို့ကောင်းတယ် ။ အကြိုက်ဆုံးအချက်ကတော့ မနက်အိပ်ယာနိုးရင် ခေါင်းမကိုက်ပဲ စိတ်ကြည်လင်လန်းဆန်းနေရောပဲ😁။ အတုမမိဖို့တော့လိုမယ်။ မြိတ် နဲ့ ကော့သောင်း မှာတော့ရနိုင်တယ်။


https://m.facebook.com/groups/2826261517434543/permalink/4157442167649798/



သောက်ကြီးသောက်ကျယ်တွေ မပြောတော့ပါဘူး ကျွန်တော် အရက်ကိုကြိုက်လို့သောက်ပါသည်.. 


အရက်မသောက်ဖြစ်တာ တော်တော်ကြာသွားပါပြီ အတိအကျပြောရရင် ၁နှစ်နဲ့၆လနီးပါးရှိပါပြီ..


အရင်နှစ်ကတော့ ခေတ်ကာလအခြေအနေကောင်းလျှင် Beach သွားပြီး အရက်သောက်ရန်ပင် Plan ဆွဲထားပါသည် သို့သော် လောလောဆယ် ခွေးဖြစ်နေပါ၏..


အခုအချိန် Gold တပက်ချင်းစီကို Neat သောက်ချင်နေပါသည် ရာသီဥတုက ကိုယ့်ဘက်ပါနေတယ်လေဗျာ။

No comments: