သူစိမ်း။



ရင်းနှီးကျွမ်းဝင်ပြီးမှစိမ်းသွားတဲ့သူစိမ်းက

အရင်သူစိမ်းထက်ပိုပြီးစိမ်းတယ် ကိုကို

အစိမ်းရောင်ကိုသဘောကျပေမယ့်

အဲ့ဒီအစိမ်းကိုတော့ကျွန်တော်မုန်းမိပါတယ်။


#31stMarch2024






ဒီ post ကို ကျွန်တော်တင်ဖြစ်မယ်လို့ ယေးယေးလေးမျှတောင်မတွေးထားမိပါဘူးဗျာ ၂၀၂၄ခုနှစ် ပြီဧလ ၅ရက်နေ့မှာ အမှတ်တရတင်မယ်ဆိုပြီး ကိုယ့်ထမင်းကိုယ်စားပြီး သူများသားလေးကို သဘောကျမိတာ ၃နှစ်ပြည့်ပြီပေါ့ဗျာ ဆိုတဲ့ post ကို အချစ်ကြီးရင် နွားဖြစ်တဲ့ပုံလေးနဲ့တင်ဖို့တောင် save ထားသေးတာပါဗျာ 



ဒါပေမယ့်လည်း ကျွန်တော်မမျှော်လင့်ထားခဲ့ပေမယ့် ခင်ဗျားကိုဖက်တွယ်မိတာကို တကယ်ကိုရပ်တန့်လိုက်ပါပြီ။



၂၀၂၁ခုနှစ် ဧပြီလ ၅ရက်နေ့ ကံကြမ္မာက ဆုံဆည်းခွင့်မပေးခဲ့ပေမယ့် အမှတ်မထင်ဘဲ ခင်ဗျားကိုစသိခဲ့တယ် အဲ့ကနေတဆင့် ချစ်ခင်မြတ်နိုးတွယ်တာမိတယ် တစ်ဘဝလုံးအတွက်လို့ ကျွန်တော်ရည်ရွယ်ခဲ့ပါတယ် ဒါပေမယ့်လည်း။




၂၀၂၄ခုနှစ် မတ်လ ၃၁ရက်နေ့ ကျွန်တော်ရပ်တန့်ဖို့ နည်းနည်းလေးမျှမတွေးထားပေမယ့် ရပ်တန့်လိုက်ပါပြီ ကျွန်တော်တကယ်ကို စိတ်ရောလူရောပင်ပန်းနေပါပြီ။




သုံးနှစ်ဆိုတဲ့ခရီးကို မနားမနေသွားနေရင်း ခြေကုန်လက်ပန်းဖြစ်ပြီး စိတ်ပင်ပန်းလာတဲ့အချိန်မှာ ဘယ်လိုမျှရှေ့မဆက်နိုင်တော့လို့ ရပ်တန့်လိုက်တာပါပဲ ကျွန်တော်တကယ်ကို လူရောစိတ်ရောပင်ပန်းနေလို့ပါဗျာ ဆက်မသွားနိုင်တော့ပါဘူးဗျာ 



ဘယ်အချိန်မှာ ခင်ဗျားကိုလွှတ်ချလိုက်မိမှန်း တကယ်ကိုမသိခဲ့ပေမယ့် သေချာတာတစ်ခုကတော့ December ရန်ကုန်ကိုလာတုန်းက ကျွန်တော့်ကိုမဆက်သွယ်ခဲ့တဲ့ကိစ္စကနေ စပြီးတော့အစပျိုးသွားရတာပါ ၁၆လကျော် မတွေ့ရတဲ့လူတစ်ယောက်ကို တွေ့ခွင့်ရချင်တာ တွေ့ချင်မိတာက ကျွန်တော်တစ်ယောက်တည်းရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒပဲနေမှာပါဗျာ ခင်ဗျားအတွက်ကျွန်တော်က ဘာမှမဟုတ်ခဲ့တာကို မသိခဲ့ရတာပါ။



ရန်ကုန်မှာအကြာကြီးနေသွားတာတောင် မဆက်သွယ်ခဲ့တဲ့ကိစ္စက ကျွန်တော့်ကိုတော်တော်လေး နာကျင်စေခဲ့သလို အနာတရလည်းဖြစ်စေခဲ့ပါတယ် အဲ့ဒီဒဏ်ရာက ကျွန်တော့်မသိစိတ်မှာ တဖြည်းဖြည်းကြီးထွားနေတာကို ကျွန်တော်သတိမမူလိုက်မိဘူး အဲ့ဒီ့နာကျင်မှုကြောင့်ပဲရပ်တန့်နိုင်ဖို့ဖြစ်သွားရတာပါ။



တကယ်ဆိုရင် ခင်ဗျားကျွန်တော့်ကိုချစ်လားဆိုတဲ့မေးခွန်းကို နောက်ဆုံးအနေနဲ့မေးခဲ့ချင်တာပါ ကျွန်တော်မေးခဲ့တိုင်း အဖြေမရှိတဲ့မေးခွန်းအတွက် သေချာတဲ့အဖြေတစ်ခုကိုတော့ ကြားချင်မိတာပါ။



ဒါပေမယ့် အဲ့ဒီမေးခွန်းအတွက် ခင်ဗျားမှာအဖြေမရှိဘူးဆိုတာ ကျွန်တော်နားလည်ထားပါတယ် ဒီနေ့အချိန်အထိ မိန်းကလေးတစ်ယောက် မိန်းမတစ်ယောက်အနေနဲ့ ကျွန်တော့်ကိုလက်ခံပေးထားတာမှမဟုတ်တာဗျာ တခြားတခြားသော မိန်းမတွေအတွက်တခဏအချိန်ပေးနိုင်ပေမယ့် ကျွန်တော်အတွက်အချိန်မရှိတာကို မသိခဲ့မိတာပါ။




လူချင်းတစ်ကြိမ်တစ်ခါတည်းတွေ့ခဲ့ရတဲ့ လူတစ်ယောက်စီကနေ ဓါတ်ပုံတောင်းနေတယ်ဆိုတာ့ ကျွန်တော့်မှတ်ဥာဏ်တွေ မပျောက်ပျက်အောင်ပါ ခင်ဗျားကို တွေ့ခဲ့ရတာက တကယ်ကိုအချိန်ပိုင်းလေးပါပဲဗျာ 




သုံးနှစ်ဆိုတဲ့ကာလမှာ ခင်ဗျားစီကနေ ပိုင်ဆိုင်ခွင့်ရခဲ့တာ ဓါတ်ပုံနှစ်ပုံပဲရှိခဲ့တာပါ ခင်ဗျားနဲ့ကျွန်တော်မတွေ့ခင်ကာလက ပို့ပေးခဲ့တဲ့ဓါတ်ပုံတွေပါ ဒီသုံးနှစ်အတွင်းမှာ ဖုန်းနဲ့တောင်တစ်ကြိမ်ပဲပြောခဲ့ဘူးပါတယ် လက်နက်ကြီးအသံတွေကြားနေရလို့ ကျွန်တော်မအိပ်ရဲမှာစိုးလို့ လှမ်းပြီးပြောပြတဲ့ တကယ်ကိုခဏဆိုတဲ့အချိန်လေးပါ အဲ့ဒီ့ မှတ်ဥာဏ်တွေကလွဲရင် ကျန်တာကကာမဆန္ဒတွေပါပဲ




အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့်ကိုကျွန်တော်ရွံတယ်ဗျာ ကာမဆန္ဒတွေကိုလွန်လွန်ကြူးကြူးပြောခဲ့မိလို့ပါ ယောင်္ကျားမိန်းမချစ်ခြင်းမှ ကာမဆန္ဒကမလွဲမသေပါပေမယ့်လည်း အဲ့ဒီကာမဆန္ဒကဖုံးလွှမ်းသွားတဲ့အခါ မေတ္တာတရားကမှေးမှိန်သွားရတာဗျ 




သုံးနှစ်ဆိုတဲ့ အချိန်ကာလမှာ မိန်းကလေးတစ်ယောက် မိန်းမတစ်ယောက်လို့ အသိအမှတ်ပြုခြင်းမရှိ ဆက်သွယ်မှုတစ်စုံတစ်ရာမရှိတဲ့ အဲ့လိုလူတစ်ယောက်ကို အဲ့လိုယောင်္ကျားတစ်ယောက်ကို နင်ဘာလို့ဒီလောက်အကြာကြီးဖက်တွယ်ခဲ့တာလဲ မေးလာခဲ့ရင် ကျွန်တော့်မှာအဖြေမရှိပါဘူး ကျွန်တော်ကအစွဲအလန်းကြီးလွန်းခဲ့တာပဲနေမှာပါ



သုံးနှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာ နင်အဆင်ပြေလားဆိုတဲ့ စကားကိုတစ်ကြိမ်မျှတောင် မမေးခဲ့ဘူးပါဘူး ခင်ဗျားအတွက် ကျွန်တော်ကတကယ်ကို ဘာမှမဟုတ်ခဲ့တာပါ။



ကျွန်တော်က လူတစ်ယောက်ကိုချစ်မိရင်သဘောကျမိရင် နောက်ဆုံးအချိန်အထိဖက်တွယ်မိတက်တာကလွဲလို့ ယောင်္ကျားတစ်ယောက်တပ်မက်စရာ ဘာအရည်အချင်းမျှမရှိတဲ့ မိန်းမတစ်ယောက်ပါ အဲ့ဒါကြောင့်လည်း ကျွန်တော့်ကို မိန်းကလေးတစ်ယောက် မိန်းမတစ်ယောက်လိုမသတ်မှတ်ခဲ့တာနေမှာပါ




ခင်ဗျားဘေးမှာရှိနေတဲ့ အမျိုးသမီးတွေရဲ့အရည်အချင်းတွေကို အရင်ကတော့တကယ်ကို မက်မောမိခဲ့ပါတယ် သူတို့လိုဆိုရင်ကောင်းမှာပဲလို့ အားကျမိခဲ့ဘူးပါတယ် အဲ့ဒီအရည်အချင်းတွေကို အရင်ကတကယ်ကိုတပ်မက်ခဲ့ပေမယ့် အခုတော့ ကျွန်တော့်အတွက် တကယ်ကိုမလိုအပ်တော့ပါဘူးဗျာ  တကယ်လည်းမလိုချင်တော့ပါဘူး လူတစ်ဖက်သားကိုမထိခိုက်စေမယ့် မနစ်နာစေမယ့် ကျွန်တော့်ပင်ကိုယ်ပုံစံအတိုင်းပဲ နေသွားမှာပါ




ခင်ဗျားဘဝထဲကနေ ကျွန်တော်ထွက်လာခဲ့ပေမယ့် ခင်ဗျားနဲ့ပတ်သက်တဲ့ ခံစားချက်တွေအနည်ထိုင်ဖို့ အချိန်အများကြီးယူရအုန်းမှာပါ ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်တော်မသိနိုင်ပါဘူး



တစ်ခါတလေ ခင်ဗျားကိုတကယ်ကိုသတိရမိရင် post တွေတင်မိမှာပါ ဒါပေမယ့် သတိရတယ်ဆိုတဲ့နေရာမှာတင်ပဲ ရပ်တန့်ထားလိုက်မှာပါ ခင်ဗျားစီပြန်မလာတော့ဘူးလို့သေချာဆုံးဖြတ်ပြီးမှ ဒီစာကိုရေးခဲ့တာဖြစ်လို့ ကျွန်တော်ပြန်လာမှာမဟုတ်တော့ပါဘူး စောင့်မနေပါနဲ့လို့ပြောခဲ့ပါရစေ။



လူတစ်ယောက်ကို စောင့်စားရတဲ့ဒုက္ခက ဘယ်လောက်တောင် သောကများရလည်းနာကျင်ရလည်းဆိုတာ ကျွန်တော်ကိုယ်တိုင် အချိန်ကာလအကြာကြီးခံစားဖူးခဲ့တဲ့သူဖြစ်လို့ ကျွန်တော်ကိုမစောင့်ပါနဲ့ တကယ်ကို တကယ်ကို ခင်ဗျားစီကိုပြန်မလာတော့ပါဘူး။



ခင်ဗျားနဲ့ကျွန်တော် တနေ့နေ့ပြန်ဆုံတွေ့ခဲ့ရင် အပြုံးနဲ့ပဲနှုတ်ဆက်ချင်ပါတယ် ကျွန်တော်ကအမုန်းနဲ့လမ်းခွဲခဲ့သူမှ မဟုတ်ခဲ့တာပါ



တကယ်လို့ ပြန်တွေ့ခဲ့ကျရင် သမီးကိုလည်းတွေ့ဘူးချင်ပါတယ် ကျွန်တော်တွေ့ခွင့်ရှိမှပါဒီလောက်ပါပဲဗျာ။




ကျွန်တော်ခဏခဏပြောမိတဲ့ စကားတစ်ခွန်းကိုပဲ ပြောခဲ့ပါရစေ။

အစစအရာရာ အကုန်လုံးအဆင်ပြေပါစေ 

အစစအရာရာ အကုန်လုံးဂရုစိုက်ပေးပါ။

သုံးနှစ်ဆိုတဲ့ အချိန်ကာလအတွက်ရော ခင်ဗျားကို တွေ့ခွင့်ရခဲ့တဲ့အတွက်ရော ကျွန်တော်ကျေးဇူးတင်ပါတယ် အစစအရာရာအရာအားလုံး အားလုံးအတွက်ပေါ့ဗျာ။





ဝန်ခံချက်။     ။ ဒီ post ကို ကျွန်တော်စရေးနေတာ ၃ပတ်လောက်ရှိပါပြီ မတ်လမှာခင်ဗျားမွေးနေ့ရှိတာဖြစ်လို့ စိတ်အနှောက်အယှက်မဖြစ်စေချင်တာနဲ့ မတင်ဖြစ်တာပါ ။ပြီးတော့ ကျွန်တော်သွေးမရဲသေးတာအတွက်ကြောင့် ဖျက်လိုက်ပြန်ရေးလိုက်နဲ့ ဒီနေ့ညမှတင်လိုက်တာပါ ကျွန်တော့်မှာလည်း တဖက်သားကကျွန်တော်အပေါ် ဘယ်လိုသဘောထားလည်းဆိုတာကို ခံစားတက်တဲ့ခံစားမိတဲ့ နှလုံးသားတစ်ခုရှိပါတယ်ဗျာ။ 




မွေးနေ့တုန်းကတင်ထားတဲ့ပုံကို ကျွန်တော် save ထားမိပါတယ် အဲ့ဒါနောက်ဆုံးအကြိမ်ပါပဲ ခင်ဗျားပုံပဲဖြစ်ဖြစ် သမီးပုံတွေပဲဖြစ်ဖြစ် save မလုပ်တော့ပါဘူးလို့ ကျွန်တော်ကတိပေးပါတယ်။ ဘာအတွက်ကြောင့်မျှ ကျွန်တော့်ကိုယ်ကျွန်တော်ရော ခင်ဗျားကိုရော ဒီထက်ပိုပြီးမနာကျင်စေချင်တော့ပါဘူးဗျာ။



The End.
 

No comments: