သံသရာ


                    https://pin.it/2rkIVjr
 


ရည်းစားဦးဇာတ်လမ်းကို ကျွန်တော်နားထောင်တိုင်း ခင်ဗျားဆိုပြခဲ့တာကို သတိရမိပါတယ် ညီ..

 
နာမည်တစ်ခုအနေနဲ့ သုံးလိုက်တာပါ ခင်ဗျားကို တကယ်မငြိတွယ်တော့တာ အသေအချာပါဗျာ..


ခင်ဗျားအပေါ်မှာ အရင်လိုမငြိတွယ်တော့တာ အမှန်ပါ ဒါပေမယ့် ကျွန်တော်ဂျီကျသမျှကို သီးခံပေးခဲ့တဲ့ ခင်ဗျားအပါအဝင် ကျွန်တော်ကို ဂရုစိုက်ပေးခဲ့တဲ့ လူတွေကို ဒီအချိန်မှာ ခဏတော့ သတိရခွင့်ပြုပါ ကျွန်တော် သောက်သည်းကွဲနေလို့ပါ..


မိန်းမတစ်ယောက်အနေနဲ့ အရည်အချင်းမရှိတဲ့ ကျွန်တော်လို့လူမျိုးအတွက် လက်ရှိအခြေအနေက အကောင်းဆုံးလို့ မှတ်ယူထားပါတယ် ဒါပေမယ့် တချို့အတိတ်တွေစီ တဒဂင်္ံတော့ ကျွန်တော်ရောက်ချင်မိသူပါ ကျွန်တော်ပျော်ခဲ့ဘူးတဲ့အချိန်တွေစီ..



သံယောဇဉ် အဲ့ဒီစကားလုံးလှလှလေးကို ကျွန်တော့်စီကနေ တစ်စုံတစ်ယောက် ဒီနှစ်အကုန်အထိ ခဏလောက်သိမ်းထားပေးပါလား လူတစ်ယောက်အပေါ် သံယောဇဉ်ကြီးလွယ်တဲ့ ကျွန်တော့်အတွက် တကယ်ပူလောင်လွန်းလို့ပါဗျာ..



Feel ကောင်းကောင်းနဲ့ feel နေတာ မဟုတ်ပါဘူး blog မှာ မရေးပဲ လက်တွေ့ဘဝမှာ အရင်လိုစိတ်နဲ့ သောက်တလွဲတွေသွားလုပ်နေမိရင် သောက်ပြဿနာတက်ကုန်မှာ စိုးရိမ်လို့ ဒီမှာပဲ feel နေမိတာပါ.. 


သင်ခန်းစာပေါ့ဗျာ တချို့အရာတွေက စဆရကသွားမလုပ်သင့်ပါဘူး မတော်တဆခလုပ်တိုက်မိရင် ကျွန်တော်ပဲ ရင်နာရပါတယ်.. 


နိုင်ငံရေးနဲ့ပတ်သတ်ပြီး ခလုပ်တိုက်မိခဲ့တဲ့ ခင်ဗျားကို တက်နိုင်သမျှမေ့လိုက်ပါတော့မယ် ခင်ဗျား Account တွေကိုလဲ ကျွန်တော့် Wall ပေါ်တက်လာတာကလွဲရင် အရင်လို ဝင်မကြည့်တော့ပါဘူးဗျာ။


#Miss_Again

No comments: