Silence killing


            https://www.aljadid.com/sites/default/


ကျွန်တော်ကြောင့် ဘယ်အမျိုးသမီးမျှ စိတ်နဲ့ သတ်ခံခြင်းမှ ကင်းဝေးကြပါစေ။




မနေ့က ဆရာမျိုးရဲ့ post ကို ဖတ်လိုက်ရတယ် https://m.facebook.com/story.php?story_fbid 



အဲ့ဒီစာဖတ်ပြီးတော့ ကျွန်တော့်စိတ်ထဲမှာ အပြစ်ရှိသလိုခံစားလိုက်ရတယ်..



ခင်ဗျားက ကျွန်တော်နဲ့ပတ်သတ်ပြီး ဘာမှမသိပေမယ့် ကျွန်တော်က ခင်ဗျားအပေါ်မှာ မနောနဲ့ပြစ်မှားထားတာတွေက တဘဝစာလောက်ရှိနေတာပါ..



ဒီနေ့  အဘွားအိမ်ကပြန်လာပြီး လူကအိပ်ရေးပျက်တာနဲ့ ပင်ပန်းတာရောပြီ ခေါင်းကမကြည့်ဘူး ခင်ဗျား Account ကို ခဏဝင်ကြည့်ရင်း မင်းရှိတဲ့မြို့ အပိုင်း(၂)ကို ဖတ်လိုက်မိတယ် ကျွန်တော့်မျက်နှာကို ရေနွေးနဲ့ပတ်လိုက်သလို ခံစားလိုက်ရပါတယ်..



ကျွန်တော်ကြောင့် မိန်းမဘယ်နှစ်ယောက်များ စိတ်နဲ့သတ်ခံနေရပြီလဲဗျာ..


ကျွန်တော်ဘက်ကနေတော့ ရည်းစားရှိတဲ့ လူတစ်ယောက်ကိုတောင် ငြိစွန်းခဲ့ခြင်း မရှိပါဘူး ခင်ဗျားတို့ကိုဘက်က အမှန်မပြောခဲ့လို့သာ ကျွန်တော်ငြိတွယ်မိခဲ့တာပါ..


သူတစ်ပါးအိမ်ထောင်ရေး ပြိုကွဲအောင်လဲ မလုပ်ခဲ့မိပါဘူး ဒါပေမယ့်အဲ့လိုလူတွေက ကျွန်တော့်ကို ပြစ်မှတ်ထားတက်ကြပါတယ် ကျွန်တော်က ခင်ဗျားတို့အတွက် လူအဖြစ်ခဲ့ရတာကို..



အသုံးချခံဘဝ မရောက်ခဲ့ရတာကိုပဲ ခင်ဗျားတို့ကို တကယ်ကျေးဇူးတင်နေရပါတယ် ကျွန်တော့်ဘဝ ဒုတိယမ္မိသေခြင်းကနေ ကင်းဝေးခဲ့ရပါတယ်..



ကျွန်တော် ကာမေသုမိစ္ဆာစာရကံကို အလွန်ကြောက်သူပါ ဒါပေမယ့် ခင်ဗျားအပေါ်မှာတော့ မပြစ်မှားသင့်ဘူးသိနေရက်နဲ့ ကျွန်တော်စိတ်နဲ့ပြစ်မှားခဲ့မိပါတယ်..



ခင်ဗျားသိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကျွန်တော့်ကြောင့် မိန်းမတစ်ယောက် စိတ်နဲ့အသတ်ခံရမှာကိုတော့ ကျွန်တော်လက်မခံနိုင်ပါဘူး..



အိမ်ထောင်တာဝန်ယူနေရတဲ့ မိန်းမတစ်ယောက်နဲ့ ကျွန်တော့်လိုလူမျိုးနဲ့ကတော့ အသက်အရွယ်တူညီနေတာတောင် အပြင်ပန်းပုံသဏန်ကွာခြားနိုင်ပါတယ် ကျွန်တော်က ရေပေါ်ဆီလေဗျာ အဲ့ဒီတော့ ကြည့်ပျော်ရှုပျော်တော့ ဖြစ်နေနိုင်ပါတယ်..



စပါးလုံးတစ်ထောက်စာ အရေပြားလေးကြောင့် ခင်ဗျားတစ်ယောက် မိန်းမတစ်ယောက်ကို စိတ်နဲ့သတ်မိခြင်းမှ ကင်းဝေးပါစေဗျာ။





            https://www.aljadid.com/sites/default/


ကြၽန္ေတာ္ေၾကာင့္ ဘယ္အမ်ိဳးသမီးမွ် စိတ္နဲ႔ သတ္ခံျခင္းမွ ကင္းေဝးၾကပါေစ။




မေန႔က ဆရာမ်ိဳးရဲ႕ post ကို ဖတ္လိုက္ရတယ္ https://m.facebook.com/story.php?story_fbid 



အဲ့ဒီစာဖတ္ၿပီးေတာ့ ကြၽန္ေတာ့္စိတ္ထဲမွာ အျပစ္ရွိသလိုခံစားလိုက္ရတယ္..



