မြေခရွက်ဝါ 2011

 


https://images.app.goo.gl/4w46PAfb9WujyXNh6


မြေခရွက်ဝါ 


အဲ့ဒီ့စကားလုံးကို ခဏခဏ 

သုံးမိပါတယ် 


အသံမထွက်ရင်တောင် 

အသံတိတ်တော့ ရွတ်မိတယ် 


အဲ့လိုပဲ ကျွန်တော့် 

အိမ်မက်တွေ ခဏခဏ 

မြေခခဲ့ရသူပါ..


ဘ၀ဆိုတာ ဒါလားလို့

မမေးရက်ပါဘူး 

ကျွန်တော်က မှားခဲ့တဲ့ကောင်ကို...။


2011 ကရေးထားတဲ့ ကဗျာလေးပါ မနေ့က blog ရေးရင်းနဲ့ လူကမဟန်တော့လို့ အိပ်လိုက်တာ မနေ့ကအတွေးတွေတောင် ဒီနေ့ဝိုးတဝါးဖြစ်နေတယ်..


ခင်ဗျားနဲ့ပတ်သတ်တဲ့ အသိညာဏ်တွေလဲ ဝိုးတဝါးဖြစ်ရင် သိပ်ကောင်းမယ်လို့ ကျွန်တော်အခု တွေးနေမိတယ်..


တချို့ဆုံတွေ့မှုတွေက ဝဋ်ကြွေးပါလားလို့ တစ်ကိုယ်ထဲ တွေးနေမိပြန်တယ်..


အရင်စိတ်နဲ့သာဆိုရင် ခင်ဗျားကိုမြင်နေရတာ ရင်နာလွန်းလို့ ခင်ဗျား Account တွေကို Unfriend လုပ်ပြစ်မှာ သေချာပေမယ့် ကျွန်တော်မလုပ်ရက်ခဲ့ပါဘူး ခင်ဗျားနဲ့ရင်ချင်းမဆက်ပေမယ့် နှောင်တွယ်မိတဲ့ကြိုးက ခိုင်မြဲခဲ့ပါတယ်..


ကျွန်တော် on line ဝင်တိုင်း on line ပေါ်မှာ ခင်ဗျားရှိ၊မရှိသွားကြည့်တက်တဲ့ အကျင့်လေးကိုတော့ မေ့ပြစ်လိုက်ပါပြီ ခင်ဗျား Account စိမ်းနေပေမယ့် ကျွန်တော့်အတွက်မှ မဟုတ်ခဲ့တာ..


အရင်ကတော့ လူတစ်ယောက်ကို ကျွန်တော်ငြိတွယ်မိရင် အဲ့ဒီလူကို ကျွန်တော် အလွန်အမင်း Distrub လုပ်မိပါတယ် ခင်ဗျားကိုတော့ တစ်ကြိမ်တစ်ခါမျှ Distrub မလုပ်ခဲ့ပါဘူး ကျွန်တော် ငြိတွယ်မိထဲက ခင်ဗျားဆိုတာ ကျွန်တော်နဲ့မသက်ဆိုင်မှန်း သိထားခဲ့ပါတယ်..


ဒီနေ့ ခင်ဗျားပုံကို ထပ် save မိတယ် ဖျက်ပြစ်ဖို့လဲ ကျွန်တော်မဖျက်ရက်တော့ သူတစ်ပါးပစ္စည်းကို ခိုးယူမိပြန်ပြီဗျာ..


မဖြစ်နိုင်မှန်းသိထားပေမယ့် ခင်ဗျားနဲ့တွေ့ခွင့်ရရင် ဘာလုပ်မလဲလို့ မေးကြည့်မိတယ် ကျွန်တော်အဖြေက ခင်ဗျားကို ခဏလေးငေးကြည့်ချင်တယ်.. 


ကိုယ်မပိုင်ဆိုင်ရတဲ့ ဘဝတစ်ခုကို ငေးကြည့်ယုံထက် ကျွန်တော်ဘာများတက်နိုင်မှာလဲ။




 





https://images.app.goo.gl/4w46PAfb9WujyXNh6




ေျမခ႐ြက္ဝါ 




အဲ့ဒီ့စကားလုံးကို ခဏခဏ 


သုံးမိပါတယ္ 




အသံမထြက္ရင္ေတာင္ 


အသံတိတ္ေတာ့ ႐ြတ္မိတယ္ 




အဲ့လိုပဲ ကြၽန္ေတာ့္ 


အိမ္မက္ေတြ ခဏခဏ 


ေျမခခဲ့ရသူပါ..




ဘ၀ဆိုတာ ဒါလားလို႔


မေမးရက္ပါဘူး 


ကြၽန္ေတာ္က မွားခဲ့တဲ့ေကာင္ကို...။




2011 ကေရးထားတဲ့ ကဗ်ာေလးပါ မေန႔က blog ေရးရင္းနဲ႔ လူကမဟန္ေတာ့လို႔ အိပ္လိုက္တာ မေန႔ကအေတြးေတြေတာင္ ဒီေန႔ဝိုးတဝါးျဖစ္ေနတယ္..




ခင္ဗ်ားနဲ႔ပတ္သတ္တဲ့ အသိညာဏ္ေတြလဲ ဝိုးတဝါးျဖစ္ရင္ သိပ္ေကာင္းမယ္လို႔ ကြၽန္ေတာ္အခု ေတြးေနမိတယ္..




တခ်ိဳ႕ဆုံေတြ႕မႈေတြက ဝဋ္ေႂကြးပါလားလို႔ တစ္ကိုယ္ထဲ ေတြးေနမိျပန္တယ္..




အရင္စိတ္နဲ႔သာဆိုရင္ ခင္ဗ်ားကိုျမင္ေနရတာ ရင္နာလြန္းလို႔ ခင္ဗ်ား Account ေတြကို Unfriend လုပ္ျပစ္မွာ ေသခ်ာေပမယ့္ ကြၽန္ေတာ္မလုပ္ရက္ခဲ့ပါဘူး ခင္ဗ်ားနဲ႔ရင္ခ်င္းမဆက္ေပမယ့္ ေႏွာင္တြယ္မိတဲ့ႀကိဳးက ခိုင္ၿမဲခဲ့ပါတယ္..




ကြၽန္ေတာ္ on line ဝင္တိုင္း on line ေပၚမွာ ခင္ဗ်ားရွိ၊မရွိသြားၾကည့္တက္တဲ့ အက်င့္ေလးကိုေတာ့ ေမ့ျပစ္လိုက္ပါၿပီ ခင္ဗ်ား Account စိမ္းေနေပမယ့္ ကြၽန္ေတာ့္အတြက္မွ မဟုတ္ခဲ့တာ..




အရင္ကေတာ့ လူတစ္ေယာက္ကို ကြၽန္ေတာ္ၿငိတြယ္မိရင္ အဲ့ဒီလူကို ကြၽန္ေတာ္ အလြန္အမင္း Distrub လုပ္မိပါတယ္ ခင္ဗ်ားကိုေတာ့ တစ္ႀကိမ္တစ္ခါမွ် Distrub မလုပ္ခဲ့ပါဘူး ကြၽန္ေတာ္ ၿငိတြယ္မိထဲက ခင္ဗ်ားဆိုတာ ကြၽန္ေတာ္နဲ႔မသက္ဆိုင္မွန္း သိထားခဲ့ပါတယ္..




ဒီေန႔ ခင္ဗ်ားပုံကို ထပ္ save မိတယ္ ဖ်က္ျပစ္ဖို႔လဲ ကြၽန္ေတာ္မဖ်က္ရက္ေတာ့ သူတစ္ပါးပစၥည္းကို ခိုးယူမိျပန္ၿပီဗ်ာ..




မျဖစ္ႏိုင္မွန္းသိထားေပမယ့္ ခင္ဗ်ားနဲ႔ေတြ႕ခြင့္ရရင္ ဘာလုပ္မလဲလို႔ ေမးၾကည့္မိတယ္ ကြၽန္ေတာ္အေျဖက ခင္ဗ်ားကို ခဏေလးေငးၾကည့္ခ်င္တယ္.. 




ကိုယ္မပိုင္ဆိုင္ရတဲ့ ဘဝတစ္ခုကို ေငးၾကည့္ယုံထက္ ကြၽန္ေတာ္ဘာမ်ားတက္ႏိုင္မွာလဲ။




No comments: