ပထမအရွယ်မှာ ပညာကိုသေချာမရှာခဲ့ဘူး

သာမန်ဘွဲ့တစ်ခု

အဲ့ဒီအတွက့်သူတစ်ပါးထက် ပိုပြီးပင်ပန်းဆင်းရဲခဲ့ရတယ်



ဒုတိယအရွယ်မှာ ဥစ္စာကိုသေချာမရှာခဲ့ဘူး စုဆောင်းထားမယ်ဆိုတဲ့ အသိတရားမရှိခဲ့ဘူး 

အခွင့်အရေးအများကြီးရခဲ့တဲ့ အလုပ်ကိုစွန့်လွှတ်ပြီး လင်တရူးပြီး မြန်မာပြည်ပြန်ခဲ့မိတယ် 

အဲ့ဒီအတွက် အဖေမမာတဲ့အချိန်မှာ သူတစ်ပါးလို သက်တောင့်သက်သာဆေးကုပေးနိုင်ဖို့အတွက် တကယ်ကိုခက်ခဲလွန်းပါတယ်



တကယ်ကိုအတ္တကြီးရမယ့်နေရာမှာ အတ္တမကြီးခဲ့မိလို့ ရင်နာရပါတယ်ဗျာ ငါအင်ဂျင်နီယာဖြစ်ရမယ် ကိုယ်ပိုင်အိမ် ကိုပိုင်ကားနဲ့နေနိုင်ရမယ်ဆိုတဲ့ အတ္တကဘာလို့များ မကြီးခဲ့မိတာလည်းဗျာ



အခုအချိန်မှာအဖေ့အတွက်ဆေးကုပေးဖို့

ငွေမရှိတော့တကယ်ကိုမျက်နှာငယ်ရပါတယ်။



13thJune2024

10:30pm

ရေစက်


 


ရေစက်ရှိလို့ဆုံစည်းခဲ့ကြတယ်

ရေစက်ကုန်ပြန်တော့ကွေကွင်းသွားရတယ်

သူ့အလုပ်သူလုပ်နေတဲ့ကံတရားကို

ယိုးမယ်မဖွဲ့ရက်တော့ပါဘူး..။



လူတစ်ယောက်ကိုချစ်ရတာကလည်း

စိတ်ပင်ပန်းဆင်းရဲရသလို

မုန်းရပြန်တော့လည်းထပ်တူကြရပြန်တယ်



ချစ်ခြင်းမုန်းခြင်းနဲ့ဝေးကွာတဲ့အရပ်မှာ

နေတက်သွားရင်အဆင်ပြေသွားမှာပါ

လောကနိယာမအတိုင်းဖြစ်ပြီးရင်ပျက်ရတာကို

ကြည်ဖြူစွာလက်ခံပေးလိုက်ယုံပါပဲဗျာ



ဘယ်လောက်ပဲစိတ်ပျက်အားငယ်နေပါစေ

ကိုအောင်မျိုးသူလွင်ပြောတဲ့လိပ်ပြာလေးတွေ

ကာယကံမြောက်မေတ္တာမျိုးနဲ့

တချိန်ချိန်မှာလာပြီးနားခိုအုံးမှာပါ။




9thMay2024.

Khin.














ကာယကံမြောက်မေတ္တာ


 



ဒီဘက်နှစ်တွေမှာ ကျွန်တော်ဟာ စိတ်ဒဏ်ရာတချို့ ရခဲ့တယ်။ ကျွန်တော့် မျက်နှာပေါ်ဝဲလာနားတဲ့ လိပ်ပြာလေးတွေကြောင့်သာ ဒီနေ့ဒီစာကို အားယူပြီးရေးနိုင်လာခဲ့တာပါ။ စာရေးတဲ့နှလုံးသားမျိုး ပိုင်ဆိုင်ထားရတဲ့ အားနည်းချက်ကတော့ တချို့ကိစ္စတွေကို ဥပေက္ခာမထားနိုင်ဘဲ နင့်နင့်သည်းသည်း အချိန်အတော်ကြာကြာ ဖြစ်တတ်တာပါပဲ။ တစ်ခါတလေမှာ လူတစ်ယောက်ရဲ့ (အမှတ်တမဲ့ပဲ ဆိုဆို) အပြုအမူလေးတွေဟာ အခြားသူတစ်ယောက်ရဲ့ ဘဝကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိတတ်ပါတယ်။



ကျွန်တော် ဒီအကြောင်းကို အခု ကျွန်တော့်အလုပ်ပတ်ဝန်းကျင်နဲ့ အနီးဆုံးဖြစ်ပြီး ခဏခဏတွေ့ဖြစ်နေတဲ့ စီနီယာအစ်ကို ကိုမြင့်ထွန်းကို တစ်ရက်က တစ်စွန်းတစ်စ ပြောပြတော့ သူ လက်မခံပါဘူး။ ဒါနဲ့ နောက်ထပ် ကျွန်တော် ပြောပြချင်တဲ့ လိပ်ပြာပိုင်ရှင်တစ်ယောက်ကိုလည်း ဒီစာလေးနဲ့ပဲ နည်းနည်း ပြောပြ ရှင်းပြချင်စိတ်ဖြစ်မိတယ်။ ကမ္ဘာကျော်အဆိုတော် မိုင်းလီဆိုင်းရပ် က Flowers သီချင်းနဲ့ ဂရမ်မီဆုရတော့ စင်မြင့်ပေါ်ကနေ ပရိတ်သတ်ကို ပုံပြင်လေးတစ်ပုဒ်ပြောပါတယ်။ ကျွန်တော်မှတ်မိသလောက် သူ့ပုံပြင်လေးက

ကောင်လေးတစ်ယောက်ဟာ ဟိုဟို ဒီဒီ လှလှပပလေးတွေ လူးလာကူးပျံနေတဲ့ လိပ်ပြာလေးတွေ လိုချင်သတဲ့။ ဒါနဲ့ သူ့အမေက သူ့မွေးနေ့မှာ လိပ်ပြာဖမ်းတဲ့ ပိုက်ကွန်လေး ပေးလိုက်တယ်။ မျက်စိထဲ မြင်အောင်ပြောရရင် ရေစစ်လိုဟာကို အရိုးရှည်တပ်ထားတာမျိုးမှာ ရေစစ်အဝတ်နေရာမှာ ပိုက်ကွန်လေး ပါတဲ့ဟာပေါ့။



ကောင်လေးက အဲဒီလိပ်ပြာဖမ်းတဲ့ဟာလေးကိုင်ပြီး ဟိုရမ်း ဒီရမ်းလုပ်ကာ ကွင်းပြင်အနှံ့ လိပ်ပြာတွေ အပြေးလိုက်ဖမ်းတယ်။ သူသာ မောသွားတယ် လိပ်ပြာတော့ တစ်ကောင်မှ မမိဘူးတဲ့။ ဒါနဲ့ ကောင်လေးလည်း အားပျက်လက်လျှော့ပြီး မောမောနဲ့ မြေကြီးပေါ် ပက်လက်လှန်လှဲကာ အမောဖြေနေတော့ လိပ်ပြာလေးတစ်ကောင် သူ့နှာသီးဖျားလေးပေါ် လာနားပါရော တဲ့။



မိုင်းလီဆိုင်းရပ်က ပြောတယ်။ အခု ဂရမ်မီဆုရသွားတဲ့ Flowers သီချင်းဟာ သူ့နှာသီးဖျားပေါ် အမှတ်တမဲ့လာနားတဲ့ လိပ်ပြာလေးပါပဲ တဲ့။ အနှစ်နှစ် အလလက သူ အမျိုးမျိုး လိုက်ဖမ်းနေခဲ့တာ ပေါ့ဗျာ။ ဒီစာမှာ ကျွန်တော့်စိတ်ကို အနည်းငယ်ရှင်းပြဖို့ ပေါ်လွင်စေချင်လို့ ကိစ္စလေးတစ်ခု ထည့်ရေးပါရစေ။ 



တစ်ရက်မှာ ကျွန်တော်နဲ့ ဘော်ဒါဘော်ကျွတ်ကြီး ကိုစည်သူဝင်း တို့ ဆိုင်မှာတွေ့ကြတော့ ကျွန်တော်က ဂနာမငြိမ်ပါဘူး။ ဖုန်းခဏခဏ ဆက်ပြီး ပစ္စည်းတစ်ခု ရောင်းဖို့ လုပ်နေမိပါတယ်။ ပစ္စည်းက အတော်နဲ့ ရောင်းမထွက်ပါဘူး။ ကျွန်တော် ပိုက်ဆံအရေးတကြီးလိုပါတယ်။ ကျွန်တော့်သူငယ်ချင်းရဲ့ သမီးလေး မျက်စိခွဲမယ့်နေ့မို့ပါ။ သူငယ်ချင်းက ကျွန်တော့်ကို ပိုက်ဆံအကူအညီ မတောင်းပါဘူး။ ဒါပေမယ့် ကျွန်တော့်စိတ်မှာ ကျွန်တော်တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ဒါ ကျွန်တော့် ခံစားချက်ပါ။ (သူများတွေလည်း ကျွန်တော်လို လိုက်ခံစားသင့်တယ်လို့ မရည်ညွှန်းပါဘူး ခင်ဗျာ။) အဲဒီတုန်းက ကျွန်တော့်မှာပိုက်ဆံမရှိလို့ ငွေပေါ်မယ့် ပစ္စည်းလေးရောင်းပြီး သူငယ်ချင်းကို ကူလိုက်နိုင်ပါတယ်။ ဒါကို အမှတ်တမဲ့မြင် သတိထားမိသွားတဲ့ ကိုစည်သူဝင်းက နောင်အခါ ဒီဖြစ်ရပ်ကို ပြန်ပြန်ပြောပြီး တခုတ်တရ ချီးကျူးတတ်လို့ ကျွန်တော်လည်း သတိတရ မှတ်မိနေပါတယ်။ ကိုယ့်ဂုဏ်ကိုယ် ဖော်ချင်တာ မဟုတ်ရပါ ခင်ဗျာ။ အဲဒီစိတ်မျိုးဟာ တစ်ခါတရံမှာ အနာတရ ဖြစ်စေတတ်တာကို ရေးပြချင်လို့ပါ။ အခု ဆက်ရေးပြမယ့် ကိစ္စတွေဟာ စောစောက မျက်စိခွဲတဲ့ကလေးလေးရဲ့ ဖခင် ကျွန်တော့်မိတ်ဆွေနဲ့ ဘာမှ ပတ်သက်မှုမရှိတဲ့ သီးခြားဖြစ်ရပ်တွေပါ။



ဖြစ်ရပ်အစမှာ သူငယ်တန်းကျောင်းသူ ကျွန်တော့်သမီးလေးကို ဆိုင်ကယ်တစ်စီးက ဖြတ်တိုက်ပစ်လိုက်ပါတယ်။ အွတ်ခနဲ့ လဲထွက်သွားတဲ့ ကျွန်တော့်သမီးငယ်လေးရဲ့ ခေါင်းမှာ တစ်လက်မပတ်လည်လောက် ဖုသီးကြီး ဖီးထွက်လာပါတယ်။ သူ့အမေဆိုတာ ခြေတွေလက်တွေ သွေးတွေပေနေတဲ့ ကျွန်တော်တို့ရဲ့ သမီးလေးကို ဖက်ပြီး ခေတ္တခဏတော့ ရူးမလို နှမ်းမလိုဖြစ်သွားပါတယ်။ ဖြစ်တဲ့နေရာက မန္တလေးနဲ့ မိုင် ၃၀ ကျော်လောက် ဝေးတာမို့ ကျွန်တော့်သမီးနဲ့ ဇနီးကို ကားပေါ်တင်ပြီး တတ်နိုင်သမျှ စိတ်ကိုတည်တံ့အောင် ထိန်းကာ ကားမောင်းရင်း ခေါင်းမီးတောက်အောင် စဉ်းစားရပါတယ်။



 ကျွန်တော်က ကျန်းမာရေးလောကသားပါ။ အဲဒီကာလ စီဒီအမ်တွေ နိုင်ငံရေးတွေနဲ့မို့ ဆေးရုံကြီးလည်း ပိတ်သလိုဖြစ်ပြီး ဆရာဝန်ကြီးတွေ တိုးတိုးသား ဆေးခန်းဖွင့်ကြတာမို့၊

နာမည်ကြီး ပုဂ္ဂလိကဆေးရုံကြီးတစ်ခုမှာ လုပ်နေတဲ့ ကျွန်တော့်သူငယ်ချင်းကို

ငါ့သမီးလေး ဒီလိုဖြစ်လို့ကွာ။ ဦးနှောက်နဲ့ အာရုံကြောဆရာဝန်ကြီး ဘယ်နားလေးဆေးခန်းထိုင်လဲ၊ မင်းတို့ဆေးရုံမှာ လာထိုင်လား မေးပေးစမ်းပါ။ ငါအခု ကားမောင်းပြီး မန္တလေးလာနေတာ။ မန္တလေးရောက်ရောက်ချင်း ငါ့ကလေးလေးကို ဆရာဝန်ကြီးနဲ့ တန်းပြချင်လို့ပါ။

ဒါက ဖုန်းတစ်ကောပါ။



နောက်ပြီးတော့ ဆရာဝန်ကြီး ကြည့်ပြီးတဲ့အခါ စီတီစကန်တို့ အမ်အာအိုင်တို့လို ဓာတ်မှန်ရိုက်ဖို့ ဆေးရုံတက်ဖို့ အရေးပေါ်တစ်ခုခု လုပ်ဖို့ လိုအပ်လာခဲ့ရင် သွက်သွက်လက်လက် ချက်ချက်ချာချာ မေးနိုင်ပြောနိုင်တဲ့သူတစ်ယောက်က ကူရင် ပိုပြီး ခရီးတွင်မှာ သိတဲ့ ကျွန်တော်က သူငယ်ချင်းနောက်တစ်ယောက်ဆီလည်း ဖုန်းခေါ်ဖြစ်ပါတယ်။ ငါ့သမီးလေးတော့ ဒီလိုဖြစ်သွားတယ်ကွာ။ ငါအခု မန္တလေးလာနေတာ။ ဆေးရုံရှေ့ကနေ မင်းငါ့ကို စောင့်နေပေးပါလား။ ဒါက ဒုတိယ ဖုန်းတစ်ကောပါ။ နှစ်ယောက်စလုံး မြို့ထဲနေတဲ့ သူတွေပါ။



လူတစ်ယောက်က လူတစ်ယောက်ကို မကူညီဖြစ်တဲ့အကြောင်းမှာ အကျိုးအပြစ် ဆွေးနွေးဖို့ ဒီနေရာမှာ မရည်ရွယ်ပါဘူး။ ကျွန်တော် ကားမောင်းနေရင်းပဲ ပထမဖုန်းတစ်ကောဆီက အကြောင်းပြန်လာတယ်။



“ဆေးရုံရောက်ရင် ရစက်ရှင် (Reception) မှာ ဝင်မေးလိုက် သူငယ်ချင်း။ ဆရာဝန်ကြီး ဘယ်မှာ ရှိလဲ သူတို့မေးပေးလိမ့်မယ်” တဲ့။ ကျွန်တော်က ၁၅ နှစ်ကျော်လောက် ဆေးရုံဆေးခန်းတွေမှာ ဖြတ်သန်းလာတာ ခင်ဗျာ။ “ရစက်ရှင်မှာ ဝင်မေးလိုက်” ဆိုတဲ့ စကားရဲ့ ရက်စက်မှုအတိမ်အနက်ကို ချက်ချင်းခံစားမိပါတယ်။ ပြီးတော့ ဒုတိယဖုန်းခေါ်မိတဲ့ သူငယ်ချင်းလည်း ဆေးရုံရှေ့မှာ ကျွန်တော် ယုံကြည်မျှော်လင့်သလို ရှိမနေ ရောက်မလာခဲ့ဘူး။ စောစောက ပြောခဲ့တာလို- အခု ပြောချင်တာ လူတစ်ယောက်က တစ်ယောက်ကို မကူညီတဲ့အကြောင်းမှာ အကျိုးအပြစ် ဆွေးနွေးဖို့ မဟုတ်ပါဘူး။ ဘဝရဲ့ တိုင်မင် မကိုက်တဲ့ ကိစ္စလေးတွေပေါ့ ခင်ဗျာ။ အဲဒီ တဒင်္ဂ သူတို့ရဲ့ စိတ်တိုင်မင်မှာ ကျွန်တော့်ကလေးလေးရဲ့ ကိစ္စဟာ နေရာက ထလာချင်လောက်အောင်ထိ ရှိမသွားတာလည်း ဖြစ်မှာပေါ့။



ဒါပေမယ့် ဒီနေရာမှာ ကျွန်တော့် ပင်ကိုယ်စိတ်ရင်း ခံစားချက်ဟာ ကျွန်တော့်ကို အင်မတန်နာကျင်စေပါတယ်။

တကယ်လို့ (မပြောကောင်း ပြောကောင်း) သူတို့သာ ကျွန်တော့်လိုအဖြစ်မျိုး ကြုံရလို့ ကျွန်တော့်ဆီဖုန်းဆက်တာ ဆိုခဲ့ရင် လုပ်လက်စ အရာရာကို ပစ်ချပြီး မိုင် ၃၀၀၊ ၄၀၀ လည်း ကားမောင်းပြေးသွားမိမှာ ကိုယ့်ကိုယ်ကိုယ် သေချာသိတဲ့ ကျွန်တော့်စိတ်ဟာ အဲဒီမှာ ကျွန်တော့်ကို အတော်နာကျင်စေပါတယ်။



ပြီးတော့ ဆရာဝန်မကြီးကလည်း- ကျွန်တော်တို့ ရဲမတိုင်ပါဘူး။ အမှုလည်း မလုပ်ပါဘူး ဆိုတာတောင် “ဒီ(မှုခင်းနဲ့ စပ်တဲ့) ပြဿနာအရှုပ်ထုပ်မျိုးကို ဘာလို့ ငါ့ဆေးခန်းထဲ ခေါ်သွင်းခဲ့တာလဲ” ဆိုပြီး ဆေးခန်းအကူကို အော်ကာငေါက်ကာ ကျွန်တော့်ကလေးလေးကို ကိုင်တောင် မကြည့်ပါဘူး။ အခိုင်အမာလို့ မှတ်ယူထားတဲ့ မဟာပထဝီမြေကြီးက တော်လည်းသံကြီးဟီးပြီး လှုပ်ပြတဲ့အခါ ထောက်တည်ရာ မရတော့သလိုမျိုး ကျွန်တော့်စိတ်ဟာ တုန်လှုပ်ရပါတယ်။ ရတနာသုံးပါးကျေးဇူးနဲ့ ကျွန်တော့်သမီးလေးရဲ့ ဒဏ်ရာတွေဟာ အပေါ်ယံသာဖြစ်ခဲ့ပြီး မကြာခင် ပြန်ကောင်းသွားခဲ့ပါတယ်။ ကျွန်တော့်စိတ်မှာတော့ အဲဒီ ကိစ္စဟာ အခုထိ နာတုန်းပဲ။ ဒီလိုပဲ ဒီကာလထဲ ဖြစ်ခဲ့တဲ့ စိတ်နာစရာ ကိစ္စတွေမယ် ဒီတစ်ခုပဲ နည်းနည်းရေးပြလို့ သင့်လို့ နမူနာရေးပြတာပါ။



တချို့တွေ ပြောကြသလို ကျွန်တော်က တစ်ခုခုဆို အစွဲကြီးလွန်းတာလည်း ဖြစ်မှာပေါ့။ စာရေးတဲ့ နှလုံးသားဟာ ဒီလိုပါပဲ။ ဘဝကို ဖဲကစားသလို အထက်အိမ် အောက်အိမ် ပစ်ဖဲ၊ ခေါ်ဖဲတွေ ကြည့်ပြီး တွက်ချက် မကစားလိုဘူး။ ချိန်းထားပြီးမှ မိုးရွာလို့မလာဘူးဆိုတာကို အခုထိ နားလည်မပေးတတ်သေးဘူး။ ဒါပေမယ့် မတတ်သာလို့ ခွင့်လွတ်ပေးလိုက်ရတာတွေ အများကြီးပါပဲ။ အ တယ်လို့ မကြာခဏ အသမုတ်ခံရတဲ့ လူတစ်ယောက်ပါ။ ထားပါတော့။ ဒီထက် တမ်ပိုမြင့်တာတွေ ဆက်ရေးပြဖို့ထက်



မေတ္တာဟာ ကာယကံမြောက်မှ ထိရောက်တယ်လို့ နာဖူးကြားဖူး လက်ခံယုံကြည်တဲ့ ကျွန်တော်ဟာ ကိုယ်ပေးနိုင်သမျှ မေတ္တာတွေမှာ ကာယကံမြောက်ဖြစ်ဖို့ အမြဲဂရုထားပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်ရယ်မသိ အဲဒီလိုထားတဲ့စိတ်ဟာလည်း ကိုယ်ချစ်ရတဲ့သူတွေဆီက အတုံ့အလှည့်ကို ငံ့မိတဲ့အခါမျိုးမှာ နာကျင်ရတဲ့ အရင်းအမြစ်တစ်ခု ဖြစ်တတ်သေးကြောင်း သတိထားမိလာတဲ့ ကျွန်တော်ဟာ လိပ်ပြာဖမ်းတဲ့ ကလေးလေးလို မောမောနဲ့ မြေကြီးပေါ် လှဲအိပ်နေမိပါတော့တယ်။ ဒါဟာ ဒီဖက်နှစ်ထဲ ကျွန်တော့်ရဲ့ ဘဝဖြတ်သန်းရပုံပါပဲ။ ဒီလိုနဲ့ပဲ မိုးရွာကြီးထဲလည်း ချိန်းထားမိပြီးရင် လာမှာပဲ ဆိုတဲ့ လူတစ်ယောက်နဲ့ တွေ့တယ်။ အဲဒါ ကျွန်တော် ဒီစာအစမှာ ရေးပြခဲ့တဲ့ စီနီယာအစ်ကို ကိုမြင့်ထွန်းပါ။ သူနဲ့ ကျွန်တော် သိခဲ့တာ ၂၀၀၈ ခုနှစ်လောက်ကတည်းက ဆိုပေမယ့် စကားများများ မပြောဖြစ်ခဲ့ကြဘူး။ ဒီနှစ်ထဲမှာ သူကျွန်တော့်ကို အကူအညီတချို့ပေးခဲ့တယ်။ တစ်ခါတလေမှာ လူတစ်ယောက်ရဲ့ (အမှတ်တမဲ့ပဲ ဆိုဆို) အပြုအမူလေးတွေဟာ အခြားသူတစ်ယောက်ရဲ့ ဘဝကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိတတ်ပါတယ်။ အဲဒီ ကာယကံမေတ္တာဟာ ကျွန်တော့် နှာသီးဖျားပေါ် လာနားတဲ့လိပ်ပြာလေးပါပဲ။ ဒါဟာ ကျွန်တော့်အတွက်ကျ လက်ရှိခံစားချက်အရ သိပ်ကို ကြီးတဲ့ စိတ်ခံစားမှုဖြစ်တယ်။ ဒါနဲ့ ကိုမြင့်ထွန်းကို တစ်ခါတော့ ကျွန်တော်က အမှတ်တမဲ့ ပြောမိတယ်။



“အစ်ကို၊ ခင်ဗျားက ကျွန်တော့်အပေါ် ကျေးဇူးရှိတယ်” လို့။ ကိုမြင့်ထွန်းကတော့ သူ့စရိုက်အတိုင်းပဲ စကားကို တိုတိုတုတ်တုတ်နဲ့ သူခံစားသလို ပြန်ပြောတယ်။ “မဟုတ်ပါဘူး။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပေါ့။ အဲလောက်ထိ ပြောစရာ မလိုပါဘူး” တဲ့။ ဒီလူက ဒါမျိုးပြောရင် သူတကယ် လက်မခံလို့ ငြင်းတာမို့ ကျွန်တော်က ကျွန်တော့်ခံစားချက် အစစ်အမှန်ပေမယ့် ဆက်တိုး မပြောဖြစ်တော့ဘူး။ နောက်ပြီး ကိုမြင့်ထွန်းလိုပဲ



“ကိုအောင်မျိုးသူလွင်ရေ… အလုပ်လုပ်နေရင်း တစ်ခုခု အဆင်မပြေတာရှိရင် တီချယ့်ဆီ ဘယ်အချိန်ဖြစ်ဖြစ် ဖုန်းဆက်မေးပါနော်” လို့ အမြဲမှာတတ်တဲ့ ကုတင် ၃၀၀ ဆေးရုံက ကျွန်တော့်ဆရာမ ဒေါ်မြတ်ဇင်မာချိုကလည်း သူ့အနေနဲ့ အမှတ်တမဲ့ပဲ ဖြစ်ဖြစ် ဒီရက်တွေထဲ ပေးတဲ့ ကာယကံမေတ္တာလေးတွေဟာ ကျွန်တော့်ကို ဘယ်လောက်ထိ ဆေးဖြစ်စေတဲ့အကြောင်း ပြောရင် ငြင်းမယ်ထင်ပါရဲ့။ ဒါနဲ့ပဲ ဒီစာကို ကျွန်တော်ရေးမိတာပါ။



မောမောနဲ့ မြေကြီးမှာ လှဲနေတော့မှ လိပ်ပြာလေး မျက်နှာပေါ် လာနားတာခံရတဲ့ မိုင်းလီဆိုင်းရပ်ပြောပြတဲ့ ပုံပြင်ထဲက ကောင်လေးရဲ့ စိတ်ခံစားချက်မျိုးနဲ့ပေါ့။ ဒါပေမယ့် ဒီစာကတော့ ကလေးအိုတစ်ကောင် အမောပြေလို့ ရေးမိတဲ့စာပါ။



အောင်မျိုးသူလွင်
၃၀၊၀၅၊၂၀၂၄
ကြာသပတေး

https://www.facebook.com/share/p/hTXXUToYnW9Y4Vvr/?mibextid=oFDknk




ဒီဘက်နှစ်တွေမှာ ကျွန်တော်ဟာ စိတ်ဒဏ်ရာတချို့ ရခဲ့တယ်။ စာရေးတဲ့နှလုံးသားမျိုး ပိုင်ဆိုင်ထားရတဲ့ အားနည်းချက်ကတော့ တချို့ကိစ္စတွေကို ဥပေက္ခာမထားနိုင်ဘဲ နင့်နင့်သည်းသည်း အချိန်အတော်ကြာကြာ ဖြစ်တတ်တာပါပဲ။ တစ်ခါတလေမှာ လူတစ်ယောက်ရဲ့ (အမှတ်တမဲ့ပဲ ဆိုဆို) အပြုအမူလေးတွေဟာ အခြားသူတစ်ယောက်ရဲ့ ဘဝကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိတတ်ပါတယ်။




တချို့တွေ ပြောကြသလို ကျွန်တော်က တစ်ခုခုဆို အစွဲကြီးလွန်းတာလည်း ဖြစ်မှာပေါ့။ စာရေးတဲ့ နှလုံးသားဟာ ဒီလိုပါပဲ။ ဘဝကို ဖဲကစားသလို အထက်အိမ် အောက်အိမ် ပစ်ဖဲ၊ ခေါ်ဖဲတွေ ကြည့်ပြီး တွက်ချက် မကစားလိုဘူး။ ချိန်းထားပြီးမှ မိုးရွာလို့မလာဘူးဆိုတာကို အခုထိ နားလည်မပေးတတ်သေးဘူး။




မေတ္တာဟာ ကာယကံမြောက်မှ ထိရောက်တယ်လို့ နာဖူးကြားဖူး လက်ခံယုံကြည်တဲ့ ကျွန်တော်ဟာ ကိုယ်ပေးနိုင်သမျှ မေတ္တာတွေမှာ ကာယကံမြောက်ဖြစ်ဖို့ အမြဲဂရုထားပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်ရယ်မသိ အဲဒီလိုထားတဲ့စိတ်ဟာလည်း ကိုယ်ချစ်ရတဲ့သူတွေဆီက အတုံ့အလှည့်ကို ငံ့မိတဲ့အခါမျိုးမှာ နာကျင်ရတဲ့ အရင်းအမြစ်တစ်ခု ဖြစ်တတ်သေးကြောင်း သတိထားမိလာတဲ့ ကျွန်တော်ဟာ လိပ်ပြာဖမ်းတဲ့ ကလေးလေးလို မောမောနဲ့ မြေကြီးပေါ် လှဲအိပ်နေမိပါတော့တယ်။ ဒါဟာ ဒီဖက်နှစ်ထဲ ကျွန်တော့်ရဲ့ ဘဝဖြတ်သန်းရပုံပါပဲ။




တစ်ခါတလေမှာ လူတစ်ယောက်ရဲ့ (အမှတ်တမဲ့ပဲ ဆိုဆို) အပြုအမူလေးတွေဟာ အခြားသူတစ်ယောက်ရဲ့ ဘဝကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိတတ်ပါတယ်။ အဲဒီ ကာယကံမေတ္တာဟာ ကျွန်တော့် နှာသီးဖျားပေါ် လာနားတဲ့လိပ်ပြာလေးပါပဲ။ ဒါဟာ ကျွန်တော့်အတွက်ကျ လက်ရှိခံစားချက်အရ သိပ်ကို ကြီးတဲ့ စိတ်ခံစားမှုဖြစ်တယ်။





မိုင်လီဆိုင်းရပ်ရဲ့ လိပ်ပြာကတော့ ကျွန်တော်နဲ့အတော်လေးအလှမ်းဝေးပေမယ့် ကိုအောင်မျိုးသူလွင်ရဲ့လိပ်ပြာကတော့ အတော်လေးနီးစပ်ပါတယ် ကျွန်တော့်နှာသီးဖျားမှာတကူးတကလာနားစေချင်တဲ့ လိပ်ပြာမျိုးပါပဲ။




နိမ့်ကျတဲ့အချိန်မှာတက်နင်းသွားတဲ့သူမျိုး ရှောင်သွေသွားတဲ့သူမျိုးတွေထက် လက်ကမ်းပေးခဲ့တဲ့သူမျိုးတွေကိုပဲ ကျွန်တော်တခုတ်တရ မှတ်သားထားပါတယ်။ 

သူခမျာအပူမီးတောက်နေတာတောင် အဆင်မပြေမှန်းသိလို့ တကူးတက အားပေးစကားပြောပေးတဲ့ညီမငယ် 

အလုပ်တစ်ဖက်နဲ့တောင် ဆေးရုံပြဖို့လိုက်ခဲ့ပေးမယ်

ပြောပေးတဲ့အစ်မ 

နှစ်အတော်ကြာကြာမတွေ့မိတာတောင် ဆေးရုံပြတဲ့ရက်တိုင်းတကူးတကကူညီပေးတဲ့အစ်ကို 

အမေနေမကောင်းနေတာတောင် အလုပ်အင်တာဗျုးသွားဖို့ ကူညီပေးပြီး တကူးတကထမင်းကျွေးတဲ့အစ်မ 

သူ့ညီမအဆင်မပြေလို့ အလုပ်မျိုးစုံရှာပေးရင်းနဲ့ လက်ဖက်ရည်တိုက်တဲ့အစ်ကို 

အဲ့လိုလူမျိုးတွေက နှာသီးဖျားမှာတကူးတကလာနားပေးတဲ့ လိပ်ပြာတွေပါပဲ တကယ့်ကိုအများကြီးကျေးဇူးတင်ပါတယ်




ကျွန်တော်ကတော့ တောင်သာနေတဲ့အချိန်မျိုးမှာ လာနားတက်တဲ့လိပ်ပြာမျိုးထက် နိမ့်ပါးနေတဲ့အချိန်မှာ တဒင်္ဂလေးဖြစ်ဖြစ် လာနားတက်တဲ့လိပ်ပြာမျိုးကို တကယ်ကိုလိုအပ်တဲ့သူပါ ကျွန်တော်က အတ္တကြီးတဲ့လူတစ်ယောက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ဒါပေမယ့် အတ္တနည်းတယ်ဆိုတဲ့ တချို့လူတွေလောက်တော့ ကာယကံမြောက်မေတ္တာတရား မခေါင်းပါးခဲ့ပါဘူး




အရင်ကတော့ ငါ့ကျမှဖြစ်ရလေလို့ ရင်နာခဲ့ရပေမယ့် အခုကျတော့ ငါမို့လို့ဖြစ်တာဆိုတာကို ကောင်းကောင်းကြီးလက်ခံလိုက်ပါတယ်




လူတွေအပေါ် အရင်လိုကာယကံမြောက် မေတ္တာတရားမပေးနိုင်တော့ရင်တောင် တစ်ဖက်သားနိမ့်ပါးနေတဲ့အချိန်မှာ လာနားပေးမယ့် လိပ်ပြာလိုလူမျိုးအဖြစ်ပဲ ရှင်သန်ပါတော့မယ်။



Khin


ဗလာ။

 




မေလ ကျွန်တော်မှတ်မိသလောက်ကတော့ ကျွန်တော်အတွက် အဆိုးဆုံးအချိန်တွေက ဒီလမှာပဲဖြစ်တာများပါတယ် အမှန်ကတော့သက်မဲ့လတစ်ခုက သက်ရှိလူတစ်ယောက်အတွက် ဘယ်လိုဥပါဒ်မျှပေးလို့မရပါဘူးဗျာ။



စိတ်ဓါတ်အတော်လေးကျနေတယ် အရင်ရက်ပိုင်းက အဖန်ငါးရာငါးကမ္ဘာကြီးမှာကျင်လည်ရမှာ သဘောမကျပေမယ့် သတ်သေဖို့တွေးမိပါတယ် အမှန်ကလူဖြစ်ရတာ ကျွန်တော်လိုလူမျိုးအတွက် လူ့ဘဝရလာတာမတန်လို့ပါဗျာ ဆန်ကုန်မြေလေးဖြစ်သလိုပဲခံစားမိလို့ပါ



ဒါပေမယ့်  သက်သေတဲ့နည်းလမ်းတစ်ခုမျှကိုစိတ်တိုင်းမကျဘူး ဆေးသောက်သေဖို့ကျတော့လည်း ဆေးငါးလုံးလောက်တပြိုင်နက်သောက်ရင်တောင် ပြန်အန်နေတာ ဆေးသောက်သေဖို့ကလည်း မလွယ်ကူ



လူသူကင်းမဲ့တဲ့နေရာမှာ လက်ကောက်ဝတ်လှီးဖို့ကျတော့လည်း ဘလိတ်ဓါးနဲ့ကိုယ့်အသားကိုယ် သွေးကြောပြတ်တဲ့အထိ ပြန်လှီးဖို့ကလည်းမလွယ်ကူဘူးလေ သွေးကြောမပြတ်မချင်း သွေးအများကြီးမြင်ရရင်လည်း လူကအဆင်ပြေမှာမဟုတ်ဘူး



လူမနေတော့တဲ့တိုက်ပေါ်ကခုန်ချဖို့ကလည်း အောက်ရောက်လို့တစ်ခါတည်းသေသွားရင် ကိစ္စပြတ်နိုင်ပေမယ့် မသေဘဲဒုက္ခိတဖြစ်ရင် မိသားစုကိုဝန်ပိစေမယ် စိတ်ညစ်လို့သတ်သေတယ်ဆိုပေမယ့်လည်း သေခါနီးအချိန်မှာ ဘယ်သူမျှဒုက္ခမပေးဘဲ စိတ်အေးချမ်းသာစွာနဲ့သာ ထွက်သွားချင်တာကျွန်တော့်ဆန္ဒပါ



ကျွန်တော်သဘောကျတာက ရေထဲခုန်ချဖို့ပါပဲ ရေမွန်းပေမယ့် အဲ့ဒီရေထဲမှာအသက်ရှုရပ်သွားရတာကို သဘောကျမိပါတယ် ဘာအတွေးမျှမရှိတော့ဘဲ ရေထဲကိုတဖြည်းဖြည်းနစ်မြုပ်သွားရတာက အတော်လေးကိုကျေနပ်ဖို့ကောင်းပါတယ် ကျွန်တော်ကရေကိုအရမ်းနှစ်သက်တဲ့သူကိုဗျ 



ရေထဲခုန်ချဖို့ကျပြန်တော့ ရန်ကုန်လိုနေရာမျိုးမှာ လူပြတ်တဲ့မြစ်နားကမ်းပါးဆိပ်ကမ်းကမရှိတော့ ကိုယ်မသေခင် ခုန်ချတာတွေ့လိုက်မိလို့ ဆင်းကယ်မယ့် သူတစ်ဖက်သားအတွက်ကိုလည်း စိုးရိမ်ရပြန်တယ်



ရေထဲခုန်ချတဲ့ကျွန်တော်မသေဘဲ အခန့်မသင့်လို့ ကယ်တဲ့သူသေသွားခဲ့ရင်လွဲပါစေဖယ်ပါစေ တစ်ဘဝလုံးငါကြောင့်ဖြစ်ရလေဆိုတဲ့ အဲ့ဒီစိတ်ကြီးနဲ့အသက်ရှင်သွားရမှာ တကယ်ကိုစိတ်ပင်ပန်းရပါတယ်ဗျာ အဲ့ဒီတော့စိတ်ကူးနဲ့တင် သတ်သေဖို့နည်းလမ်းကအဆင်မပြေတော့ လက်တွေ့မှာအထမမြောက်တော့ဘူးပေါ့ဗျာ



အဲ့ဒါလည်း ဘုရားကျေးဇူးပါ ဘုရားတရားကို အခုလက်ရှိအချိန်မှာ တကယ်တမ်း တစိုက်မက်မက်မလုပ်ခဲ့ပေမယ့် အရင့်အရင်ကလုပ်ခဲ့ဘူးတဲ့ ကုသိုလ်အရှိန်လေးက လက်ရှိအချိန်မှာ ဝင်ကယ်သွားတာပါ အဖန်ငါးရာငါးကမ္ဘာကနေ ဒီတစ်ချိန်တော့လွတ်မြောက်ပြန်ပြီပေါ့ဗျာ



ကျွန်တော်တစ်ယောက် ဘုရားတရားကိုတော့ တစိုက်မက်မက်လုပ်မှဖြစ်ပါတော့မယ် ဒီသုံးလအတွင်းမှာ ကြာလာလေ လူတွေနဲ့အလှမ်းဝေးပြီးကင်းကွာလာပါတယ် အရင်ထက်ပိုပြီး တစ်ယောက်တည်းသီးသန့်နေမိပါတယ် ကျွန်တော်ကဘဝအတွက်ရှင်သန်နေရတာမဟုတ်ဘဲ ဘဝကကျွန်​ေတာ့်ကို ဗဟိုပြုပြီးလည်ပတ်နေရသလို ပြောင်းပြန်ဖြစ်သွားတယ် 



အခုအချိန်မှာအလုပ်ရဖို့ ပိုက်ဆံရှာဖို့ကအရေးကြီးနေတယ် ခေါင်းထဲမှာရှုပ်ပွနေပေမယ့် ဘာတစ်ခုမှကို လက်ခံမပေးနိုင်သေးပါဘူး နောင်လည်းစိတ်ပင်ပန်းမယ့် သံယောဇဥ်၊မိသားစုအရာအားလုံးကို ဘယ်လိုအကြောင်းနဲ့မျှ လက်ခံမပေးတော့ပါဘူး မျက်စိနှစ်လုံးပွင့်ရင် ငါဘာလုပ်ရမလဲဆိုတဲ့အတွေးနဲ့တင် လူကစိတ်မောလူမောဖြစ်ရပြီး

တကယ်ကိုအားငယ်မိပါတယ် ကျွန်တော်ကိုယ်က အရာရာပျော့ညံ့လွန်းပါတယ်ဗျာ 



တချို့လူတွေကို တကယ်ကိုအားကျမိပါတယ် ဘယ်လိုပဲလောကဓံကထိုးနှက်ပါစေ လဲကျသွားပေမယ့်လည်း ပြန်ထနိုင်ဖို့အတွက် စိတ်ဓါတ်ခိုင်မာကြပါတယ် အဲ့လိုလူမျိုးတွေအတွက် လူ့ဘဝရလာတာက တကယ်ကိုမွန်မြတ်လွန်းပါတယ်။




ဝဋ်ကြွေးပါလာခဲ့လို့ ရေစက်ဆုံရသလို

ဝဋ်ကြွေးပါလာခဲ့လို့ မိသားစုဖြစ်လာရတာပါ

အဲ့ဒီ့ဝဋ်ကြွေးတွေအကုန်လုံး

ဒီဘဝမှာတင်ကြေပါစေလို့ ဆုတောင်းပါတယ်ဗျာ။

Gone.







အရမ်းကြီးဝမ်းနည်းပြမနေတော့ပါဘူးဗျာ
ခင်ဗျားကို ကျွန်တော်တကယ်ကိုမုန်းလိုက်ပါပြီ။


တချို့ဆုံတွေ့မှုတွေက ရေစက်ပါလာလို့ဖြစ်လာသလို
တချို့တွေ့ဆုံမှုတွေက ဝဋ်ကြွေးပါလာလို့ဖြစ်လာတာပါ
ကျွန်တော်လည်း ခင်ဗျားကိုတွေ့ခွင့်ရတာ ဝဋ်ကြွေးရှိခဲ့လို့ပဲ နေမှာပါ ခင်ဗျားအပေါ် ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေအကုန်လုံး ပေးဆပ်ခဲ့ပြီးပြီဖြစ်လို့ ဒီနေ့မှာပဲ အကုန်လုံးကြေပါစေလို့ ဘုရားမှာဆုတောင်းပါတယ်


ကျွန်တော့်အပေါ် မညှာတာတက်တဲ့သူ ရက်စက်တက်သူ ကိုယ်ချင်းစာမှုမရှိတဲ့သူတွေကို တကယ်ကိုမုန်းပါတယ် ခင်ဗျားလည်း ကျွန်တော့်အတွက် အဲ့ဒီလိုလူမျိုးဖြစ်သွားရတာပါ


ကျွန်တော်အရာအားလုံးအကုန်လုံး အဆင်မပြေတဲ့အချိန်မှာ နင်အဆင်ပြေရဲ့လားလို့ အားပေးစကားတစ်ခွန်းတောင် မပြောနိုင်ခဲ့တဲ့သူက ဒီလိုမျိုးလုပ်ရက်တာ ဒီလိုမျိုးလုပ်လိုက်တာ ထူးပြီအံသြစရာမရှိတော့ပါဘူး အစထဲကခင်ဗျားအတွက်ကျွန်တော်က ဘာမျှကိုမဟုတ်ခဲ့လို့ အခုလိုမျိုးခဏခဏနာကျင်စေခဲ့တာပါ


Fb က ခင်ဗျားကျန်တဲ့ Account တစ်ခုရော သမီး Account ကိုရော ကျွန်တော်ဘက်ကနေ unfriend လုပ်လိုက်ပါပြီ ခင်ဗျားနဲ့ပတ်သက်သမျှ ကျွန်တော်ပိုင်ဆိုင်ခွင့်ရှိတာက ခင်ဗျား Account ကို ဝင်ကြည့်ခွင့်ရယုံပဲဆိုတာကို သိသိရက်နဲ့ unfriend လုပ်ရက်တာ လုပ်နိုင်တာအတွက် တကယ်ကိုကျေးဇူးတင်မိပါတယ်


ကျွန်တော့်ကို blocked တာကို သေလောက်အောင် နာကျင်မှန်းသိရက်နဲ့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ blocked ရက်တဲ့ခင်ဗျားအတွက် ကျွန်တော့် Viber ကိုလည်း ဒီနေ့ကစပြီး အပြီးအပိုင်ဖျက်လိုက်ပါပြီ ဘယ်တော့မှ ကျွန်တော်ပြန်မသုံးတော့ပါဘူး Save ထားတဲ့ ခင်ဗျားပုံတွေလည်း ဖျက်လိုက်ပါပြီ 


Fb မှာလည်း ခင်ဗျား Account တွေမှန်သမျှကို နောက်တစ်ကြိမ် ဘယ်တော့မျှ ကျွန်တော်ပြန်ပြီး မ Add တော့ပါဘူး ဒီနေ့ကစပြီး ခင်ဗျားကြောင့်နာကျင်ရသမျှ ခံစားရသမျှတွေအတွက် ဝဋ်ကြွေးကုန်သွားပြီလို့ပဲ ကျွန်တော်သဘောထားလိုက်ပါတယ် 


ခင်ဗျားဘဝထဲကနေ ဒီနေ့ကစပြီး အပြီးတိုင် ကျွန်တော်ထွက်သွားပါပြီ။


ခင်ဗျားဆိုတဲ့သူကို မုန်းဖို့အတွက် ခင်ဗျားပေးခဲ့တဲ့နာကျင်မှုတွေက ကျွန်တော့်အတွက် တကယ်ကိုတကယ်ကို လုံလောက်သွားပါပြီ ခင်ဗျားဆိုတဲ့ လူတစ်ယောက်မရှိတဲ့အရပ်ဒေသမှာပဲ ကျွန်တော်ရှင်သန်နေထိုင်သွားပါမယ် ခင်ဗျားအပေါ်အရင်ဘဝက ဝဋ်ကြွေးရှိခဲ့ရင်လည်း ​ဒီနေ့ဒီအချိန်အထိ ကျွန်တော်ခံစားခဲ့ရသမျှ နာကျင်ခဲ့ရသမျှကြောင့် ဝဋ်ကြွေးရှိခဲ့သမျှ ကြေပါစေလို့ ဘုရားမှာဆုတောင်းပါတယ်။


နယူးဗားရှင်း ကျွန်တော်


 

https://excellencereporter.com/wp-content/




၂၀၂၄ခုနှစ်မှာ လူ့သက်တမ်းသိပ်မကျန်တော့လို့ ဘဝအတွက်စပြီး ကြိုးစားပါတော့မယ်ဆိုမှ အကုန်လုံး ကန်တော့ပါရဲ့ သောက်တလွဲတွေဖြစ်ကုန်တာ..



ဇန်နဝါရီ ၃၀ရက်နေ့မှာ ဘာမှကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ထွက်စာတင်လိုက်တယ် ဖေဖေါ်ဝါရီလကုန် Handover လုပ်ပြီးတော့ လက်ထဲမှာကျန်တာ ပိုက်ဆံ၃သိန်းနဲ့ အကြွေးသိန်းဆယ်ဂဏန်းကျော် ကျန်တဲ့ပိုက်ဆံတွေကို တစ်လ(၃)ကျပ်တိုးနဲ့ လတိုင်းအတိုးမှတ်ထားပေးပါ အလုပ်ရတာနဲ့ အတိုးတွေကိုအရင်ဆပ်ပြီး အရင်းကိုမြန်မြန်ပြန်ဆပ်ပါမယ်ပြောထားတာကိုလက်ခံပေးတော့ ကြွေးပူမဟုတ်လို့အသက်ရှုချောင်သွားတယ်



လက်ထဲကျန်တဲ့(၃)သိန်းက မတ်လကုန်တော့ ၁သိန်းပဲကျန်တော့တယ် လစာက ၂၅ရက်နဲ့ဖြတ်တော့ ဖေဖေါ်ဝါရီလအတွက်ကျန်တဲ့လစာ (၁)သိန်းရယ် ဆွဲကြိုးရောင်းတဲ့အထဲကနေ အဖေ့စီကယူထားတဲ့ (၁)သိန်းရယ်ဆိုတော့ ငါ့မှာ (၃)သိန်းရှိပါသေးတယ်ဆိုပြီး အေးဆေးနေသေးတယ်



သင်္ကြန်လည်းပြီးရော လက်ထဲမှာ (၁)သိန်းပဲကျန်တော့တယ် ဘယ်တက်နိုင်မလည်း တနေ့၂၀၀၀နှုန်းနဲ့ ကုန်တဲ့အထိသုံးရမှာပေါ့ ကုန်သွားတော့လည်း နည်းနည်းပါးပါးထပ်ယူရမှာပေါ့ ပိုက်ဆံနည်းတဲ့အချိန်မှာ ချောကလက် မာလာရှမ်းကော ဒူးရင်းသီး စားချင်တဲ့စိတ်က အတော်လေးကသိကအောက်နိုင်ပါတယ် ၄၊၅သောင်းမကကုန်မှာဖြစ်လို့ စားချင်တဲ့စိတ်ကိုမြိုသိပ်ထားရတာလည်း အဆင်မပြေပါဘူးဗျာ



ခရီးသွားချင်တယ် ဘယ်နေရာဖြစ်ဖြစ်ပေါ့ဗျာ ချွေတာသွားရင်တောင် ၃၊၄သိန်းကုန်မှာဆိုတော့ မသွားနိုင်ဘူးပေါ့ဗျာ တချို့တွေပိုက်ဆံကို ဘယ်ကနေရလည်းမသိပါဘူးဗျာ သိန်းဆယ်ချီဆိုတာအသာလေး အားကျမိယုံပါပဲဗျာ မနာလိုတာဝန်တိုတာတော့ မရှိတော့ပါဘူး အရင်ဘဝက သီလရောဒါနရောနည်းခဲ့လို့ မကျန်းမာတာရော ပိုက်ဆံမရှိတာရောကြုံရတာပါ



မတ်လမှာ အလုပ်တွေရှာတာလည်း တစ်ခုမှမရသေးဘူး သင်္ကြန်မတိုင်ခင်အထိတော့ အဆင်ပြေပါသေးတယ် သင်္ကြန်ပြီးတော့ စိတ်ဓါတ်ကျလာရော သင်္ကြန်အပြီးနေမကောင်းတော့ဆေးခန်းပြတယ် ရင်သားအကြိတ်ပြန်ဖြစ်နေရော မသက်သာလို့ပါရဂူပြဖို့လည်း ဆေးဖိုးကသိန်းဆယ်ချီနေတော့ ပြဖို့ကလည်းအဆင်မပြေတော့ fb မှာတွေ့ပြီး ရန်ကုန်ဆေးရုံကြီးပဲ booking တင်ထားလိုက်တယ်



နေမကောင်းတဲ့ကြားက ဧပြီလကုန်မှာအလုပ်ရမယ်လို့ ထင်ထားတဲ့ အလုပ်လျှောက်ထားတာက အသက်ကြီးလို့မရတော့ဘူးပြောတော့ စိတ်ထဲမကောင်းဖြစ်သွားတယ် အသက်ကြီးတာကအရည်အချင်းနဲ့ဆိုင်လား အပြစ်ကြီးတစ်ခုလားဗျာ တချိန်ချိန်ရောက်လို့ ကျွန်တော်လုပ်ငန်းရှင်ဖြစ်လာရင် ကျွန်တော့်လိုမျိုးအသက်ကြီးတဲ့လူတွေပဲ ဦးစားပေးခန့်ဖို့ကိုဆုံးဖြတ်လိုက်ပါတယ် 



 resume တွေတောင်းပြီး ဘာမှမဖြစ်လာတော့လည်း နောက်ကို resume လာတောင်းရင်တောင် မပေးတော့ဘူးလို့ဆုံးဖြတ်လိုက်ပါပြီ ကူညီပေးတာတော့ ကျေးဇူးတင်ပါတယ် မဖြစ်နိုင်တဲ့လမ်းကြောင်းတွေကို ချပြနေတာကြီးကတော့ မဟုတ်ဘူးလေဗျာ ရင့်ကျက်လာလို့မဟုတ်ပါဘူး ငါဒုက္ခရောက်နေတာ ဘယ်သူ့ဘယ်သူမှတာဝန်မရှိဘူးလို့ပဲ ပေါ့ပေါ့ပါးပါးတွေးထားလိုက်ပါတယ် ကျွန်တော်အတွက့် အရာအားလုံးက စိတ်ဖိစီးစရာတွေကြီးပဲလေ



ကောင်းတဲ့ဘက်ကနေလည်း တွေးမိလိုက်ပါတယ် အလုပ်မရသေးတော့ ဆေးရုံပြပြီး result မကောင်းခဲ့ရင် အလုပ်မရသေးတော့ ရောဂါကို အေးအေးဆေးဆေးသက်သက်သာသာ ကုလို့ရတယ် မလုပ်ကိုအနှောက်အယှက် မဖြစ်တော့ဘူးပေါ့ဗျာ



ပိုက်ဆံမရှိတဲ့အချိန်မှာ အလုပ်ရချင်တယ် ပိုက်ဆံလိုချင်တယ် အကူအညီတောင်းဖို့ကျတော့ မဖြစ်နိုင်ဘူးလေ လူတွေနဲ့ရင်းနှီးဖို့တောင့် မကြိုးစားရဲသူက အကူအညီတောင်းဖို့ကြီးက ကျွန်တော့်အတွက်ဝန်ထုပ်ဝန်ပိုးကြီးလိုဖြစ်နေရတာပါ



အဖေ့ဘက်ကနေ အမွေသိန်း၃၀၀ လောက်ရဖို့ရှိတယ်

( အဘွားဆုံးတဲ့အချိန်က တိုက်ခန်းက သိန်း၆၀၀ဆိုတော့ ၄ပုံပုံပြီး အတူနေတဲ့ဦးလေးအလတ်ကို ၂ပုံပေးပြီး ကျန်တဲ့၂ယောက်က ၁ပုံစီခွဲထားတာပါ အခုက သိန်း၁၀၀၀ ကျော်သွားတော့ ရမယ့်ပမာဏကတိုးသွားတော့ မရဖို့အခြေအနေက ပိုများသွားပြီပေါ့ဗျာ ) အဘွားဆုံးသွားတာ ၈နှစ်ကျော်ပြီ အဖေကညီအစ်ကိုတွေ စိတ်ဝမ်းကွဲမှာစိုးရိမ်လို့ သူတို့မှာပေးဖို့အတွက် ရှိမှန်းသိတဲ့အချိန်ကတောင် မတောင်းခဲ့ပါဘူး အရင်နှစ်ကမှ အမေနဲ့ကျွန်တော်တို့ညီမက အဖေလည်းအသက်ရလာတော့ ဆေးဖိုးအတွက် စိတ်ပူပန်မှုမရှိအောင် အမွေတောင်းဖို့ အတင်းလောဆော်ကာမှတောင်းတာပါ 



ကျွန်တော်အဆင်ပြေရင် အစ်ကိုကို့ပေးပါမယ်ဆိုပြီး စကားမလာတော့ဘူး အဖေကလည်း သူ့ကိုတောင်းဖို့ဖိအားပေးလို့ တောင်းတာဖြစ်လို့ ဟိုကပေးမယ်ပြောထားတာပဲဆိုပြီး ထပ်ပြီးတော့လည်း မတောင်းတော့ဘူး အဲ့ဒီကိစ္စက ဒီအတိုင်းမပြီးသွားပဲ လွန်ခဲ့တဲ့လပိုင်းးကမှ အခြေအနေအမှန်ကိုသိလိုက်ရတော့ ဒေါသူပုန်ထရမိရော



အဲ့ဒီကိစ္စရဲ့ရင်းမြစ်က သိပ်မကြာသေးဘူး သိလိုက်ရတာ သိတဲ့အချိန်မှာ ဒေါသတွေထွက်ပြီး လူကြီးတွေကိုငါနဲ့ကိုင်တုပ်ပြီးပြဿနာရှာဖို့ပါပဲ အဲ့ဒီပိုက်ဆံရလို့ နင်တစ်သက်လုံးသုံးလို့မကုန်တော့ဘူးလားဆိုတဲ့အသိကြောင့် စိတ်လျော့လိုက်တာပါ 



အဘွားဆုံးပြီး နောက်တစ်နှစ်မှာ ဦးလေးအလတ်ကဦးလေးအငယ်ကို သိန်း၆၀၀ နဲ့တွက်ပြီး သိန်း၁၀၀ အရင်ပေးထားတယ် နှစ်ယောက်အတွက် သိန်း၃၀၀ ခွဲပေးရမှာကို သိန်း၁၀၀နဲ့ နှုတ်ပိတ်ထားတာပေါ့ ကျွန်တော်ဘာကို ဒေါသထွက်တာလည်းသိလား



အဖေတို့ညီအစ်ကိုသုံးယောက်မှာ ဦးလေးအငယ်မိသားစုက အချမ်းသာဆုံး ၂၀၁၇ခုနှစ်က ပိုင်ဆိုင်မှုက သားသမီးတွေပိုင်ဆိုင်မှုမပါရင်တောင် သိန်း၃၀၀၀ လောက်ချမ်းသာတယ် အဲ့ဒါကို တစ်ယောက်သိန်း၅၀ ခွဲပေးခဲ့ရင်တောင် ဦးလေးတွေကို ကျေးဇူးတင်မိမှာကို ဦးလေးအငယ်တစ်ယောက်ထဲကိုလက်ကျိတ်ထိုးပေးထားတာသိရတော့ အံသြမိပါတယ် 



ခင်ဗျားတို့လူကြီးသူမတွေရောဟုတ်ရဲ့လား ကိုယ်ချင်းစာတရားမရှိကြတော့ဘူးလား မေးချင်ပေမယ့် ထားလိုက်ပါပြီဗျာ သူဌေးကြေးပါလုပ်ရက်လိုက်ကြတာဗျာ အဲ့လိုလူတွေမှာ မေတ္တာတရားဆိုတာ အတော်လေးနည်းပါးလောက်မှာပါ



တနေ့ကနေမကောင်းလို့ စိတ်အဆင်မပြေကလည်းဖြစ် ဒေါသလည်းကြီးမိတော့ အဲ့ဒီအကြောင်းအဖေ့ကို ပြောပြလိုက်မိတယ် အဖေအတော်လေး စိတ်မကောင်းဖြစ်သွားတယ် အဖေ့ညီတွေကိုငါသိတယ်ဟလို့ အဖေပြောလိုက်လို့လည်းကျွန်တော်ပြောမိခဲ့ပါတယ် ပြန်တွေးကြည့်တော့သူတို့မပေးချင်လို့ကို အဲ့လိုကိစ္စမျိုးတွေဖြစ်လာတာလေ သူတို့စိတ်ရင်းစေတနာကိုသိလိုက်ရတာက အမြတ်ပေါ့ဗျာ အဲ့ဒီလိုပဲ စိတ်ဖြေလိုက်ပါတယ် အဖေ့ကိုလည်း ထပ်မပြောတော့ပါဘူး သူစိတ်မကောင်းဖြစ်သွားရတာပဲ အဖတ်တင်သွားရတာလေ



မှန်တာပြောရင် ဒီအချိန်မှာ သိန်း၃၀၀မပြောနဲ့ သိန်း၃၀ဆိုရင်တောင် ကျွန်တော်လိုချင်ပါတယ် ဒါပေမယ့်လည်း အပူဆာတွေကိုမယူတော့ပါဘူးဗျာ



တနင်္လာနေ့ ဆေးရုံကြီးသွားရမယ် ခွဲစိတ်ဆောင်(၁)ကိုမသိတာနဲ့ တနေ့ကကင်ဆာဌာနကအစ်ကိုကို နေရာလှမ်းမေးလိုက်တယ် အရင်က ၇၃နံပါတ်ပဲကိုင်ခဲ့တော့ အဆက်အသွယ်မလုပ်ဖြစ်တာလည်းနှစ်ချီနေပြီ လေးငါးခွန်းပြောမှအသံမှတ်မိပြီး ဘာလုပ်ဖို့လည်းမေးရင်း booking တန်းတင်လို့ဆူပါလေရော ငါ့စီအရင်ဆက်သွယ်ပြီးမှငါလုပ်ပေးမှာပေါ့ဆူပြီး တနင်္လာနေ့သူလာပေးမယ်ပြောတယ် သောကြာနေ့သူစီထပ်ဆက်ပြောတယ် တကယ်ကိုဝမ်းသာသွားတယ် ကျွန်တော့်ကိုဂရုစိုက်မယ့်သူ ရှိသေးလို့ပါ



အစ်ကိုဆိုပေမယ့်အမျိုးမတော်ဘူး အဖေ့သူငယ်ချင်းသား ကျွန်တော်ကိုအတော်လေးဂရုစိုက်ပါတယ် မိတ္ထီလာကနေ ဓါတ်မှန်ဌာနအတွက်အလုပ်ခေါ်တော့ သားအဖနှစ်ယောက်လုံးဝင်ခွင့်စာမေးပွဲအတွက် အိမ်မှာခဏလာနေဖြစ်တယ် အဲ့ဒီအချိန်မှစတွေ့ဘူးတာ ကန်တော့ပါရဲ့ဘုရားစူး တောသားရဲဆွဲထုတ် ကိုယ်တိုင်ကလည်းအရည်အချင်းရှိတယ် အစ်ကိုဝမ်းကွဲကလည်း အဘရွှေသားမက်ဆိုတော့ အလုပ်ရသွားပြီးတဲ့အချိန်မှာ တကယ်ကိုလျှမ်းလျှမ်းတောက်




ဘာလို့ တောသားရဲဆွဲထုတ် ပြောရတာလည်းဆိုရင် အကုန်လုံးသူသိသူတက် သူ့အဖေကလေတပ်ကဆိုတော့ မိတ္ထီလာတပ်မှာပဲကြီးပျင်းလာတာတောင် စစ်တပ်ဆိုရင်နည်းနည်းလေးမျှ အကောင်းမမြင်ဘူး အဲ့မှာကျွန်တော်နဲ့အစေးမကပ်တော့တာ ကျွန်တော်လည်းမလေးရှားကို အလုပ်လုပ်ဖို့သွားလိုက်တော့ အနေဝေးသွားရော နောက်ပိုင်း internet တွေစသုံးလာတော့ online မှာပြန်တွေ့ပြီး မလေးမှာနေခဲ့စဥ်မှာ ကျွန်တော့်ကိုအတော်လည်း ဂရုစိုက်ခဲ့သူပါ စစ်တပ်နဲ့ဘုန်းကြီးတွေကို မဝေဖန်ဘူးဆိုရင် ကျွန်တော်နဲ့ တကယ်ကို closed ဖြစ်ခဲ့မှာပါ




အခုအချိန်မှာ အကုန်လုံးကပူပင်စရာတွေကြီးဖြစ်နေတော့ အကုန်လုံးလွှတ်ချထားလိုက်တယ်  ကျွန်တော်မသေသေးရင်တော့ ပိုက်ဆံရဖို့အလုပ်လုပ်မယ် မိဘကိုထောက်ပံ့မယ် ကျွန်တော်ကြိုက်တဲ့အစားအစာတွေ အများကြီးဝယ်စားမယ် သွားချင်တဲ့ခရီးတွေသွားမယ် ဒီလောက်ပါပဲဗျာ။




Ps: အမွေကိစ္စထည့်ရေးမိလို့ ကျွန်တော်နောင်တမရပါဘူး အစထဲက ကျွန်တော်ကအတ္တကြီးတဲ့လူတစ်ယောက်ပါ ဒါပေမယ့်အဲ့ဒီအတ္တတွေက ကျွန်တော့်ကိုယ်တိုင်ပဲလောင်ကျွမ်းသွားရတာပါ။ မမကနားညီးလို့တဲ့ စနေနေ့ကအိမ်မှာ မာလာရှမ်းကောချက်ကြွေးလို့ စားလိုက်ရလို့ ကျေနပ်သွားပါပြီ။


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး


 

https://bodhibank.com/biography_%E1%80



မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး





ဆရာတော်ကြီးကြည်ညိုလေးစားသူများ အချိန်ခဏလေး ပေးပြီးဖတ်သင့်၊ကြည့်သင့်ပါတယ်။

အခြားသောသင်၏မိတ်ဆွေ များထံပြန်လည်းဝေမျှသင့်ပါတယ်။



မဟာဗောဓိမြိုင် ဆရာတော်သည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မင်းကုန်းရွာ- ဦးဘစံ + ဒေါ်မေ တို့မှ ၁၃၀၃-ခုနှစ်၊ ဝါဆိုလပြည့်နေ့ ည(၁)နာရီ၊ အင်္ဂါနေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ငြိမ်းမောင် ဖြစ်သည်။
၁၃၁၇-ခုနှစ်၊ တပိုတွဲ လပြည့်ကျော် (၆) ရက်၊ စနေနေ့တွင် မိခင်ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟဖြင့် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ထံတွင် ရှင်သာမဏေ ပြုသည်။ ဘွဲ့အမည် ရှင်ဉေ ယျ ဟု ကိုယ်တိုင် ခံယူခဲ့သည်။



၁၃၂၃-ခုနှစ်၊ ဝါဆိုလဆန်းတွင် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တအာစာရ ကို ဥပဇ္ဈာယ်ပြု၍ ထန်းတစ်ပင်- ရွှေဖောင်တော်ဦး ကျောင်းတိုက် ခဏ္ဍသိမ်၌ (ပထမအကြိမ်) ရဟန်းဖြစ်သည်။ ရဟန်းဒကာ ဦးဘသန်း + ဒေါ်စောဉာဏ်တို့ ဖြစ်ကြသည်။ 
၁၃၁၈-ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁၀)ရက်၊ တနင်္ဂနွေနေ့တွင် ရွှေဘိုမြို့၊ ဝေဠုဝန် ပါဠိတက္ကသိုလ် စာသင်တိုက်သို့ ပိဋကတ် စာပေများသင်ယူရန် ရောက်ရှိ။
၁၃၁၉-ခုနှစ်တွင်- ရွှေဘို-ဝေဠုဝန်ပါဠိတက္ကသိုလ်မှ အစိုးရပထမငယ်တန်း အောင်မြင်သည်။
၁၃၂၁-ခုနှစ်၊ ဝါဆိုလဆန်း(၁၁)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၊ ကျောက်ပန်းတောင်းကျောင်းတိုက်သို့ စာပေသင်ကြားရန် ရောက်ရှိ။
၁၃၂၁-ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော်(၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် မော်လမြိုင် စိန်မမပါဠိတက္ကသိုလ်သို့ ပညာသင်ကြားရန် ရောက်ရှိ၊ ထိုနှစ်မှာပင် အစိုးရပထမလတ်တန်း အောင်မြင်သည်။
၁၃၂၅-ခုနှစ်၊ နွေဦးကာလတွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့-သာသနရံသီ ပါဠိတက္ကသိုလ်သို့ ရောက်ရှိသည်။ ထိုနှစ်မှာပင် အစိုးရ ပထမကြီးတန်းကို အောင်မြင်သည်။ (တိုင်းတွင် ဒုတိယ ရသည်။)






၁၃၂၇-ခုနှစ်၊ တော်သလင်းလဆန်း(၁၃)ရက်နေ့တွင်- စာသင်တိုက်တွင် နေဖို့ရန် ခက်ခဲခြင်းကို အကြောင်းပြု၍ လူဝတ်လဲခဲ့သည်။ ရန်ကုန်မြို့ရှိ ဆေးလိပ်ခုံတွင် စာရေးဝင်လုပ်သည်။
၁၃၂၉-ခုနှစ်၊ နယုန်လတွင် မိခင်ဒေါ်မေ၊ အမဒေါ်ကြည် တို့၏ သဘောတူ ချက်ဖြင့် တစ်ရွာတည်းနေ ဒေါ်စိန်မေနှင့် အိမ်ထောင်ကျခဲ့သည်။လူဘဝတွင် ရန်ကုန်၊ သင်္ကန်းကျွန်း၌ နေကာ ဈေးဆိုင်၊ အထည်ဆိုင်၊ ဆေးဆိုးပန်းရိုက်၊ မဲနယ်ထုတ်လုပ်ခြင်းများ ပြုလုပ်ခဲ့သည်။ရပ်ကွက်အတွင်း လူမှုရေးများနှင့် (ရ.လ.က အဖွဲ့) ဦးဆောင်ကော်မတီ အမှုဆောင်လူကြီး၊ ပါတီကိုယ်စာလှယ်၊ တရားရေးကော်မတီဥက္ကဋ္ဌ၊ အုပ်စု ခေါင်းဆောင်၊ အရံပါတီဝင် စသည်များ ထမ်းဆောင်ခဲ့သည်။



ဘဝဒုက္ခကို သံဝေဂ ရသည်ဖြစ်၍ ၁၃၃၇-ခုနှစ်မှစ၍ ပုတီးစိပ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ တောတောင်များသို့ လှည့်လည်ခြင်း၊ ဘုရားတည်ခြင်း၊ ပြုပြင်ခြင်း၊ မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့သည်။
၁၃၃၉-ခုနှစ်တွင် ကျိုက်လတ်မြို့နယ်၊ ကြီးချောင်းရွာ၊ ဆင်ကူးရွာရှိ "ပြည်လုံးချမ်းသာ ဖောင်တော်ဦးစေတီတော်" ကို ပြုပြင်မွမ်းမံသည်။ ပြာသိုလ လပြည့်နေ့တွင် ပန္နက်ချမင်္ဂလာ ပြုလုပ်ပြီး တပေါင်းလပြည့်နေ့တွင် ထီးတော်တင် မင်္ဂလာပြုလုပ်နိုင်ခဲ့သည်။
၁၃၄၁-ခုနှစ်၊ ဝါဆိုလဆန်း (၁) ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်-မဟာစည် သာသနရိပ်သာကြီးတွင် ၄၉-ရက် တရားစခန်းဝင်ခဲ့သည်။
၁၃၄၁-ခုနှစ်၊ ဝါခေါင်းလပြည့်ကျော် (၇) ရက်နေ့၊ ည (၅) နာရီတွင် ဉာဏ်စဉ် တရားများ နာကြားခွင့်ရခဲ့သည်။



၁၃၄၁-ခုနှစ်၊ တော်သလင်းလဆန်း (၁၂) ရက်၊ တနင်္ဂနွေနေ့၊ နံနက် (၈:၄၅) နာရီတွင် ဘောက်ထော်-သီရိရတနာလမ်း၊ သာသနာ့ ဗိမာန် ဆရာတော် ဘဒ္ဒန္တဝိမလကို ဥပဇ္ဈယ်ပြု၍ ခေမာသီဝံကျောင်းတိုက် ခဏ္ဍသိမ် တွင် (ဒုတိယအကြိမ်) ရဟန်းဖြစ်သည်။

၁၃၄၁-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၄) ရက်၊ အင်္ဂါနေ့မှ အစပြုကာ အရညဝါသီ တောရမှီလျက် သီတင်းသုံး နေတော်မူလျက်ရှိသည်။
(သီတင်းသုံး တော်မူရာ နေရာများကို သီးသန့် ဖော်ပြထားပါသည်။)
၁၃၄၁-ခုနှစ်တွင် သာစည်မြို့နယ် ရွှေကျောင်းကုန်း တောင်ထိပ်၌ 'လောကမုနိစေတီတော်' ကို တည်ထားခဲ့သည်။ အုတ်မြစ်ချမင်္ဂလာနှင့် ဌာပနာပိတ်ပွဲကို တပို့တွဲလပြည့်နေ့တွင် ပြုလုပ်ပြီး၊ တပေါင်းလပြည့်နေ့တွင် ထီးတော်တင်ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။



၁၃၅၃-၅၄-၅၅ ခုနှစ်များတွင် ပျဉ်းမနား (ယ္ခုနေပြည်တော်) ရှိ လက်လုပ်တောင်တောရတွင် သီတင်းသုံးစဉ် ကာလအတွင်း 'လက်လုပ်တောင် ဆရာတော်ဈာန်ပျံသည်' ဟူသော ကောလဟာလကြောင့် ဆရာတော်၏ အကြောင်း တစ်နိုင်ငံလုံး ပျံံ့လွင့်ခဲ့သည်။
၁၃၅၇-ခုနှစ်၊ တပေါင်းလပြည့်၊ ဗုဒ္ဓဟူးနေ့တွင် သုဝဏ္ဏသျှံတောင်တွင် လားဟူ(၂၂)ရွာ၊ လီရှော(၄)ရွာတို့မှ လူနှစ်ထောင်ကျော်၏ ဗုဒ္ဓဘာသာခံယူပွဲကြီး ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
ယင်းတိုင်းရင်းသားများ ဒေသန္တရ ဗဟုသုတရ တိုးပွားရန် ရည်သန်၍ ၁၃၅၈-ခုနှစ်၊ တပေါင်းလဆန်း(၃)ရက်နေ့တွင် သာစည်၊ ပျဉ်းမနား၊ မန္တလေး၊ ရွှေဘို၊ ရန်ကုန်မြို့များသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုသို့သော အကြောင်းများ ကြောင့် 'မဟာဗောဓိမြိုင် ဆရာတော်' ဟူ၍ နိုင်ငံအနှံ့ လူသိများ ထင်ရှား ခဲ့သည်။



၁၃၅၉-ခုနှစ်တွင် နတ်တလူတောရကို စတင်တည်ထောင်၍ ဝါဆိုလပြည့် နေ့မှ တော်သလင်းလပြည့်နေ့ထိ (၂) လတိတိ တရားစခန်းဖွင့်လှစ်ပေးခဲ့သည်။ စခန်းပွဲအတွင်း ဝေယျာဝစ္စ ဆောင်ရွက်သူများအတွက် တော်သလင်းလပြည့်မှ သီတင်းကျွတ်လပြည့်နေ့ထိ (၁) လ စခန်းကို ပြုလုပ်ပေးခဲ့သည်။၁၃၅၉-ခုနှစ်တွင် နတ်တလူတောရ၌ 'မင်းဘိသိက်ခံ' ဘုရားတည်ထား ပူဇော်သည်။ နှောင်းတန်ခူးလပြည့်နေ့တွင် အုတ်မြတ်ချမင်္ဂလာ၊ ၁၃၆၀-ခုနှစ် ကဆုန်လပြည့်နေ့တွင် ဌာပနာပိတ်ပွဲ၊ တပေါင်းလဆန်း (၄) ရက်တွင် ထီးတော် တင်ပွဲနှင့် တပေါင်းလပြည့်နေ့တွင် အနေကဇာတင်တော်မူသည်။
၁၃၆၁-ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မွေးရာချက်မြှုပ်အိမ်နေရာတွင် 'ဉေ ယျဓခ် ရွှေချက်သို တံခွန်တိုင်'ကို တည်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင် နတ်တလူတောရ၌ နှစ်လတရားစခန်း ထပ်မံ ဖွင့်လှစ်ပေးခဲ့သည်။

 


မဟာဗောဓိမြိုင်ဆရာတော် သီတင်းသုံးတော်မူခဲ့သည့် ဒေသများ
၁။ သာသနဗိမာန်ကျောင်း ရန်ကုန် (၁) ဝါ
(၁၃၄၁-ခု)
၂။ ရွှေကျောင်းကုန်းတောင် သာစည် (၁) ဝါ
(၁၃၄၂-ခု)
၃။ ဇင်းကျိုက်တောင် ဇင်းကျိုက် (၁) ဝါ
(၁၃၄၃-ခု)
၄။ မင်းတစ်ရာ့တစ်ပါးတောင် ဇင်းကျိုက် (၁) ဝါ
(၁၃၄၄-ခု)
၅။ ကျောက်ခမောက်ဂူ ဇင်းကျိုက် (၁) ဝါ
(၁၃၄၅-ခု)
၆။ သံသုမာရတောင် ဖူးကြီး၊ မှော်ဘီ (၂) ဝါ
(၁၃၄၆,၄၇-ခု)
၇။ အရှေ့ပရက္ကမဂူ စစ်ကိုင်း (၂) ဝါ
(၁၃၄၈,၄၉-ခု)
၈။ ရွှေကျောင်းကုန်းတောင် သာစည် (၃) ဝါ
(၁၃၅၀ မှ ၁၃၅၂-ခု)
၉။ လက်လုပ်တောင် ပျဉ်းမနား နေပြည်တော် (၃) ဝါ
(၁၃၅၃ မှ ၁၃၅၅-ခု)
၁၀။ ဘုန်းတော်ပြည့် သုဝဏ္ဍသျှံ-ရှမ်းပြည်နယ် (၁) ဝါ
(၁၃၅၆-ခု)
၁၁။ မဟာဗောဓိမြိုင် သုဝဏ္ဍသျှံ-ရှမ်းပြည်နယ် (၂) ဝါ
(၁၃၅၇,၁၃၅၈-ခု)
၁၂။ နတ်တလူ(ဇာတိမြေ) ကန့်ဘလူ (၁) ဝါ
(၁၃၅၉-ခု)
၁၃။ ဝေဒလ္လ ပြင်ဦးလွင် (၁) ဝါ
(၁၃၆၀-ခု)
၁၄။ မဇ္ဈိမ ဓမ္မမောနိဂူ လယ်ဓမ္မပိုင်၊ ဂန့်ဂေါ (၁) ဝါ
(ပုံတောင်ပုံညာ)(၁၃၆၁-ခု) 
၁၅။ မောနိယျတော စကားပိုင်၊ ဂန့်ဂေါ (၁) ဝါ
(ပုံတောင်ပုံညာ)(၁၃၆၂-ခု) 
၁၈။ ပဋိပတ္တိတော ပုလဲနယ်၊ ကျော်တော (၁) ဝါ
(၁၃၆၃- ခု)
၁၇။ စံရိပ်ငြိမ်ကျောင်း ပုလဲနယ်၊ ကျော်တော (၁) ဝါ
(၁၃၆၄- ခု)
၁၈။ ခေါင်နန်းပလ္လင် ကလေးဝမြို့နယ် (၉) ဝါ
(၁၃၆၅ မှ ၁၃၇၃ ခု) မဟာမြိုင်တော။
၁၉။ ဉေ ယျဓမ်တောရ မင်းဘိသိက်ခံအနီး
ကန့်ဘလူမြို့နယ် 
(၃၃) ဝါ





ခေတ္တသီတင်းသုံးရာဒေသ။
၁။ ရသေ့မဂူ ဇင်းကျိုက် သုံးလခန့်
၂။ ဖရုံညှာ စခန်း ဇင်းကျိုက် တစ်လ
၃။ တောင်စဉ် မိတ္ထီလာ တစ်လ
၄။ ကျောက်ထီးတောင် ကျောက်ဆည် နှစ်လ
၅။ ဝါးသုံးရုံစခန်း ပုလဲ ၇၂ - ရက်
၆။ မပဒန်ဂူ ညောင်နီရွာ၊ မိုးမိတ် နှစ်လ
(သုဝဏ္ဏသျှံတောင်ထိပ်တွင် (၆) လမျှ နေခဲ့သည်။ တရား နှစ်ကြိမ် ပြသခဲ့သည်။)



ဆရာတော်သည်ဤ မနေသုံးချက် တစ်ချက်ချက်တို့ကြောင့် ရွေ့ပြောင်းခဲ့ရသော နေရာပေါင်း ကား သုံးဆယ်ဝန်းကျင် ရှိခဲ့ပြီး ဖြစ်ပါသည်-
ဘယ်နေရာရောက်ရောက် ဌာနေသံဃာများ စိတ်ငြိုငြင်ကြောင်း ကြားသိရက ထိုနေရာ၌ ငါမနေ။
ဘယ်နေရာရောက်ရောက် လူရှုပ်- လာဘ်ပေါ- ကျော်ဇော- ခြွေရံ ဤလေးတန် အခံရှိနေက ငါမနေ။
ဘယ်နေရာရောက်ရောက် သာသနာမှီ၍ မိမိကိုယ်ကျိုးရှာလိုသော လူ၊ ရှင်၊ ရဟန်းများ တွေ့လာရက ထိုနေရာ၌ ငါမနေ။



ဓမ္မစာပေများမှ ပြန်လည်ပြုစုရေးသားခြင်း ဖြစ်၍လိုအပ်ချက်များရှိရင် တောင်းပန်ပါတယ်။



 

ဆရာတော်၏ ဘဝဖြတ်သန်းမှု (၆)မိနစ်စာ Movie





The end of the story.


 https://img.artpal.com/11367/4-16-9-4-9-38-48m.jpg



မနေ့က ခင်ဗျားကိုမတအားသတိရမိတယ် 

ခင်ဗျားနဲ့ အတူနေချင်မိတယ် စာပို့ဖို့ရေးပြီးမှ 

ပြန်ဖျက်လိုက်ပါတယ်။



ရပ်တန့်လိုက်ပါပြီ ဂျာအေးသူ့အမေရိုက်သလို မုန့်လုံးစက္ကူမကပ်ပါနဲ့တော့လို့ ကိုယ်ဘာသာကိုယ်ဆုံးမမိပါတယ် ၂၀၂၂ခုနှစ် ခင်ဗျားစီကနေ ပြန်လာပြီးထဲက ကျွန်တော့်ဘက်က နေ့တိုင်းနီးပါးစာတွေပို့မိတယ်

ခင်ဗျားဝင်မဖတ်ဘူး ဝင်ဖတ်ဖြစ်ရင်တောင်စာမပြန်ပေးဘူး ခင်ဗျားစိတ်ပါတဲ့နေ့ အတူနေချင်တဲ့တနေ့ကျမှ sex chat လုပ်မယ် ပြီးရင်တစ်လကိုးသတင်း လျစ်လျှူရှုထားလိုက်မယ် တစ်ခါတလေ စိတ်ရှုပ်လို့ပဲဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် Blocked မယ်



ကျွန်တော်ကတော့ထုံးစံအတိုင်း  Blocked ထားတာတောင် စာတွေပို့ထားမယ် Block ဖြည်ပေးလိုက်ရင်လည်း ဝမ်းသာအားရ အိုဗာတွေတင်းမိတယ် အရင်ထက်ပိုပြီးဖက်တွယ်မိတယ် အရင်အတိုင်းပါပဲ ခင်ဗျားစိတ်ပါတဲ့နေ့ အတူနေချင်တဲ့နေ့  sex chat လုပ်ချင်လို့စကားပြန်ပြောပေးမယ် မိန်းမတန်မယ့် တခြားသူတွေအသိမခံဝံ့တဲ့ အဖန်ဖန်သံသရာလည်ဖို့ ကျွန်တော်အမြဲလုပ်ခဲ့မိတာတွေ



ခင်ဗျားအဆင်ပြေတဲ့အချိန် တစ်နှစ်ဒါမှမဟုတ် နှနှစ်တန်တယ့်အချိန်မှာ ခဏတွေ့မယ် လင်မယားလိုတစ်ညတာဖြတ်သန်းမယ် ပြီးရင်အရင်အတိုင်း မုန့်လုံးစက္ကူကပ်မယ် ခပ်ရိုင်းရိုင်းပြောရရင်တော့ ရောဂါကင်းတဲ့ ကာမဆက်ဆံလို့ကောင်းတဲ့ ပြဿနာမတက်နိုင်တဲ့ အခမဲ့ဖာသည်ပေါ့ဗျာ ပိုက်ဆံကြောင့်ဖာခံတဲ့အမျိုးသမီးတွေတောင် ကျွန်တော့်ထက်သိက္ခာရှိပါတယ် ကျွန်တော့်ထက်အဆင်အတန်းမြင့်မားပါတယ်



ကျွန်တော်သာခင်ဗျားနေရာမှာဆိုရင် ဘာဖြစ်လို့နင်ဘက်ကနေ အဆက်အသွယ်မလုပ်တော့တာလည်းဆိုပြီးမေးမိမှာပါ သုံးနှစ်ဆိုတဲ့အချိန်ကာလက သူစိမ်းနှစ်ယောက်ရင်းနှီးဖို့လုံလောက်ပါတယ် 



ခင်ဗျားကတော့ တခွန်းမျှမမေးခဲ့သူပါ အစထဲကမျှ ခင်ဗျားအတွက်ကျွန်တော်ဆိုတာ တစ်လတစ်ခါ sex chat  လုပ်ဖို့ကလွဲရင် မလိုအပ်ခဲ့သူပါ ထားလိုက်ပါတော့ဗျာ ဒဏ်ရာတွေကိုအနာကျက်နိုင်ဖို့ပဲ ကြိုးစားပါတော့မယ် ထပ်ပြီးမနာကျင်စေချင်တော့ပါဘူးဗျာ နာကျင်ဖို့လည်းခွင့်မပြုတော့ပါဘူးဗျာ



ကျွန်တော်ဘက်ကနေပဲ အမြဲတမ်းဆွဲနေရတဲ့ကြိုးကို ထပ်ပြီးတော့ မဆွဲချင်တော့ပါဘူး မဆွဲမိတော့ပါဘူး တခါတလေတော့လည်း အတော်လေးလွမ်းမိပါတယ် 

ခင်ဗျားစီပြန်လာချင်တဲ့စိတ်ကို အတင်းကိုဖိနှိမ်ထားရပါတယ် အတင်းရောအကာရော မေ့ထားတဲ့ငါကျမှဖြစ်ရပြန်တယ်ဆိုတဲ့ သိမ်ငယ်စိတ်ကအဲ့ဒီအချိန်မှာ ပြန်ပြီးကြီးထွားလာပြန်တယ်



နောင်တစ်ကြိမ် ကျွန်တော့်ကိုဆော့ကစားမယ့် သူစိမ်းယောင်္ကျားတစ်ယောက်ကို ဖက်တွယ်ဖို့အားကိုးဖို့ ချစ်ဖို့ကိုမကြိုးစားမိဖို့ကိုပဲ အတန်တန်သတိပေးထားပါတယ် ထပ်တလဲလဲနာကျင်ရတော့ အဲ့ဒီအပါယ်ခံရတဲ့ အမေ့ခံရတဲ့ လျစ်လျှူရှုခံရတဲ့ ဒုက္ခကြီးကို တစ်ဘဝလုံးအတွက် ညိုညင်နေပါပြီဗျာ အဲ့လိုဘဝမှာ မိန်းမတစ်ယောက်အဖြစ် လူမဖြစ်ချင်တော့ဘူးဗျာ



ကျွန်တော်က အမေ့ခံဘဝဖြစ်လို့ လူတွေအချစ်ခံရရင် တကယ်ကိုအားကျမိပါတယ် ဝမ်းလည်းသာမိပါတယ် ကမ္ဘာကြီးမှာ အဲ့လိုလူမျိုးတွေလည်း ရှိပါသေးတယ်ဆိုပြီး စိတ်ချမ်းသာရတယ်ဗျ မြင်လိုက်ရတဲ့ခဏဆိုတဲ့ အချိန်လေးအတွင်းမှာပဲ သူတို့လိုပဲပျော်ရွှင်မိတယ်



ဘယ်သူမပြုမိမိအမှုပါ ကျွန်တော့်ဘက်ကကျူးလွန်ခဲ့မိတဲ့ကိစ္စဖြစ်လို့ ကျွန်တော်နာကျင်ခံစားရတာပါ ခပ်ရိုင်းရိုင်းပြောရရင်တော့ သေပေါ့ကောင်မရယ် နင်ကိုကနန့်တာကို ခံရတာ နည်းတောင်နည်းသေးတယ် ဒါပါပဲဗျာ



ကောင်းတာလုပ်တဲ့သူအတွက် အဆုံးသတ်ကလှပသလို မကောင်းတာလုပ်တဲ့သူအတွက် အဆုံးသတ်ကဘယ်ကောင်းနိုင်မလည်း ငယ်ငယ်က အမေဆုံးမသလိုပါပဲ မကောင်းတာလုပ်ရင် ဘုရားရိုက်လိမ့်မယ်တဲ့ ကျွန်တော်လည်း ဘုရားရိုက်တာခံရတာနေမှာပါ



ဘုရားကိုတော့ အထွန့်တက်မိပါတယ် ကျွန်တော်အေးအေးဆေးဆေးနေတာကို ဘာလို့များ ကျွန်တော့်ကိုခဏတာကစားတဲ့ ကျွန်တော့်ကိုနည်းနည်းလေးမျှအလေးမထားတဲ့ လူတွေကိုဆုံဆည်းခွင့်ပေးခဲ့တာလည်း ကျွန်တော့်ကိုလောကဓံတရားနဲ့ ထိတွေ့ခွင့်ပေးတာဆိုရင် ကျွန်တော်အရှုံးကြီးရှုံးခဲ့ပါတယ် ကျွန်တော်ကမဖြူစင်ပေမယ့်လည်း ရိုးအတဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့လို့ပါ။



20th April 2024

8:33 pm



Ps: တခြားသူတွေအတွက်တော့မသိပါဘူး ကျွန်တော့်အတွက်တော့ blog ရေးတာက စိတ်ဖြေရာရပ်ဝန်းပါပဲ

ကျွန်တော်အတွက် ကမ္ဘာကကျဥ်းတယ်ဗျ ကျွန်တော်ကိုယ်တိုင်ဘောင်ထဲမှာပဲနေမိခဲ့လို့ပါ 



အခုရေးထားတာလည်း ကျွန်တော်ခံစားချက်သက်သက်ကိုရေးထားတာပါ တဖြေးဖြေးနဲ့ ခင်ဗျားနဲ့ကျွန်တော် ပတ်သက်ဆက်နွယ်မှုမရှိတော့တာ သေချာနေပြီဖြစ်ပေမယ့် ကျွန်တော်ရေးထားတာကို ဖျက်ပြစ်ဖို့အတွက်ဆန္ဒမရှိလို့ post တင်လိုက်တာပါ



ကျွန်တော်ရေးတာတွေအတွက် ကျွန်တော်တစ်ယောက်ပဲ ထိခိုက်နိုင်မယ်လို့ပဲ ယုံကြည်ထားပါတယ် မိန်းမတစ်ယောက်ရဲ့ သူစိမ်းလူတွေသိမထားတဲ့ အတွင်းရေးတွေပေါ့ဗျာ အဲ့ဒါကလွဲရင် သူတစ်ဖက်သားမထိခိုက်နိုင်ဘူးလို့ ကျွန်တော်ယုံကြည်ထားလို့ပါ။

နဒီမင်္ဂလာ။

ကျွန်တော်​အတွက်ကြောင့် တစ်စုံတစ်ယောက်မျှ မထိခိုက်ပါစေနှင့်လို့ ဆုတောင်းနေမိပါတယ်..


အစစအရာရာအကုန်လုံး အဆင်ပြေပါစေခင်ဗျာ။



အာရောဂျံ


 



အာရောဂျံ ပရမံ လာဘံ

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။



တကယ်တကယ်ကို ပျော်နေပါတယ်ဗျာ ဘာပြောရမှန်းတောင်မသိဘူး အလုပ်ကလည်းလျှောက်ထားတာမရသေး လက်ထဲမှာလည်းအသုံးစရိတ်နည်းလာနေပြီဆိုမှ ရောဂါကဖြစ်လာရော ကံကောင်းရင်တော့ ရက်ပိုင်းနဲ့တင်အဆင်ပြေသွားမှာပါ



ဘယ်ဘက်ရင်ဘက်အောင့်နေတာ ရက်နည်းနည်းကြာပြီ ဒီနေ့တော့ပိုဆိုးလာတာနဲ့ မိသားစုဆရာဝန်လိုဖြစ်နေတဲ့ ဝင်းဆေးခန်းမှာသွားပြတယ် ကျွန်တော်ထင်တာကတစ်ခုခုနဲ့ ခိုင်းမိလို့ဒဏ်ဖြစ်တယ်ပဲထင်နေတာ စမ်းသတ်ပြီးတော့မှ ရင်သားမှာအကျိတ်ဖြစ်နေတာ



ဆရာဝန်ကတော့ ဆေးထိုးပေးလိုက်တယ် သောက်ဆေးပေးလိုက်တယ် ၃ရက်အတွင်းသက်သာရင် ပြန်လာပြ အိုကေပဲ စိုးရိမ်စရာမရှိဘူး မသက်သာရင်တော့ ခွဲစိတ်အထူးကုစီပြမှရမယ်ဆိုတော့ ဘုရားရေ ကယ်တော်မူပါအုန်း



၂၀၁၆မှာ အဲ့ဒီနေရာပဲ အကျိတ်ဖြစ်လို့ operation လုပ်ခဲ့ဘူးတယ် ထုံဆေးပေးထားတာတောင် သွေးမတအားထွက်တော့ သွေးထွက်လာတိုင်းပူသွားတာကိုခံစားနေရတယ် မေ့ဆေးဆရာဝန်ကမီးဆောင်းကိုကြည့်မိရင် သွေးအများကြီးထွက်နေတော့ short ရသွားမှာစိုးလို့ မျက်နှာကိုအုပ်ပေးထားရင်း တစ်ချိန်လုံးစကားတွေပြောပေးရင်း အာရုံလွှဲထားရော အဲ့ဒီထဲက operation ဆိုရင် လူကသွေးပျက်နေပြီ အဲ့ဒီခံစားရမှာကြီးကိုကြောက်လို့



၃ရက်စာဆေးသောက်ပြီး သက်သာဖို့အတွက် ဘုရားကိုပဲအကူအညီတောင်းရမှာပဲ ဒီခေတ်ကြီးထဲ အသေးစားခွဲစိတ်မှုတောင် သိန်းဆယ်ဂဏန်းနီးပါးကုန်မှာဆိုတော့ ကျွန်တော်အတွက်အဆင်မပြေဘူးဗျာ Biopsy စစ်လို့ ကင်ဆာဆိုရင် နေရင်းထိုင်ရင်းလူဖြစ်ရှုံးအုန်းမယ် တကယ်မလွယ်ပါဘူးဗျာ ကျွန်တော်ဆိုတဲ့အဓိပတိဖွား အင်္ဂါဆိုတဲ့လူက ဖြစ်လိုက်ပြီဆိုရင် အကုန်လုံးစုပြုံပြီးတော့ပဲ



၃လပိုင်းထဲက အလုပ်ကိစ္စအတွက် ကံမြင့်ကျောင်းဆရာတော်စီမှာ ဗေဒင်သွားမေးဖြစ်တော့ မွေးသက္ကရာဇ်မေးပြီးတာနဲ့ အလုပ်ကိစ္စတစ်ခွန်းမျှမဟောပေးဘဲ နင်ကံအတော်လေးညံ့နေတယ် ၅လပိုင်းနောက်ပိုင်းအသက်အန္တရာယ်ကြုံတွေ့မယ် ရေဝေးမှာ ကိုယ်စားသွားမြုပ်ရမယ်ဟောတာနဲ့ မမနဲ့နှစ်ယောက်သား တစ်သက်နဲ့တစ်ကိုယ်အဲ့လို ယတြာမလုပ်ခဲ့ဘူးဘူး ရေဝေးမှာကိုယ်စားသွားမြုပ်ရတယ် အဲ့ဒါပြီးမှပဲပြန်လာဆိုလို့ ကံမြင့်ကျောင်းထပ်သွားရအုန်းမယ်




မသေချာသေးတဲ့အကြောင်းကို ကြိုတွေးပြီးတော့ တွေးမပူနေတော့ပါဘူးဗျာ ဖြစ်ချိန်တန်ရင်ဖြစ်လာမှာပါပဲ အခုလိုအချိန်မှာ ဘုရားတရားကို အရင်ထက်ပိုပြီးလုပ်ရမှာပါပဲဗျာ..




It's You.


 


ခင်ဗျားပုံတွေ Save မလုပ်ထားပါဘူးလို့ ကတိပေးပြီးမှ ကျွန်တော်ခိုးပြီးတော့ 

Save မိပြန်ပြီဗျာ..


နှစ်ဆန်းတစ်ရက်နေ့ နေလည်ထဲက online မဖြစ်တော့ ချင်းချောင်းတွေနဲ့ ထိတွေ့မှု

ဖြစ်နေပြီလားဆိုပြီး စိတ်ပူမိပြန်ရော online ဖြစ်မလားဆိုပြီး မကြာမကြာဝင်ကြည့်မိပြန်တယ်

ညဘက် online ဖြစ်တော့မှ စိတ်အေးသွားရပြီး ဘုရားကိုစိတ်အေးချမ်းသာစွာ လိုက်သွားလိုက်နိုင်တယ်



ဘုရားကပြန်လာတော့ ပုံတင်ထားတာတွေ့လိုက်ရလို့ ဝမ်းသာရပြန်ရော ကျွန်တော့်အတွက်

မဟုတ်တာသိပေမယ့်  ဘယ်သူ့အတွက်တင်ပေးတာပဲဖြစ်ဖြစ် မျက်နှာလေးမြင်လိုက်ရတာနဲ့ကို

တကယ်ကိုဝမ်းသာမိပါတယ် အဲ့တုန်းကတော့ Save မလုပ်ထားမိသေးဘူးဗျ ငါသတိရရင် 

သွားကြည့်လို့ရတာပဲဆိုပြီး ထားထားလိုက်တယ်



ဘုရားသွားတဲ့ပုံတွေကျမှ ၂ပုံအရင်ဆုံး ခိုးပြီး Save မိလိုက်တယ် အရင်ထက်ပိုဝလာတော့ 

ကျန်းမာရေးဂရုစိုက်ပါဗျာ ကျန်တာကအရေးမကြီးပါဘူး ကျန်းမာနေဖို့ပဲအရေးကြီးတာပါ 

ပိန်တာပဲဖြစ်ဖြစ် ဝတာပဲဖြစ်ဖြစ် ဒီလူကဒီလူပါပဲ ကျန်းမာနေရင်ပြီးရော

အဲ့ဒါနဲ့ပဲ တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန် ၂ပုံတောင် ခိုး Save 

ထားပြီပဲဆိုပြီး အနွေးထည်နဲ့ပုံလေးပါ ယူထားလိုက်ရော



ညဘက်ဘုရားရှိခိုးပြီးအိပ်ယာဝင်တော့ ကိုယ့်ဘာသာဆုံးမမိတယ် ဒီအတိုင်းတောင် 

နင်အနည်ထိုင်ဖို့မနည်းကြိုးစားနေရတာကို အခုလိုမျိုးတွေသာလုပ်နေရင် ဘယ်လိုလုပ်

အနည်ထိုင်မလည်းလို့ အမယ်သူ့ဆေးနဲ့သူတော့ ဟုတ်နေတာပါဗျ



ခဏလေးလွှတ်ထားပေးပါ ကျွန်တော့်မှာမျှ ဖက်တွယ်စရာမရှိသေးတာ လွှတ်ချထားလိုက်ပါပြီ

ဆိုပေမယ့် သံယောဇဥ်မျှမပြတ်နိုင်သေးတာကို အဲ့ဒါနဲ့သနားပြီး ထပ်ပြီးမဆူတော့ဘဲ 

ပေးအိပ်လိုက်ပါတယ်



မနက်နိုးတာနဲ့ ခင်ဗျား Wall ကို သွားကြည့်တော့ မနေ့ကပုံတင်ထားတာ မရှိတော့ဘူး 

ဟူး တော်သေးတာပေါ့ မနေ့ကပုံလေး Save မိလိုက်လို့ ဆိုပြီး ဘုရားသွားတဲ့ 

နောက်တစ်ပုံ ထပ်ခိုးလာပြန်ရော သတိတော့ပေးထားပါတယ် ၄ပုံတောင်ရှိသွားပြီ 

ဒီနှစ်အတွက်ထပ်ပြီး  Save မလုပ်ရဘူး ပုံခိုးမယူရတော့ဘူးဆိုပြီးတော့



ဒီနေ့ညလည်း ခင်ဗျားအသံကြားလိုက်ရတော့ စိတ်ချမ်းသာမိပြန်ရော ထပ်ပြီးတော့ 

မယူထားတော့ပါဘူးဗျာ အဲ့ဒါနဲ့ပဲ သြော် နင်တစ်ယောက်တော့ 

အားကြီးကြီးအနည်ထိုင်ပါလိမ့်မယ်လို့ ကိုယ့်ဘာသာပြောမိပါတယ် လူတစ်ယောက်ကို 

ဘဝကြီးတစ်ခုလို့ မှတ်ယူထားတာလည်း တကယ်ကို တကယ်ကိုမလွယ်ပါဘူးဗျာ 

စိတ်ရောလူရော ပင်ပန်းရပါတယ်



မလွယ်ပါဘူးဗျာ ဖက်တွယ်ထားတုန်းကရော လွှတ်ချထားလိုက်တဲ့အချိန်ရော တစ်ခုမျှ 

တကယ်ကို ကျွန်တော့်အတွက်မလွယ်လှပါဘူးဗျာ။


သီတဂူဆရာတော် အရှင်ဉာဏိဿရ ၏ ၁၃၈၆ ခုနှစ် နှစ်သစ်ကူး ဩဝါဒကထာ

  သီတဂူဆရာတော် အရှင်ဉာဏိဿရ ၏ ၁၃၈၆ ခုနှစ် နှစ်သစ်ကူး ဩဝါဒကထာ


MINISTRY OF INFORMATION/ NAYPYITAW / APRIL 17, 2024












နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးအထူးပင် ဓမ္မကထာဖြင့် နှုတ်ခွန်းဆက်ပါသည်။



တရားချစ်ခင်သူတော်စင်အပေါင်းတို့-


ယခုအခါ ၁၃၈၅ ခုနှစ်ဟူသော နှစ်ဟောင်းတစ်နှစ်ကုန်သွားပါပြီ။ ၁၃၈၆ ခုနှစ်ဟူသော နှစ်သစ် တစ်ခုသို့ ရောက်လာပြန်ပါပြီ။ ကုန်လွန်သွားသော ဒီ ၁၃၈၅ ခုနှစ်ဟူသော နှစ်ဟောင်းဟာ လွန်ခဲ့တဲ့ နှစ်က နှစ်သစ်ဖြစ်ခဲ့ပါတယ်။ ယခုတော့ ဟောင်းနွမ်းကုန်ဆုံးခဲ့လေပြီ။ ထိုနည်းတူစွာ ယခုရောက်ရှိလာတဲ့ ၁၃၈၆ ဟူသော နှစ်သစ်ဟာလည်း တဖြည်းဖြည်းဟောင်းဟောင်းပြီး ကုန်ဆုံးသွားမှာပဲဖြစ်ပါတယ်။ 




ဖြစ်ပေါ်လာသမျှ အသစ်အသစ်တွေ အားလုံးဟာလည်း သတ္တဝါတွေပါမကျန် ဟောင်းဟောင်းသွားကြပြီး ပျောက်ပျက်ကုန်ကြရမှာချည်းပါပဲ။ အသစ် အသစ်တိုင်း အဟောင်းအဟောင်းဖြစ်သွားကြရပြီး‌ ပြောင်းပျက်ကြရမှာချည်းပါပဲ ဒီသဘောဟာ- မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ ဝယဓမ္မာသင်္ခါရာဆိုတဲ့ သင်္ခါရတို့ရဲ့သဘောပါပဲ။ အဲဒီသင်္ခါရသဘောကို စောင့်ကြည့်နိုင်တဲ့ပုဂ္ဂိုလ်ဟာ လူစွမ်းကောင်းပါပဲ။ အသစ်အသစ်တို့ရဲ့ အဟောင်းအဟောင်းဖြစ်ပြီး ပြောင်းပျက်ရတဲ့သဘောကို စောင့်ကြည့်ကြဖို့ ဗုဒ္ဓရှင်တော်က “ဝယဓမ္မာသင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ” လို့ မိန့်ကြားတော်မူခဲ့ပါတယ်။




ကမ္ဘာ့သမိုင်းဦးကျမ်းလို့ဆိုလောက်တဲ့ စက္ကဝတ္တိသုတ်တော်ကြီးမှာ စက္ကဝတ္တိမင်းကြီး နတ်ရွာစံခါနီး သားတော်ကြီးကို ထီးနန်းလွှဲတော့ မှာထားတဲ့ မှာကြားချက်ရှိပါတယ်။အဲဒီမှာကြားချက်ဟာ ပါဠိ တော်မှာ ဒီလိုရှိပါတယ်-“ခမ္မိတံ ရက္ခာဝရဏဝုတ္ထိ” “သံဝိဒထိ အနောနံ ဓနံ မနုပ္ပဒါသိ” လို့ဟောထားတာ ရှိပါတယ်။ အဲဒီပါဠိတော်တွင် ပြောထားသည်မှာ “တိုင်းသားပြည်သူ လူအားလုံးကို ဓမ္မနှင့်ညီညွတ်သော အာရက္ခ- အစောင့်အရှောက်၊ အာဂရက- ပိတ်ပင်တားမြစ်မှု၊ ဝုတ္ထိ- လုံခြုံမှုပေးရမည်ဟု ပြောထားပါတယ်။ 




ထို့ပြင် အနောနံ ဓနံ မနုပ္ပဒါသိ- ဆင်းရဲသားတို့ကိုလည်း ချီးမြောက်ထောက်ပံ့ရမည်ဟု ဟောထားပါတယ်။ ဒါကြောင့် ဆင်းရဲသူ ဆင်းရဲသား ချီးမြောက်စောင့်ရှောက်ခြင်း အလုပ်တွေကို စက္ကဝတ္တိမင်း၏ နောက်မင်းဆက်တွေဟာ မဆောင်ရွက်ကြတော့သဖြင့် တိုင်းသူပြည်သားတွေ ပို၍ဆင်းရဲလာကြတယ်။ ထို့နောက် ဖြစ်ပေါ်လာသော မကောင်းမှုအကျိုးဆက်တွေက ခိုးဝှက်လုယက်မှုတွေပဲပေါ့။ ကံ၊ ဉာဏ်၊ ဝီရိယ (သို့မဟုတ်) စိတ်စေတနာနဲ့ ဉာဏ်ဝီရိယတို့ သိမ်ဖျင်းသည့် လူတချို့က- ခိုးဝှက်၊ လုယက်၊ တိုက်ခိုက်ကြတယ်။ 




ဆိုလိုသည်မှာ - ကမ္ဘာဦးကာလက လူဖျင်း/လူပျင်းတွေကြောင့် တိုက်ခိုက်၊ ခိုးဝှက်၊ လုယက်ခြင်းဆိုတဲ့ အဒိန္နဒါနမှု စပေါ်တယ်လို့ ဆိုတာပါပဲ။ အဒိန္နဒါနမှု စတင်ပေါ်လာတော့- ဘုရင်ကဖမ်းဆီးပြီး အပြစ်ကျူးလွန်သူတို့ကို သတ်ပစ်တယ်။ ဒုတိယပေါ်လာ တာကတော့ ပါဏာတိပါတမှု ပေါ်လာတယ်။ ပါဏာတိပါတမှုပေါ်လာတော့- အသတ်ခံရမှာ ကြောက်လို့ ရုံးတော်မှာလိမ်ကြတယ်။ မုသာဝါဒမှု ပေါ်လာတယ်။ သိသူမြင်သူတွေက တိုင်ကြတယ်။ အဲဒါ ပိသုဏဝါစာပဲ။




ဤသို့အားဖြင့် တဖြည်းဖြည်းနဲ့ နှစ်တွေကြာညောင်းလာတော့- လူ့သက်တမ်းနှစ်တစ်ထောင် ရောက်တဲ့အခါ မိစ္ဆာဒိဋ္ဌိတရားတွေအထိ ပေါ်လာပါတယ်။ ထို့နောက် လူ့သက်တမ်းနှစ်တစ်ရာရောက် လာတော့ အဓမ္မာရာဂ ၊ဝိသမလောဘ၊ မိစ္ဆာဓမ္မဆိုတဲ့ မကောင်းတရားတွေ ပေါ်လာတယ်လို့ အကျဉ်းချုံး၍ မှတ်ရအောင်။ ဒီတော့ဆိုလိုတာက- မကောင်းတရား (၁၈)ပါးစုံပြီပေါ့။ အဲဒီမကောင်းတရား(၁၈)ပါးရဲ့ ရေသောက်မြစ်က- လောဘ၊ ဒေါသ၊ မောဟ ဒီသုံးပါးပဲဖြစ်ပါတယ်။ 


ဒီတရားသုံးပါးပေါ်လာတော့ ကမ္ဘာကြီးမှာဖြစ်လာမယ့်အကျိုးဆက်တွေက -


၁။ လောဘထူပြောတဲ့ခေတ်မှာ- ဒုဗ္ဘိက္ခန္တရကပ်- အငတ်ဘေးရောက်တတ်ပါတယ်။


၂။ ဒေါသထူပြောတဲ့ခေတ်မှာ- သတ္ထန္တရကပ်- လက်နက်မျိုးစုံနဲ့ သတ်ဖြတ်တဲ့ဘေးရောက် တတ်ပါ တယ်။


၃။ မောဟထူပြောတဲ့ခေတ်မှာ- ရောဂန္တရကပ်- ရောဂါမျိုးစုံဘေးရောက်တတ်ပါတယ်။




ဒီအကြောင်းအရာတွေကို ကမ္ဘာဦးသမိုင်းကျမ်းလို့ဆိုရတဲ့ စက္ကဝတ္တိသုတ်မှာ ဟောတော်မူတာကို အကျဉ်းချုံးပြတာဖြစ်ပါတယ်။ အဲဒီတော့ ဒီနေ့ဒီခေတ်မှာ လောကပျက်စီးကြောင်း မကောင်းတရားတွေ စုံနေပါပြီ။ ဒီမကောင်းတရားတွေကို ထိန်းချုပ်နိုင်မှ ဘုရားဟောသုတ်တော်ကြီးအတိုင်း ပြောရလျှင် ဆင်းရဲသားတွေကို ထမင်းကောင်းစွာ စားရဖို့၊ အေးချမ်းစွာနေနိုင်ဖို့ အားထုတ်ပေးကြ မှသာ အတော်အတန်အေးချမ်းသာယာရှိလိမ့်မည်ဆိုတာကို ပြောချင်ပါတယ်။




နိဂုံးချုပ်အားဖြင့် မကောင်းတရား တစ်ဆယ့်ရှစ်ပါးနှင့် ဘေးကြီးသုံးပါးတို့ရဲ့ အကြောင်းရင်းမူလသုံးပါးဖြစ်တဲ့ - လောဘ၊ ဒေါသ၊ မောဟ ဤတရား သုံးပါးတို့ကို ထိန်းချုပ်နိုင်ကြပါစေ၊ ပယ်သတ်နိုင်ကြပါစေလို့ နှစ်သစ်မှာဆုတောင်းပါတယ်။






နှစ်သစ်ကူးတဲ့ လတန်ခူးမှာ-


တောအုပ်ကြီးတစ်ခုလုံးရွက်သစ်နဲ့တဝေဝေ၊


ပန်းမျိုးစုံနဲ့ သင်းပျံ့မွှေးကြိုင်နေသလို-


နိုင်ငံတစ်ဝန်း ငြိမ်းချမ်းသာယာရှိပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


“သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ”


သီတဂူဆရာတော်


နိုင်ငံတော်ဩဝါဒါစရိယ၊


ရွှေကျင်နိကာယသာသနာပိုင်


အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာ


သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊


သီတဂူဆေးရုံတော်များနှင့်


သီတဂူဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ။    


https://myanmar.gov.mm/news-media/-/asset_publisher/Jb7SCMXVsWI1/content/%25E1%2580%259E%25E1%2580%25AE%25E1%2580%2590%25E1%2580%2582%25E1%2580%25B0%25E1%2580%2586%25E1%2580%259B%25E1%2580%25AC%25E1%2580%2590%25E1%2580%25B1%25E1%2580%25AC%25E1%2580%25BA-%25E1%2580%25A1%25E1%2580%259B%25E1%2580%25BE%25E1%2580%2584%25E1%258?_com_liferay_asset_publisher_web_portlet_AssetPublisherPortlet_INSTANCE_Jb7SCMXVsWI1_redirect=https%3A%2F%2Fmyanmar.gov.mm%2Fnews-media%3Fp_p_id%3Dcom_liferay_asset_publisher_web_portlet_AssetPublisherPortlet_INSTANCE_Jb7SCMXVsWI1%26p_p_lifecycle%3D0%26p_p_state%3Dnormal%26p_p_mode%3Dview%26_com_liferay_asset_publisher_web_portlet_AssetPublisherPortlet_INSTANCE_Jb7SCMXVsWI1_cur%3D0%26p_r_p_resetCur%3Dfalse%26_com_liferay_asset_publisher_web_portlet_AssetPublisherPortlet_INSTANCE_Jb7SCMXVsWI1_assetEntryId%3D319390211     


အေးချမ်းပါစေ



 

ဒီနေ့ခင်ဗျားစကားလာပြောတယ် ဝန်ခံရရင်တော့ကျွန်တော်အရမ်းကို ပျော်သွားမိပါတယ် အရင်ကတော့ စကားပြန်မပြောတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ကျွန်တော်မနေနိုင်ခဲ့ပါဘူး ဒါပေမယ့် ပျော်တယ်ဆိုတဲ့နေရာလေးမှာတင်ပဲ ရပ်တန့်ထားလိုက်ပါတယ် ကျွန်တော့်ကိုယ်ကျွန်တော် မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေ ထပ်မပေးတော့ပါဘူးဗျာ..



ကျွန်တော်ကလူကသာ မရင့်ကျက်သေးပေမယ့် စိတ်ကတော့ရှေးရိုးစွဲမိန်းမတစ်ယောက်ဖြစ်နေတာ လူငယ်တွေနဲ့အတူတူပေါ့ပေါ့ပါးပါးနေတက်ပေမယ့် ကျွန်တော် save ဖြစ်မယ့် ကန့်သတ်ချက်တွေတော့ ကျွန်တော်မှာရှိပါတယ် အဲ့ဒီ့ကန့်သတ်ချက်တွေကို ကျွန်တော်ကိုယ်တိုင်ဘဲချိုးဖောက်တက်တာပါ အချစ်ဆိုတဲ့ခံစားမှုကြောင့်ပေါ့ ထားလိုက်ပါတော့ဗျာ အတိတ်တွေစီခဏတော့ပြန်မသွားသေးပါဘူး ကျွန်တော့်မှာအမှတ်ရစရာတွေတပုံကြီးလေ



အဲ့လိုရှေးရိုးစွဲတော့ ရေလာမြောင်းပေးမလုပ်တက်ဘူးဗျာ တစ်ခါတလေဘူနေလို့စကားပြောချင်ပေမယ့် Hi လာပို့ရင်တောင် active ကြီး စိမ်းနေရဲ့သားနဲ့ ခပ်တည်တည်ပဲ မသိကျိုးကျွန်ပြုလိုက်ရော တချို့ဆို unfriend တောင် ပြန်လုပ်သွားတယ် မတက်နိုင်ပါဘူး ကျွန်တော်ကမှလူတွေနဲ့ရင်းနှီးကျွမ်းဝင်ဖို့ မကျိုးစားတက်တာကို အဲ့ဒါကြောင့်လည်းအလွယ်တကူ ရည်းစားမရတာနေမှာပါ မိန်းမလည်းမပီသေး​ေSာက်ကြောလည်းတင်းသေးလို့ထင်မှာပေါ့ဗျာ




ဘဲရရင်ပြောပါတဲ့ ကျွန်တော်လည်းပြောပေးမှာပါ ကျွန်တော့်အပေါ်သနားတဲ့စိတ်နည်းနည်းလေးအတွက် ပြန်ပြီးအသိအမှတ်ပြုပေးခဲ့တဲ့သူပဲ ကျွန်တော်ပြောပေးမှာပါ တစ်ယောက်တည်းမဟုတ်တော့ဘူးရည်းစားရသွားလို့ သနားစိတ်လေးမထားလည်းရပါပြီ အဲ့ဒါအတွက်ပြောပေးမှာပါ



ဒါပေမယ့် ခင်ဗျားလိုချင်တာက sex ကိစ္စ ဘယ်လိုမိန်းမတွေကများ လက်လွတ်စပယ်အဲ့လို့ကိစစ္စတွေများ လုပ်ခဲ့ကြလည်းမသိပါဘူး ကျွန်တော်လည်းသူကောင်းကြီးမဟုတ်ပါဘူး ဒါပေမယ့် စောင်ထိန်းတဲ့ကျင့်ဝတ်တော့ရှိပါတယ်ဗျ ညီမလေးတစ်ယောက်အပေါ်ပဲသူယုတ်မာဖြစ်ခဲ့ဖူးမှာပါ ကျန်တာမှာတော့ ကျွန်တော်ယုတ်မာခြင်းအလျင်းမရှိခဲ့ပါဘူးဗျာ



ခင်ဗျားဆိုတဲ့ လူတစ်ယောက်အပေါ် မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေနဲ့ သုံးနှစ်နီးပါးကျွန်တော်ဖက်တွယ်ခဲ့ဖူးပြီးပါပြီ အခုတော့ကျွန်တော့်ကိုယ်ကျွန်တော် မကျက်သေးတဲ့ဒဏ်ရာကို နောက်တစ်ကြိမ်ဓါးနဲ့ထပ်ထိုးဖို့အတွက် ခွင့်မပြုနိုင်တော့ပါဘူး ကျွန်တော်ကလူတစ်ယောက်အပေါ် အချစ်ကြီးသလို အဲ့ဒီ့လူတစ်ယောက်က ကျွန်တော့်အပေါ်နာကျင်စေခဲ့ရင်လည်း မတအားကိုအကြောက်ကြီးတက်သူပါ သူ ငါ့အပေါ်နောက်တစ်ကြိမ်နာကျင်စေမှာလားဆိုတဲ့အသိက ကျွန်တော့်ကိုသတိပေးနေတာပါ



တော်ပြီဗျာ အရေးကြီးတာပဲပြောပါတော့မယ် အရင်ကတော့ ခင်ဗျားနဲ့စကားမပြောဖြစ်တာ ဘယ်နှစ်ရက်ရှိသွားပြီဆိုပြီး ပြက္ခဒိန်မှာမှတ်ထားတက်ပါတယ် ခင်ဗျား online ဖြစ်နေတာကိုလည်း ခဏခဏဝင်ကြည့်တက်ပါတယ် အခုတော့အဲ့လိုတွေ မမှတ်ထားတော့ပါဘူး အရမ်းကြီးကိုစိုးရိမ်မိတော့မှ ခင်ဗျား online ဖြစ်လားဆိုတာကိုပဲ ခဏလေးဝင်ကြည့်ဖြစ်ပါတယ်



ကျွန်တော်ဝန်ခံရရင် ခင်ဗျားကိုဒီနေ့အထိချစ်နေတုန်းပါပဲ ကျွန်တော်ကသံယောဇဥ်ကြီးတက်တဲ့သူဖြစ်လို့ပါ သူတစ်ပါးကိုလည်းမညာချင် ကိုယ့်ဘာသာလည်းမညာချင်လို့ပါ ဒါပေမယ့်လည်း ချစ်တယ်ဆိုတဲ့နေရာမှာပဲ ရပ်တန့်ထားလိုက်ပါတယ် ကျွန်တော့်ကို sex ကိစ္စတစ်ခုတည်းအတွက်သာ ခဏတာလိုအပ်တဲ့ ယောင်္ကျားတစ်ယောက်ကို နောက်ဆုံးအချိန်အထိဖက်တွယ်နေဖို့အတွက် ကျွန်တော့်ကိုယ်ကျွန်တော် ခွင့်မပြုပေးနိုင်ပါဘူး



ကျွန်တော်ကပူပင်သောကကြီးတဲ့ မိန်းမတစ်ယောက် အတ္တကြီးတဲ့မိန်းမတစ်ယောက် ဖြစ်ကောင်းဖြစ်မှာပါ ဒါပေမယ့်လည်း ကျွန်တော့်ကိုယ်ကျွန်တော် တကယ်ကိုအေးချမ်းစေချင်တဲ့ သူတစ်ယောက်ပါဗျာ။



မနက်ဖြန်ကစပြီး ကျွန်တော်တစ်ယောက် အေးချမ်းနိုင်ပါစေဗျာ။

စိတ်







ဒီရက်ပိုင်းစာတွေရေးဖြစ်ပေမယ့် ၁နာရီတောင်မကြာဘူး Note မှာ ရေးရေး Blog မှာရေးရေး ဖျက်ဖြစ်လိုက်ရော ရာသီဥတုကပူတော့ စရေးမိတာပဲအဖတ်တင်တယ် ပြီးရင်စိတ်တိုင်းမကျတာနဲ့ ဖျက်လိုက်ရော 



မြဝတီကိစ္စရေးမိတယ် စစ်တပ်ကိုချစ်တယ်ဆိုပြီး တပ်ကထိရင်အားရဝမ်းသာ post တင်တဲ့လူတွေ အကုန် unfriend လုပ်မိတဲ့အထိကို ဒေါသတွေထွက်မိတာ တပ်ကိုထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘာမျှမလုပ်ပေးနိုင်လို့ ညိမ်ညိမ်လေးပဲနေပါတယ် တပ်ကိုစိတ်ဓါတ်ရေးရာအရအားပေးတယ် စိတ်ဓါတ်ပျက်ပြားမယ့် ဆွဲချမယ့်ကိစ္စရပ်မျိုး နည်းနည်းလေးတောင်မလုပ်ဘူးခင်ဗျ ဒင်းတို့ကတော့ စစ်တပ်ထိတာနဲ့ လက်ခုပ်ထတီးသလိုတင်နေကြတာ ​ေSာက်ပိန်းတစ်သိုက်နဲ့နင်လားငါလားပါပဲ အဲ့ဒီကိစ္စလည်း တော်တော်များများ ရေးထားပြီးမှ ဖျက်ပြစ်ရော



ခင်ဗျားနဲ့ပတ်သက်တဲ့မိန်းမတစ်ယောက် ဝန်ခံရရင်သူ့ကိုကြည့်မရတာကြာပါပြီ ခင်ဗျားတို့အကဲပိုနေတာတွေကို မြင်ရတွေ့ရတာကြာပါပြီ ထားလိုက်ပါတော့ သူတစ်ပါးအတင်းပြောရတာ ကိုယ်ပဲမကောင်းဖြစ်မှာပါ ခင်ဗျားတို့အကဲပိုနေတာတွေ မြင်ရတော့ J ဝင်မိပါတယ် ကိုယ့်ဘာကိုယ် အကုသိုလ်များမိလို့ unfriend လုပ်ဖို့လည်းတွေးမိပါတယ် ငါနဲ့မျှမဆိုင်တော့တာလေ အကုသိုလ်ယူမနေပါနဲ့လို့ပဲ ထားလိုက်ပါတယ် unfriend မလုပ်တာက အကဲပိုနေတာတွေကြောင့် ကျွန်တော်ပိုပြီး အနည်ထိုင်ဖို့အတွက်ပါ အဲ့ဒါလည်း ဖျက်ပြစ်လိုက်ပါတယ်



သင်္ကြန်ကိစ္စ တော်တော်လေးဒေါသဖြစ်ရပါတယ် ကန်တော့ပါရဲ့ ​ေSာက်ဆံရှိတဲ့သူတွေ သိန်း၃၀ ၄၀ အကုန်ခံပြီး oversea ထွက်ကဲ တစ်ရက်ကို ၄ ၅သိန်းအကုန်ခံပြီး hotel မှာ pool party တွေဆင်နွဲနေကျပြီး line ပေါ်မှာကျတော့ အများပြည်သူပျော်ရွှင်နေကြတဲ့ အခြေခံလူတန်းစားတွေကိုကျတော့ သင်္ကြန်ရေကစားတာ blame နေတာကို မြင်ရတော့ ကန်တော့ပါရဲ့ မ​ေAပေး နှမပေးတွေကို မျက်ခွက်တွေပိတ်ထိုးပစ်လိုက်ချင်တာမှ မတအားပဲ ကျောင်းမှန်းကန်မှန်းမသိတဲ့ နွားတွေ ဘာသာတရား ရိုးရာယဥ်ကျေးမှုတွေဖျက်စီးခံနေရတာ အစားထိုးခံနေရတာကို မှိုင်းမိပြီးအသိဥာဏ်မဲ့နေတဲ့ နွားတွေ။ မန္တလေးမှာဗုံးပေါက်တော့ တူသောအကျိုးပေးပါစေဆိုပြီး အခါတွင်းဆုတောင်းမိပါရော အဲ့ဒါလည်း post share တာကလွဲပြီး ရေးထားတာ ဖျက်ပြစ်လိုက်ပါတယ်



မနေ့ညနေက ဘွားတော်တစ်ယောက် NPW မှာ ပတက်ကသူ့ဘာမျှမလုပ်လို့ အဖြူထည်လေးတွေပါပြောလို့ ပွဲဆူသွားသေးတယ် ၂၀၂၁ လောက်က သူ့ကို follow လုပ်ခဲ့ဘူးပါတယ် post တွေတင်တာက လိပ်မကြီးဖြစ်နေလို့  follow ဖြုတ်လိုက်တာ နောက်ပိုင်းကို သူ့သတင်းနဲ့ပတ်သက်ပြီး ဘာမှမသိတော့ ဒီ post တက်လာမှပဲ ဖွတ်မကြီးလုံးလုံးဖြစ်နေမှန်းသိရတာ ကျွန်တော်တို့စီမှာ တပ်မတော်ကိုချစ်လှပါချီရဲ့ဆိုပြီး နောက်ကျောကိုဓါးနဲ့ထိုးတဲ့ ဖရဲသီးတွေတော်တော်ပေါတယ်ဗျာ



ညကျတော့ ပြင်ဦးလွင်ကိစ္စတက်လာရော ပြင်ဦးလွင်လိုစစ်တပ်မြို့ပြစ်ခံရတော့ ဒေါသထွက်မိပါတယ် ဘဘကိုလည်း Sဲမိပါတယ် ဒါပေမယ့် တပ်ကိုတော့ဆွဲမခိဘူးဗျ အဲ့မှာ တပ်မတော်ကြီးကိုချစ်လှပါတယ်ဆိုတဲ့ မ​ေAပေးတွေက ဝမ်းသာအားရတင်ကြတော့ ထပ်ပြီး unfriend လုပ်ရပြန်ရော ကန်တော့်ပါရဲ့ တကယ်ကို ကျက်သရေတုံးတဲ့ကောင်တွေပါဗျာ အဲ့ဒါလည်း ဖျက်ပြစ်လိုက်ပါတယ်



ဘုရားကဟောခဲ့ပါတယ် စိတ်ဆိုတာ လက်တဖျစ် အချိန်လေးမှာတောင် ကဋေတစ်သိန်းဖြစ်ပြီးပျက်နေရတာ သင်္ကြန်သုံးရက်ဆိုတဲ့ အချိန်အတွင်းမှာ ကျွန်တော်တစ်ယောက် ဖြစ်ပျက်နေတာ ကိစ္စရပ်အများကြီးပါပဲ သင်္ကြန်ရေလည်းမစိုသေးတော့ ဘူနေတာလည်းပါပါမယ် စာရေးချင်ပေမယ့်လည်း စိတ်ကညိမ်သက်မနေတော့ တစစီပြန်စုပြီးရသလောက်ပဲ ရေးဖြစ်လိုက်ပါတယ် အတက်နေ့ကိုတော့ သင်္ကြန်ရေနဲ့ထိတွေ့လိုက်ပါအုန်းမယ်



နှစ်ဆန်းတစ်ရက်နေ့ကစပြီးတော့ ကျွန်တော်တစ်ယောက်ရော ခင်ဗျားနဲ့ခုနှစ်ရက်သားသမီးတပ်မတော်သားတွေရော မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးရော စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ အန္တရာယ်ကင်းဘေးရှင်းပြီး အသက်ရာကျော်ရှည်ပါစေ လိုအင်ဆန္ဒတစ်လုံးတဝပြည့်စုံပြီး စိတ်သွားတိုင်းကိုယ်ပါနိုင်ကြပါစေ ဒုက္ခခပ်သိမ်းကင်းညိမ်းရာအမှန်ဖြစ်သော နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ပါစေခင်ဗျာ။



စွဲလန်းခြင်းတဏှာ


 


 ည၉နာရီထိုးခါနီးမှာ လေကျပြီး မိုးပါပါလာရော တနေ့လုံးကျစ်ကျစ်တောက်ပူနေတဲ့ နေအရှိန်အေးသွားတော့ နေရတာအတော်လေးအပူသက်သာသွားရတယ်



၉နာရီမီးပြန်လာတဲ့အချိန် မိုးအရှိန်ကမရပ်သေးတော့ စိတ်ချမ်းသာနေပါရော မိုးသံတွေကို short video ထပ်ရိုက်ပြီးတော့ ကိုယ့်ဘာသာကြည့်ရတာနဲ့တင် အားမရသေးလို့ သဲသဲကိုခေါ်ပြီးပြတင်းပေါက်ကနေ ခဏကြည့်ခိုင်းလိုက်မိတယ်



ပြီးတော့ဖုန်းခဏသုံးပြီး ရေချိုးဖို့ပြင်နေတုန်းမှာပဲ မမက သဲငဲဘာဖြစ်မှန်းမသိဘူးအော်လို့ အိမ်ရှေ့ပြေးထွက်တော့ ကလေးကလက်တွေခြေတွေကွေးပြီးတော့ ပါးစပ်စိပြီးမျက်လုံးကပြူးနေပြီ ကလေးကိုကောက်ချီပြီးပါးစပ်ကိုဖွင့်ထားတော့ နည်းနည်းသက်သွားတယ် ည၁၀နာရီထိုးခါနီး ဆေးခန်းတွေပိတ်ချိန်ဆိုတော့ ညီမနှစ်ယောက်ဘာလုပ်ရမှန်းမသိဘူး  အမေကလည်းစိုးရိမ်ပြီးဆေးခန်းပို့ဖို့လောနေ 



ဆေးခန်းဘယ်ရှာရမှန်းမသိဖြစ်နေတုန်းမှာပဲ ကလေးကထပ်ဖြစ်ရော အစ်မကကလေးကောက်ချီပြီး အောက်ဆင်းပြေးတော့ ကိုယ်ပါအဖေပေးတဲ့ပိုက်ဆံဆွဲယူပြီး ခြေတုံးလုံးနဲ့ဆင်းပြေးတော့ အမေကထီးနဲ့စောင်ပါထပ်ပေးတယ် မိုးရွာနေတာကိုပြမိလိုက်လို့ Heat storke ကြောင့်များလား ကလေးသေသွားရင်ဆိုတဲ့စိတ်ကဖိစီးနေတော့ မိုးရေထဲခြေတုံးလုံးနဲ့ထီးမိုးစောင်ခြုံပေးရင်း ပါးစပ်ကလည်းသဲသဲရေဘာမှမဖြစ်ဘူးနော်ဆိုပြီး တဖွဖွပြောနေမိတယ်



သတ္တဝါတိုင်းမှာ ကံကြမ္မာဆိုတာပါလာပြီးသားဖြစ်လို့ ဆေးခန်းပိတ်သွားတာတောင် ပိုင်ရှင်ညီမလေးကကျေးဇူးကြီးလှစွာပဲ ဆရာဝန်ခေါ်ပေးတယ် ဆရာဝန်မကလည်းချက်ခြင်းလာပြီး ဆေးထိုးပေးလိုက်တော့ လောလောဆယ်အသက်အန္တရာယ်ကတော့ လွတ်သွားရပါတယ် 



သံယောဇဥ်ကြီးကြီးလွန်းတဲ့ မိသားစုဖြစ်နေတော့ အဖေလည်းထမင်းမစားနိုင် အမေလည်းမလှုပ်နိုင်တော့ဘူး ညီမနှစ်ယောက်ကတော့အိမ်ရောက်ထဲက သူ့အနားမခွာရဲဘူးတစ်ခုခုဖြစ်မှာစိုးရိမ်တာနဲ့


သူ့မွေးထားတဲ့သခင်မကတော့ သူ့မောင်လေးနဲ့ Busking သွားဆိုတာမပြီးသေးလို့ သီချင်းဆိုပြီးမှပဲပြန်လာကြတယ် အပူအပင်ကင်းတဲ့သူတို့နှစ်ယောက်ကိုအားကျပါတယ် အိမ်ပြန်ရောက်တော့ သဲသဲရေသက်သာသွားပြီလား ခဏသတင်းမေးပြီးတာနဲ့ ဖုန်းကိုယ်စီနဲ့အေးဆေးပါပဲ ညီမနှစ်ယောက်ကသာ ကလေးတစ်ခုခုဖြစ်မှာ စိုးရိမ်စိတ်တွေနဲ့ဒီညကိုမြန်မြန်မိုးလင်းချင်နေရတာပါ။

Thu Sane Tha Yout

သုံးနှစ် ရက်ပေါင်း ၁,၀၉၅ ရက် ကျွန်တော့်အတွက် လူတစ်ယောက်ကို 
အရူးအမူးချစ်ပေးခဲ့တာ လုံလောက်သွားပါပြီ


ဘဝဆိုတာ ခဏလေးပါ အဲ့ဒီခဏဆိုတဲ့ အချိန်လေးမှာ
ကျွန်တော်ပျော်သလိုပဲ နေပါတော့မယ်ဗျာ


တနေ့နေ့တချိန်ချိန်မှာတော့ အရာအားလုံး
အတိတ်တွေဖြစ်သွားမှာပါ။


#5thApril2024.



သူစိမ်း။



ရင်းနှီးကျွမ်းဝင်ပြီးမှစိမ်းသွားတဲ့သူစိမ်းက

အရင်သူစိမ်းထက်ပိုပြီးစိမ်းတယ် ကိုကို

အစိမ်းရောင်ကိုသဘောကျပေမယ့်

အဲ့ဒီအစိမ်းကိုတော့ကျွန်တော်မုန်းမိပါတယ်။


#31stMarch2024






ဒီ post ကို ကျွန်တော်တင်ဖြစ်မယ်လို့ ယေးယေးလေးမျှတောင်မတွေးထားမိပါဘူးဗျာ ၂၀၂၄ခုနှစ် ပြီဧလ ၅ရက်နေ့မှာ အမှတ်တရတင်မယ်ဆိုပြီး ကိုယ့်ထမင်းကိုယ်စားပြီး သူများသားလေးကို သဘောကျမိတာ ၃နှစ်ပြည့်ပြီပေါ့ဗျာ ဆိုတဲ့ post ကို အချစ်ကြီးရင် နွားဖြစ်တဲ့ပုံလေးနဲ့တင်ဖို့တောင် save ထားသေးတာပါဗျာ 



ဒါပေမယ့်လည်း ကျွန်တော်မမျှော်လင့်ထားခဲ့ပေမယ့် ခင်ဗျားကိုဖက်တွယ်မိတာကို တကယ်ကိုရပ်တန့်လိုက်ပါပြီ။



၂၀၂၁ခုနှစ် ဧပြီလ ၅ရက်နေ့ ကံကြမ္မာက ဆုံဆည်းခွင့်မပေးခဲ့ပေမယ့် အမှတ်မထင်ဘဲ ခင်ဗျားကိုစသိခဲ့တယ် အဲ့ကနေတဆင့် ချစ်ခင်မြတ်နိုးတွယ်တာမိတယ် တစ်ဘဝလုံးအတွက်လို့ ကျွန်တော်ရည်ရွယ်ခဲ့ပါတယ် ဒါပေမယ့်လည်း။




၂၀၂၄ခုနှစ် မတ်လ ၃၁ရက်နေ့ ကျွန်တော်ရပ်တန့်ဖို့ နည်းနည်းလေးမျှမတွေးထားပေမယ့် ရပ်တန့်လိုက်ပါပြီ ကျွန်တော်တကယ်ကို စိတ်ရောလူရောပင်ပန်းနေပါပြီ။




သုံးနှစ်ဆိုတဲ့ခရီးကို မနားမနေသွားနေရင်း ခြေကုန်လက်ပန်းဖြစ်ပြီး စိတ်ပင်ပန်းလာတဲ့အချိန်မှာ ဘယ်လိုမျှရှေ့မဆက်နိုင်တော့လို့ ရပ်တန့်လိုက်တာပါပဲ ကျွန်တော်တကယ်ကို လူရောစိတ်ရောပင်ပန်းနေလို့ပါဗျာ ဆက်မသွားနိုင်တော့ပါဘူးဗျာ 



ဘယ်အချိန်မှာ ခင်ဗျားကိုလွှတ်ချလိုက်မိမှန်း တကယ်ကိုမသိခဲ့ပေမယ့် သေချာတာတစ်ခုကတော့ December ရန်ကုန်ကိုလာတုန်းက ကျွန်တော့်ကိုမဆက်သွယ်ခဲ့တဲ့ကိစ္စကနေ စပြီးတော့အစပျိုးသွားရတာပါ ၁၆လကျော် မတွေ့ရတဲ့လူတစ်ယောက်ကို တွေ့ခွင့်ရချင်တာ တွေ့ချင်မိတာက ကျွန်တော်တစ်ယောက်တည်းရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒပဲနေမှာပါဗျာ ခင်ဗျားအတွက်ကျွန်တော်က ဘာမှမဟုတ်ခဲ့တာကို မသိခဲ့ရတာပါ။



ရန်ကုန်မှာအကြာကြီးနေသွားတာတောင် မဆက်သွယ်ခဲ့တဲ့ကိစ္စက ကျွန်တော့်ကိုတော်တော်လေး နာကျင်စေခဲ့သလို အနာတရလည်းဖြစ်စေခဲ့ပါတယ် အဲ့ဒီဒဏ်ရာက ကျွန်တော့်မသိစိတ်မှာ တဖြည်းဖြည်းကြီးထွားနေတာကို ကျွန်တော်သတိမမူလိုက်မိဘူး အဲ့ဒီ့နာကျင်မှုကြောင့်ပဲရပ်တန့်နိုင်ဖို့ဖြစ်သွားရတာပါ။



တကယ်ဆိုရင် ခင်ဗျားကျွန်တော့်ကိုချစ်လားဆိုတဲ့မေးခွန်းကို နောက်ဆုံးအနေနဲ့မေးခဲ့ချင်တာပါ ကျွန်တော်မေးခဲ့တိုင်း အဖြေမရှိတဲ့မေးခွန်းအတွက် သေချာတဲ့အဖြေတစ်ခုကိုတော့ ကြားချင်မိတာပါ။



ဒါပေမယ့် အဲ့ဒီမေးခွန်းအတွက် ခင်ဗျားမှာအဖြေမရှိဘူးဆိုတာ ကျွန်တော်နားလည်ထားပါတယ် ဒီနေ့အချိန်အထိ မိန်းကလေးတစ်ယောက် မိန်းမတစ်ယောက်အနေနဲ့ ကျွန်တော့်ကိုလက်ခံပေးထားတာမှမဟုတ်တာဗျာ တခြားတခြားသော မိန်းမတွေအတွက်တခဏအချိန်ပေးနိုင်ပေမယ့် ကျွန်တော်အတွက်အချိန်မရှိတာကို မသိခဲ့မိတာပါ။




လူချင်းတစ်ကြိမ်တစ်ခါတည်းတွေ့ခဲ့ရတဲ့ လူတစ်ယောက်စီကနေ ဓါတ်ပုံတောင်းနေတယ်ဆိုတာ့ ကျွန်တော့်မှတ်ဥာဏ်တွေ မပျောက်ပျက်အောင်ပါ ခင်ဗျားကို တွေ့ခဲ့ရတာက တကယ်ကိုအချိန်ပိုင်းလေးပါပဲဗျာ 




သုံးနှစ်ဆိုတဲ့ကာလမှာ ခင်ဗျားစီကနေ ပိုင်ဆိုင်ခွင့်ရခဲ့တာ ဓါတ်ပုံနှစ်ပုံပဲရှိခဲ့တာပါ ခင်ဗျားနဲ့ကျွန်တော်မတွေ့ခင်ကာလက ပို့ပေးခဲ့တဲ့ဓါတ်ပုံတွေပါ ဒီသုံးနှစ်အတွင်းမှာ ဖုန်းနဲ့တောင်တစ်ကြိမ်ပဲပြောခဲ့ဘူးပါတယ် လက်နက်ကြီးအသံတွေကြားနေရလို့ ကျွန်တော်မအိပ်ရဲမှာစိုးလို့ လှမ်းပြီးပြောပြတဲ့ တကယ်ကိုခဏဆိုတဲ့အချိန်လေးပါ အဲ့ဒီ့ မှတ်ဥာဏ်တွေကလွဲရင် ကျန်တာကကာမဆန္ဒတွေပါပဲ




အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့်ကိုကျွန်တော်ရွံတယ်ဗျာ ကာမဆန္ဒတွေကိုလွန်လွန်ကြူးကြူးပြောခဲ့မိလို့ပါ ယောင်္ကျားမိန်းမချစ်ခြင်းမှ ကာမဆန္ဒကမလွဲမသေပါပေမယ့်လည်း အဲ့ဒီကာမဆန္ဒကဖုံးလွှမ်းသွားတဲ့အခါ မေတ္တာတရားကမှေးမှိန်သွားရတာဗျ 




သုံးနှစ်ဆိုတဲ့ အချိန်ကာလမှာ မိန်းကလေးတစ်ယောက် မိန်းမတစ်ယောက်လို့ အသိအမှတ်ပြုခြင်းမရှိ ဆက်သွယ်မှုတစ်စုံတစ်ရာမရှိတဲ့ အဲ့လိုလူတစ်ယောက်ကို အဲ့လိုယောင်္ကျားတစ်ယောက်ကို နင်ဘာလို့ဒီလောက်အကြာကြီးဖက်တွယ်ခဲ့တာလဲ မေးလာခဲ့ရင် ကျွန်တော့်မှာအဖြေမရှိပါဘူး ကျွန်တော်ကအစွဲအလန်းကြီးလွန်းခဲ့တာပဲနေမှာပါ



သုံးနှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာ နင်အဆင်ပြေလားဆိုတဲ့ စကားကိုတစ်ကြိမ်မျှတောင် မမေးခဲ့ဘူးပါဘူး ခင်ဗျားအတွက် ကျွန်တော်ကတကယ်ကို ဘာမှမဟုတ်ခဲ့တာပါ။



ကျွန်တော်က လူတစ်ယောက်ကိုချစ်မိရင်သဘောကျမိရင် နောက်ဆုံးအချိန်အထိဖက်တွယ်မိတက်တာကလွဲလို့ ယောင်္ကျားတစ်ယောက်တပ်မက်စရာ ဘာအရည်အချင်းမျှမရှိတဲ့ မိန်းမတစ်ယောက်ပါ အဲ့ဒါကြောင့်လည်း ကျွန်တော့်ကို မိန်းကလေးတစ်ယောက် မိန်းမတစ်ယောက်လိုမသတ်မှတ်ခဲ့တာနေမှာပါ




ခင်ဗျားဘေးမှာရှိနေတဲ့ အမျိုးသမီးတွေရဲ့အရည်အချင်းတွေကို အရင်ကတော့တကယ်ကို မက်မောမိခဲ့ပါတယ် သူတို့လိုဆိုရင်ကောင်းမှာပဲလို့ အားကျမိခဲ့ဘူးပါတယ် အဲ့ဒီအရည်အချင်းတွေကို အရင်ကတကယ်ကိုတပ်မက်ခဲ့ပေမယ့် အခုတော့ ကျွန်တော့်အတွက် တကယ်ကိုမလိုအပ်တော့ပါဘူးဗျာ  တကယ်လည်းမလိုချင်တော့ပါဘူး လူတစ်ဖက်သားကိုမထိခိုက်စေမယ့် မနစ်နာစေမယ့် ကျွန်တော့်ပင်ကိုယ်ပုံစံအတိုင်းပဲ နေသွားမှာပါ




ခင်ဗျားဘဝထဲကနေ ကျွန်တော်ထွက်လာခဲ့ပေမယ့် ခင်ဗျားနဲ့ပတ်သက်တဲ့ ခံစားချက်တွေအနည်ထိုင်ဖို့ အချိန်အများကြီးယူရအုန်းမှာပါ ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်တော်မသိနိုင်ပါဘူး



တစ်ခါတလေ ခင်ဗျားကိုတကယ်ကိုသတိရမိရင် post တွေတင်မိမှာပါ ဒါပေမယ့် သတိရတယ်ဆိုတဲ့နေရာမှာတင်ပဲ ရပ်တန့်ထားလိုက်မှာပါ ခင်ဗျားစီပြန်မလာတော့ဘူးလို့သေချာဆုံးဖြတ်ပြီးမှ ဒီစာကိုရေးခဲ့တာဖြစ်လို့ ကျွန်တော်ပြန်လာမှာမဟုတ်တော့ပါဘူး စောင့်မနေပါနဲ့လို့ပြောခဲ့ပါရစေ။



လူတစ်ယောက်ကို စောင့်စားရတဲ့ဒုက္ခက ဘယ်လောက်တောင် သောကများရလည်းနာကျင်ရလည်းဆိုတာ ကျွန်တော်ကိုယ်တိုင် အချိန်ကာလအကြာကြီးခံစားဖူးခဲ့တဲ့သူဖြစ်လို့ ကျွန်တော်ကိုမစောင့်ပါနဲ့ တကယ်ကို တကယ်ကို ခင်ဗျားစီကိုပြန်မလာတော့ပါဘူး။



ခင်ဗျားနဲ့ကျွန်တော် တနေ့နေ့ပြန်ဆုံတွေ့ခဲ့ရင် အပြုံးနဲ့ပဲနှုတ်ဆက်ချင်ပါတယ် ကျွန်တော်ကအမုန်းနဲ့လမ်းခွဲခဲ့သူမှ မဟုတ်ခဲ့တာပါ



တကယ်လို့ ပြန်တွေ့ခဲ့ကျရင် သမီးကိုလည်းတွေ့ဘူးချင်ပါတယ် ကျွန်တော်တွေ့ခွင့်ရှိမှပါဒီလောက်ပါပဲဗျာ။




ကျွန်တော်ခဏခဏပြောမိတဲ့ စကားတစ်ခွန်းကိုပဲ ပြောခဲ့ပါရစေ။

အစစအရာရာ အကုန်လုံးအဆင်ပြေပါစေ 

အစစအရာရာ အကုန်လုံးဂရုစိုက်ပေးပါ။

သုံးနှစ်ဆိုတဲ့ အချိန်ကာလအတွက်ရော ခင်ဗျားကို တွေ့ခွင့်ရခဲ့တဲ့အတွက်ရော ကျွန်တော်ကျေးဇူးတင်ပါတယ် အစစအရာရာအရာအားလုံး အားလုံးအတွက်ပေါ့ဗျာ။





ဝန်ခံချက်။     ။ ဒီ post ကို ကျွန်တော်စရေးနေတာ ၃ပတ်လောက်ရှိပါပြီ မတ်လမှာခင်ဗျားမွေးနေ့ရှိတာဖြစ်လို့ စိတ်အနှောက်အယှက်မဖြစ်စေချင်တာနဲ့ မတင်ဖြစ်တာပါ ။ပြီးတော့ ကျွန်တော်သွေးမရဲသေးတာအတွက်ကြောင့် ဖျက်လိုက်ပြန်ရေးလိုက်နဲ့ ဒီနေ့ညမှတင်လိုက်တာပါ ကျွန်တော့်မှာလည်း တဖက်သားကကျွန်တော်အပေါ် ဘယ်လိုသဘောထားလည်းဆိုတာကို ခံစားတက်တဲ့ခံစားမိတဲ့ နှလုံးသားတစ်ခုရှိပါတယ်ဗျာ။ 




မွေးနေ့တုန်းကတင်ထားတဲ့ပုံကို ကျွန်တော် save ထားမိပါတယ် အဲ့ဒါနောက်ဆုံးအကြိမ်ပါပဲ ခင်ဗျားပုံပဲဖြစ်ဖြစ် သမီးပုံတွေပဲဖြစ်ဖြစ် save မလုပ်တော့ပါဘူးလို့ ကျွန်တော်ကတိပေးပါတယ်။ ဘာအတွက်ကြောင့်မျှ ကျွန်တော့်ကိုယ်ကျွန်တော်ရော ခင်ဗျားကိုရော ဒီထက်ပိုပြီးမနာကျင်စေချင်တော့ပါဘူးဗျာ။



The End.
 

ရာသီပြောင်းချိန် - စိုင်းထီးဆိုင် Myanmar Music HD

မသောက်ဘဲနဲ့ သူ့ဘာသာသတိရနေမိလို့ သတိရတာများပြေသွားမလားဆိုပြီး တင်ဖြစ်သွားတာပါ 


ရာသီပြောင်းချိန်နားထောင်လိုက်တော့ ပိုပြီးသတိရမိပြန်ရော 


ဖြစ်ပြီးရင်ပျက်ရမှာက ဓမ္မတာဖြစ်မြဲဆိုပေမယ့် ကျွန်တော်ကမှတရားမရနိုင်သေးတာဗျာ..


ဂရုစိုက်ပါ။


 

အစစအရာရာ ဂရုစိုက်ပါနော်။



အိပ်ယာနိုးတော့ ခင်ဗျား Wall ကို ဝင်ကြည့်ရင်းနဲ့ စိတ်ပူမိပြန်တယ် စိတ်ပူမိပေမယ့် စာပို့ရကောင်းနိုး မပို့ရင်ကောင်းနိုးနဲ့ စိတ်ရှုပ်နေမိပြန်တယ် ဒါပေမယ့်လည်း စာပို့မိလိုက်ပါတယ်



တစ်ယောက်ထဲနေတော့မယ်လို့ ဆုံးဖြတ်ထားပေမယ့်လည်း စိတ်ပူမိတာကိုတော့ ကျွန်တော်ဘာမှလုပ်လို့မရဘူးလေဗျာ ထားပါတော့ဗျာ



အစစအရာရာဂရုစိုက်ပါ ဘေးအန္တရာယ်ကင်းအောင်နေပေးပါ အများကြီးမဟုတ်ပါဘူး ခင်ဗျားဘေးအန္တရာယ်ကင်းရင် အကုန်လုံးအဆင်ပြေရင် ပြီးတာပါပဲ အဲ့ဒါဆိုရင် ကျွန်တော်အတွက့်အဆင်ပြေပါပြီ။




အချစ်ဦး - ငုဝါ ( Cover )




နောက်နှစ်ဒီအချိန်ရောက်ရင် အတိတ်တွေကို ကျွန်တော် အမှတ်တရရှိစေချင်လို့ပါ 



ကျွန်တော်အတွက် တချို့အတိတ်တွေက တကယ်ကိုတန်ဘိုးကြီးလွန်းပါတယ်။



အသည်းရဲ့ဒိုင်ယာရီ ကိုကိုအချစ်ဦး..

မွေးနေ့မှာပျော်ရွှင်ပါစေရှင်။



 

























🧡 Happy Birthday! 🧡

🍀 မွေးနေ့မှာပျော်ရွှင်ပါစေရှင်။ 🍀



စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်း
နှင့်ပြည့်စုံပြီး နှလုံးစိတ်ဝမ်းအေးချမ်းပါစေ။


လိုအင်ဆန္ဒ တစ်လုံးတစ်ဝပြည့်စုံနိုင်ပါစေ
စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေ။


ခလုပ်မထိ ဆူးမငြိပါစေနှင့် 
အသက်ရာကျော် ရှည်ပါစေ
အန္တရာယ်မျိုးတစ်ရာ့တစ်ပါး 
ရောဂါမျိုးကိုးဆယ့်ခြောက်ပါးမှ
ကင်းဝေး၍ အသက်အန္တရာယ်
ပြုခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ။


စီးပွားဥစ္စာများ တိုးတက်အောင်မြင်ပြီး လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့ပါစေ။


နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော
မိသားစုကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော
လက်အောက်ငယ်သားများကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော ပုဂ္ဂိုလ်ဖြစ်ပါစေ။


ဗုဒ္ဓသာသနာအကျိုး သယ်ပိုးထမ်းဆောင်နိုင်သော
ဗုဒ္ဓသာသနာကို အထောက်အပံ့ပေးနိုင်သော
ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော ပုဂ္ဂိုလ်ဖြစ်ပါစေ။


ဒုက္ခခပ်သိမ်း ငြိမ်းအေးရာအမှန်ဖြစ်တော်မူသော နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သည့်ပုဂ္ဂိုလ်
ဖြစ်ပါစေ။

🙏🙏🙏


လာမယ့်နှစ်ကစပြီး မွေးနေ့တိုင်းမှာ မိသားစုနှင့်အတူတူ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ မွေးနေ့ကုသိုလ်အလှူဒါနတွေလည်း မိသားစုနှင့်အတူတကွ 
နှစ်စဥ်နှစ်တိုင်းကုသိုလ်ပြုနိုင်ပါစေ။

🧡🧡🧡🧡