ခင္ဗ်ားက ကြၽန္ေတာ္နဲ႔ပတ္သတ္ၿပီး ဘာမွမသိေပမယ့္ ကြၽန္ေတာ္က ခင္ဗ်ားအေပၚမွာ မေနာနဲ႔ျပစ္မွားထားတာေတြက တဘဝစာေလာက္ရွိေနတာပါ..



ဒီေန႔  အဘြားအိမ္ကျပန္လာၿပီး လူကအိပ္ေရးပ်က္တာနဲ႔ ပင္ပန္းတာေရာၿပီ ေခါင္းကမၾကည့္ဘူး ခင္ဗ်ား Account ကို ခဏဝင္ၾကည့္ရင္း မင္းရွိတဲ့ၿမိဳ႕ အပိုင္း(၂)ကို ဖတ္လိုက္မိတယ္ ကြၽန္ေတာ့္မ်က္ႏွာကို ေရေႏြးနဲ႔ပတ္လိုက္သလို ခံစားလိုက္ရပါတယ္..



ကြၽန္ေတာ္ေၾကာင့္ မိန္းမဘယ္ႏွစ္ေယာက္မ်ား စိတ္နဲ႔သတ္ခံေနရၿပီလဲဗ်ာ..


ကြၽန္ေတာ္ဘက္ကေနေတာ့ ရည္းစားရွိတဲ့ လူတစ္ေယာက္ကိုေတာင္ ၿငိစြန္းခဲ့ျခင္း မရွိပါဘူး ခင္ဗ်ားတို႔ကိုဘက္က အမွန္မေျပာခဲ့လို႔သာ ကြၽန္ေတာ္ၿငိတြယ္မိခဲ့တာပါ..


သူတစ္ပါးအိမ္ေထာင္ေရး ၿပိဳကြဲေအာင္လဲ မလုပ္ခဲ့မိပါဘူး ဒါေပမယ့္အဲ့လိုလူေတြက ကြၽန္ေတာ့္ကို ျပစ္မွတ္ထားတက္ၾကပါတယ္ ကြၽန္ေတာ္က ခင္ဗ်ားတို႔အတြက္ လူအျဖစ္ခဲ့ရတာကို..



အသုံးခ်ခံဘဝ မေရာက္ခဲ့ရတာကိုပဲ ခင္ဗ်ားတို႔ကို တကယ္ေက်းဇူးတင္ေနရပါတယ္ ကြၽန္ေတာ့္ဘဝ ဒုတိယမၼိေသျခင္းကေန ကင္းေဝးခဲ့ရပါတယ္..



ကြၽန္ေတာ္ ကာေမသုမိစာၦစာရကံကို အလြန္ေၾကာက္သူပါ ဒါေပမယ့္ ခင္ဗ်ားအေပၚမွာေတာ့ မျပစ္မွားသင့္ဘူးသိေနရက္နဲ႔ ကြၽန္ေတာ္စိတ္နဲ႔ျပစ္မွားခဲ့မိပါတယ္..



ခင္ဗ်ားသိသည္ျဖစ္ေစ မသိသည္ျဖစ္ေစ ကြၽန္ေတာ့္ေၾကာင့္ မိန္းမတစ္ေယာက္ စိတ္နဲ႔အသတ္ခံရမွာကိုေတာ့ ကြၽန္ေတာ္လက္မခံႏိုင္ပါဘူး..



အိမ္ေထာင္တာဝန္ယူေနရတဲ့ မိန္းမတစ္ေယာက္နဲ႔ ကြၽန္ေတာ့္လိုလူမ်ိဳးနဲ႔ကေတာ့ အသက္အ႐ြယ္တူညီေနတာေတာင္ အျပင္ပန္းပုံသဏန္ကြာျခားႏိုင္ပါတယ္ ကြၽန္ေတာ္က ေရေပၚဆီေလဗ်ာ အဲ့ဒီေတာ့ ၾကည့္ေပ်ာ္ရႈေပ်ာ္ေတာ့ ျဖစ္ေနႏိုင္ပါတယ္..



စပါးလုံးတစ္ေထာက္စာ အေရျပားေလးေၾကာင့္ ခင္ဗ်ားတစ္ေယာက္ မိန္းမတစ္ေယာက္ကို စိတ္နဲ႔သတ္မိျခင္းမွ ကင္းေဝးပါေစဗ်ာ။
 

 

No comments: